Wednesday, March 7, 2012

ဒန်းမောင်ရှင်လောက်ကိုတော့ ဘုရားမတင်ချင်ဘူး

(၁)

You Tube ကနေ Video တခု ကြည့်မိတယ်။ တရုတ်နိုင်ငံထဲက Dai (သို့မဟုတ်) Tai Lue (သို့မဟုတ်) Tai လူမျိုးတွေရဲ့ alphabet သီချင်းပါ။ မြန်မာ alphabet တွေနဲ့ တော်တော် တူတယ်ဗျာ။ Video ထဲမှာ စစချင်း ပါတဲ့ “ဘာသာ” ဆိုတဲ့ဟာရော (ဘာသာကို ဘာဆာလို့ သူတို့ အသံထွက်ထားတာ သတိထားမိတယ်။ language ကို ဆိုလိုတာလို့ ကျနော်တွေးလိုက်တယ်) အက္ခရာ ဆိုတဲ့ဟာရော (သူတို့ "အ" က မြန်မာ ဘကုန်းနဲ့တော့ ပိုတူတယ်) ၊ ကကြီးကနေ ညအထိ ကလည်း တော်တော်တူတယ်။ လာအိုတယောက်ကလည်း ကွန်မန့် ရေးထားသေးတယ်။ သူလည်း အဲဒီ့ စကားလုံးတွေကို အများကြီး နားလည်တယ်တဲ့။ ထိုင်းအသံထွက်တွေနဲ့လည်း တော်တော်ဆင်တယ်။

ဘာသာစကားတွေ၊ ဘာသာတရားတွေ၊ ယဉ်ကျေးမှုတွေဆိုတာ ရောယှက် ဆက်စပ် နေတာမို့ (အခုအချိန်မှာ ကိုယ့်ကိုယ်ပိုင်လို ဖြစ်နေတဲ့ ကိုယ့်ယဉ်ကျေးမှုတွေ၊ စာပေတွေကို တန်ဖိုးတာက တပိုင်း) တချိန်တည်းမှာ ကိုယ့်စာပေမှ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှုမှသာ အကောင်းဆုံး၊ ကိုယ့်လူမျိုးသာ အမြတ်ဆုံးဆိုတဲ့ တယူသန် စိတ်တွေ မရှိကြရင် တော်တော် ကောင်းမှာပဲ။

(၂)
မျိုးချစ်စိတ် ဆိုတာက တကယ်တော့ ကောင်းတဲ့ အရာပါ။ မိသားစုကို ချစ်တာနဲ့ ဆင်တူပါတယ်။ ကိုယ့်မိသားစု ကောင်းစားရေး အတွက် အလုပ်လုပ်မယ်၊ ကိုယ့်မိသားစု အခြေအနေ မြင့်မားအောင် ကြိုးစားမယ် တာဝန်သိတတ်တဲ့သူလို့ ပြောရမှာပါ။ အဲဒီ့လိုပဲ ကိုယ့်နိုင်ငံ ကောင်းစားရေးအတွက် အလုပ်လုပ်တဲ့သူ၊ နိုင်ငံ အခြေအနေ မြင့်မားအောင် ဆောင်ရွက်တဲ့သူဆိုရင် တာဝန်သိတတ်တဲ့သူ၊ လေးစားဖို့ ကောင်းတဲ့သူပေါ့။ နိုင်ငံသားတွေကမှ ဒီတာဝန်ကို မယူရင် ဘယ်သူတွေက လာပြီး လုပ်ပေးမှာ မို့လို့လဲ။ ဒီတော့ မိသားစုအရေး ဆိုတာ ရှိနေသလို နိုင်ငံအရေး ဆိုတာလည်း ရှိနေပါလိမ့်မယ်။

(၃)
ဆက်ပြီး စဉ်းစားကြည့်ရအောင်။ ကိုယ့်မိသားစုကို ချစ်တဲ့သူဟာ မိသားစုဝင်တွေကို ချစ်ရုံတင် မကတော့ဘဲ မိသားစုဝင် မဟုတ်တဲ့ သူတွေ၊ ပြိုင်ဘက်တွေကို အပြင်းအထန် အကြောင်းမဲ့ မုန်းတီးမယ်၊ မိသားစုကို ချစ်တာကို အကြောင်းပြပြီး မတရားမှုတွေလုပ်မယ် ဆိုရင်ရော…လူ့အသိုင်းအဝိုင်းက အဲဒီ့လူကို ဘယ်လိုပြောကြမလဲ။ အတ္တသမား၊ တကိုယ်ကောင်း သမားလို့ ပြောကြမှာပါ။ အဲဒီ့လိုပဲ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်ရုံတင် မဟုတ်တော့ဘဲ ကိုယ့်နိုင်ငံသားမဟုတ်တဲ့၊ ကိုယ့်လူမျိုးမဟုတ်တဲ့သူတွေကို မုန်းလို့ ဝါးလုံးရှည်နဲ့ သိမ်းကြုံးရမ်းတာ၊ မတရားမှုတွေ လုပ်တာကိုရော? အမြင်ကျဉ်းတဲ့သူတွေ၊ အတွေးတိမ်တဲ့ သူတွေကတော့ မျိုးချစ်စိတ် ခေါင်းစဉ်အောက်မှာပဲ ထည့်လိုက်ကြမှာပါပဲ။

