Sunday, November 25, 2012
မွေးနေ့လက်ဆောင်
လိုချင်တာ ရွေးစေ့ချင်တယ် လို့
ကိုယ်ရင်မှာ ထွေးပွေ့ရင်းနဲ့
ကြိုတင်ကာ မေးကြည့်လိုက်တော့
လိုချင်တာ အစစ်က
ချိုကြင်နာ အချစ်တဲ့။
ကောင်းကင်ကို
(၂၅.၁၁.၂၀၁၂) မွေးနေ့အမှတ်တရ
Thursday, November 22, 2012
အဆိပ်ဖြေဆေး
Wednesday, November 7, 2012
လက်မြှောက်ချိန်
ခရေငယ်အတွက် ရေးပေးတဲ့ လက်ဆောင် ကဗျာအသစ်ပါး-)
Wednesday, October 31, 2012
လားပေါင်းများစွာ
လားပေါင်းများစွာ
အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာယူဖို့ အကျင့်စာရိတ္တ မကောင်းသူတွေထံမှာ အောက်ကျို့ဖို့ လိုတုန်းပဲလား။
ဝေဖန်လို့ နောက်ပြန်လှည့်မယ်ဆိုရင် အစိုးရဆိုတာ အမြှောက်အပင့်ကြိုက်တဲ့ ဆယ်နှစ်သား ကလေးလား။
“ကိုယ့်ဟာကိုယ် ကြိုးစားကြ၊ ထိုက်တန်ရင် အခွင့်အလမ်းရမှာပဲ” လို့ ထပ်တလဲလဲ ပြောချင်နေရင် နိုင်ငံရေး လုပ်မဲ့အစား တက်ကျမ်း ပြောင်းရေးကြည့်ပါလား။
ရိုဟင်ဂျာအရေးဟာ အပြစ်အားလုံးကို ကျေစေနိုင်တဲ့ နတ်ရေကန်တခုလား။
တိုင်းရင်းသားအခွင့်အရေးတွေ မပေးဘူး ဆိုရင် တိုင်းရင်းသား ဆိုတဲ့ စကားလုံးဟာ နိုင်ငံသားအချင်းချင်း အကိုကြီး၊ညီလေး ခွဲခြားရုံလား။ အကိုကြီးမို့ အဖအရာဆိုပေမဲ့ George Orwell ရဲ့ Big Brother ကို သိတယ်မို့လား။
ရွေးကောက်တင်မြှောက်တယ် ဆိုတာ အများစုက အနည်းစုကို မဲအရေအတွက်နဲ့ ကြီးနိုင်ငယ်ညှဉ်း လုပ်လိုက်တာလား။
စနစ်ကြောင့်ပဲ ဖြစ်ဖြစ်၊ သူ့ဘာသာသူ ညံ့လို့ ဖြစ်ဖြစ် ငတ်လို့ခိုးတာကို လက်မခံနိုင်ဘူးဆိုပြီးမှ ကိုယ်ကိုယ်တိုင်ကျ မငတ်ဘဲနဲ့တောင် software တွေ ခိုးနေတယ်မို့လား။
အိပ်မက်ထဲမှာ ဟစ်တလာကို အပြစ်တင်လိုက်တော့ ကိုယ်ကြားဖူးနေကျ ဆင်ခြေမျိုးနဲ့ ခပ်ဆင်ဆင် ပြန်မေးလာတာက… “မင်း..ဂျူးတွေနဲ့ နေဖူးလို့လား။”
Time machine ဆိုတဲ့ ရထားနဲ့၊ ဟိုးရှေးရှေးကို ပြန်သွား…ကမ္ဘာဦးကာလထဲမှာ နေရမယ်ဆိုရင် မုဆိုးတွေကို ကဲ့ရဲ့ ဦးမှာလား။
အနောက်ဘက်အတွက် စိတ်ဇော…ဇောက်မနက်တဲ့ စိတ်သဘောနဲ့…တပ်ထဲတောင်ဝင်မယ်ဆိုတော့…မြောက်ဘက်ကို ပို့ခံရမယ်ဆိုရင်ရော ငြင်းဆန်ရဲတဲ့အင်အား ရှိပါဦးမလား။
Facebook မှာ သတ္တိပြရတာက အသက်နဲ့ ဝေးပေမဲ့ အရှက်နဲ့ နီးသတဲ့လား။
ကဲ….ကဲ….သူငယ်ချင်း…မင်း ခေါင်းကုတ်မှာလား။ ဒေါင်းလုပ်မှာလား။
ကောင်းကင်ကို
Sunday, October 28, 2012
သတင်းကျင့်ဝတ်တွေ သတင်းပညာတွေ ဘယ်ရောက်ကုန်ပြီလဲ?

