ခေတ်မောင်းဂျာနယ် အတွဲ (၁) အမှတ် (၆) ထဲ ကပါ။ ဂျာနယ် တစောင်လုံးကို http://www.calameo.com/books/0013876787035e5b24c7f မှာ download လုပ်လို့ ရပါတယ်။
လားပေါင်းများစွာ
အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာယူဖို့ အကျင့်စာရိတ္တ မကောင်းသူတွေထံမှာ အောက်ကျို့ဖို့ လိုတုန်းပဲလား။
ဝေဖန်လို့ နောက်ပြန်လှည့်မယ်ဆိုရင် အစိုးရဆိုတာ အမြှောက်အပင့်ကြိုက်တဲ့ ဆယ်နှစ်သား ကလေးလား။
“ကိုယ့်ဟာကိုယ် ကြိုးစားကြ၊ ထိုက်တန်ရင် အခွင့်အလမ်းရမှာပဲ” လို့ ထပ်တလဲလဲ ပြောချင်နေရင် နိုင်ငံရေး လုပ်မဲ့အစား တက်ကျမ်း ပြောင်းရေးကြည့်ပါလား။
ရိုဟင်ဂျာအရေးဟာ အပြစ်အားလုံးကို ကျေစေနိုင်တဲ့ နတ်ရေကန်တခုလား။
တိုင်းရင်းသားအခွင့်အရေးတွေ မပေးဘူး ဆိုရင် တိုင်းရင်းသား ဆိုတဲ့ စကားလုံးဟာ နိုင်ငံသားအချင်းချင်း အကိုကြီး၊ညီလေး ခွဲခြားရုံလား။ အကိုကြီးမို့ အဖအရာဆိုပေမဲ့ George Orwell ရဲ့ Big Brother ကို သိတယ်မို့လား။
ရွေးကောက်တင်မြှောက်တယ် ဆိုတာ အများစုက အနည်းစုကို မဲအရေအတွက်နဲ့ ကြီးနိုင်ငယ်ညှဉ်း လုပ်လိုက်တာလား။
စနစ်ကြောင့်ပဲ ဖြစ်ဖြစ်၊ သူ့ဘာသာသူ ညံ့လို့ ဖြစ်ဖြစ် ငတ်လို့ခိုးတာကို လက်မခံနိုင်ဘူးဆိုပြီးမှ ကိုယ်ကိုယ်တိုင်ကျ မငတ်ဘဲနဲ့တောင် software တွေ ခိုးနေတယ်မို့လား။
အိပ်မက်ထဲမှာ ဟစ်တလာကို အပြစ်တင်လိုက်တော့ ကိုယ်ကြားဖူးနေကျ ဆင်ခြေမျိုးနဲ့ ခပ်ဆင်ဆင် ပြန်မေးလာတာက… “မင်း..ဂျူးတွေနဲ့ နေဖူးလို့လား။”
Time machine ဆိုတဲ့ ရထားနဲ့၊ ဟိုးရှေးရှေးကို ပြန်သွား…ကမ္ဘာဦးကာလထဲမှာ နေရမယ်ဆိုရင် မုဆိုးတွေကို ကဲ့ရဲ့ ဦးမှာလား။
အနောက်ဘက်အတွက် စိတ်ဇော…ဇောက်မနက်တဲ့ စိတ်သဘောနဲ့…တပ်ထဲတောင်ဝင်မယ်ဆိုတော့…မြောက်ဘက်ကို ပို့ခံရမယ်ဆိုရင်ရော ငြင်းဆန်ရဲတဲ့အင်အား ရှိပါဦးမလား။
Facebook မှာ သတ္တိပြရတာက အသက်နဲ့ ဝေးပေမဲ့ အရှက်နဲ့ နီးသတဲ့လား။
ကဲ….ကဲ….သူငယ်ချင်း…မင်း ခေါင်းကုတ်မှာလား။ ဒေါင်းလုပ်မှာလား။
ကောင်းကင်ကို
Wednesday, October 31, 2012
Sunday, October 28, 2012
သတင်းကျင့်ဝတ်တွေ သတင်းပညာတွေ ဘယ်ရောက်ကုန်ပြီလဲ?

ဒီလို သတင်းဌာနကြီးတွေရဲ့ သတင်းတွေကြောင့်လည်း လူတွေ ဒီလောက်သွေးဆူနေတာ။
သတင်းက
ရခိုင်ပြည်နယ်
ပဋိပက္ခ INGO နှင့်
OIC တို့
နောက်ကွယ်မှ ကြိုးကိုင်ဟု ဆို
ရန်ကုန်၊
အောက်တိုဘာ ၂၇
ရခိုင်ပြည်နယ်တွင်
တကျော့ ပြန်လည် ဖြစ်ပွါးလာသော ပဋိပက္ခ များတွင် မြန်မာနိုင်ငံ အခြေစိုက် ပြည်ပ
အဖွဲ့ အစည်း များ (INGO)
နှင့် OIC
(Organization of The Islamic Cooperation) တို့
နောက်ကွယ် မှ ကြိုးကိုင် လုပ်ဆောင် မှု များ ရှိနေကြောင်း ရခိုင် ဒီမိုကရေစီ
အဖွဲ့ချုပ် (ALD) မှ
အတွင်းရေးမှူး ဦးမျိုးကျော် က ပြောကြား
သည်။
ဇွန်လ အတွင်း
ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များ ငြိမ်သက် ခဲ့ရာမှ ယခု တဖန် ပြန်လည်၍မင်းပြား၊
မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော မြို့နယ် များတွင်
ယခင် ဖြစ်ပွါးခဲ့စဉ် ကထက် ကျယ်ပြန့်စွာ ဖြစ်ပွား နေကြောင်း၊ ယင်းသို့ ဖြစ်ပွား
ရာတွင် ဘင်္ဂါလီ များက မိမိတို့ နေအိမ်ကို မိမိ ကိုယ်တိုင် စတင် မီးရှို့ခြင်း အပြင်
ရခိုင်လူမျိုးများ၏ နေအိမ် များကိုပါ စတင် မီးရှို့ ခဲ့ရာမှ ဖြစ်ပွား ခဲ့သည်ကို
တွေ့ရှိ ရပြီး ယင်းဖြစ်စဉ် များကို ကြည့်လျှင် ပဋိပက္ခ များ ဖြစ်ပွား လာရခြင်း မှာ
ပြည်ပ နိုင်ငံခြား အဖွဲ့အစည်း များ၏ ပယောဂ ကြောင့် ဖြစ်သည်ဟု ယုံကြည်ကြောင်း
အဆိုပါ အဖွဲ့ချုပ် ၏ အောက်တိုဘာ လ ၂၅ရက် နေ့ ထုတ်ပြန်ချက် ကဆိုသည်။
"မင်းပြားမှာ ဒီနေ့ က OIC ကန့်ကွက်
ဆန္ဒပြရင် နောက်နေ့ မှာ ပဋိပက္ခ စဖြစ်တယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ပြည်ပ အဖွဲ့ အ
စည်း တွေရဲ့ ပယောဂ မကင်းဘူး ဆိုတာ ပေါ်လွင် နေတယ်" ဟု ဦးမျိုးကျော် က
ရှင်းပြသည်။
ရခိုင်ပြည်နယ်
ပဋိပက္ခ တွင် နောက်ကွယ် မှ ကြိုးကိုင် လှုပ်ရှား နေသော လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်း
များ ရှိနေပြီး ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေး ယူသွားမည်
ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက အောက်တိုဘာ လ ၂၅ရက် နေ့တွင် ထုတ်ပြန် ကြေညာ
ခဲ့သည်။
ယခုအခါ
ယင်းသို့ တစ်ကျော့ပြန် ဆူပူ အကြမ်းဖက်မှု များကြောင့် လူပေါင်း ၆၀ ကျော် သေဆုံး
ခဲ့ပြီး၊ ၉၀ကျော် ဒဏ်ရာကာ နေအိမ် ၃၀၀၀ နီးပါး မီးလောင် ပျက်စီး ခဲ့ကြောင်းကို ယနေ့ထုတ်
နိုင်ငံပိုင် သတင်းစာ များ တွင် ဖော်ပြသည်။
************************************
သတင်းခေါင်းစဉ်ပေးထားပုံက
ထင်ယောင်ထင်မှား ဖြစ်အောင် တမင်လုပ်တာလား၊ သတင်းပညာ မပြည့်ဝတာလားတော့ မသိဘူး။
ဒါမျိုးခေါင်းစဉ်က သတင်းကျင့်ဝတ်နဲ့လည်း မညီပါဘူး။ အဲဒီ့ သတင်းကို ခေါင်းစဉ်ပေးမယ်ဆိုရင်
တကယ်ဖြစ်သင့်တာက “ရခိုင်ပြည်နယ်
ပဋိပက္ခ INGO နှင့်
OIC တို့
နောက်ကွယ်မှ ကြိုးကိုင်ဟု ဆို” အစား “နောက်ကွယ်မှ ကြိုးကိုင်ဟု ALD ဆို” လို့ ဖြစ်သင့်ပါတယ်။ အခုဟာက အမှတ်တမဲ့ဆိုရင်