(၄)
စာသားလေး တခုကို သဘောကျလို့ အဲဒီ့အတိုင်း (ဘာမှမပြင်ဘဲ) copy လုပ်ပြီး Facebook မှာ တင်ဖြစ်တယ်။

Dear Racist,

Your car is Japanese. Your beer is German. Your wine is Spanish. Your democracy is Greek. Your coffee is Colombian. Your tea is Chinese. Your watch is Swiss. Your fashion is French. Your shirt is Indian. Your shoes are Thai. Your radio is Korean. Your vodka is Russian.
Your car is Japanese. Your Vodka is Russian. Your pizza is Italian. Your kebabs are Turkish. Your democracy is Greek. Your coffee is Brazilian. . Your tea is Tamil. Your shirt is Indian. Your oil is Saudi Arabian. Your electronics are Chinese. Your numbers Arabic, your letters Latin. (Anonymous)

အဲဒီ့မှာ သူငယ်ချင်း တယောက် ပြန်ရေးလာတာကို (သူရေးထားတဲ့အတိုင်း ဘာမှမပြင်ဘဲ) copy လုပ်ပြရရင်

Dear Anti- racist,
My car is စက်မှုဇုန်.My beer is Myanmar. My wine is Pyin Oo Lwin. My democracy is လွှတ်တော်. My coffee is Super. My tea is Hi Tea. My watch is China. My fashion is ပုဆိုး. My shirt is အထည်ချုပ်.My shoes are Mandalay slipper. My radio is Mandalay FM. My vodka is BE.

ရယ်တော့ရယ်ရတယ်။ My watch is China က ဘယ်လိုလုပ် ကပ်ပြီး ပါလာတုန်း မသိဘူး။ နောက်ပြီး အဲဒီ့လူ မတွေးတတ်တာက ကားကို စက်မှုဇုန်က ထုတ်တယ်ဆိုရင်တောင် နည်းပညာတွေ စက်တွေက နိုင်ငံခြားကနေပဲ ရတာပါ။ ကားကို စတီထွင်ခဲ့တဲ့ သူတွေကလည်း နိုင်ငံခြားကပါ။ ဒီိမိုကရေစီဆိုတာကလည်း ဂရိကနေ လာတဲ့ ကိစ္စကို သူ့ဒီမိုကရေစီက မြန်မာပြည်က လွှတ်တော်ဆိုတော့ ဒီလူရဲ့ အတွေးကို ခန့်မှန်းကြည့်လို့ ရနိုင်ပါတယ်။ နိုင်ငံခြားမှာ လုပ်ထားတဲ့ ကွန်ပျူတာတွေ၊ software တွေ သုံးပြီး နိုင်ငံခြားသား Mark Zuckerberg ရဲ့ Facebook ကနေ နိုင်ငံခြားသား ဆန့်ကျင်ရေးကို ပြောနေတဲ့သူလေ။
တခုစဉ်းစား ကြည့်ရအောင်။ သူတို့ (နိုင်ငံခြားသားတွေ) ကွန်ပျူတာ သုံးသလို ကျနော်တို့ သုံးကြတယ်။ သူတို့ မိုဘိုင်းဖုန်း သုံးသလို ကျနော်တို့ သုံးကြတယ်။ သူတို့ ဂျက်ကီချမ်းကား ကြည့်သလို ကျနော်တို့ ကြည့်ကြတယ်။ သူတို့ ရေခဲမုန့် စားသလို ကျနော်တို့ စားကြတယ်။ သူတို့ ဝတ်သလို ကျနော်တို့ ဝတ်ကြတယ်။ တဘက်မှာ ရှေးတုန်းက ကျနော်တို့ ဘိုးဘေးဘီဘင်တွေနဲ့ ယှဉ်ကြည့်ပါ။ ရှေးတုန်းက ဘိုးဘေဘီဘင်တွေနဲ့ ကျနော်တို့နဲ့ တူနေတာတွေ၊ ပြောလို့ဆိုလို့ ရမယ့် အကြောင်းအရာတွေဟာ အရမ်းရှားသွားပါပြီ။ ဆိုလိုချင်တာက ရှေးခေတ်က မြန်မာတွေနဲ့ စာရင် အခုခေတ် ကမ္ဘာသူ ကမ္ဘာသားတွေက ကျနော်တို့နဲ့ အစစ အရာရာ ပိုပြီး နီးစပ်ပါတယ်။ အခုလက်ရှိ မြန်မာ့ယဉ်ကျေးမှုလို့ ပြောပြောနေတာတွေကလည်း ရှေးတုန်းက မြန်မာ့ယဉ်ကျေးမှု မဟုတ်ခဲ့ပါဘူး။

