Thursday, October 21, 2010

အိပ်မက်လား…ရှိပါတယ်

အကြွေခရီးမှာ အကြောင်းမလှတော့
မြေကြီးပေါ်ခေါင်းချ
ရွှေထီးတော်ဆောင်းရ တုန်းကအကြောင်းတွေ
အိပ်မက်မက်ရတယ်။

ကောင်းကင်ကို

4 comments:

ကြည်ကြည် said...

အိမ်မက်တွေ ပြန်ပြန်မက်တတ်တယ်
ဆရာကောင်းရေ
အဲ့လို ထိအောင် မရေးတတ် လို့ သာ

Ko Paw said...

အတွေးလေးကို ကြိုက်တယ် ကိုကောင်းကင်ကို... ဘာပဲဖြစ်ဖြစ် အိပ်မက်ရှိသေးတော့ တော်သေးတာပေါ့။ တကယ်လို့သာ အိပ်မက်လည်း မရှိတော့ဘူး၊ မျှော်လင့်ချက်လည်း မရှိတော့ဘူးဆိုရင် ဒီဘဝမှာ ရှင်လျက်နဲ့ သေရသလိုပဲ။ ဒီတော့...

အသေခရီးမှာ အလောင်းမလှတော့
မြေကြီးပေါ် ခေါင်းအချ
ပေသီးအော်ရောင်းရ တုန်းကအကြောင်းတွေ
အိပ်မက်မမက်နိုင်တော့ဘူး။

ကောင်းမွန်ဝင်း said...

ကိုကောင်းကင်ကိုရေ

ခဏခဏ လာဖတ်ပြီးတော့ ကော်မန့်မပေးတာကြာပြီဖြစ်တဲ့ ကျွန်မလို follower ကို လက်ခံပေးထားတာကျေးဇူးတင်ပါတယ်။

ဒီတစ်ခါလည်း “အိပ်မက်လား....ကိုပြန်ခံစားခွင့်ပြုပါနော်။”

ရွှေဇွန်းကိုက်မွေးလို့
ရွှေလင်ပန်းနဲ့ အချင်းဆေး
အခြေအနေပေးတော့ သူ့ခေတ်
ဒီလိုနဲ့ လူကြီးဖြစ်လာ
ကတ္တီဖိနပ်စီး ရွှေထီးဆောင်း
အားလုံးရဲ့ကောင်းမှု
ဘ၀အစမှအဆုံး
ရွှေနှင့်ဖုံးသော်လည်း
သေနေ့ကျတော့ မတ်စေ့တစ်စေ့ပါပဲ
သူများတွေနဲ့ အတူတူ။
သူ့ ရွှေတွေကို အပိုယူမသွားနိုင်ခဲ့၊
ရွှေအိပ်မက်လေးဖက်လို့ မတ်စေ့နဲ့ အသက်ထွက်။

သိင်္ဂါကျော် said...

မြေကြီးပေါ် ခေါင်းချတဲ့ အချိန်အထိ အိပ်မက်ပဲ မက်ချင်နေလို့တော့ မဖြစ်ဘူးထင်တယ်..