ဒီလို သတင်းဌာနကြီးတွေရဲ့ သတင်းတွေကြောင့်လည်း လူတွေ ဒီလောက်သွေးဆူနေတာ။

Thursday, October 25, 2012
သောင်းပြောင်းထွေလာ အတွေးများ
တချို့က… ရိုဟင်ဂျာတွေလည်း ခံရတယ်ဆိုတဲ့ အကြောင်း ထောက်ပြတာတို့၊ သတင်းမှားတာတွေ ချဲ့ကားတာတွေ ထောက်ပြတာတို့၊ ဆွပေးတဲ့သူတွေကို ဝေဖန်တာတို့ဆိုရင် pro-Rohingya အဖြစ် တံဆိပ် ကပ်ချင်ကြတယ်။ တကယ်က တချို့က မဟုတ်ဘူး။ pro-human rights activists ပုံစံမျိုး။ ခံနေရတဲ့ အချိန်မှာ ခံနေရသူအတွက် ပြောပေးတာမျိုး။ pro-human rights ကို ဥပမာ ပေးရရင် …ကချင်တွေ ခံနေရတာ ဖြစ်ဖြစ်၊ ရခိုင်တွေ ခံနေရတာ ဖြစ်ဖြစ်၊ ဗမာတွေ ခံနေရတာ ဖြစ်ဖြစ်၊ တရုတ်တွေခံနေရတဲ့ ကိစ္စဖြစ်ဖြစ် လူမျိုးစွဲမထားပဲ ပြောကြရေးကြမှာပဲ။ အဲဒီ့ သဘောမျိုးကို နိုင်ငံတကာ human rights အဖွဲ့အစည်းတွေကို ကြည့်ရင် သိသာတယ်။ အစ္စလာမ်မစ် ခေါင်းမာဝါဒီတွေ အကြမ်းဖက်တာ လူ့အခွင့်အရေး ချိုးဖောက်တာကိုလည်း ပြောကြတယ်။ တဘက်မှာ အမေရိကန် အစိုးရ လူ့အခွင့်အရေးချိုးဖောက်တာ တချို့ကိုလည်း report တွေ မှာ ထောက်ပြကြတာပဲ။ အဲဒါကို pro – Islam တွေ anti – Islam တွေ တံဆိပ်သွားကပ်လို့ မရဘူး။ ဒါပေမဲ့ ဗဟုသုတ မရှိတဲ့ လူတွေကတော့ ကိုယ်မြင်နိုင်သလောက်လေးပဲ ကွက်ကြည့်ပြီး ဥာဏ်မီသလောက်လေးနဲ့ တံဆိပ်ကပ်ကြမှာပဲ။ သူတို့လည်း ဒါပဲစွမ်းရှာတာကိုး။
pro – Rohingya သမား သက်သက် တွေ၊ pro – Islam သမား သက်သက် တွေနဲ့ လူ့အခွင့်အရေးသမားစစ်စစ်တွေ မှာ ကွာတာရှိတယ်။ ဥပမာ (လူ့အခွင့်အရေးကို ဂရုမစိုက်တဲ့) pro – Islam သမား သက်သက် ဆိုပါတော့။ Rohingya လို ကိစ္စမျိုးမှာတော့ ရခိုင်ရော ရိုဟင်ဂျာတွေပါ ခါးစည်းခံနေရတဲ့ အတွက် pro-Islam သက်သက် တွေနဲ့ လူ့အခွင့်အရေး သမားတွေနဲ့ လေသံတူချင် တူနေလိမ့်မယ်။ ဒါပေမဲ့ လွတ်လပ်စွာ ဝတ်စားဆင်ယင်မှုကိစ္စတွေ၊ တခြားလူ့အခွင့်အရေး ကိစ္စတွေ၊ Gay rights ကိစ္စမျိုးတွေမှာ အမြင်ချင်း၊ ရပ်တည်မှုခြင်း ကွာသွားလိမ့်မယ်။ ဒါကလည်း အစ္စလာမ် ဘာသာဝင်တွေကို နှိမ်ချပြီး ပြောလိုခြင်း မဟုတ်ပါဘူး။ အယူမသည်းတဲ့သူ၊ ခေတ်မီတဲ့သူ၊ လစ်ဘရယ် ဆန်ပြီး universal human rights တွေဘက်က တန်ဖိုးထားရပ်တည်နိုင်တဲ့သူဆိုရင် ဘယ်ဘာသာဝင်မဆို လူ့အခွင့်အရေးသမား ဖြစ်နိုင်တာပဲ။ ဘယ်ဘာသာမဆို ဘာသာရေး အစွန်းရောက် သွားရင်တော့ လူ့အခွင့်အရေးနဲ့ ပြဒါးတလမ်း သံတလမ်း ဖြစ်နေမှာပဲ။