(၅)
ဘာသာတရားကိုပဲ စဉ်းစားကြည့်လိုက်။ ကိုယ့်လူမျိုးလောက်ပဲ ကိုးကွယ်ရမယ်ဆိုရင်၊ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုးဆိုရင် ပန်းပဲမောင်တင့်တယ် လောက်ပဲ ကိုးကွယ်နေရတော့မှာပေါ့။ ဒန်းမောင်ရှင် လောက်ကိုပဲ ဘုရားတင်နေရတော့မှာပေါ့။

(၆)
ဘယ်နိုင်ငံသားမဆို၊ ဘယ်လူမျိုးမဆို…လူကောင်းရော၊ လူဆိုးရော သူ့ခွဲတမ်းတွေနဲ့သူ ရှိနေတာမို့ လူဆိုးတွေကို အကြောင်းပြုပြီး ဝါးလုံးရှည်နဲ့ ရမ်းမယ်၊ သိမ်းကြုံးပြီး ရန်ရှာမယ် ဆိုရင်တော့… ရာဇဝတ်သား တစု ရှိနေလို့ တမြို့လုံးကို ဗုံးကြဲလိုက်တာနဲ့ သွားတူနေပါလိမ့်မယ်။ လူကောင်းတွေကိုပါ ရန်စသလို၊ အစွန်းရောက်အောင် ဇွတ်တွန်းပို့နေသလို ဖြစ်သွားပါလိမ့်မယ်။

(၇)
နိုင်ငံခြားသားတွေ နိုင်ငံခြားယဉ်ကျေးမှုတွေကို မုန်းတီးနေသူတွေ အတွက်ကတော့ ဝါးလုံးခေါင်းထဲမှာတော့ လသာလို့ ရချင် ရပါလိမ့်မယ်။ အတွေးတိမ်သူတွေ ကြားထဲမှာလည်း မျိုးချစ် ပုဂ္ဂိုလ်ကြီးအဖြစ် လက်မထောင်လို့ ရချင်ရလိမ့်မယ်။ ကမ္ဘာမှာ တကယ် အရေးပါတဲ့ ပုဂ္ဂိုလ်သာ ဖြစ်လာပြီ ဆိုရင်တော့ ကျဉ်းမြောင်းတဲ့အတွေးတွေဟာ လူရာမဝင်တာမို့ အဲလိုလူတွေဟာ ကမ္ဘာသိအောင် ထုတ်ပြောရဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲလိုလူတွေဟာ ဘယ်တော့မှလည်း ကမ္ဘာမှာ သိက္ခာရှိတဲ့သူ ဖြစ်လာမှာတော့ မဟုတ်ပါဘူး။

(၈)
နိဂုံးအနေနဲ့ Tai လူမျိုးတွေရဲ့ alphabet သီချင်း link လေး share လိုက်ပါတယ်။ နားဆင်ကြည့်ကြပါ ခင်ဗျာ။


(ကောင်းကင်ကို)

21 comments:

Anonymous said...

အစိမ်းရောင်ယူနီဖောင်းဝတ်တွေ ခေတ်ကောင်းစဉ်က ပခုံးပေါ်မှာ အပွင့်တွေ ချိတ်ထားတဲ့ အရာရှိကြီး ပါဂျဲရိုးကားပေါ်က ဆင်းလာ၊ နိုင်ငံခြားးဖြစ် အထည်စနဲ့ချုပ်ထားတဲ့ ဘောင်းဘီအိတ်ထဲက ငါးသုံးလုံးဗူးဆွဲထုတ်၊ စီးကရက်ကို ထုတ်ဖွါပြီး ကြိုနေတဲ့ ခုံဘိနပ်စီး သနပ်ဖက်ဆေးလိပ်သောက်နေတဲ့ တောင်သူဦးကြီးတွေကို ပြောလိုက်တာက မျိုးချစ်စိတ်ရှိကြပါတဲ့။

Anonymous said...

'Your car is Japanese. Your beer is German. Your wine is Spanish. Your democracy is Greek. Your coffee is Colombian. Your tea is Chinese. Your watch is Swiss. Your fashion is French. Your shirt is Indian. Your shoes are Thai. Your radio is Korean. Your vodka is Russian.'

That is nothing to do with racism.
It is globalization. Racism is more to do with making sure that your co-ethnic group or who share culture with you will have better access to good things in life, such as Japanese car, Swiss watch, French fragrance, Russian booz and Danish princess boobs.

Kaung Kin Ko said...

Anyway, globalization and racism are linked.

Anonymous said...

How are globalization and racism linked?

Globalization is the competitive advantage of nations, impact on their economy, international trade, and financing (capital).

Racism is power and politics where one group tries to conquer other and control resources so that they can continue enjoying (unfair?) advantages over other.

I do not see they are linked!!!!

Kaung Kin Ko said...

According to the broad definition of the word ‘globalization’, it means the integration and exchange of ideas and goods globally. Cambridge Dictionary says globalization can produce “social and cultural influences, gradually become similar in all parts of the world.”