ထင်ယောင်ထင်မှားဖြစ်နိုင်တယ်။ ယက်တော ကိစ္စတုန်းက သတင်းတခုလိုမျိုး အခုဟာက
ဖြစ်နေတယ်။ အဲဒီ့တုန်းက ဝန်ကြီးတယောက်လား အစိုးရ အရာရှိတယောက်လား မသိဘူး။ ဒေါ်စုနဲ့
ယက်တောကို ဘလိုင်းကြီး သမုတ်တယ်။ အဲဒီ့မှာ သတင်းတခု ခေါင်းစဉ်တပ်ပုံက “ယက်တောသည်
ဒေါ်အောင်ဆန်းစုကြည် ရည်းစား” ဆိုတဲ့သဘောမျိုး (အတိအကျ မမှတ်မိတော့ပါ။ နောက်
အဲဒီ့သတင်းခေါင်းစဉ်ကို ပြင်လိုက်ကြတယ်။) တကယ် ဖြစ်သင့်တဲ့ခေါင်းစဉ်က... ဥပမာ
ပြောသူက ဝန်ကြီးဆို၇င် “ယက်တောသည်
ဒေါ်စုရည်းစားဟု (……) ဝန်ကြီးပြော)
…အဲလိုမျိုး
တပ်ရမှာပေါ့။
The Voice ဂျာနယ်က အရင်ကတည်းက ကျင့်ဝတ်နဲ့ ညီခဲ့တာ
မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ INGO တွေကို အယ်လ်ခိုင်းဒါးနဲ့ အဆက်အသွယ်ရှိလို့
အစိုးရက ဖမ်းတယ်ဆိုတဲ့ သတင်းတုန်းကလည်း အင်တာနက်မှာ အထောက်အထားပြည့်စုံစွာနဲ့
ဖမ်းမိတယ် ဆိုတဲ့ သဘောမျိုး သတင်းကို တင်တယ်။ တကယ်က အဲဒီ့အထောက်အထားမိတယ် ဆိုတာက
ဘယ်သူပြောတာလဲ။ အစိုးရ အရာရှိ တယောက်ယောက် ပြောတာလား။ ပါးစပ်သတင်းကိုပဲ
ထည့်ရေးလိုက်တာလား…အဲဒါကို
သေချာဖော်ပြရမယ်။ နောက် အဲဒီ့ဝန်ထမ်းအမျိုးသမီးရဲ့ နာမည်တွေ ဓါတ်ပုံတွေလည်း သတင်းblog တွေမှာ
အကြမ်းဖက်နဲ့ ဆက်သွယ်တယ်ဆိုပြီး ပြန့်ရော။ နောက်ပြီးတော့လည်း ဘာမှဟုတ်တာလည်း
မဟုတ်ဘူး။ အယ်လ်ခိုင်းဒါးနဲ့ အဆက်အသွယ်ရှိတယ်ဆိုရင် အမေရိကန်ကရော အငြိမ်နေပါ့မလား။
တကယ် မဟုတ်ရင် အသရေ အဖျက်ခံရသူ အတွက်လည်း အရမ်းနစ်နာပါတယ်။ ပြည်သူလူထုကိုလည်း
အထင်အမြင်လွဲမှားအောင် သွေးထိုးပေးရာ ကျပါတယ်။ နောက်ပြီေးတာ့ အဲဒီ့သတင်းကို
ဝက်ဘ်ဆိုဒ်ကနေ ပြန်ဖြုတ်လိုက်တဲ့အခါမှာကျတော့ ပြန်ပြီး တောင်းပန်ခြင်းလည်း
မရှိပါဘူး။ သတင်းကျင့်ဝတ်ကို အလွန်အမင်း ချိုးဖောက်သလို ဖြစ်နေတယ်။ တကယ်ပဲ
အဲဒီ့ဝန်ထမ်းတွေ အယ်လ်ခိုင်းဒါးနဲ့ Link တွေ ရှိနေတယ်ပဲ ထားပါတော့။ document တွေ
သေချာရဲ့လားဆိုတာ အသေးစိတ်လိုက်ပြီးမှ၊ သတင်းကို အပြည့်အစုံရအောင် လိုက်ပြီးမှ
သေချာရေးသင့်တယ်။ ခုက နိုင်ငံကိုဆောက်တည်မဲ့ စတုတ္ထ မဏ္ဍိုင်ကြီးတွေလို့ ပြောပြီး
အရပ်သတင်းတွေထက်တောင် အဆင့်နိမ့်နေတယ်။
အခုသတင်းရဲ့
သတင်းခေါင်းစဉ် ကိစ္စ အပြင် content ကိစ္စကိုလည်း ပြောချင်ပါတယ်။ ALD က အဲလို
ပြောတယ်ဆိုရင် အဲလိုပြောတဲ့ အကြောင်း သတင်းရေးခွင့် ရှိပါတယ်။ ဒါပေမဲ့ အခုက source တခုတည်းကိုပဲ
တဘက်သတ်မေးပြီး ရေးထားတယ်။ တခြားတဘက်ကို မမေးထားသလို၊ ဒေသတွင်းက တခြားလူတွေ၊
ဒေသတွင်းက ရှိတဲ့ တခြားအဖွဲ့အစည်းတွေ၊ နောက် အဲဒီ့ အစွပ်စွဲခံရတဲ့ INGO တွေ၊ နောက် OIC ကိုလည်း
ဆက်သွယ်ပြီး မေးသင့်တယ်။ ပြီးတော့ ခေါင်းစဉ်ကို တဘက်သတ် တပ်ထားတယ်။ observation လည်း ဘာမှ
လုပ်မထားဘူး။ ဦးမျိုးကျော် ပြောတာချည်း ချရေးထားတယ်။ (How, what, why, when, where, who) ဆိုတဲ့
question တွေကို
အဲဒီ့သတင်းဌာန မသိလေရော့သလား? နောက် ကိုယ့်အိမ်ကိုယ် မီးရှို့တယ်ဆိုတဲ့ ကိစ္စကလည်း ပြောရတာ
