Monday, January 31, 2011

ငါ့လှေငါလှော် နေပြည်တော်ရောက်ရောက်

တိုင်ထိပ်က…
ရုန်းရင်းကန်ရင်း ပျံနေရတဲ့အလံမှာ
စစ်ဖိနပ်ရာ ထင်နေတယ်။

လိပ်ပြာဖြစ်နိုင်သူများလည်း
ပိုးတုံးလုံးဘဝနဲ့ ရေတိမ်နစ်ခဲ့။

လွတ်လပ်ခွင့်လား
ဖိနပ်ချွတ်နားအထိတော့
ပေါလစ်တိုက်ပေးမယ့်သူတွေအဖြစ်
ခေါင်းငုံ့ဝင်ခွင့်ပေးပါလိမ့်မယ်။
စည်းပေါ်မှာတော့
ဥပဒေမျက်နှာဖုံးနဲ့
ဆာလောင်နေတဲ့ ဓားတုံးတုံးတွေက
ကျွံထွက်လာမယ့် လက်တွေဆို ဖြတ်ဖို့အသင့်။

လက်ပူတိုက်အမတ်တယောက်ကတော့
နောက်ပြန်လဲတော့မယ့် အနေအထားကိုတောင်
ရင်ကော့နေဟန်ဆောင်ပြီး
ထုံးစံအတိုင်း အော်လိုက်တယ်
ငါ့လှေငါလှော် နေပြည်တော်ရောက်ရောက်တဲ့
ခရီးသည်တွေရဲ့ ဘဝကိုတော့မေ့နေတယ်။

စိတ်ဝင်စားဖို့တော့ ကောင်းတယ်
ပြိုကျပြီးသားအရာကို
ဘယ်လိုထပ်ပြီးဖြိုချမလဲ။

စိတ်နာဖို့လည်းကောင်းတယ်။
အငိုဝပြီးသားလူတွေ
ဘယ်လိုထပ်ပြီးငိုရမလဲ။
ကောင်းကင်ကို

12 comments:

December Cinderella said...

A Kin


The whole piece is really creative, artistic, great and amazing.

My commment can't express my sincere compliment for your talent.

BR
Mel Cin

December Cinderella said...

အကင် .. ခုန ကွန်မန့်မှာ စကားလုံးတစ်လုံး (Enough) ကျန်ခဲ့တယ် .. ဘယ်စာကြောင်းမှာ ကျန်လဲဆိုတာ အကင်သိတယ် ။ အကင့်ကဗျာတိုင်းဟာ မယ်စင့်ကို မန့်စရာ ချီးကျူးစရာ စကားလုံးတွေ ဆွံ့အ ရှားပါးသွားစေနိုင်လောက်အောင် ဖြစ်ရတယ်ဆိုတာ
အကင်သိဖို့ပဲ ။

Acr said...

“ငါ့စာငါဆို ကောင်းကင်ကိုဖြစ်ဖြစ်”

Moe Cho Thinn said...

ဒီကဗျာ ကြိုက်လိုက်တာ..

သွယ်လင်းဆက် said...

Bravo! ကိုကောင်း...... I like so much.....

Anonymous said...

လှော်မယ်ဟေ့..
ပတ်ကြားတွေ ကွဲအက်ပါစေ
လှေသင်းပင်တို့ ရင်းထ တုန်း

ကန

(ရောက်ဖြစ်ပါတယ် အမြဲတမ်း....ဆြာကဗျာ)

ယောနက်သန် said...

ဇာတ်စင် ပေါ်က လှေကြီး ကို မနေမနား လှော်ကြဉီးမှာပေါ့....

Nge Naing said...

ကဗျာကောင်းလိုက်တာ၊ ဒါပေမဲ့ နေပြည်တော်မှာ မြစ်မရှိဘူးထင်တယ်။

Kaung Kin Ko said...

ဟုတ်တယ်အမ ငယ်နိုင်။ သူတို့က မဖြစ်နိုင်တာကို ဇွတ်လုပ်ချင်နေကြတာလေ။ မြစ် ရှိရှိ မရှိရှိ စွတ်လုပ်ဖို့ပဲ သူတို့သိတာမျိုး။

ဒီရေ said...

အစ်ကိုရေ...


ကဗျာကောင်းလေး လာရောက်ကူးယူသွားပါတယ်... ဖော်ပြလိုက်ပါပြီ အစ်ကို.. နောက်ကျပြီးမှ လာဖတ်ရတဲ့ အတွက် ကျွန်တော့်ကို ခွင့်လွှတ်ပါ။


ဒီရေ

နှင်းပန်း said...

အငိုဝနေသူတွေကို အငိုတိတ်စေချင်လှပြီ ....
လေးစားလျက် ...

Anonymous said...

Do you mind if I quote a couple of your posts as long as I provide
credit and sources back to your website? My blog is in the very same
area of interest as yours and my users would certainly benefit from a lot of the information you present here.
Please let me know if this ok with you. Thank you!

Look at my web page :: youtube