စိတ်ထားပြည့်ဝသူ တယောက်ရဲ့ စိတ်နေစိတ်ထားကို အိုင်းစတိုင်းကို လေ့လာရင် သိနိုင်တယ်။ အိုင်းစတိုင်းက ဂျူး။ ဂျူးတွေ နိမ့်ပါးနေတဲ့ အချိန်မှာ ဂျူးတွေရဲ့ အခွင့်အရေးကို အိုင်းစတိုင်းက အပြည့်အဝ ထောက်ခံတယ်။ ဂျူးတွေဘက်က ရပ်တည်တယ်။ အဲဒါကို ဂျူးမို့လို့ ဂျူးဘက်က ပါတာလို့တော့ ကိုယ့်စိတ်နဲ့ နှိုင်းပြီး ဝေဖန်လို့ မရဘူး။ ဂျူးတယောက်မှာလည်း ဂျူးလူမျိုးအတွက် ပြောခွင့်ရှိတယ်။ ဒါကြောင့် ဂျူးတယောက်က ဂျူးတွေ ဘက်က ပြောခြင်းဟာ ကိုယ့်ဘက်ကိုယ်ယက်ခြင်း ဟုတ်ချင်မှ ဟုတ်မယ်။ ကိုယ့်ဘက်ကိုယ်ယက်တဲ့ သူတွေလည်း ရှိမယ်။ တကယ်ကတော့ ပြောတဲ့စကား မျှတမှု ရှိမရှိကိုပဲ စဉ်းစားရမှာပါပဲ။
ဂျူးအမျိုးသားရေး ဝါဒီတွေနဲ့ အိုင်းစတိုင်းနဲ့ ကွာသွားတာက ဂျူးအမျိုးသားရေး ဝါဒီတွေ ခေါင်းထောင်လာပြီး ပါလက်စတိုင်းတွေကို အနိုင်ယူဖို့ ကြိုးစားတဲ့ အချိန်မှာ အိုင်းစတိုင်းက ဂျူးအမျိုးသားရေး အစွန်းရောက်တွေကို ဆန့်ကျင်ပြီး ပါလက်စတိုင်းတွေဘက်က ရပ်တည်ခဲ့ပြီး Jewish State တည်ထောင်မှာကို ဆန့်ကျင်ခဲ့တယ်။ အဲဒီ့မှာ နိုင်ငံတကာအမြင်ရှိတဲ့သူ၊ universal human rights ကို လေးစားသူနဲ့ တဘက်မြင် အမျိုးသားရေး ဝါဒီတွေ ကွာသွားတာပဲ။
တချို့က ပြောကြသေးတယ်။ (တဦးချင်စီရဲ့ စိတ်ဓါတ်နဲ့ ဆိုင်တဲ့) မုဒိမ်းကျင့်တဲ့ ကိစ္စတို့ လူသတ်တဲ့ ကိစ္စတို့ကျတော့ မပြောကြဘူး ဆိုပြီးတော့။ ဒီနေရာမှာ တယောက်ချင်းစီ ပြုမူတဲ့ ရာဇဝတ်မှုတွေနဲ့ အုပ်စုလိုက်ဖြစ်တဲ့ ပဋိပက္ခတွေကို ခွဲခြားမြင်ဖို့ လိုပါတယ်။ မြန်မာတွေ၊ ကုလားတွေ၊ တရုတ်တွေ အတူနေနေတဲ့ အတွက် လိုက်ရှာမယ် ဆိုရင် ကုလားက မြန်မာကို သတ်တဲ့ အမှုရော၊ မြန်မာက ကုလားကို သတ်တဲ့ အမှုရော၊ ကုလားအချင်းချင်း သတ်တဲ့ အမှုရော၊ မြန်မာအချင်းချင်း သတ်တဲ့ အမှုရော အများကြီး ရှိနေမှာပဲ။ ရာနဲ့ ထောင်နဲ့ ချီပြီး ရှိခဲ့မှာ ဖြစ်သလို နောင်လည်း ဆက်ရှိနေမယ့် ကိစ္စမျိုးတွေပါ။ ထိုင်းမှာလည်း မြန်မာတယောက် ဥရောပက လင်မယားကို သတ်တာ ကြားဖူးတယ်။ တယောက်ချင်းကိစ္စကို တယောက်ချင်းစီရဲ့အမှုအဖြစ်ပဲ မြင်ဖို့လိုတယ်။ လူမျိုးတိုင်း ဘာသာတိုင်းမှာ လူကောင်းလူဆိုး ရှိနေတာမို့ လူဆိုးတွေကိုချည်း လက်ညှိုးထိုးပြီး လူတိုင်းဆိုးတယ်လို့ ပြောလို့မရပါဘူး။ အမှုတခုဖြစ်တိုင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်ကြေးဆို ကမ္ဘာကြီးတခုလုံး ပြာပုံကြီးပဲ ကျန်တော့မှာပေါ့။
တချို့က နိုင်ငံခြားက အဖြစ်အပျက်တွေကို စာဖွဲ့ပြီး မရေးတာကို လက်ညှိုးထိုးကြတယ်။ ဟုတ်ပါတယ်။ မှန်တယ်။ အဖြစ်အပျက်တွေက တကယ့် ဝမ်းနည်းစရာပဲ။ ဒီတော့ တချို့က အဲဒါတွေကို မဝေဖန်ဘူးဆိုပြီး အပြစ်တင်ကြတယ်။ တကယ်တမ်းမှာက ဘာသာစကားတို့ ဘာတို့ကို လက်လှမ်းမီမှု မမီမှု ဆိုတာ ရှိသေးတယ်လေ။ ဗမာလို ရေးလို့ သူတို့ နားလည်မှာမှ မဟုတ်တာ။ ဒီတော့ လုပ်နိုင်မှာက အဲဒါတွေကို သာမန် ပြစ်တင် ရှုတ်ချရုံ နိုင်ငံတကာ petition တွေ ဖန်တီးပြီး လက်မှတ်တွေထိုးတာမျိုး…အဲဒါမျိုးလောက်ပဲ လုပ်နိုင်မယ်။ သူတို့ကို ပညာသွားပေးနေဖို့ လက်လှမ်းမှ မမီတာ။ နောက်တခုက ကိုယ့်နိုင်ငံ တာဝန် ကိုယ်ယူဖို့ပဲ။ နိုင်ငံတိုင်းမှာ အစွန်းရောက်တွေ ရှိသလို လူ့အခွင့်အရေး သမားတွေ၊ မျှမျှတတ မြင်တတ်သူတွေ ရှိတယ်။ Facebook page တွေကို လေ့လာရင် ဖြစ်ဖြစ်၊ Google မှာ လိုက်ရှာရင် ဖြစ်ဖြစ် အဲလိုလူတွေ ရှိကြောင်း သိနိုင်တယ်။
ဘင်္ဂလားဒေ့ရှ်မှာ ဘင်္ဂါလီအချင်းချင်း ဖြစ်သွားတဲ့ … ဘင်္ဂါလီ မွတ်စလင်တွေက ဘင်္ဂါလီ ဗုဒ္ဓဘာသာဝင်တွေအပေါ် အကြမ်းဖက်မှု၊ သတ်ဖြတ်မှု ကိစ္စဆိုရင်… ဘင်္ဂလားဒေ့ရှ်က နိုဗယ်ဆုရှင် Muhammad Yunus က မွတ်စလင်။ (ဒီနေရာမှာ သူကိုးကွယ်တဲ့ ဘာသာကို ထည့်ရေးတာက ကိုးကွယ်ရာ ဘာသာတူခြင်း မတူခြင်းက လူ့အခွင့်အရေး ကိစ္စကို ထုတ်ပြောတဲ့အခါမှာ အဓိက မကျဘူး။ ကိုယ့်ဘာသာဝင်ဖြစ်မှ လူ့အခွင့်အရေး ရထိုက်တာ မဟုတ်ဘူး ဆိုတာကို ထောက်ပြချင်တာပါ။) Muhammad Yunus က မွတ်စလင်တွေရဲ့ အကြမ်းဖက်ခြင်း ခံလိုက်ရတဲ့ ဗုဒ္ဓဘာသာတွေ ဘက်က