In my opinion, globalization can exert both positive and negative effects on people.

For instance, because of globalization, people can understand more about other people’s cultures and customs. So, they can have broader mind. And that can reduce racism.

Kaung Kin Ko said...

"our car is Japanese. Your beer is German. Your wine is Spanish. Your democracy is Greek. Your coffee is Colombian. Your tea is Chinese. Your watch is Swiss. Your fashion is French. Your shirt is Indian. Your shoes are Thai. Your radio is Korean. Your vodka is Russian.'
အဲဒါကို Anonymous က ဒီလိုပြောထားတယ်။
That is nothing to do with racism.
It is globalization. ...............အဲဒါနဲ့ တိုက်ရိုက်ပတ်သတ်တာကိုပြောရရင်တော့ အဲဒါ globalization ဆိုတာတော့ ဟုတ်ပါတယ်။ အဲဒါက racism အပေါ် လုံးဝ effect မရှိဘူးဆိုတာတော့ မဟုတ်ပါဘူး။ ကိုယ်အခု စားနေ သောက်နေတဲ့ အရာတွေ သုံးစွဲနေတဲ့အ၇ာတွေထဲမှာ နိုင်ငံခြားသားတွေရဲ့ ကျေးဇူးလည်း ပါတယ်ဆိုတာလောက်ကို နှလုံးသွင်းမိကြရင် နိုင်ငံခြားသားမှန်သမျှကို မုန်းတီးနေတဲ့ စိတ်ဟာ လျော့ကြလာပြီးတော့ နှလုံးသွင်းလာမိတဲ့ racists တချို့လည်း မုန်းတီးမှု ပမာဏ လျော့ကျလာစရာ ရှိပါတယ်။ ဒါက positive effect ကို ရွေးပြီးပြောတာပါ။

ဝိမွန် said...

လူလူချင်းလေးစားစိတ်ရှိတဲ့သူဟာ ဘယ်လူမျိုး ၊ ဘယ်ဘာသာဝင်ကိုမှ မနှိမ်ဘူး၊ အထင်မသေးဘူး။ လူ့ အသိုင်းအ၀ိုင်းကောင်းတစ်ခုဖြစ်ဖို့ အတွက် တစ်ဦးကို တစ်ဦးလေးစားတတ်ဖို့  လိုပါတယ်။ ဒီလို အမြင်တွေ ရလာအောင် သတိပေးတပ်လှန့် ပေးနေဖို့ လည်း လိုပါတယ်။ ကျေးဇူးပါ ကောင်းကင်ကို။

Anonymous said...

"စားနေ သောက်နေတဲ့ အရာတွေ သုံးစွဲနေတဲ့အ၇ာတွေထဲမှာ နိုင်ငံခြားသားတွေရဲ့ ကျေးဇူးလည်း"

Do you get those free from them?
I do not think that Swiss are giving away swatches let alone Rolex wrist watches for free. Japanese are not shipping cars
to everyone on earth for free.
Why do you have to feel gratitude? It is competitive advantage and trade. Are Indian call center workers working hard to help Yankees? Or Chinese garment makers sewing to help the world? I doubt so. That is trade at global scale, that is globalization.

For example, recently, a Bantu South African tycoon was accused as a racist for he hired blondes (Russian? German, Dutch or Swede?) so that he and his black S.African business men friends can place sushi rolls on her naked body and they can use (Chinese) chop sticks to pick up those sushi rolls from her body. He has to begged for his racist act but according to your logic he was appreciating those good foreign stuff. Agree?

Anonymous said...

ပြောချင်တာကနိုင်ငံခြားသားကိုချစ်ဖို့နိုင်ငံခြားကိုကျေးဇူးအထူးတင်ဖို့များလားသူများယဉ်ကျေးမှုကိုမုန်းစ၇ာမလိုတာလူတိုင်းသိပါတယ်သို့သော်မကော်င်းတဲ့အတုမယူသင့်တဲ့ဟာတွေပါတယ်ဆိုတာလောက်တော့သိထားသင့်တယ်အခုေ၇းထားပုံကသူများယဉ်ကျေးမှုကိုယူ၇မယ်ဆိုတာမျိုါ်းလောက်ဖြစ်နေတယ်ယဉ်ကျေးမှုဆိုတာနဲ့ရုပ်ဝထ္တူပစ္စည်းတိုးတက်မှုမတူပုံကိုလည်းသတိပြုစေချင်တယ်ရုပ်ဝတ္တူပစ္စည်းကတော့ကောင်း၇င်အသုံးဝင်ရင်သုံးကြမှာလဲလှယ်ကြမှာရောင်းဝယ်ကြမှာပဲယဉ်ကျေးမှုနဲ့မတူပါဘူးခွဲခြားရေးတတ်ယင်ပိုကောင်းမယ်ထင်တယ်ကိုယ်အမြီးပြတ်နေတာနဲ့သူများကိုအမြီးမပြတ်ပါစေနဲ့နော်

Kaung Kin Ko said...

