Wednesday, May 7, 2008

ခါးစည်းခံလိုက်ပါမိမြန်မာ (ရေး -နတ်သမီးရေစင်)

မိမိကိုယ်ကိုမုန်းမိလောင်အောင် ဖြစ်စေတဲ့ ဆုတောင်းတစ်ခု လွန်းခဲ့တဲ့နှစ်ရက်လောက် ကျမဆုတောင်းခဲ့ဘူးတယ်။ april လ သုံးဆယ်ရက်နေ့က သတင်းကိုဖွင့်ကြည့်တော့ အလွန်တရာပြင်းထန်တဲ့ မုန်တိုင်းတစ်ခု မြန်မာပြည်ဘက်ကိုဦးတည်နေတာကို သိရပါတယ်။ မုန်တိုင်းရာ ကျမ၏မွေးရပ်မြေကိုဦးတည်နေတာကြောင်း ကျမတော်တော်တုန်ုလှုပ်မိသွားတယ် ကိုယ့်မိဘ ကိုယ့်ဆွေမျီုးတွေရှီတယ်လေ မရှီသည်ထားအုံးတော့ ကိုယ်မွေးတဲ့ကိုယ့် ဌာနီဖြစ်နေတာကို ဒါကြောင့်ဘုရားတမိတယ် နှစ်စဉ်နှစ်တိုင်း မရေမတွက်နိုင်လောက်အောင် မုန်တိုင်:ဒါဏ်ကို ကိုယ်တိုင်ကြုံခဲ့ရဖူးတော့ မခံစားစေချင်တဲ့ကျမ၏စေတနာကြောင့် ကျမကိုယ်မွေးရပ်မြေကိုမုန်တိုင်းမ၀င်ပါစေနဲ့လိုဆုတောင်းတယ်။ နောက်တစ်ရက်နေ့ သတင်းမှာတော့ မုန်တိုင်းဟာ မြောက်ဘက်ကိုဆက်မသွားဘဲ အရှေ့ဘက်ကိုဦးတည်တယ်လိုဖတ်ရတဲ့အချိန်မှာမှ ကျမအသက်ချနိုင်တော့တယ်။ " ငါဆိုတဲ့အတ္တ ငါနဲ့ဆိုင်တဲ့ အရာတိုင်းမှာ ငါအတွက်ဖြစ်နေတတ်ပါလား ငါ " သတင်းအရ ကျမမွေးရပ်မြေလွတ်သွားပြီး ဒါပေမယ့် ကျမထင်သလိုမဖြစ်လာဘဲ ကျမ၏နလုံးသားအလယ်ကို တိုက်ခတ်သွားပါတယ်။
အားလုံးသိတဲ့အတိုင်းပါဘဲ ဘယ်လိုမျှ မျော်လင့်မထားလောက်တဲ့ ကြီးကျယ်ဆိုးဝါးတဲ့ သဘာဝဘေးအန္တာရယ် ကပ်ဆိုးကြီး မြန်မာပြည်၏ ဗဟိုချက်မကို ၀င်မွှေသွားပါတယ် ။ တသက်နဲတစ်ကိုယ်ကြုံခဲ့လောက်တဲ့ဆိုးဝါးမှုပါပဲ။ တစ်ကိုယ်ကောင်းဆန်ဆန်ဆုတောင်ဖူးတဲ့ မိမိကိုယ်ကို ဘယ်လိုအပြစ်ပေးရမယ်မှန်းမသိလောက်အောင် မြင်ရကြားရသမျှ ကျမအသည်းကို နာကြင်စေပါတယ်။ တစပြင်လို တလင်းပြင်လိုလို သောကများလှချီလား ရန်ကုန်မြို့ရယ် ၊ မြန်မာပြည်ရယ် မြန်မာကို ကမ္ဘာကသိအောင်လုပ်မယ်ဆို့တဲ့ ကြွေးကြော်သံတွေကြောင်းများလား ခုတော့ ကမ္ဘာကသိပါတယ်။ သိပ်ကိုဒုခများတဲ့တိုင်းပြည်အဖြစ်နဲ့လေ တစ်လောကလုံးက သတိထားမိလောက်အောင်ကို တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ကပြနေတာလား မိမြန်မာရယ် ။
သိခဲ့ဘူး မှတ်ခဲ့ဖူးတာလေးတစ်ခုကိုပြန်ကြားမိပါတယ် "ကတိသစ္စာများမြဲအခါ နွယ်မြက်ပင်တောင်ဆေးဖက်ဝင်သတဲ့ ၊ ဘုန်းကံကြီးမားတဲ့မင်းကောင်းမင်းမြတ်တို့ စိုးစံတဲ့အခါမှာတော့ တိုင်းပြည်သာယာစည်ပင်သလို ဆင်ဖြူပေါ်တယ် ရာသီဥတုကောင်းမွန်တယ်၊ အများပြည်သူငြိမ်းချမ်းစွာ နေထိုင်ရသတဲ့၊ မင်းယုတ် မင်းဆိုး နန်းတက်ပြီဆိုရင်တော့ မကောင်းတဲ့အကုသိုလ်အလုပ်တွေကို လုပ်လွန်းအားကြီးလို