Saturday, February 28, 2009

ဝေရင်းနဲ့ ကြွေ


တစ်ချို့နေရာလေးတွေမှာ ဆင်တူယိုးမှားနဲ့ 

သဏ္ဍာန်တွေ မျိုးစုံကွဲပြား

နှလုံးသားတွေရဲ့ အပေါ်ဆုံးအထပ်မှာ ပင့်ထားကြလည်း

စုံအကန်းတွေရဲ့ အလုံခန်းတွေထဲမှာ

အပူသတ်တရားတွေက လူသတ်ဓားတွေလောက်မစွမ်း

လူလူချင်း မမြင်နိုင်လောက်အောင်ကို ကန်းနေသေးတော့

ဘုရားတွေဟာ part time ပဲ အာဏာရ

တန်ခိုးအရှိန်အဝါတွေ လျှောကျသွားတော့တယ်၊

အပူတွေနဲ့ ကစားနေတဲ့

လူတွေရဲ့ နားမှာ

တရားဆိုတဲ့ တူရိယာကို

တီးရင်းအသံဝင်သွားတဲ့

စည်းမျဉ်းခံ ဘုရင်များအဖြစ်...


ကောင်းကင်ကို

Monday, February 23, 2009

လူငယ်

ညီငယ် မိုးစက်နှင်းဆီ(စိတ်စမ်းရေ) က တောင်းဆို့ လို့ လူငယ်အကြောင်းကဗျာလေး ရေးလိုက်တာပါ။

