Wednesday, November 11, 2009

ကဗျာလေးထဲမှာ ဆက်အိပ်ပါရစေ

သဲသောင်ပြင်ပေါ်မှာ
ကိုယ့်နာမည် အတိုကောက်လေး။
နာမည်ရဲ့ နောက်မှာတော့
ကောင်မလေး တယောက်
လက်နှစ်ဘက်ကို မြှောက်ပြီး အသည်းပုံဆက်
သူ့ မျက်နှာကလည်း ချစ်ခြင်းမေတ္တာတွေ ဖြာထွက်လို့ ။

သြော်..
ရင်ခုန်သံကလွဲလို့ …လောကကြီးတခုလုံး အသံတိတ်
အရေပြားပေါ်ကို ကြက်သီးလေးတွေ လျှံဖိတ်
ကိုယ့်ဇာတ်ဝင်ခန်း အထွတ်အထိပ်လေးကို
လက်တွေ့ ဘဝဆိုတဲ့ လက်သည်းနဲ့ ဆိတ်မကြည့်ချင်ဘူး
တကယ်ဖြစ်နေတဲ့ အိပ်မက်ကလေးကျိုး
အချိန်မတန်ခင် နိုးမှာစိုးလို့ ။
ကောင်းကင်ကို

19 comments:

Moe Hlaing Nya said...

အစ်ကို

အိပ်မက်လှလှတွေ ဆက်တိုက်မက်နေပါလား
ညတာရှည်ရှည်တွေ အစ်ကို့ကို လက်ဆောင်ပေးချင်လိုက်တာ...

pandora said...

အိပ်မက်ကလေးက နုရွတယ် မကျိုးမကြေအောင် ဖြည်းဖြည်းအိပ်..

ညလင်းအိမ် said...

“အရေပြားပေါ်ကို ကြက်သီးလေးတွေ လျှံဖိတ်
ကိုယ့်ဇာတ်ဝင်ခန်း အထွတ်အထိပ်လေးကို
လက်တွေ့ ဘဝဆိုတဲ့ လက်သည်းနဲ့ ဆိတ်မကြည့်ချင်ဘူး”

ကောင်းလိုက်တဲ့ စာသားပါလား... အစ်ကိုရာ
အစ်ကိုရဲ့ အိပ်မက်နုနုလေး ဆက်တိုက်ပြုနိုင်ပါစေ...

ကျော်ညိုသွေး said...

အသက်ကြီးလာလို့လား
နုရွနေတာ။

win latt said...

အိပ်မက်လှလှ မက်ပါစေ....

Myanmar Good Knowledg Co., Ltd said...

အို...
တိတ်တိတ်တိုးတိုး
မစိုးရိမ်ပါနဲ့
ဒါ...
တစ်ရေးနိုးပဲရှိသေးတယ်...တဲ့။
သူ.....
ဆက်သိပ်လို့
မက်အိပ်တဲ့ ကဗျာက
ကောင်းကင်းကို ရေးတာလေ။

Angel Shaper said...

အကိုရေ...
အကို့အိပ်မက်လေး ထာဝရ မက်ရပါစေ။
ကဗျာလေး သိပ်ကောင်းတာပဲဗျာ။ သိမ်းထားလိုက်ပီ။

မမသီရိ said...

နိုးမှာ စိုးလို့ မလှုပ်ရဲပဲ တိတ်တိတ်လေး ဖတ်သွားတယ်မောင်လေး

sait phay yar said...

သိနေတယ်နော်။ အခြေအနေတွေပြောင်းလည်းနေတယ်
မရိုးပါ။ အရိုးတွေကြည့်မို့လို့

Unknown said...

အချစ်ကဗျာလေးတွေ တွေ့ နေရတယ်
အချစ်နဲ့ တွေ့ တဲ့ သူတိုင်း
ကဗျာဆရာ ဖြစ်သွားတယ်လို့ ကြားဖူးတယ်
ကဗျာဆရာက အချစ်နဲ့ တွေ့ ရင်
နူးညံ့လှပတဲ့  ကဗျာလေးတွေ ပို တွေ့ ရသလိုပဲနော်

ကလျာ said...

အကို...
ကဗျာလေးက တယ်နုပါလား။ တကယ့် ခံစားချက်တွေလား။ စကားလုံးတွေကတော့ ကောင်းကင်ကိုဆန်တယ်

Unknown said...

ကိုယ့်ဇာတ်ဝင်ခန်း အထွတ်အထိပ်လေးကို
လက်တွေ့ ဘဝဆိုတဲ့ လက်သည်းနဲ့ ဆိတ်မကြည့်ချင်ဘူး
တကယ်ဖြစ်နေတဲ့ အိပ်မက်ကလေးကျိုး
အချိန်မတန်ခင် နိုးမှာစိုးလို့ ။

ရေရေလည်လည်ခံစားရပါတယ်ရှင်

စိုင်းလောင်မိန်းသက် said...

ဆက်အိပ်ပါဗျာ

တန်ခူး said...

အဲဒီလိုလှပတဲ့ အိပ်မက်လေးတွေ ခဏခဏမက်ပါစေလို့ …
Btw, အီးမေးလ်ပို့ ထားတယ်…

သွယ်လင်းဆက် said...

စာသားလေး ချစ်စရာအလွန်ကောင်းပါတယ်။

သွယ်လင်းဆက် said...

စာသားလေး ချစ်စရာအလွန်ကောင်းတယ်။

Nee said...

ဒီလိုလေးတွေလည်းရေးတတ်သားနော် ဆက်တော့မအိပ်လိုက်ပါနဲ့ ညတိုင်းဆက်မက်နေရင် ရောဂါဖြစ်သွားမယ် စိတ္တဇ

yinminkhine said...

သဲသောင်ပြင်ပေါ်မှာ


ကောင်မလေး နှစ်ယောက်
လက်နှစ်ဘက်ကို မြှောက်ပြီး အသည်းပုံဆက်...

သူ့ တို့မျက်နှာကလည်း ချစ်ခြင်းမေတ္တာတွေ ဖြာထွက်လို့ ။



အရေပြားပေါ်ကို ကြက်သီးလေးတွေ လျှံဖိတ်

လက်တွေ့ ဘဝဆိုတဲ့ လက်သည်းနဲ့ ဆိတ်မကြည့်ချင်ဘူး.....

တကယ်ဖြစ်နေတဲ့ ..အဖြစ်လေး...
ပျောက်မှာဆိုးလို့...

အဲလိုလေးဓါတ်ပုံရိုက်ခဲ့ဘူးတယ်...
ညီမနှစ်ယောက်ပေါ့....

ဒီကဗျာလေးဖတ်ပြီးသတိယလိုက်တာ...
ကောင်းကင်ရေ..တိုက်ဆိုင်တယ်

Pie Min Swe said...

ကိုကောင်း.....
ဖတ်နေရင်း ကျွန်တော်ကောင်မလေး မျက်နှာပေါ်လာတယ်။
သူ တစ်ခါမှ ကျွန်တော့်အတွက် ထူးခြားတာလေး မလုပ်ဖူးဘူး။
=(