အခုမှ ခဏအားလို့ ပြန်ပြောဖြစ်တယ်။ ရှစ်ခုမြောက်က Anonymous ပြောတာကို ပြန်ပြောရမယ်ဆိုရင်

(Do you get those free from them?
I do not think that Swiss are giving away swatches let alone Rolex wrist watches for free. Japanese are not shipping cars
to everyone on earth for free.) အဲဒါကို ပြန်ပြောရရင်

ဘယ်ဟာမှတော့ အလကားမရပါဘူးခင်ဗျာ။ ကိုယ့်နိုင်ငံထဲက ဆန်တောင် အလကားရလို့လား။ ကိုယ့်နိုင်ငံထဲက ဆရာဝန်ကကော အလကားကု ပေးလို့လား။ အဲဒီ့အတွက် လယ်သမားတွေ ၊ ဆရာဝန်တွေကို ကျေးဇူးမတင်ရတော့ဘူးလား။ လူတိုင်းမှာ အဲလို ကျေးဇူးတင်တတ်တဲ့စိတ်တော့ ရှိမယ် မထင်ပါဘူး။ မတင်ချင်လည်း နေပေါ့။ ကိုယ့်စိတ်နဲ့ ကိုယ်ပဲလေ။ ဒါပေမဲ့ စိတ်ဓာတ်အဆင့်မြင့်တဲ့ လူတွေကတော့ ကျေးဇူးတင်စိတ် ရှိကြမယ်ထင်တယ်။ ဆရာတော် ဦးဇောတိကလည်း အဲဒါကို ရေးဖူးတယ်။ လောကကြီးကို ကျေးဇူးတင်စိတ်နဲ့ နေထိုင်တာ။ ကျေးဇူးတင်တယ်ဆိုရမှာ ထိုင်ရှိခိုးနေရမယ်။ နိုင်ငံခြားသားတွေကို ကျွန်ခံနေရမယ်၊ သူတို့လုပ်သမျှ ခံနေ၇မယ်လို့ ဆိုတာမှ မဟုတ်တာ။ ကျေးဇူးမတင်ရင်တောင် ဝါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းပြီး မုန်းတဲ့စိတ်တွေ မရှိကြရင် ကောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်လောက်ပဲ။ Anonymous ကိုတော့ globalization ရဲ့ effect တွေ racism ကို လျော့ပါးစေနိုင်တဲ့ အချက်ကိုလည်း အပေါ်မှာ အင်္ဂလိပ်လို ဥပမာ ပေးပြီးပြီ။ အခု ထပ်စဉ်းစားကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ရှေးနှစ်ပေါင်း များစွာတုန်းက ဆိုရင် အခုလို ယဉ်ကျေးမှုတွေ၊ စာပေတွေ ကူးလူးဆက်ဆံဖို့ နေနေသာသာ များသောအားဖြင့် စစ်တိုက်ဖို့လောက်ပဲ အာ၇ုံထား၊ စစ်နိုင်ရင် အကုန်သတ်ကြတာမို့လား။ အဲ့တုန်းက globalization လည်းမရှိသေးဘူး။ တခြား နိုင်ငံမှာ အစုလိုက် အပြုံလိုက် သွားအလုပ်လုပ်တာတို့ ပြောင်းရွှေ့နေထိုင်တာတို့ဆို ခုခေတ်နဲ့စာ၇င် ရာခိုင်နှုန်းတော်တော်နည်းတယ်။ အဲ့ခေတ်တုန်းက လူတွေရဲ့ နိုင်ငံခြားသားကို မုန်းစိတ်နဲ့ ခုခေတ် ကူးလူးဆက်ဆံနေတာတွေကို ယှဉ်ကြည့်ပေါ့။ စိတ်ဓာတ်ကျဉ်းမြောင်းတဲ့ သူတွေကတော့ ခုခေတ်ထိလည်း ဆက်ကျဉ်းမြောင်းနေမှာပဲလေ။

ပထမ Anonymous က စာကို လုံးဝ သဘောမပေါက်တာ ထင်ရှားနေတယ်။ (According to your logic) လို့လည်း သုံးထားသေးတယ်။ အဲဒါ ကျနော့် logic လည်း မဟုတ်ဘူး။ ကျနော့်ပို့စ်ထဲမှာပါတယ်လေ။ ကြိုက်လို့ ကူးထားတာလို့။ ထားတော့။ တချို့လူတွေဟာ သြော် ကမ္ဘာကြီးက နိုင်ငံအားလုံးဟာ ယဉ်ကျေးမှုတွေ စာပေတွေ ကူးလူးဆက်ယှက်နေပြီး အချင်းချင်းလည်း အပြန်အလှန် ကျေးဇူးခံ ကျေးဇူးစား အဖြစ် နားလည်သဘောပေါက်ကျရင် နိုင်ငံခြားသားကို မုန်းတီးတာတွေ (အသိစိတ်ဓာတ် ရှိတဲ့သူတွေမှာ) လျော့ပါးသွားနိုင်တယ်လို့ ဆိုလိုရင်းပါ။ လူတိုင်းတော့ လျော့ပါးမှာ မဟုတ်ဘူးလေ။ လူတိုင်းသာ အဲလို အသိစိတ်ရှိနေရင်တော့ ဒီလိုပို့စ်တွေတောင် မလိုပါဘူး။ Anti-racism movement ဆိုတာတွေ ရှိလာမှာတောင် မဟုတ်ဘူး။ ရှစ်ခုမြောက် anonymous က ဗမာလို ပြော၇င် ပိုကောင်းမယ်ဗျ။ တချို့ဟာတွေ မှားနေတော့ ဖတ်ရတာ တမျိုးကြီးဖြစ်ပြီး သူဆိုလိုချင်တာ အဲလိုမှ ဟုတ်ရဲ့လား ဆိုပြီး ထိန်းရေးနေရတယ်။ မြင်သာတာပြောရရင်တော့ (He has to begged) has to နောက်မှာ past tense ဖြစ်နေတာပေါ့။ ထားပါ။ ကိုးခုမြောက်မှာ ရေးလိုက်တဲ့ အတွက် ဘာပြောချင်လဲ ဆိုတာ သိပါပြီ။

