Tuesday, September 28, 2010

သိုးဖြူထဲက သိုးဖြူ

ငယ်ငယ်လေးကတည်းက
ကိုယ့်ခေါင်းကိုယ်ဖြတ်
လှောင်အိမ်ထဲမှာ ကိုယ်တိုင်သော့ခတ်ခဲ့သူ။

ငယ်ငယ်လေးကတည်းက
ကိုယ့်နှလုံးသား ကိုယ်ထုတ်
ကကြီးခကွေးစည်းချက်တွေအတိုင်း ခုတ်ဖို့။

ငါလား?
ကိုယ့်ကိုယ်ကို ရင်ခွင်မှာပိုက်ရင်း ပျောက်ဆုံး
မျက်နှာပေါ်မှာတော့ အသိုင်းအဝိုင်းကြိုက် မျက်နှာဖုံးနဲ့။

ငါလား?
ကိုယ့်ကိုယ်ကို မျက်ခြည်ပြတ်
ငါနဲ့ အဝေးဆုံးမှာ ရပ်နေတဲ့သူ။

ဒီလိုနဲ့
ငါ့ကို ငါက ပြောတယ်။
ဟေ့ကောင်
မင်းကိုယ်မင်း မှန်ထဲမှာပြန်ကြည့်
လူ့သမိုင်းတခုလုံး ပိနေတယ်။
ကောင်းကင်ကို

3 comments:

ညလင်းအိမ် said...

ဂွတ်ဧ။် ..း)

Anonymous said...

very good poem!

Anonymous said...

very good poem!