ရပ်တည်ပြောဆိုခဲ့တယ်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် အမျိုးသမီးလည်း ထိုနည်းတူစွာပဲ။ အဲဒီ့ အကြမ်းဖက်သမားတွေကို ဝေဖန်ပြစ်တင်ခဲ့တယ်။ ပြောချင်တာက သူများနိုင်ငံအရေးမှာ ကိုယ်လက်လှမ်းမီသလောက်ပဲ လုပ်နိုင်ပေမဲ့ ကိုယ့်နိုင်ငံနဲ့ ပတ်သတ်နေတဲ့ ကိစ္စမှာတော့ ရေးနိုင်သားနိုင်တဲ့ အတွက် သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ လူ့အခွင့်အရေး ရှုထောင့်က ရေးကြတာတွေ ရှိမှာပဲ။ ကိုယ်နဲ့ သက်ဆိုင်နေတဲ့ ကိုယ့်နိုင်ငံကိစ္စကျမှ ပိုရေးခြင်းဟာ မမျှတခြင်း ဘက်လိုက်ခြင်း မဟုတ်ပါ။ ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်သွားတာရယ်၊ မြန်မာနိုင်ငံမှာ ဖြစ်သွားတာရယ်က အကြမ်းဖက်တာတွေခြင်း တူပေမဲ့ အစိုးရကိုင်တွယ်ပုံခြင်း၊ ပညာတတ်တွေ တုံ့ပြန်ပုံခြင်း ကွာတဲ့အတွက် နိုင်ငံတကာရဲ့ ဝေဖန်မှုကို မြန်မာနိုင်ငံက ပိုရတာပါ။ တကယ်လို့ ရိုဟင်ဂျာတွေဟာ ကိုယ့်အိမ်ကိုယ် မီးရှို့နေတယ် ဆိုတာတွေ သူတို့ကချည်း တဘက်သတ် အကြမ်းဖက်နေတယ်ဆိုတာ သေချာတယ်ဆိုရင် အစိုးရက ဘာလို့ လွတ်လပ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေ၊ နိုင်ငံတကာ သတင်းဌာနတွေကို ဝင်ခွင့်မပြုရသလဲ။ (OIC ကို ဝင်ခွင့်မပြုတာကတော့ ထားပါတော့။ အဲဒီ့ အဖွဲ့ရဲ့ လူ့အခွင့်အရေး စံနှုန်းကို ကျနော်လည်း မကြိုက်ဘူး။ ဒါပေမဲ့ လူတွေ ထင်နေသလို အကြမ်းဖက် အဖွဲ့ကြီးတော့ မဟုတ်ဘူး။ အကြမ်းမဖက်ဖို့ လက်မှတ်ထိုးထားရတယ်။ ကုလသမ္မဂ္ဂမှာလည်းပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးစံက တင်းပြည့်ကျပ်ပြည့် မဖြစ်လို့ ကျနော်မကြိုက်တာ) ဆက်ပြောမယ်ဆိုရင် ရိုဟင်ဂျာတွေက အကြမ်းဖက်ပြီး ကိုယ့်ဘက်ကသာ ရိုးသားနေမယ် ဆိုရင် နိုင်ငံတကာ အဖွဲ့တွေကို ဝင်ခွင့်ပေးပြီး သူတို့ အကြမ်းဖက်နေတာကို ထုတ်ပြလိုက်ရုံပဲ။