လူငယ်

ကြယ်တွေအချင်းချင်း မိုးပေါ်မှာဆုံဖို့ 

စိတ်ဆိုတဲ့ အတောင်ပံတွေနဲ့ 

အပြင်းပျံနေတာ လူငယ်။

သူတို့ အတွင်းသဏ္ဍာန်တွေဟာ ဖြူတယ်။


အရွယ်စုံ ကြယ်အုပ် လေးမှာ

ငယ်ဂုဏ် ငယ်ရုပ်လေးတွေနဲ့ 

အများချစ်မယ့် ပီယဆေးတွေရှိတယ်

စတားဖြစ်မယ့် ဗီဇလေးတွေ ရှိတယ်။


နှစ်တွေ ဘယ်လောက်ခြားခြား

ဆဌမအာရုံဆိုတဲ့ နားနဲ့ 

သမိုင်းဆီက အမွေခံ

ဒါ သူတို့ ကိုညှို့ နေကျ ပုလွေသံပေါ့

ရာဇဝင်ဇာတ်အိမ်တိုင်းရဲ့ မင်းသား

မီးတောက် အပြင်းစားတွေ

ရင်ခွဲပေးလိုက်တဲ့ ဝင်းတံခါးဆီ

အတင်းတိုးလို့ လျှောက်ကာနင်းသွား

မင်းဆိုးတို့ ကျောက်ဖျာ တင်းသွားခဲ့ဖူးတယ်။


ဟော

ဟိုမှာ

လူငယ်ဆိုတဲ့ ရထား

ကမ္ဘာအနှံ့ က ကြိုးတန်းတွေပေါ်မှာ

စွန့် စွန့် စားစားသွားနေတယ်။


ဟော

ဟိုမှာ

လူငယ်ဆိုတဲ့ ကျား

လူငယ်စာကိုစားဖို့ 

အန္တရာယ်တွေနဲ့ ကစားနေတယ်။


ကောင်းကင်ကို

Tuesday, February 17, 2009

ကွက်လပ်ထဲမှာ

လူသန်းပေါင်းများစွာကို

လေးငါးစုတည်းခွဲပြီး

တန်ဖိုးဖြတ်မယ့်ကွက်လပ်

ကျွန်တော့် မျက်လုံးတွေရှေ့ မှာ မတ်တပ်ရပ်နေတယ်။


တကယ်တမ်းကျတော့

ကျွန်တော် ယူထားတဲ့နာမည်နဲ့ 

ခင်ဗျားယူထားတဲ့နာမည်

တူချင်လည်း တူလိမ့်မယ်။

ဒါပေမယ့်

လူတိုင်းလူတိုင်းဟာ

ဘယ်သူနဲ့ မှ မတူတဲ့ ညီမျှခြင်းတစ်ကြောင်း

အဖြစ်အပျက်တွေသာ တစ်စက်ပြီးတစ်စက် လောင်းထည့်ကြည့်လိုက်

ကွဲပြားတဲ့ အဇ္ဈတ္တတွေ ရာနဲ့ ချီပြီး ထွက်လာမယ်။


ဒီမယ်ဒီမယ်

သိုးအုပ်တိုင်းမှာတော့ သိုးမည်းတွေ ရှိကြမှာပဲ။

မျက်မှန်စိမ်းတပ်ပြီးရှာမယ်ဆိုရင်

စကြာင်္ဝဠာတစ်ခုလုံး သိမ်းကျုံးရိုက်နိုင်တဲ့ ဝါးလုံးရှည်ကိုတောင်

အလွယ်တကူရမှာပဲ။


ကျွန်တော့် ခေါင်းထဲမှာလည်း မီးလုံးတစ်လုံးရှိတယ်။

သူ့ ခေါင်းထဲမှာလည်း မီးလုံးတစ်လုံးရှိမယ်။

ကိုယ့်ခေါင်းထဲက မီးလုံးကို ကိုယ်အလင်းဆုံးထင်ကြတာပဲ။

ကိုယ့်မီးလုံးနဲ့ ကိုယ်လင်း၊

သူများမီးလုံးကိုတော့ လာမခွင်းကြေး။


ကိုယ်စီ ခြုံထားတဲ့ အရွက်တွေအောက်က

စိတ်ရင်းဆိုတဲ့ သစ်သီး

မမြင်ဖူးသေးပဲနဲ့ မဖြီးပါနဲ့ ။


ကျွန်တော်တို့ အားလုံး

ကိုယ့်ပေတံကို ကိုယ်စီကိုင်ရင်းက

ငြိမ်းချမ်းရေး သီချင်းကိုတိုင်

အပြစ်မဲ့သူချင်းဆိုရင်တော့ ရွေဘော်ထိုး နိုင်ရမယ်။


ကျွန်တော်ကတော့

ကာလာမသုတ်ကိုပဲ ခေါင်းထဲထည့်ထားတဲ့ကောင်၊

ဘယ်သူ့ ကိုမှတော့ မလှောင်ခဲ့ဘူး။


ကမ္ဘာဆိုတဲ့ ရွာထဲမှာ

ကိုယ့်တဲ ကိုယ်ထိုးရင်း

ကိုယ့်ဖဲကိုယ်ချိုး

ကိုယ့်အသည်း ကိုယ်ပျိုးမယ်။


အိုးတိုင်းက ဗီတာမင်တွေကို

ကျွန်တော်နှစ်သက်သလောက်စီ ကျင်မယ်။

ကြိုက်ရင်တော့ စမ်းသောက်ကြေး

မကြိုက်ရင်တော့ ယမ်းမဖောက်ကြေး။


ကျွန်တော်လား?

အကောင်းမြင်စိတ်ကို ပိုက်တစ်ချောင်းလုပ်

အဆီအနှစ်တွေကို နှလုံးသားနဲ့ လိုက်စုပ်မယ်။

တိမ်တစ်တိုက်လို့ သမုတ်ချင် သမုတ်တော့

ကိုယ့်ဘာသာကိုယ်တော့ ပျံနေတဲ့ငှက် လုပ်မယ်။


ကမ္ဘာကျယ်သလောက် မျက်လုံးတွေလိုက်ကျယ်ချင်တဲ့ကောင်မှာ

ငြိမ်းချမ်းရေး ငှက်တစ်ကောင်လည်း ရှိတယ်။

အဲဒီ့ ငှက်အလိုကျ

အချွန်အတက်တွေကိုလည်း မြိုချထားတယ်။


ကဲ ကဲ…

အတွေးတွေကို စီးကရက်လိုခဲ

မျက်လုံးတွေကို စာရွက်ပေါ်ဆီ ဝဲပြီးတော့

စောင့်နေတဲ့ ကွက်လပ်ထဲမှာ

နာမည်တွေ တွဲပြီး ထည့်ပစ်လိုက်တယ်။


ကောင်းကင်ကို

Monday, February 16, 2009

စကားပြေအဖြစ် ထပ်ပြီး အဖျက်ဆီးခံခဲ့းရတဲ့ ကျွန်တော့် နောက်ထပ် ကဗျာနှစ်ပုဒ်နဲ့  ကဗျာမျှဝေသူများအပေါ် ကျွန်တော့် ထင်မြင်ချက်