အက်ကြောင်းထပ်နေပြီ။ ဦးမျိုးကျော် ဆိုတဲ့သူပြောလို့ သူပြောတဲ့အတိုင်း
ရေးတာပါဆိုရင် သူပြောသလောက်ပဲ ရေးတော့မှာလား။ နောက်ဆုံးပိတ် တခြား observation မလုပ်နိုင်ဘူးဆိုရင်တောင်
ဦးမျိုးကျော်ကိုတော့ မေးခွန်းပြန်ထုတ်သင့်တာပေါ့။ ဥပမာ... ရေးထားတာက “မိမိတို့
နေအိမ်ကို မိမိ ကိုယ်တိုင် စတင် မီးရှို့ခြင်း အပြင် ရခိုင်လူမျိုးများ၏ နေအိမ်
များကိုပါ စတင် မီးရှို့ ခဲ့ရာမှ ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိ ရပြီး ယင်းဖြစ်စဉ်
များကို ကြည့်လျှင် ပဋိပက္ခ များ ဖြစ်ပွား လာရခြင်း မှာ ပြည်ပ နိုင်ငံခြား
အဖွဲ့အစည်း များ၏ ပယောဂ ကြောင့် ဖြစ်သည်ဟု ယုံကြည်ကြောင်း” လို့
ရေးထားတော့ သူက ပြောလာရင် ပြန်မေးလို့ ရတာတွေက … ရခိုင်တွေအိမ်ကိုပါ မီးလောင်အောင်လို့
သူတို့က ရှို့တာလား (ဒါဆိုရင်တော့ လူမျိုးနှစ်မျိုးလုံး ရောနေကြတဲ့
ရပ်ကွက်မျိုးမှာမှ အဓိပ္ပါယ်ရှိမယ်။ ရခိုင်သက်သက် မွတ်စလင်တွေသက်သက် နေတဲ့
ရပ်ကွက်မျိုးဆိုရင် ရှို့ရင် ရှို့တဲ့သူရဲ့ရပ်ကွက်ပဲ မီးလောင်မှာပေါ့။ သူတို့အိမ်
သူတို့ ရှို့တယ်ဆိုတာကို ဦးမျှိုးကျော်က သူကိုယ်တိုင်မြင်လိုက်၇တာလား။ ဘယ်သူက
ပြောတာလဲ။ တယောက်ယောက်က တကယ် မျက်မြင် တွေ့လိုက်တာလား။ တမင်လုပ်ကြံဖန်တီးထားတဲ့
ပါးစပ်သတင်းလား။…အိမ်မီးလောင်သွားတဲ့
မွတ်စလင်တွေကရော ဘာပြန်ပြောလဲ? အဲဒါမျိုးတွေကို သေချာမေးဖို့နဲ့ observation လုပ်ဖို့
လိုပါတယ်) တခြား observation
လုပ်လို့ ရတာတွေ အများကြီး ရှိပါသေးတယ်။ အခုလို ရေးထားတာကတော့ ALD ရဲ့ ဝါဒကို propaganda သဘောမျိုး
ဝါဒဖြန့်ပေးရုံ အဆင့်ပဲ ရှိပါတယ်။
ဟုတ်ပြီ။
သတင်းကိုသာ သေသေချာချာ ရေးတယ်ဆိုရင် နောက်ထပ် ဆက်လိုက်စရာတွေ အများကြီး ရလာမှာ
ဖြစ်သလို ဦးမျိုးကျော် ပြောတာ ဟုတ်ခဲ့ရင် INGO နဲ့ OIC ကို တရားစွဲလို့ ရမှာ ဖြစ်သလို (တကယ်
သူတို့ဖန်တိးတာသာဆိုရင် တရားစွဲရမှာပေါ့) တကယ်လို့ အဲဒါမှားရင်တော့ မသင့်လျော်တဲ့
ခေါင်းစဉ်နဲ့ တဘက်သတ် ဖော်ပြတဲ့ သတင်းဌာနနဲ့ပြောသူတွေ တရားစွဲခံရနိုင်ပါတယ်။
ဒါမျိုးသတင်းတွေကို အင်္ဂလိပ်လို ဘာသာပြန် ဖော်ပြသင့်ပါတယ်။ ဒါမှလည်း တကယ်ဟုတ်နေရင် INGO တို့ OIC တို့က
တာဝန်ရှိသူတွေက သူတို့အဖွဲ့တွေထဲက အပြစ်ရှိသူတွေကို အပြစ်ပေး အရေးယူလို့
ရမှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ ပွဲဆူအောင် လုပ်တဲ့အတွက် အဲဒီ့သတင်းဌာနနဲ့ ပြောသူမှာ
တာဝန်ရှိပါတယ်။
သတင်းဖတ်သူတွေလည်း
သိသင့်ပါပြီ။ တကမ္ဘာလုံးက သတင်းဌာနတွေ အကုန်မှားပြီး ပြည်တွင်းသတင်းဌာနတွေလောက်ပဲ မှန်တယ်ဆိုတာ
သဘာဝကျရဲ့လား ။ တကမ္ဘာလုံး မှားနေတယ်ဆိုရင် မြန်မာနိုင်ငံကိုပဲ(မွတ်စလင်မဟုတ်တဲ့ နိုင်ငံတွေကပါ)
ဘာအညှိုးနဲ့ ဆန့်ကျင်နေ၇တာလဲ။ ကြားနေအဖွဲ့အစည်းဖြစ်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊
ကုလသမ္မဂ္ဂက ကိုယ်စားလှယ်တွေ သာမက အယ်လ်ခိုင်းဒါကို ချေမှုန်းလေ့၇ှိတဲ့ အမေရိကန်ကပါ ဒီကိစ္စကျမှ
ဟိုဘက်ကို တခြားဘက်ကို ဘက်လိုက်နေကြတယ်ဆိုတာ ဖြစ်နိုင်သလား? OIC ကို ဆန့်ကျင်တာက ထားပါတော့။ ကင်တားနားက အစ
ဆန့်ကျင်ရလောက်အောင် အမှန်တကယ် ဘက်လိုက်နေကြပြီလား။ OIC ကို လက်မခံတာက
ထားတော့။ ဘာလို့ ကုလသမ္မဂ္ဂ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို အဝင် မခံရဲရတာလဲ။
ဟိုလူတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားသာ
ဆိုရင် ဘာလို့ ဘင်္ဂလားဒေ့ရ်ျက သူတို့ကို ပြန်မောင်းထုတ်ရတာလဲ။ သူတို့မှာ
ဟိုဘက်နိုင်ငံသား ဖြစ်ကြောင်း
အထောက်အထားသာ ရှိရင် ဘင်္ဂလားဒေ့ရှင်္ အစိုးရက ပြန်လက်မခံရင် ကမ္ဘာကလည်း ဘင်္ဂလားဒေ့ရှ်ကို
ဝိုင်းပြောမယ့် အပြင် ဘင်္ဂလားဒေ့ရှ်အတိုက်အခံတွေကပါ သူတို့ အစိုးရကို
အပြစ်တင်မယ်ထင်တယ်။ အခု ဘာကြောင့် အပြစ်မတင်ကြတာလဲ။ မြန်မာနိုင်ငံကိုပဲ ဝိုင်းအညှိုးထားနေတာလား။
လဝက က လာဘ်စားတာကသာ အဓိက အကြောင်းရင်းဆိုရင် လဝက ကို ထိုးရတဲ့ လာဘ်ဆိုတာက မြန်မာအစစ်ဆိုရင်တောင်
မနည်းထိုးရတာ။ ဒီတော့ အဲလောက်မှ ပိုက်ဆံရှိနေရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ်
ဟိုမှာ မနေဘဲ ဘာလို့ မြန်မာပြည်မှာ နိုင်ငံမဲ့အဖြစ် ဒုက္ခလာခံနေကြတာလဲ? ဗိုက်ပူနံကားလေးတွေ
သူတို့ထဲမှာ အများကြီးတွေ့တယ်။ အဲဒီ့လူတွေမှာ လာဘ်ထိုးနိုင်တဲ့ ပိုက်ဆံ
ရှိပါ့မလား။ တခုတော့ ၇ှိတယ်။ တရားမဝင် ခိုးဝင်လာသူ စီးပွါးရေးသမား အနည်းငယ်တော့ ၇ှိလိမ့်မယ်။
တကယ်လို့သာ့ ဒီမှာမွေးလာပြီး ဘိုးဘွားတွေ လက်ထက်က နိုင်ငံသားရပြီးမှ ခုမှ ပြန်နှင်ထုတ်ခံရတာဆို
ဘယ်လိုလုပ်မလဲ? ဥပမာ ပေးရရင် ...ကိုယ့်မျိုးဆက်မှာ
စင်ကာပူဖြစ်ဖြစ် အနောက်နိုင်ငံဖြစ်ဖြစ် သွားအခြေချပြီးခါမှ နောက်မျိုးဆက်
ကိုယ့် မြေးမြစ်တွေကျမှ
အဲဒီ့နိုင်ငံအစိုးရတွေက ကိုယ့် next generation တွေကို နိုင်ငံသား
အဖြစ်ကနေ ပြန်ရုပ်သိမ်းရင် သူတို့ ဘယ်နိုင်ငံမှာ သွားနေရမလဲ? ဘယ်နိုင်ငံက
လက်ခံမှာလဲ?ကိုယ်
အဲ့လိုလူ ဖြစ်ရင်ရော
ကိုယ့် မြေးမြစ်တွေ အတွက် ဘယ်လို ခံစားရမလဲ? အဲလိုလူတွေကို ကျူးကျော်သူလို့ ခေါ်ရင်
သူတို့ဟာ မွေးရာပါ
ကျူးကျော်သူတွေပဲ ဖြစ်လိမ့်မယ်။ မွေးလာခြင်းကိုက
ကျူးကျော်မှု၊ ရာဇဝတ်မှု ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ တဘက်မှာ သူတို့ထဲကပဲ ဖြစ်ဖြစ်၊
တခြားလူမျိုးကပဲဖြစ်ဖြစ် အကြမ်းဖက်လာရင်တော့ အရေးယူအပြစ်ပေးရမှာ နိုင်ငံတကာ
လုပ်ထုံးလုပ်နည်းတွေနဲ့အညီ (အကြမ်းဖက်သူကိုပဲ) နှိမ်နင်းရမှာက တပိုင်းပါ။
ရေးချင်တိုင်းသာ
ကျင့်ဝတ်မဲ့ ရေးနေကြမယ်
ဆိုရင် ရေးနေတဲ့
သတင်းဌာနတွေဟာ.... ပဋိပက္ခရဲ့ နှစ်ဘက်လုံးက ကိုယ်တိုင် မီးရှို့သူတွေထက်တောင်
အပြစ်ကြီးနိုင်တယ်၊ ဆိုးကျိုးသက်ရောက်မှု ပိုကြီးနိုင်တယ်လို့ ကျနော်ယူဆပါတယ်။
တဘက်သတ် ရေးသားချက်တွေဟာ သွေးပိုဆူစေမှာပါ။ Facebook မှာကတော့ လူပေါင်းစုံ ရှိတဲ့အတွက် ထိန်းဖို့