နောက်ဖတ်မိတဲ့ သတင်းတပုဒ်က “တရားမ၀င် ၀င်ရောက်နယ်မြေလုလာသော အကြမ်းဖက် ဘင်္ဂလီကုလားများနှင့်အတူတကွ ပညာသင်ကြားခြင်းမှ ရပ်တန့်ပေးရန်” ဆိုပြီး ဆန္ဒပြကြတဲ့ သတင်းတပုဒ်ပဲ။ ပညာအတူသင်နေခဲ့တယ် ဆိုမှတော့ အဲဒီ့လူတွေက ဗမာစကားတတ်လို့ အတူတူ သင်လို့ ရတာပေါ့။ ခိုးဝင်လာတယ်ဆိုတဲ့ ကိစ္စမှာ ထောက်ခံနေကြပါတယ်ဆိုတဲ့ ဦးသိန်းစိန် ကိုယ်တိုင်က ခိုးဝင်လာတဲ့ လူက အနည်းစုဆိုတာကို ပြောပြီးသွားပြီ။ သေချာစဉ်းစား ကြည့်ရင်လည်း ရာခိုင်နှုန်း အနည်းငယ်ကတော့ အစိုးရနဲ့ပေါင်းပြီး ခရိုနီတွေဖြစ်၊ သူဌေးတွေဖြစ်ပြီး လဝက ကို လာဘ်ထိုးနိုင်မှာ ဖြစ်ပေမယ့် ဘာမှမရှိတဲ့ ကျောမွဲတွေ၊ စားစရာတောင် မရှိတဲ့ မိသားစုတွေ၊ ဗိုက်ပူနံကားတွေ စုတ်စုတ်ပြတ်ပြတ်တွေက ရာခိုင်နှုန်းပိုများတယ်လေ။ အဲဒီ့လူတွေက လဝကကို ဘယ်လိုလာဘ်ထိုးပြီး နိုင်ငံသား ဖြစ်အောင် လုပ်မလဲ။ မှတ်ပုံတင် ရဖို့ဆိုတာ မြန်မာတွေတောင် ပိုက်ဆံတော်တော်ကုန်တဲ့ ကိစ္စ။ ဒီတော့ ခိုးဝင်လာသူ အနည်းငယ်ကို ဗန်းပြပြီး ခိုးဝင်လာတယ်ဆိုတဲ့ နာမည်နဲ့တော့ အကုန်လုံးကို သိမ်းကြုံးပြီး မနှိပ်ကွပ်ဖို့လိုတယ်လို့ ထင်တယ်။ အခုတော့ ဟိန္ဒူတွေကအစ အားလုံး ရောပြီး အဆဲခံ အနှိပ်ကွပ်ခံနေရတယ်။
ဘာသာရေး အစွန်းရောက်လာမှုကို ကြောက်လို့ လုပ်ရတာပါဆိုရင်တော့၊ သူတိုကို့ ကောင်းကောင်းဆိုးဆိုး နှိပ်ကွပ်မယ်၊ ကောင်းသူကိုရော ဆိုးသူကိုပါ နှိပ်ကွပ်မယ်၊ အလုပ်လုပ်လို့ မရဘူး၊ ပညာသင်လို့ မရဘူး ဆိုရင်တော့ သေမထူး နေမထူးတွေ ဖြစ်လာကြမယ်၊ တဇောက်ကန်းတွေ ဖြစ်လာကြပြီး အခြေအနေတွေ ပိုဆိုးဖို့ပဲ ရှိပါတယ်။ ကောင်းကောင်း ဆိုးဆိုး…ဆိုးဆိုးဝါးဝါး ဆက်ဆံမှတော့ အများစုက ဆိုးကြတော့မှာပဲ။ ဘာသာရေး အစွန်းရောက်လာမှုကို ကြောက်ရင် ခုကတည်းက secular state ဖြစ်အောင် လုပ်တာကသာ အကောင်းဆုံးပါပဲ။
(ကောင်းကင်ကို)
Tuesday, October 16, 2012
ဆု
Thursday, October 11, 2012
ဝတ္တရားပျက်ကွက်သော ကျောက်ဖျာ
ဆင်ဝှေ့ရန်ရှောင်နည်းနဲ့
မမြင်တွေ့ဟန်ဆောင်နည်းတွေကို မုန်းတယ်။
မသိဘူးလို့ မပြောပါနဲ့။
ဒီမျက်ရည်တွေဟာ
နှလုံးသားထဲက စိမ့်ထွက်လာတဲ့ ရရာလက်နက်မို့
ဘာအထောက်အထားတို့ လိုသေးလို့လဲ။
လှေတစင်းကို ပြောချင်တယ်
ရေနစ်နေသူကို မြင်ရတဲ့အခါ
ဘာမှမတုံ့ပြန်ခြင်းဟာ
အရက်စက်ဆုံး တုံ့ပြန်ခြင်းပဲ။
ဆုံးဖြတ်ရဲသူ ဆိုတာ
အရှိတရားတွေကို နာခံရဲဖို့ လိုသလို