ပိုင်ရှင်မဲ့နေတဲ့ ကျွန်တော့် ကဗျာတွေစာတွေ အကြောင်းနဲ့ နောက်ထပ် အဖျက်ဆီးခံထားရတဲ့ ကဗျာနှစ်ပုဒ် အကြောင်းပါ။ စာတွေယူသုံးတာနဲ့ ပတ်သတ်ပြီး ကျွန်တော်တစ်ယောက်တည်းရဲ့သဘောထားကိုလည်း ပြောပြပါမယ်။့ ဘာတွေ ပြင်သင့်သလဲဆိုတဲ့ ကျွန်တော် တစ်ယောက်တည်းရဲ့ အမြင်ကိုလည်းပြောပါမယ်။

ကျွန်တော့် ကဗျာနှစ်ပုဒ်ကိုရောသမမွှေပြီး စကားပြေ အဖြစ် ဖျက်ဆီးထားတဲ့ ပို့ စ်တစ်ခု တွေ့ ပြန်ပါပြီ။ မူရင်းက ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာနဲ့ အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက် ဆိုတဲ့ ကဗျာလေးတွေပါ။

(ကျွန်တော့်ကို ပြန်လည်တောင်းပန်ပြီးလို့ ကျွန်တော် screenshot နဲ့ လင့်ခ်ကိုပါ ဖြုတ်လိုက်ပါတယ်။ တောင်းပန်လို့ အကြွင်းမဲ့လဲ့ ခွင့်လွှတ်ပါတယ်။ ဒီပို့ စ်ဆက်တင်ထားတာကတော့ ကျွန်တော့်သဘောထားတွေကို ပြောချင်လို့ ပါ။)

ကဗျာနှစ်ပုဒ်ကို ရောသမ မွှေပစ်လိုက်တော့ အဆက်အစပ်မဲ့ပြီး ကဗျာက ပျက်စီးသွားပါတယ်။ ပြီးတော့ ငါ ဆိုတဲ့ နေရာမှာ အစ်ကိုကြီးလို့ လည်း ပြောင်းပစ်ပါတယ်။ ညီငယ် ထည့်တဲ့ စာကြောင်း တစ်ကြောင်းပဲ ရှိပါတယ်။(ညီငယ်လို့ ပဲခေါ်လိုက်တယ်။ ကျွန်တော် ကိုယ့်အမှားကိုယ် ဝန်ခံတာကို လေးစားတယ်။ အောက်က တစ်ယောက်ဆို ကွန်မန့် ကို ပိတ်ပြီး ခပ်တည်တည်နဲ့ ဆက်တင်ထားတုန်းလေ။ စုဗူးက အက်ဒ်မင်တွေကို လည်းစာရေးပါသေးတယ်။ ဘာမှ မထူးခြားပါဘူး)

တိတ်ဆိတ်လွန်းတဲ့ ညအမှောင်တွေကြားမှာ စိတ်ကူးတွေက ဂယောင်ခြောက်ခြားပေါ့

အဲဒီ့ စာကြောင်းပါ။ ပို့ စ်မော်ဒန်မှာ အဲလို ဖြတ်ညှပ်ကပ် ရေးနည်းတော့ ရှိပါတယ်။ ကဗျာဆရာ အများကြီးရဲ့ ကဗျာတွေကို ဆက်ပြီးတော့ လည်း ကိုယ်တလုံးမှ မရေးပဲနဲ့ ဖြတ်ညှပ်ကပ် ကဗျာလုပ်လို့ တော့ ရပါတယ်။ ဒါဆိုလည်း ဘယ်နေရာက ဘယ်စာရေးစရာရဲ့ စကားလုံးဆိုတာ အတိအကျ ပြောရပါတယ်။ အဲလို ပို့ စ်မော်ဒန် နည်းနဲ့ တခြားလူ ဟာတွေ ယူသုံးတယ် ဆိုတာ ပြောရပါမယ်။ ခုဟာကတော့ ပျက်စီးသွားတာပဲရှိပါတယ်။