(နိုင်ငံခြားသားကိုချစ်ဖို့နိုင်ငံခြားကိုကျေးဇူးအထူးတင်ဖို့များလား) အဲဒါကို ဖြေရရင်တော့ အရှင်းကြီးပါ။ ခုက မုန်းတီးတဲ့သူတချို့တလေ ကမ္ဘာသူကမ္ဘာသားအားလုံး နိုင်ငံသူနိုင်ငံသား အားလုံး ကျေးဇူးခံကျေးဇူးစားတွေ ချည်းပဲ ဆိုတာကို သဘောပေါက်စေချင်တာပါ။ တဘက်သတ် ကိုယ်က သူတို့ကို ကျေးဇူးရှင်အဖြစ် မြင်နေစေဖို့မှ မဟုတ်တာ။ ကိုယ့်ဘက်ကလည်း သူတို့ကို ကျေးဇူးရှိတာ တွေ ရှိသလို သူတို့ဘက်ကလည်း ရှိတယ်။ အားလုံးဆက်စပ်နေတယ်ဆိုတာ မြင်သာရုံပဲလေ။ အတွေးနက်တဲ့သူဆို သိနိုင်ပါတယ်။

(မကော်င်းတဲ့အတုမယူသင့်တဲ့ဟာတွေပါတယ်ဆိုတာလောက်တော့သိထားသင့်တယ်) အဲဒါက မပြောလည်း သိတဲ့သူ သိပြီးသားပါ။ ဒီပို့စ်နဲ့ မဆိုင်တော့ ပြောချင်တာတွေ များပြီး ဝါးသွားမှာဆိုးလို့ ထည့်မရေးထားတာပဲ။ ဘယ်ဟာဖြစ်ဖြစ် မကောင်းတဲ့ဟာ ပါမှန်းတော့ သိကြပါတယ်။ ဘာသာရေးဆိုတာတွေတောင် မကောင်းတဲ့အယူအဆ မှားတွေပါသေးတာ။

((အခုေ၇းထားပုံကသူများယဉ်ကျေးမှုကိုယူ၇မယ်ဆိုတာမျိုါ်းလောက်ဖြစ်နေတယ်))) အဲဒါကတော့ ဖတ်သူပေါ် မူတည်ပြီး ရတာက ကွာမှာပါ။ ကျနော်ရေးထားတာကတော့ အဓိကက အသားလွတ် မမုန်းတီးဖို့နဲ့ ရှေးတုန်းကတည်းက သူများဆီက ကောင်းတာလေးတွေလည်း ယူခဲ့ကြတယ်ဆိုတာကို ပြောချင်ရုံပါပဲ။

ယဉ်ကျေးမှုနဲ့ ရုပ်ဝတ္ထုပစ္စည်းမတူတာ လူတိုင်းသိပါတယ်ဗျာ။ ဒီပို့စ်က ယဉ်ကျေးမှုအကြောင်း ပို့စ်လည်း မဟုတ်ဘူး။

အင်း ခင်ဗျားကပြောထားသေးတယ် ((ကိုယ်အမြီးပြတ်နေတာနဲ့သူများကိုအမြီးမပြတ်ပါစေနဲ့နော် )) ဟုတ်ပြီ။ ကျနော့်အမြင်တွေ ကျဉ်းသလား၊ ကျယ်သလား ကျနော့်ကိုယ် ကျနော် ပြန်ဆန်းစစ်လိုက်ပါ့မယ်။ Anonymous ကိုတော့ ကိုယ့်ကိုယ်ကိုပဲ အရင်မြင်အောင် ကြိုးစားပါ၊ မှန်ထဲ ပြန်ကြည့်ပါ၊ စာတပုဒ်ကို ဘယ်တော့မှ အပေါ်ယံလောက်ပဲ မဖတ်ပါနဲ့လို့ပဲ ပြောပါရစေတော့။

Kaung Kin Ko said...