သိပ်မလွယ်ပါဘူး။ နိုင်ငံရဲ့ အဓိက သတင်းဌာနကြီးတွေလို့ ခံယူထားသူတွေ အနေနဲ့တော့ ထိန်းသိမ်းဖို့
လိုပါတယ်။
သတင်းကျင့်ဝတ်
အကြောင်းရေးရင်းနဲ့ တခြားအတွေးတွေကိုပါ ဖြည့်ရေးဖြစ်ပါတယ်။
အပေါ်ဆုံးကပုံက http://www.facebook.com/photo.php?fbid=484456818241249&set=a.164790403541227.32157.158797964140471&type=1&theaterက
ဟာကို အောက်တိုဘာ ၂၈ ရက်နေ့ ထိုင်းစံတော်ချိန် နေ့လည် ၁၁ နာရီ ၃၇ မိနစ်မှာ
screen shot ဖမ်းထားတာပါ။
သူငယ်ချင်းတယောက်ကလည်း
ဇွန်လ က The Voice ရဲ့
သတင်းတခုကို screen
shot ဖမ်းထားတာ ရှိပါတယ်။ အခုအချိန်မှာတော့ အဲဒီ့ သတင်း လွဲနေတာ
ထင်ရှားနေပြီ မဟုတ်ပါလား။

နောက်ဆက်တွဲ
ထိုင်းစံတော်ချိန် ညနေ ၄နာရီ ၃၄ မိနစ်မှာ တချက်ကြည့်လိုက်တော့ အဲဒီ့ သတင်း မတွေ့တော့ပါ။ The Voice က သူတို့ရဲ့ သတင်းကို (ခုချိန်ထိ စာဖတ်ပရိသတ်ကို ပြန်လည်ဖြေရှင်းခြင်း လုံးဝ မရှိဘဲ) ဖျက်ပစ်လိုက်ပါပြီ။http://www.facebook.com/photo.php?fbid=484456818241249&set=a.164790403541227.32157.158797964140471&type=1&theaterမှာ အဲဒီ့သတင်း မရှိတော့ပါ။
(by ကောင်းကင်ကို)
Tuesday, October 16, 2012
ဆု
(၁)
စိတ်မဆိုးနဲ့နော်၊
ခွင့်လွှတ်ပါကွာ..ကိုယ်ရိုင်းနေရင်
(၂)
ပလေးဘွိုင်း သန်းနိုင်
သီဆိုတဲ့ “ဆု” ဆိုတဲ့ သီချင်းစာသားကို အစအဆုံး ရေးဖို့ ကျနော် မရည်ရွယ်ပါဘူး။ ခုတလော
ရေပန်းစားနေတဲ့ Miss International ပြိုင်ပွဲအကြောင်းကို စိတ်ဝင်စား မိလို့ပါ။ တော်သေးတာပေါ့။
Miss International ပွဲက တလပဲ လုပ်လို့။ နို့မို့ဆို မြန်မာတွေ အိပ်ရေးတွေပျက်၊
မျက်ကွင်းတွေ ချောင်ကျ၊ ကျန်းမာရေးတွေ ချို့ယွင်း၊ အလုပ်တွေ မပြီးနဲ့ တော်တော်
ပြိုင်းလောက်တယ်။ ဒီဘက်ခေတ်မှာ ဒီလိုပြိုင်ပွဲဝင်နိုင်တာ ဒါ ပထမဆုံး
အကြိမ်မို့လို့ ဒီလောက် အရူးအမူး ဖြစ်ကြတာများလား? ဆိုင်တဲ့ပုံတွေမှာရော မဆိုင်တဲ့
ပုံတွေမှာပါ “Myanmar” ဆိုပြီး သွားသွားအော်မိကြတာများလား?
ဒါပေမဲ့ ဒီလို မဲခွဲဆုံးဖြတ်လေ့ရှိတဲ့
နိုင်ငံတကာ ပြိုင်ပွဲတချို့မှာ ဒါမျိုးက မကြာခဏ ဖြစ်ဖူးတယ်။ အဲလိုနည်းတွေနဲ့ မြန်မာနိုင်ခဲ့တာလည်း
ရှိတယ်။ နိုင်ငံတကာ blog ပြိုင်ပွဲဆိုရင်လည်း တခြား နိုင်ငံက blog တွေကိုလည်း
တခုမှ မဖတ်ဖူး၊ ကိုယ် မဲပေးမယ့် ကိုယ့်နိုင်ငံက blog ကို လည်း တခါမှ မဖတ်ဖူးပဲ မဲပေးကြတာမျိုး၊
link တွေ ပေးပြီး ဖတ်ဖူးသည်ဖြစ်စေ၊ မဖတ်ဖူးသည်ဖြစ်စေ ဒါကိုပဲ မဲပေးကြပါ ဆိုပြီး campaign
ဆန်ဆန် လုပ်ကြတာမျိုးတွေ ကြုံဖူးတယ်။ ကိုယ့် မဲကိုယ် တန်ဖိုးထားတဲ့သူ၊
ကိုယ့်ဆုံးဖြတ်ပိုင်ခွင့်ကို ကိုယ်တန်ဖိုးထားတဲ့သူဆို ဒါမျိုးဘယ်လုပ်ပါ့မလဲ။ ဘာမှ
မကြည့်ဘဲ မျက်စေ့မှိတ်ပြီး ဘက်လိုက် မဲပေးလိုက်တယ်ဆိုတာက တကယ် ရသင့်ရထိုက်သူကို
တားဆီးလိုက်တာ၊ ရသင့်ရထိုက်သူရဲ့ အခွင့်အရေးကို ခိုးယူလိုက်တာမျိုးပဲလေ။
ဒါပေမဲ့ တခြားနိုင်ငံတွေမှာလည်း