ဖိအားတွေကို အာခံရဲဖို့လည်း လိုတယ်။
မျှော်လင့်ချက်အတုအယောင်တို့ဖြင့် ကျောက်ဖြစ်အပ်သော
ဧကရီရဲ့ကျောက်ဖျာ
ဘယ်သောအခါမှ တင်းမှာလဲ။
(ကောင်းကင်ကို)
ခေတ်မောင်းဂျာနယ် အတွဲ (၁) အမှတ် (၅) ထဲက ဖြစ်ပါတယ်။ ဂျာနယ်တစောင်လုံးကို http://en.calameo.com/books/001387678cc16b31305de မှာ download လုပ်လို့ ရပါတယ်။
Sunday, September 30, 2012
ဘာသာမဲ့တယောက် ရှိခိုးတဲ့အခါ
Thursday, September 27, 2012
Facebook ဘိုးဘိုးကြီးနှင့် တွေ့ဆုံခြင်း (by မေ့ပါနိုင်)
Tuesday, September 18, 2012
လူထု
(စိတ်ထဲပေါ်လာတာလေး ကောက်ရေးလိုက်တာပါ။)
Sunday, September 16, 2012
စက်တင်ဘာ
(သေနတ်သံတွေ မပါစေရပဲ)
စက်တင်ဘာကို ပြန်အသက်သွင်း
ငြိမ်းချမ်းရေး ‘လ’တစင်း ဖန်ဆင်းမယ်။
ကမ္ဘာကြီးရဲ့ ကရုဏာကန်းတဲ့ ဒေသတွေမှာ
Friday, September 7, 2012
Monday, September 3, 2012
ပထမ အပိုဒ်ကတော့ ကျော်သူပြောတာ ဟုတ်ပါပြီ။ ဒုတိယအပိုဒ်၊ တတိယ အပိုဒ်နဲ့ စတုတ္ထ အပိုဒ်က ကျော်သူပြောတာလား၊ ပြည်တွင်း NGO ဝန်ထမ်းပြောတာလား? ရေးထားတာက မရှင်းဘူး ဖြစ်နေတယ်။
((ရခိုင်ဒုက္ခသည်များကို အားပေး နှစ်သိမ့်မှု လိုဟု ဦးကျော်သူပြော))
ရခိုင် အိမ်မှာ လာပြီးတည်းတယ်......ရခိုင်အိမ်ကိုလည်း အပိုင်စီးချင်တယ်။
ကျွန်တော့်အနေနဲ့ လုံးဝလက်မခံပါဘူး။ လူဆိုတာ လူကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာရတယ်ဟု ဦကျော်သူ မှတ်ချက်ပြောကြား
သည်။
ရခိုင်ပြည်မှာ တဖက်နိုင်ငံကနေ တရားမဝင်လာရောက် ခိုးဝင်လာကြတဲ့ ဘင်္ဂလီတွေက အိမ်ရှင် ၇ခိုင် အိမ်တွေကို မီးရှို့ ရုံ နှင့် မကျေနပ်သေးဘဲ မိမိတို့နေအိမ်တွေကိုပါ မီး ရှို့ ထွက်ပြေးကြတယ်။
နိုင်ငံတကာ က ဒုက္ခသည် အဖြစ်မြင်အောင် လှည့်ကွက်ဆင်တယ်။ လူသားချင်းစာနာမှုအကူအညီတွေကို မျှော်ကိုးကာ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့အစည်း၊ ယူအန် နှင့် မးဆလင် နိုင်ငံများက ပိုပြီးကောင်းမွန်သော အကူအညီတွေကို ရမယ်ဆိုပြီးတော့ ရခိုင်အိမ်သာမက မိမိအိမ်တွေကို မီးရှို့မှုတွေ လုပ်နေကြတာ။