အောက်ဆုံးက Anonymous ရေ။ ကျနော့်ပို့စ် ဒုတိယပိုဒ်မှာလည်း ဒီလိုရေးထားပြီးသားပါ။ (မျိုးချစ်စိတ် ဆိုတာက တကယ်တော့ ကောင်းတဲ့ အရာပါ။ မိသားစုကို ချစ်တာနဲ့ ဆင်တူပါတယ်။ ကိုယ့်မိသားစု ကောင်းစားရေး အတွက် အလုပ်လုပ်မယ်၊ ကိုယ့်မိသားစု အခြေအနေ မြင့်မားအောင် ကြိုးစားမယ် တာဝန်သိတတ်တဲ့သူလို့ ပြောရမှာပါ။ အဲဒီ့လိုပဲ ကိုယ့်နိုင်ငံ ကောင်းစားရေးအတွက် အလုပ်လုပ်တဲ့သူ၊ နိုင်ငံ အခြေအနေ မြင့်မားအောင် ဆောင်ရွက်တဲ့သူဆိုရင် တာဝန်သိတတ်တဲ့သူ၊ လေးစားဖို့ ကောင်းတဲ့သူပေါ့။ နိုင်ငံသားတွေကမှ ဒီတာဝန်ကို မယူရင် ဘယ်သူတွေက လာပြီး လုပ်ပေးမှာ မို့လို့လဲ။ ) နားလည်သဘောပေါက်တတ်တဲ့သူဆို စကားလုံ့းတွေ အများကြီး ပြောနေစရာ မလိုလောက်ပါဘူးဗျာ။ အဲ့တပိုဒ်တည်းနဲ့ ကိုယ့်မိသားစုကို ချစ်သလို နိုင်ငံကို ချစ်ရင် ကောင်းတယ်ဆိုတာက ပေါ်လွင်နေပါပြီ။ စာဖတ်ရင် ရေးထားသလောက် စကားလုံးလေးတွေတင် မဖတ်ဘဲ ဘောင်ကျယ်ကျယ် စဉ်းစားတတ်တဲ့ ဓလေ့လေး မွေးဖို့ အကြံပြုပါရစေ။

Kaung Kin Ko said...

Anonymous said,"I preferred to be a racist than a cock sucker who suck the d..ks of other races. To be serious, I like my people and my fellow citizens to get more opportunities, eating better food or not lesser than the citizens of other countries. If it is labelled as racist, or facist, I don't give a f..k. I like to be a racist of facist than a cock sucker."

Haha, that is very funny,Anonymous. I also want my citizens to have better lives. My post doesn't mean as you say. Anyway, you are not a racist. You are just a stupid person. If you are able to understand my post, you will know that the word "racist" means 'someone who treats other races/foreigners unfairly'.

Unknown said...

Tai လူမျိုးလား...ဒါဆို ရှမ်းနဲ့လည်း အမျိုးတွေ ဖြစ်မယ်..

ရှမ်းတွေကိုလည်း တိုင် (Tai) လို့ ခေါ်တယ် ဆိုတော့

မွန်တိုင်း...လို့လည်း ကြားလိုက်တယ်.နောက် ဆုံးနားမှာ...မွန်တိုင်း ဆိုတာ ရှမ်းလို ဆိုရင် .ငါတို့ရှမ်း လို့ အဓိပါယ်ရတယ်..

Kaung Kin Ko said...

ဟုတ်တယ်ဗျ။ ရှမ်းနဲ့ကော ထိုင်းနဲ့ကော တနွယ်တည်းပဲ။ Tai ကနေ Thai ဖြစ်လာတာလို့ ပြောကြတယ်။ ဒါကြောင့် Tai တွေက Thai နဲ့တူမှာ စိုးလို့ Dai လို့ ပြောင်းလိုက်တယ်လို့လည်း ဆိုကြတယ်ဗျ။

Kaung Kin Ko said...

Anonymous ဆိုသူရေ။ ခင်ဗျားဒီပို့စ်မှာ ပြောချင်တာမို့လား။ ဆိုင်ရာ post မှာ ပြောပါခင်ဗျာ။ အပေါ်က ပို့စ်မှာ မဆိုင်တာတွေ ပို့စ်တွေမှာ လျှောက်ပြောပြီး spam တွေ ပို့ပြီး အာရုံလွှဲသလို လုပ်တာကို လက်မခံပါဘူး။ ကလေးဆော့တဲ့ ကျောက်သင်ပုန်းတချပ်မဟုတ်ပါဘူး။ ခင်ဗျားလက်ညောင်းရုံပဲ ရှိလိမ့်မယ်။ ခင်ဗျား ပို့စ်နဲ့မဆိုင်တာတွေ ကွန်မန့်ပေးရင်တော့ လက်ညောင်းရုံပဲ ရှိမယ်လေ။ ကျနော်ကတော့ ဖျက်လိုက်မှာပဲ။

Anonymous said...

http://www.islam-watch.org/Larry/Muhammad-in-Islamic-writings-sex-life-sexual-abuse-pedophilia.htm

Anonymous said...