အဲလိုလူတွေ ရှိတာပဲ။ ခု Miss International ပြိုင်ပွဲမှာ
ဖိလစ်ပိုင်တွေလည်း အဲလိုမျိုး
pageတခု လုပ်ထားတာကို တွေ့မိတယ်။ တက်ကြွတဲ့သူ များတာနဲ့ နည်းတာရယ်၊ တက်ကြွမှု အတိုင်းအတာတွေတော့
ကွာနိုင်တယ်။ ပြိုင်ပွဲ စီစဉ်သူတွေကလည်း ဒါတွေကို သိပြီးသား နေမှာပေါ့။ လူတွေဟာ
ရထိုက်သည် ဖြစ်စေ၊ မရထိုက်သည်ဖြစ်စေ အနိုင်ပဲ လိုချင်ကြတာကို နောကြေနေပြီးသား
နေမှာပေါ့။ တကယ်တော့ Miss International Queen က မဲအရေအတွက်နဲ့ ဆုံးဖြတ်မှာ
မဟုတ်ပါဘူး။ မဲအရေအတွက်နဲ့ ဆုံးဖြတ်ပြီး ပေးမယ့်ဆုက “Miss Internet” ဆု။ ဆု
တန်ဖိုးချင်းက ကွာပါတယ်။ Internet မဲတွေကနေ တဆင့် ဆုံးဖြတ်တဲ့ ဆုမျိုး ပါမှလည်း
ပြိုင်ပွဲက ပိုအသက်ဝင်မှာ၊ လူတွေ အပြိုင်အဆိုင် တက်တက်ကြွကြွ မဲပေးကြမှာတွေ သိလို့
ပြိုင်ပွဲကို promotion လုပ်မယ့် သဘောမျိုးလည်း ပါပါလိမ့်မယ်။
အခုပြိုင်ပွဲနဲ့ သိပ်မသက်ဆိုင်ပေမဲ့
ဆုတွေ အကြောင်း ပြောရရင်တော့ ဆုတွေဟာ စိတ်ဝင်စားဖို့ စိတ်လှုပ်ရှားဖို့
ကောင်းပါတယ်။ တချို့ဆုတွေ ဟာလည်း တန်ဖိုးထားထိုက်ပါတယ်။ ကိုယ်တိုင်လည်း ဆုတွေရတဲ့အခါ
ပျော်တာမျိုး ရှိခဲ့ပါတယ်။ အချောင်လိုချင်ခဲ့တာ မျိုးတွေလည်း ရှိတယ်။ (သိန်းတထောင်
ဆုမျိုးဆို ခုထိ ကျနော် အချောင်လိုချင်တုန်းပဲ)
တိုင်းတာရ ခက်တဲ့
အရာတွေနဲ့ ပတ်သတ်တဲ့ ဆုမျိုးကို ရွေးချယ်တဲ့ အခါမှာ အငြင်းပွါးစရာတွေ ရှိတတ်ပါတယ်။
တခါတခါ ဆုပေးသူက ဆုရသူတွေကို အသုံးချလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဆိုပါစို့။
ကိုယ်က နာမည်ကြီးတဲ့သူကို ဆုပေးလိုက်ရင် ဟိုလူအတွက်က ဘာမှ အကျိုးသိပ်မရှိတဲ့ အပြင်
သူကပဲ ကိုယ့်ကို ဆုပေးလို့ ကျေးဇူးတင်ရမယ့် အပေါက်မျိုး ဖြစ်သွားတတ်တာမျိုး၊
ကိုယ်ကလည်း နာမည်ကြီးသူကို ဆုချလိုက်တဲ့ အတွက် အနည်းဆုံး သတင်းထဲမှာ ပါသွားပြီး
နာမည်ကြီးတာ မျိုးတွေ ရှိတတ်တယ်။ ဆိုပါစို့…ကျနော်က တက်သစ်စ ကဗျာဆရာလေးတွေအတွက်၊ ဒါမှမဟုတ်လည်း
သတင်းစာဆရာလေးတွေ အတွက် (ကဗျာဆု တဆု/ သတင်းဆုတဆု) ပေးတယ်ဆိုပါစို့။ အဲလိုအခါမျိုးမှာ
ဖြစ်သွားတတ်တာက….ကျနော်က သူတို့ကို အထက်စီးကနေ ဆုပေးပိုင်ခွင့်၊ ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့်
ရှိတဲ့ အနေအထားကို အလိုလို ရောက်သွားပြီး သူတို့ထက် ပိုပြီး ကြီးကျယ်ခမ်းနာသူ လိုလို
ဖြစ်သွားရော။ ဆုအပေးခံတွေကလည်း ဆုပေးသူ ကျနော့်ရဲ့ ရွေးချယ်ဆုံးဖြတ်မှု၊
တန်ဖိုးဖြတ်မှုကို နာခံရမယ့် သဘော၊ ဆုရတဲ့ အတွက် ကျေးဇူးတင်ရမယ့် သဘော
သက်ရောက်သွားရော။ ဒါပေမဲ့ ဆုအားလုံးကို မဆိုလိုပါဘူး။ တခါတခါ ဆရာလုပ်ချင်လို့
မဟုတ်ဘဲ၊ နာမည်ကြီးချင်လို့ မဟုတ်ဘဲ…ရိုးရိုးသားသားနဲ့ လေးလေးစားစားနဲ့ ပေးတဲ့
ဆုပေးသူတွေလည်း ရှိတတ်ပါတယ်။
တခါတခါလည်း ဆုတွေဟာ ရည်ရွယ်ချက်
တခုခု ဖြစ်မြောက်ဖို့ အသုံးချခံ tool တွေ ဖြစ်နေတတ်သေးတယ်။ ဒီနှစ် ငြိမ်းချမ်းရေး