တိုင်းပြည်က ကပ်ဆိုက်တယ် ဘေးဆိုးဆိုက်တယ် ရေကြီးတယ် မီးလောင်တယ် လူဆိုးသူခိုးတွေပွားများတယ်လို ရှေ့ဆိုရိုးတွေ ပြောခဲ့ကြတယ်" ရွှေတိဂုံဘုရားပျက်စီးလောက်အောင်ကို မြန်မာနိုင်ငံက ဘေးကံသင့်နေပြီထင်ပါတယ် ။ ဗုဒ္ဓဘာသာထွန်းကားရာ ကိုးကွယ်ရာအရပ်မှာ နတ်ကောင်းနတ်မြတ်တို့စောင့်ရှောက်တယ်လို့ ကြားဖူးပါတယ် ဘုရာ၏မေတ္တာ၊ တရား၏မေတ္တာ၊ သံဃာ၏မေတ္တာကြောင့် မြန်မာနိုင်ငံကြီးဘာမှမဖြစ်ဘူး စိတ်မပူပါနဲ လက်ဝါးနဲကာထားမယ်လို့ ဆရာတော်တပါး ဟောခဲ့ချိန်တုံးက နလုံးသားထဲက ယုံကြည်ခဲ့ပါတယ် ။ ငါတို့နိုင်ငံဟာ ဘယ်တုံးကမှ ဘာမှဆိုးဝါးတာမဖြစ်ခဲ့ပါဘူးလေ မေတ္တာဓါတ်ကြီးစိုးပါတယ်လို့ ထင်ခဲ့တယ်။ ခုတော့ ဘုရားစူးပြီထင်တယ် သံဃာကိုရိုက်လို သံဃာကိုသတ်လို့ သံဃာသွေးစွန်းလို့ ၊ တိုင်းသူပြည်သားတွေအပေါ်မတရားစီးနှင်း အုပ်ချုပ်မှုတွေအတွက် ကမ္ဘာကြီးက အပြစ်ပေးချိန်ရောက်ပြီထင်တယ်။ ကမ္ဘာသိလိမ်လည်ဖို့ကြိုးစားတဲ့ မတရားသဖြင့် မဲဆန္ဒရွေှ့းကောက်ပွဲအတွက် နိုင်ထက်စီးနှင်း တဖက်သတ်ဆုံးဖြတ်ဖို့ကြိုးစားမှုတွေအတွက် ဒါဏ်ခတ်လိုက်ပြီထင်တယ်။ ကိုယ်နိုင်ငံကို တန်ဖိုးမထား၊ ကိုယ်ပြည်သူကိုအလေးမပြု ကိုယ်ကျိုးအတွက် ကိုယ်အာဏာတစ်ခုအတွက် သန်းပေါင်းများစွာသော မြန်မာပြည်သူတွေ ဆင်းရဲတွင်းထဲ ထွက်ပေါက်ပိတ်လောင်ပိတ်ခံနေရတယ်။ မ၀ရေစား ထမင်းကြမ်းကို အချိန်မှန်မစားနိုင်အောင်လုပ်ထားတယ်။ ဒုတ်တွေ ဓါးတွေ သေနတ်တွေပြကာ အာဏာစက်ကွင်းကို ခိုင်အောင်လုပ်တယ်။ သေလုဆဲဆဲလူတစ်ယောင်၏အတ္တလောဘအတွက် မြန်မာပြည်လည်စင်းခံပေးနေရတယ်။ ၀ဋ်ကြီးလိုက်တာမိမြန်မာ ဘယ်သူမပြုမိမိမှုတဲ့ "သမိုင်းမှာ အဖေကိုသတ် ဦးလေးကိုသတ်ပြီး နန်းလုခဲ့ကြတယ်လေ" ဒီကံတွေကဘယ်ကိုရောက်မယ်ထင်သလဲ့ ကိုယ်ဘဲခံရမှာပေါ့ အဲဒီအချိန်ကတည်းက မြန်မာပြည်မအေးချမ်းတော့ပါဘူး။ နှစ်ရာချီပြီးသူများလက်အောက်ကိုရောက်ခဲ့တယ် ၊ ကိုယ်မင်းအရီုးတောင် သူများတိုင်းပြည်မှာ မြုပ်နှံသဂြိုဟ်ရတဲ့ မျက်နှာမွဲလူမျိုးဆိုပြီးရှက်တတ်မယ်ဆိုရင်တောင် ရှက်စရာအဖြစ်လေ၊ ဘုန်းကံကြီးသူတွေမပေါ်ထွန်းဘူး မွေးခဲ့ရင်လည်း ထောင်နန်းစံ၊ လုပ်ကြံခံ ဖြင့် မြန်မာပြည်ကြီး ရေစုံမျှောနေတာကြာလှပေါ့ . ဦးဆောင်သူမရှိ ခေါင်းဆောင်းမရှိ မိမဲ့ဘမဲ့မြန်မာပြည်ရယ် နင်ဘ၀က ခုတော့ မျက်ရည်တွေ သောကတွေ ခါးသက်မှုတွေအတွက် ကျမလည်းဆုမတောင်းပေးတတ်တော့ဘူး ၊ ကောင်းခြင်းတစ်ခုကိုမှ ကျမကလည်းမစွမ်းဆောင်နိုင်လေတော့ ခါးစည်းလို့သာခံလိုက်ပါမိမြန်မာ …