ဒါအရမ်းဆိုးဝါးတဲ့ လုပ်ရပ်ပဲဖြစ်တယ်။ ဘင်္ဂလီမူဆလင်တွေ စိတ်ဓာတ် အောက်တန်းကျတာကို ဖော်ပြလိုက်တာပဲ။ သနားစရာ ဟန်ဆောင်ပြီး ကမ္ဘာမှာ နေစရာ မရှိ နေရာပျောက် နေတဲ့ ဒုက္ခသည်အဖြစ် ကမ္ဘာကို လိမ်ညာတယ်။ ရိုဟင်ဂျာ ဆိုပြီး အည်တပ်ကာ မြန်မာ တိုင်းရင်းသား ဆိုပြီး လိမ်ညာတယ်။ အရမ်းစက်ဆုပ် ရွံရှာဖွယ် အလိမ်အညာထုပ်တွေ နှင့် သနားစရာ ဗန်းပြကာ အကြမ်းဖက် မှုတွေကို ဆက်တိုက်ခံနေရတဲ့ ၇ခိုင်ပြည်သူတွေ ဘက်ကနေ ကိုယ်ချင်းစာ နားလည်ပေးရမယ်။ ရခိုင်ပြည်ကို ခေတ်အဆက်ဆက် လူမျိုးခြား၊ ဘာသာခြား ဝါးမျိုခြင်းမခံရအောင် ရခိုင်ပြည်သူတွေ စောင့်ထိန်းကာကွယ် ခဲ့သော်လည်း ခေတ်အဆက်ဆက် အာဏာရှင် အစိုးရက ရခိုင်ပြည်သူတွေကို လျှစ်လျူ ရူကာ အမျိုးသားကို မတွက် ဘဲ ငွေမျက်နှာ တခုတည်းကြည့်ကာ ၇ခိုင်ပြည်တွင်းသို့ ဘင်္ဂလီ မူဆလင်တွေ တရားမဝင် အမြောက်အမြင်းဝင်လာခဲ့ကြတယ်။ ရခိုင်တွေ မနာရင် ဘယ်သူတွေနာမှာလဲ။ ၇ခိုင်မြေ မှာ ရခိုင်လူမျိုးတွေ ဘာသာခြား ၊ လူမျိုးခြား ကျူးကျော် ရန်စမှုတွေကို ၇ခိုင်တွေ ဘယ်လို သည်းခံနိုင်မှာလဲ။
ဘင်္ဂလီမူဆလင်တွေ လုပ်ရပ်ဟာ အမျိုးဘာသာ၊ သာသနာကို စောင့်ထန်းကာကွယ်ကြတဲ့ ရခိုင်ပြည်သူ နှင့် လက်ရှိအစိုးရကို ပါ ကမ္ဘာက အထင်အမြင်တွေ သေးအောင် အကွက်ကျကျ စီမံ တိုက်ခိုက် အကြမ်းဖက်မှု လုပ်ရပ်တွေ လို့သုံးသပ်မိတယ်။ ဒါကို ကျွန်တော့်အနေဖြင့် လုံး၀ လက်သင့်ခံ ခွင့်လွတ်ပေးလို့မရဘူး။ အစိုးရအဖြေင့် တရား ဥပဒေအရ မိမိ ပြည်သူ ရခိုင် လူမျိုးတွေကို ကာကွယ်ပေးြီး တရားမဝင် ခိုးဝင်လာပြီး အကြမ်းဖက်နေတဲ့ ဘင်္ဂလီတွေကို တရားဥပဒေအရ စုံစမ်းစစ်ဆေးပြီး ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်ဟု ပြည်တွင်း NGO တဦးမှ မှတ်ချက်ပေးသည်။
ဦးကျော်သူနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သြဂုတ် ၂၄ရက်တွင်သွားရောက်ခဲ့ပြီး စစ်တွေ၊ မောင်တော နှင့် ဘူးသီးတောင် ရှိ ဒုက္ခသည် စခန်းများကို ဆန်အိတ်များ၊ အဝတ်အထည်များ လှူဒါန်ခဲ့ကြောင်း စစ်တွေ နာရေး ကူညီမှု အသင်းမှ သိရှိရသည်။
Facebook က ဟာကို blog မှာ back date နဲ့ ပြန်တင်တာပါ။
Friday, August 31, 2012
တရက်ပြက္ခဒိန်