နိုဗယ်ဆုကို EU က ရသွားပါတယ်။ ဦးသိန်းစိန် နိုဗယ်ဆု မရလိုက်ပေမဲ့ နာမည်စာရင်းတော့
အသွင်းခံလိုက်ရတယ်။ ဦးသိန်းစိန် အကြောင်းတော့ ကျနော် စာဖွဲ့ပြနေစရာ လိုမယ်
မထင်ပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကို စိတ်ကူးထဲမှာ ပြန်မြင်ယောင်ကြည့်လိုက်ရင်ဖြစ်စေ၊
လုပ်ခဲ့တာတွေ အတွက် sorry မပြောနိုင်ဘူးလို့ ငြင်းတာကို ကြည့်ရင် ဖြစ်စေ ထင်းထင်းကြီး
သိနိုင်ပါတယ်။ ဆုတကယ် မပေးပေမဲ့ နာမည်စာရင်း သွင်းလိုက်တော့ ဘာဖြစ်သွားလဲ။ Gene
Sharp လို လူတွေနဲ့ ဦးသိန်းစိန်က တတန်းတစားတည်း ပမာ ဖြစ်သွားတယ်။ ဦးသိန်းစိန်လို
လူတွေနဲ့ ယှဉ်ပြိုင်အရွေးခံပြီးမှ ရလာတာဟာ သိက္ခာချခံလိုက်ရတာနဲ့ အတူတူပဲလို့
ထင်နေမိတယ်။ တချိန်က စစ်အစိုးရက နိုဗယ်ဆုကို ယမ်းနံ့ညှော်နေတဲ့ လက်နဲ့
ပေးတဲ့ဆုလို့ သိက္ခာချခဲ့တာကို ပြန်အမှတ်ရမိရင်းနဲ့ ကျနော် တွေးလိုက်မိတယ်။
“ခုခေတ် ငြိမ်းချမ်းရေး
နိုဗယ်ဆု ပေးပုံ၊ အမည်စာရင်း တင်သွင်းပုံတွေကိုသာ သိရင်တော့ Alfred Nobel လည်း
နိုဗယ်ဆုပေးဖို့ သေတမ်းစာ ရေးခဲ့မိတာကို ဒိုင်းနမိုက် ထွင်မိတာထက်တောင်
နောင်တရလောက်တယ်”
(၃)
စိတ်မဆိုးနဲ့နော်၊
ခွင့်လွှတ်ပါကွာ..ကိုယ်ရိုင်းနေရင်
ကောင်းကင်ကို
Thursday, October 11, 2012
ဝတ္တရားပျက်ကွက်သော ကျောက်ဖျာ
စကားပြောနည်းတွေထဲမှာ
ဆင်ဝှေ့ရန်ရှောင်နည်းနဲ့
မမြင်တွေ့ဟန်ဆောင်နည်းတွေကို မုန်းတယ်။
မသိဘူးလို့ မပြောပါနဲ့။
ဒီမျက်ရည်တွေဟာ
နှလုံးသားထဲက စိမ့်ထွက်လာတဲ့ ရရာလက်နက်မို့
ဘာအထောက်အထားတို့ လိုသေးလို့လဲ။
လှေတစင်းကို ပြောချင်တယ်
ရေနစ်နေသူကို မြင်ရတဲ့အခါ
ဘာမှမတုံ့ပြန်ခြင်းဟာ
အရက်စက်ဆုံး တုံ့ပြန်ခြင်းပဲ။
ဆုံးဖြတ်ရဲသူ ဆိုတာ
အရှိတရားတွေကို နာခံရဲဖို့ လိုသလို
ဖိအားတွေကို အာခံရဲဖို့လည်း လိုတယ်။
မျှော်လင့်ချက်အတုအယောင်တို့ဖြင့် ကျောက်ဖြစ်အပ်သော
ဧကရီရဲ့ကျောက်ဖျာ
ဘယ်သောအခါမှ တင်းမှာလဲ။
(ကောင်းကင်ကို)
ခေတ်မောင်းဂျာနယ် အတွဲ (၁) အမှတ် (၅) ထဲက ဖြစ်ပါတယ်။ ဂျာနယ်တစောင်လုံးကို http://en.calameo.com/books/001387678cc16b31305de မှာ download လုပ်လို့ ရပါတယ်။
ဆင်ဝှေ့ရန်ရှောင်နည်းနဲ့
မမြင်တွေ့ဟန်ဆောင်နည်းတွေကို မုန်းတယ်။
မသိဘူးလို့ မပြောပါနဲ့။
ဒီမျက်ရည်တွေဟာ
နှလုံးသားထဲက စိမ့်ထွက်လာတဲ့ ရရာလက်နက်မို့
ဘာအထောက်အထားတို့ လိုသေးလို့လဲ။
လှေတစင်းကို ပြောချင်တယ်
ရေနစ်နေသူကို မြင်ရတဲ့အခါ
ဘာမှမတုံ့ပြန်ခြင်းဟာ
အရက်စက်ဆုံး တုံ့ပြန်ခြင်းပဲ။
ဆုံးဖြတ်ရဲသူ ဆိုတာ
အရှိတရားတွေကို နာခံရဲဖို့ လိုသလို
ဖိအားတွေကို အာခံရဲဖို့လည်း လိုတယ်။
မျှော်လင့်ချက်အတုအယောင်တို့ဖြင့် ကျောက်ဖြစ်အပ်သော
ဧကရီရဲ့ကျောက်ဖျာ
ဘယ်သောအခါမှ တင်းမှာလဲ။
(ကောင်းကင်ကို)
ခေတ်မောင်းဂျာနယ် အတွဲ (၁) အမှတ် (၅) ထဲက ဖြစ်ပါတယ်။ ဂျာနယ်တစောင်လုံးကို http://en.calameo.com/books/001387678cc16b31305de မှာ download လုပ်လို့ ရပါတယ်။
Subscribe to:
Posts (Atom)