နောက်တစ်ခုက တစ်ချို့ က ထင်ကောင်းထင်ပါမယ်။ ကျွန်တော် သိပ်တွန့် တို တယ်လို့ ။ ကိုယ့်ကဗျာကြိုက်လို့ ကူးတာပဲလို့ ။ မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တော် ဆုံးဖြတ်ထားတာ ရှိပါတယ်။ ဖျက်ဆီးပစ်တာရယ် သူတို့ မရေးပဲ သူတို့ နာမည် တပ်ပစ်တာရယ်ကို လုံးဝ လက်မခံနိုင်တာပါ။ ကဗျာ မျှဝေသူ အမျိုးမျိုးရှိပါတယ်။

(၁)တစ်အုပ်စုက ခွင့်တောင်းသည်ဖြစ်စေ၊ ခွင့်မတောင်းသည် ဖြစ်စေ နာမည်တပ်ပေးတာပါ။ သူတို့ ကို ကဗျာရှင်ဖြစ်တဲ့ ကျွန်တော်က အရမ်း ကျေးဇူးတင်ရမှာပါ။ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ ကဗျာတွေများစွာ ရှိတဲ့ အထဲက ကိုယ့်ကဗျာကို မှ နှစ်သက်ပြီး အခမဲ့ ကြော်ငြာ ပေးတာနဲ့ အတူတူပါပဲ။

(၂) နောက်အုပ်စုက မေးလ်ထဲက ရလို့ ဖြစ်စေ တစ်ခြားတစ်နည်းနည်းနဲ့ ရလို့ ရေးသူ အမည်မသိတော့ပဲ တင်တာပါ။ ဒါပေမယ့် သူတို့ က ကိုယ်တိုင်ရေးမဟုတ်ကြောင်း အသိပေးထားပါတယ်။ မေးလ်ထဲက ရတာတို့ ၊Label မှာ from a site လို့ ရေးတာတို့ (သူတို့ အရင်ရက်တွေက ဖိုင်ကို saveလုပ် ပြီး မှ ဆိုဒ်နာမည်မမှတ်မိတော့လို့ ဖြစ်လိမ့်မယ်) ဒါကိုလည်း လက်ခံပါတယ်။ အနုပညာရှင်ဆိုတာ အနုပညာ ပြန့် ဖို့ အားပေးရမယ်လို့ ကျွန်တော်ယုံကြည်လို့ ပါ။ သိရင် သိတဲ့လူကတော့ ရေးသူ မူရင်း ဘယ်သူဆိုတာ ကွန်မန့် ပေးခဲ့ရပါမယ်။ ကိုယ်တိုင်လည်း သိခဲ့ရင် ပိုင်ရှင်ဖြစ်ကြောင်း ကွန်မန့် ပေးခဲ့ရမယ်လို့ ထင်ပါတယ်။ ကိုယ့်ကဗျာကိုရော ကိုယ့်ကဗျာကို နှစ်သက်တဲ့လူကိုပါ နှစ်မျိုးလုံးလေးစားရမယ် ထင်တယ်ဗျ။ အဲ သူများကဗျာကို အလွဲသုံးစားလုပ်ထားတာ တွေ့ ၇င်လည်း ထောက်ပြရပါမယ်။

(၃) နံပါတ်သုံးအုပ်စုကတော့ ကလောင်ရှင်နာမည်လည်း မတပ်၊ သူ့ နာမည်လည်း မတပ်၊ ဘယ်က ရတယ်ဆိုတာကိုလည်း ဖော်မပြထားတာပါ။ သူတို့ ထဲမှာလည်း လူအမျိုးမျိုး ရှိပါတယ်။ သူတို့ ကို လည်း အပြစ်တင်မစောခင် ကွန်မန့် တစ်ခု ကိုဖတ်ကြည့်ပါ။

ကျွန်တော် မနေ့ ကမှ လိုက်ရှာရင်း တွေ့ တာပါ။


ကို......