No need to worship Dan Maung Shin as imported a foreign god is better!!!

http://bikyamasr.com/62210/christians-angry-as-saudi-grand-mufti-calls-for-churches-to-be-destroyed/

Thuta said...

သိပ်ကောင်းတဲ့ ဆောင်းပါးလို့ မြင်ပါတယ်.. မျိုးချစ်စိတ်ဆိုတာ ကိုယ့်အမျိုးကို ချစ်ဖို့.. သူများကို မုန်းတီးဖို့ မဟုတ်ဘူးဆိုတာ တကယ် ကျွန်တော်လဲ ယုံကြည်လက်ခံတဲ့ ကိစ္စပါပဲ.. ဒါပေမဲ့ ကိုကောင်းရေ ကမ္ဘာကြီးဟာ ကျွန်တော်တို့ တွေးသလောက် မရိုးရှင်းပါဘူး.. “အဲလိုလူတွေဟာ ဘယ်တော့မှလည်း ကမ္ဘာမှာ သိက္ခာရှိတဲ့သူ ဖြစ်လာမှာတော့ မဟုတ်ပါဘူး။” ဆိုတဲ့ ကိုကောင်းပြောတာကို ကျွန်တော်တော့ သိပ်လက်မခံချင်ဘူးဗျ.. ကမ္ဘာပေါ်မှာ သူ့လူမျိုး ကောင်းစားရေးအတွက် သူများနိုင်ငံကို ဗိုလ်ကျခြယ်လှယ်တာ.. သူ့ကို မထိနိုင်အောင်ပါဆိုတဲ့ ဆင်ခြေပရမ်းပတာနဲ့ တခြားလူမျိုး နိုင်ငံတွေအပေါ် တိုက်ခိုက်သတ်ဖြတ် နေတာ.. သူနဲ့ဘယ်သူမှ ရင်ပေါင်တန်းမလာအောင် ကြိုတင်နှိပ်ကွပ်နေတာ အမေရိကန်နိုင်ငံကြီး အထင်ကရရှိပါတယ်.. ဒါပေမဲ့ သူတို့ဟာ ကမ္ဘာမှာ ထိပ်တန်းသိက္ခာရှိ နိုင်ငံကြီး အနေနဲ့ ရပ်တည်နေတာ မဟုတ်ဘူးလားဗျ.. အဓိကကတော့ အင်အားပါပဲ.. နိုင်ငံငယ်ရင် ရှိသမျှအင်အားလေးနဲ့ ကိုယ့်ဘာသာကာကွယ်နေရတဲ့ နိုင်ငံလေးတွေရဲ့ စိတ်ဓါတ်ဟာ ကျဉ်းမြောင်းတဲ့ မျိုးချစ်စိတ်လို့ နာမည်တပ်ခံရမယ်.. နိုင်ငံကြီးရင်တော့ ကျဉ်းမြောင်းတဲ့ အမြင်နဲ့ သူတို့လူမျိုးပဲ ထိပ်တန်းရောက်ရမယ်.. ရင်ဘောင်တန်းလာမဲ့ လူတွေရှိရင် နည်းမျိုးစုံနဲ့ နှောင့်ယှက်မယ်.. ဘယ်သူမှ နောင်တချိန် ခေါင်းထောင်မထအောင် နှိပ်ကွပ်မယ်ဆိုပြီး ဘာမှမဆိုင်ပဲ ဖိနှိပ်တိုက်ခိုက် သတ်ဖြတ်ရင်တောင် တကမ္ဘာလုံးက ပါးစပ်အဟောင်းသား ကြည့်နေကြတာပါပဲ.. သူတို့တွေကလဲ လုပ်ရပ်တွေကို အပြောလေးတွေနဲ့ မျက်စိလှည့်ရာမှာ ကောင်းပေသကိုးဗျာ.. ခုကျွန်တော်တို့ သဘောကျတဲ့ ခုမျိုးချစ်စိတ်နဲ့ ဆိုင်တဲ့ စာတွေပေတွေတောင် အများစုက သူတို့ ရေးခဲ့ကြတာကိုး..

လောကမှာရှိတဲ့ တရားမှု မတရားမှု သီအိုရီတိုင်းဟာ အင်အားနဲ့လဲ အများကြီး ဆိုင်ပါလိမ့်မယ်လေ..

Anonymous said...

ရှမ်းနဲ့တူတယ်လုပ်မနေနဲ့။ ရှမ်းက ကိုယ့်ကိုယ်ကို တိုင်းလို့ခေါ်ပြီး။ မြန်မာအခေါ်မှာ ရှမ်းဖြစ်တာလေဗျာ။ တခြားရှမ်းအနွယ်တွေကိုလည်း တိုင်းလို့ခေါ်တာပဲ။

Anonymous said...

ထိုင်းဆိုတာလဲ တိုင်းအနွယ်ဝင်ပဲ။

Anonymous said...

http://shanhistory.blogspot.com/2011/11/blog-post.html