Goering: ပင်ကိုသဘာဝအားဖြင့်
သာမန်လူတွေဟာ စစ်ကို အလိုမရှိကြပါဘူး။ ရုရှားက လူတွေပဲ ဖြစ်ဖြစ်၊ အင်္ဂလန်၊ အမေရိက၊
ဂျာမနီကလူတွေပဲ ဖြစ်ဖြစ် [ပင်ကိုအားဖြင့် စစ်ကို အလိုမရှိကြပါဘူး။] ဒါကို လူတိုင်း
နားလည်ပြီးသားပါ။ တကယ်တမ်းမှာ စစ်ကို အလိုရှိကြသူတွေဟာ နိုင်ငံတွေရဲ့
မူဝါဒတွေကို ချမှတ်ပြဌာန်းကြတဲ့ ခေါင်းဆောင်တွေပဲ ဖြစ်ပြီးတော့...လူတွေကို
[စစ်တိုက်ချင်လာအောင်] ဆွဲဆောင်စည်းရုံးဖို့ ကိစ္စဟာ…ဒီမိုကရေစီ နိုင်ငံမှာပဲ
ဖြစ်ဖြစ်၊ ဖက်ဆစ် အာဏာရှင် နိုင်ငံမှာပဲ ဖြစ်ဖြစ်၊ ပါလီမန် စနစ်ကျင့်သုံးတဲ့
နိုင်ငံမှာပဲ ဖြစ်ဖြစ်၊ ကွန်မြူနစ် အာဏာရှင် နိုင်ငံမှာပဲ ဖြစ်ဖြစ်
ရိုးရှင်းလွယ်ကူလှတဲ့ ကိစ္စတခုပဲ ဖြစ်ပါတယ်။
Gilbert: မတူတာ တခုတော့
ရှိပါတယ်။ ဒီမိုကရေစီ စနစ်မှာ ပြည်သူတွေဟာ သူတို့ ရွေးကောက် တင်မြှောက်ထားတဲ့
ကိုယ်စားလှယ်တွေကနေ တဆင့် ပါဝင် ပြောဆိုဆုံးဖြတ်ခွင့် ရှိပြီးတော့ အမေရိကန်
ပြည်ထောင်စုမှာ ဆိုရင်လည်း ကွန်ဂရက်လွှတ်တော်ကပဲ စစ်ကြေငြာခွင့် ရှိတာပါ။
Georing: အိုး!…အဲဒါက
ကောင်းပါတယ်။ ဒါပေမဲ့ ပြောဆိုခွင့် ရှိရှိ မရှိရှိ… ခေါင်းဆောင်းတွေ အလိုရှိတဲ့နောက်ကို
သာမန်ပြည်သူတွေ လိုက်လာအောင် အမြဲတမ်း အလွယ်တကူ လုပ်နိုင်ပါတယ်။ လုပ်ရမှာတွေကတော့ သူတို့ကို
“အတိုက်ခိုက် ခံနေရတယ်” ပြောပြလိုက်ပြီး စစ်ဆန့်ကျင်ရေးသမားတွေကိုတော့
မျိုးချစ်စိတ် ကင်းမဲ့သူတွေအဖြစ် ပြင်းပြင်းထန်ထန် စွပ်စွဲလိုက်ပါ။ တိုင်းပြည်ဟာ
အန္တရာယ်တွေကြားမှာ အကာအကွယ်မဲ့နေကြောင်း ပြောလိုက်ပါ။ အဲဒီ့နည်းဟာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်
(တူညီစွာ) အလုပ်ဖြစ်ပါတယ်။
http://en.wikiquote.org/wiki/Hermann_G%C3%B6ring
(ဘာသာပြန်သူ...ကောင်းကင်ကို)
Goering: Naturally, the common people don't want war; neither in Russia nor in
England nor in America, nor for that matter in Germany. That is
understood. But, after all, it is the leaders of the country who
determine the policy and it is always a simple matter to drag the people
along, whether it is a democracy or a fascist dictatorship or a
Parliament or a Communist dictatorship.
Gilbert: There is one difference. In a democracy, the people have
some say in the matter through their elected representatives, and in
the United States only Congress can declare wars.
Goering: Oh, that is all well and good, but, voice or no voice, the
people can always be brought to the bidding of the leaders. That is
easy. All you have to do is tell them they are being attacked and
denounce the pacifists for lack of patriotism and exposing the country
to danger. It works the same way in any country.