နတ်သမီးရေစင်

2 comments:

Anonymous said...

ခါးစည်းထားပါ မိမြန်မာရယ်..ကျွတ်ကျမှာ စိုးလို့ပါ..ပြည်တွင်းက ဘယ်သူမှ မအော်ရဘူးး..သူတို့ပဲ ပိုပြီးခံစားနေရတယ်..မြန်မာနိုင်ငံမှာ လူတွေကအများကြီး.. သဘာဝဘေးဒဏ်ကို ဘုရားတောင်မကယ်နိုင်ဘူး.. သတိပေးလဲ လိုက်လုပ်မှာကြလို့..ဒီလောက် လောဘကြီးတဲ့ မြန်မာတွေ၊ အိမ်ကိုပစ်၊ စိုက်ခင်းတွေပစ်၊ ပိုင်ဆိုင်မှုတွေစွန့်ပြီး မုန်တိုင်းကို ရှောင်မလား...ဘယ်သူမပြု မိမိမှု..ခံစရာရှိရင်တော့ ခံပေါ့..စာဖွဲ့စရာမရှိပါဘူး..ပြောရင် မကြင်နာတတ်ဘူးဖြစ်အုံးမယ်..ပုံမလာတဲ့ နတ်သမီးရေပုတ်ကြောင့် ပြည်သူတွေကိုသနားတဲ့ နတ်သားရေနွေးကြမ်းစေတနာ ပျက်ရပြီး..နောင်ဘယ်တော့မှ စာမရေးပါနဲ့တော့..(အားပေးတာပါ)

Anonymous said...

မြန်မာပြည်သူတစ်ယောက်အနေနဲ့ခံစားရတာကို နားလည်နိုင်ပါတယ်...ကောင်းကင်မှာ နတ်သမီးဘယ်လိုရောက်လာတာတုန်း..ဘာပဲဖြစ်ဖြစ် စာလေးတွေတင်ထားတာမို့ ဖတ်စရာတစ်ခုရှိတာကို ကျေးဇူးတင်တာပါ..ခံစားချက်ကိုရေးတာကို သဘောကျတယ်..ဆက်ရေးပါ..ဘယ်သူပြောပြော ဂရုကိုစိုက်မနေနဲ့..