Friday, September 11, 2009

ဇာတ်နာ

ရှေ့ ဆယ်လှမ်းတိုးဖို့ 
နောက်တလှမ်းဆုတ်လိုက်ကာမှ
ဘဝက ထောင်ချောက်ထဲကို တည့်တည့်ကျတယ်။

လောကဓံတရားရေ
မင်းဆက်ထိုးဖို့ မလိုတော့အောင်ကို
ငါ့ပါးရိုးက ကျိုးပြီးသားပါ။

အထီးကျန် ဝမ်းနည်းစရာကောင်းလိုက်ပုံကလည်း
အပြီးအပိုင်လမ်းခွဲကာပြောင်းရမှာကိုတောင်
လာနှုတ်ဆက်ကြမယ့်သူလည်း တယောက်မှမရှိ။
သွားနှုတ်ဆက်ရမယ့်သူလည်း တယောက်မှမရှိ။

သြော်…နောက်ဆုံးတော့
တံလျှပ်တွေလို
ဘဝကိုပိုမှောင်စေတဲ့ အလင်းတွေအတွက်
ဘာကိုမှ မစစ်မဆေး
ကိုယ့်ကိုယ်ကိုပဲ အပြစ်ပေးလိုက်တော့တယ်။
ကောင်းကင်ကို

15 comments:

sait phay yar said...

အဲလိုတော့လည်းမဟုတ်ဘူးလေ ကိုကင်းရယ်နော်...

Myanmar Good Knowledg Co., Ltd said...

တကယ်ပဲ ဇတ်နာလိုက်တာ။ နောက်တမျိုးရေးပါဦးလေ။

ဆောင်းယွန်းလ said...

ဒီဇာတ်ကအတိအကျကို အထိအရှနာနေပါလားညီလေးရေ

လောကဓံတရားရေ
မင်းဆက်ထိုးဖို့ မလိုတော့အောင်ကို
ငါ့ပါးရိုးက ကျိုးပြီးသားပါ။

ကြိုက်တယ်ညီလေးရေ

ရွှင်လန်းပါစေ
အကိုဆောင်းယွန်းလ

MK said...

wanna know how u punish urslef ....
i can guess though

mgngal said...

ဇာတ်ကွက်လှလှတွေ ပြောင်းကနိုင်ပါစေ ကိုကောင်း ။

စိုင်းလောဝ်ပိန်း said...

အားပေးနေတယ် အကိုရေ...

ငြိမ်းဝေ said...

ပါးရိုးကျိုးရင် ကဗျာနဲ့ သာ လိမ်းလိုက်ပါ
ချက်ချင်း ပျောက်သွားပါလိမ့်မယ်။

သတိ said...

အားလုံးသတိ

ရှယ်ပါပဲဗျာ.. တကယ်ကြွေတယ်..
ကိုကောင်းကင်ကို (အီး. ”က”လှချည်လား..)ရဲ့ ဘလော့ပရိတ်သတ်ထဲမှာ ကျွန်တော်တန်းစီပီဗျို့..

နောက်ဆိုရင် အမြဲတမ်းလာနှုတ်ဆက်ပါမယ်.. ဒါဆိုရင် ဒီကဗျာပိုင်ရှင်လဲ လာနှုတ်ဆက်မဲ့သူ တစ်ယောက်ရှိသွားသလို ကျွန်တော်လဲ သွားနှုတ်ဆက်ရမဲ့သူ တစ်ယောက်တိုးတာပေါ့.. ဟားဟား..

သက်သာပါဗျာ..
မောင်သတိ

Notes on Web of My Pieces said...

ဇာတ်နာ ဆိုတဲ့ အတိုင်း မနာ နာအောင် ကိုင်ရိုက် လိုက်တာလား...

Moe Hlaing Nya said...

ဇာတ်ကမနာတော့ဘူးအစ်ကို
ထုံနေပြီ...
ကျောက်ဆူးကိုဆွဲတင်လိုက်ပြီဆိုတာ
ကျွန်တော်တို့က ကမ်းခြေအသစ်ပဲ...
နှုတ်ဆက်မယ့်သူမရှိလည်း...
အတူမိုက်မယ့်သူတွေရှိပြီးသားလေအစ်ကို
လောကဓံဆိုတဲ့ ခပ်ညံ့ညံ့ ငနဲလေးကိုပါ
အပါခေါ်သွားကြတာပေါ့...

Anonymous said...

ဟောဒီ လောကထဲ
သူလိုကိုယ်လိုလူတွေ
ကိုယ့်ဇာတ်နဲ့ကို နာနေကြ
အော်...ဘ၀ ဘဝ

အားပေးသွားပါတယ်အကိုရေ...
ဘ၀ဇာတ်နာရင်တော့ မသိဘူး
ဇက် နာရင်တော့ လင်ဇီးလေးလိမ်းလိုက်ပါနော်...:p
ခင်မင်မှုများဖြင့်.......

ကိုလူထွေး said...

မြင်နေရတယ် ကောင်းကင်ကိုရေ...

ဒါပေမယ့် လောကဓံဆိုတာ အမြဲတမ်း တသမတ်ထဲရှိတတ်တာမျိုးမှ မဟုတ်ဘဲ...

ရင်ကိုကော့...
ခေါင်းကိုမော့...

ဆရာတင်မိုးပြောခဲ့သလိုပေါ့...

ရှေ့ကိုသာဆက်လျှောက်
တနေ့နေ့မှာ ရောက်ရမယ်...
အံခဲရင်း မာန်ဇွဲတင်း
အလံမလဲခြင်းစိတ်ဓာတ်နဲ့
နိမိတ်ဖတ်ပြီး
အောင်ပန်းခူးစိတ်ကူးနဲ့ မြူးကြစို့...


းဝ)

စိမ်း... said...

လုပ်သလိုမဖြစ်တဲ့ဘ၀ ... ဖြစ်သလိုသာလုပ်လိုက်ရရင်တော့ ... အဟင်း မကောင်းရှိရော့မယ်... နော့ ?

Angel Shaper said...

ဇာတ်နာလေး လာဖတ်တယ်။

Anonymous said...

Very good.Sir Kaung Kin Ko.