Wednesday, October 31, 2012

လားပေါင်းများစွာ

ခေတ်မောင်းဂျာနယ် အတွဲ (၁) အမှတ် (၆) ထဲ ကပါ။ ဂျာနယ် တစောင်လုံးကို http://www.calameo.com/books/0013876787035e5b24c7f မှာ download လုပ်လို့ ရပါတယ်။

လားပေါင်းများစွာ 

 အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာယူဖို့ အကျင့်စာရိတ္တ မကောင်းသူတွေထံမှာ အောက်ကျို့ဖို့ လိုတုန်းပဲလား။

 ဝေဖန်လို့ နောက်ပြန်လှည့်မယ်ဆိုရင် အစိုးရဆိုတာ အမြှောက်အပင့်ကြိုက်တဲ့ ဆယ်နှစ်သား ကလေးလား။

 “ကိုယ့်ဟာကိုယ် ကြိုးစားကြ၊ ထိုက်တန်ရင် အခွင့်အလမ်းရမှာပဲ” လို့ ထပ်တလဲလဲ ပြောချင်နေရင် နိုင်ငံရေး လုပ်မဲ့အစား တက်ကျမ်း ပြောင်းရေးကြည့်ပါလား။

 ရိုဟင်ဂျာအရေးဟာ အပြစ်အားလုံးကို ကျေစေနိုင်တဲ့ နတ်ရေကန်တခုလား။

 တိုင်းရင်းသားအခွင့်အရေးတွေ မပေးဘူး ဆိုရင် တိုင်းရင်းသား ဆိုတဲ့ စကားလုံးဟာ နိုင်ငံသားအချင်းချင်း အကိုကြီး၊ညီလေး ခွဲခြားရုံလား။ အကိုကြီးမို့ အဖအရာဆိုပေမဲ့ George Orwell ရဲ့ Big Brother ကို သိတယ်မို့လား။

ရွေးကောက်တင်မြှောက်တယ် ဆိုတာ အများစုက အနည်းစုကို မဲအရေအတွက်နဲ့ ကြီးနိုင်ငယ်ညှဉ်း လုပ်လိုက်တာလား။

စနစ်ကြောင့်ပဲ ဖြစ်ဖြစ်၊ သူ့ဘာသာသူ ညံ့လို့ ဖြစ်ဖြစ် ငတ်လို့ခိုးတာကို လက်မခံနိုင်ဘူးဆိုပြီးမှ ကိုယ်ကိုယ်တိုင်ကျ မငတ်ဘဲနဲ့တောင် software တွေ ခိုးနေတယ်မို့လား။

အိပ်မက်ထဲမှာ ဟစ်တလာကို အပြစ်တင်လိုက်တော့ ကိုယ်ကြားဖူးနေကျ ဆင်ခြေမျိုးနဲ့ ခပ်ဆင်ဆင် ပြန်မေးလာတာက… “မင်း..ဂျူးတွေနဲ့ နေဖူးလို့လား။”

Time machine ဆိုတဲ့ ရထားနဲ့၊ ဟိုးရှေးရှေးကို ပြန်သွား…ကမ္ဘာဦးကာလထဲမှာ နေရမယ်ဆိုရင် မုဆိုးတွေကို ကဲ့ရဲ့ ဦးမှာလား။

အနောက်ဘက်အတွက် စိတ်ဇော…ဇောက်မနက်တဲ့ စိတ်သဘောနဲ့…တပ်ထဲတောင်ဝင်မယ်ဆိုတော့…မြောက်ဘက်ကို ပို့ခံရမယ်ဆိုရင်ရော ငြင်းဆန်ရဲတဲ့အင်အား ရှိပါဦးမလား။

Facebook မှာ သတ္တိပြရတာက အသက်နဲ့ ဝေးပေမဲ့ အရှက်နဲ့ နီးသတဲ့လား။

ကဲ….ကဲ….သူငယ်ချင်း…မင်း ခေါင်းကုတ်မှာလား။ ဒေါင်းလုပ်မှာလား။

ကောင်းကင်ကို

4 comments:

a said...

ရိုဟင်ဂျာအရေးဟာအပြစ်အားလုံးကိုကျေစေနိုင်တဲ့နတ်ရေကန်တခုလားကိုအကြိုက်ဆုံးပဲ။

မ..မ said...

အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာယူဖို့ အကျင့်စာရိတ္တ မကောင်းသူတွေထံမှာ အောက်ကျို့ဖို့ လိုတုန်းပဲလား။

ဝေဖန်လို့ နောက်ပြန်လှည့်မယ်ဆိုရင် အစိုးရဆိုတာ အမြှောက်အပင့်ကြိုက်တဲ့ ဆယ်နှစ်သား ကလေးလား။

“ကိုယ့်ဟာကိုယ် ကြိုးစားကြ၊ ထိုက်တန်ရင် အခွင့်အလမ်းရမှာပဲ” လို့ ထပ်တလဲလဲ ပြောချင်နေရင် နိုင်ငံရေး လုပ်မဲ့အစား တက်ကျမ်း ပြောင်းရေးကြည့်ပါလား။

ရိုဟင်ဂျာအရေးဟာ အပြစ်အားလုံးကို ကျေစေနိုင်တဲ့ နတ်ရေကန်တခုလား။

အမှန်တွေရေးထားတာပဲ
အမှန်တရားကတော့သေဆုံးသလား
ပျောက်ဆုံးသလားလားးးးပေါင်းများစွာ.......

မိုးနတ်ကြယ်စင် said...

အဟွတ်..အဟွတ်..
Good ....Good..ပါအကိုတော်..
ကောင်းပါပေ့..မှန်ပါပေ့...
ဒါထက် ကြုံတုန်းကြော်ငြာဝင်ပါရစေ...
အနော်က ယောက်ျားလေး ဟုတ်ဘူးဗျ..
မိန်းကလေး....ဟင့်...ညစ်တယ်..ဂယ်
ညီလေးဟုတ်ဘူးဗျ...ညလေး....ညလေး..
သိပြီဟုတ်....( စတာပါနော် )
အရင်တခါညလေးဆီ အကိုတော် အိမ်လည်လာတုန်း
နှုတ်ဆက်သွားတာကို သတိရမိလို့
ခင်မင်နေတဲ့...မိုးနတ်ကြယ်စင်

Anonymous said...

Good day! This post could not be written any better! Reading through this
post reminds me of my old room mate! He always kept
chatting about this. I will forward this article to
him. Fairly certain he will have a good read. Thanks for sharing!



Feel free to visit my homepage; youtube