Wednesday, November 7, 2012

လက်မြှောက်ချိန်


ဝါကျတွေကို ဓါးလိုသွေး
မာနတွေကို ကျားလိုမွေးနေသူတယောက်၊
သူ့အသည်းနှလုံးက
"ဒူပေနာပေ"ခံသတဲ့
လူတွေကို ညာနေပြန်တယ်။

ဒါပေမဲ့…
နှစ်ကိုယ်သိကမ္ဘာမှာ
ထိုငတိကဗျာဆန်ပုံကကျ
ချစ်သူက သူ့ကို သေနတ်နဲ့တောင် မချိန်ရသေးဘူး
သူက လက်ကလေး မြှောက်လို့။
(ကောင်းကင်ကို) 

ခရေငယ်အတွက် ရေးပေးတဲ့ လက်ဆောင် ကဗျာအသစ်ပါး-)

5 comments:

မိုးနတ်ကြယ်စင် said...

ကဗျာလေးက ကောင်းလိုက်တာ
တိုတိုလေးနဲ့ထိမိတယ်..
ခံစားသွားပါတယ် အကိုတော်.
ခင်မင်တဲ့..မိုးနတ်

yinminkhine said...

ချစ်တတ်လာတော့
ပျော့ပြောင်းနုညံ့စွာ
ချစ်သူကိုအရှုံးပေးတာလေး
ကြည်နူးစရာရေးတတ်၏..

မောင်လေးနဲ့ညီမလေး
ကျန်းမာပျော်ရွှင်ကြပါစေ..

Unknown said...

Mite nay pyan b

Unknown said...

Mite nay pyan B

Unknown said...

Mite nay pyan b