ကို ကောင်းကင်ကို ရေ... တောင်းပန်ပါရဲ့ဗျာ... အစ်ကို ကဗျာလေးတွေ ကို သူဖတ်လို့ရအောင် ကျွန်တော်က ကော်ပီ လုပ်ပြီး ပေးလိုက်တာဗျ.. အခုသူက သူ့အတွက် အသုံးတည့်သွားတယ်... လွန်တာရှိရင်တော့ ၀န္ဒာမိပါပဲဗျာ... စိတ်တော့ မဆိုးပါနဲ့.. အစ်ကို့နှလုံးသွေးနဲ့ အလှဆင်ထားတာလို့ပဲ ဂုဏ်ယူပေးပါဗျာ....

ညီမလေး ......

Tue, 09 Sep 2008 22:51:13

နင်ကလဲငါကမသိဘူးလေ နောက်ဆိုမတင်ရမဲ့ဟာဆိုတစ်ခါထဲကြိုပြော

အဲဒီ့ကပါ။သူ့ကို အပြစ်တင်ချင်တာ မဟုတ်ပါဘူး။ သူ့ရင်ထဲကို ဝင်ကြည့်တာပါ။ သူတို့ နဲ့ မိတ်ဆွေဖြစ်ချင်တာပါ။ ဟိုလူတွေနဲ့ အဲဒီ့ဘလော့က ကွန်မန့် ပိုင်ရှင်တွေက အဆင့်ချင်း ရိုးသားမှုခြင်း မတူပါဘူး။ ဒီကွန်မန့် ပိုင်ရှင်တွေဟာ သူတို့ ဘလော့ကို မှတ်စုစာအုပ်လို သဘောထားရင်း အမှတ်တမဲ့ ဘယ်ကရကြောင်းမဖော်ပြမိတာပါ။

အဲဒီ့တော့ လူတိုင်းကတော့ ခိုးတာမဟုတ်ပါ။ အများစုက ရိုးသားစွာ တင်တာပါ။ ဒီတော့ ကျွန်တော်တို့ ဝါးလုံးရှည်နဲ့ တော့ ရမ်းရိုက်လို့ မဖြစ်ပါဘူး။ ခိုးတာဆိုရင် ဖျက်ပစ်ကြမှာပါ။ လူသိတာနဲ့ ကွန်မန့် ပေးလိုက်တာနဲ့  ဖျက်ပစ်မှာပါ။ ဒီတော့ အဲဒီ့ထဲက တချို့ ဟာ ကျွန်တော်တို့ လေးစားရမယ့် ကိုယ့်ကဗျာကို နှစ်သက်တဲ့ ပရိသတ်လည်းဖြစ်တတ်ပါတယ်။

ကျွန်တော့် ကဗျာတွေ အဲလို ကလောင်နာမည်ကော ဘယ်ကရမှန်းပါ မပြောပဲ တင်ထားတဲ့ နိုင်ငံရေးဘလော့တွေလည်း တော်တော်များများတွေ့ ပါတယ်။ ကျွန်တော် သူတို့ ကို စွပ်စွဲချင်ခြင်း မဟုတ်ပါ။ အမှတ်မဲ့ ဖြစ်တတ်တဲ့ သဘောပါ ။

ဒါ ခုနက အပြန်အလှန် ကွန်မန့် လေး ဖတ်ပြီး သိလာတဲ့ အသိပါ။ အနုပညာရှင် တစ်ယောက်နဲ့ တစ်ယောက်တော့ အမြင်တူမှာ မဟုတ်ပါ။ ကျွန်တော် တစ်ယောက်တည်း အမြင်ဖြစ်ပါတယ်။ ကျန်တဲ့ အနုပညာရှင်တွေရဲ့ အမြင်ကိုလည်း ကျွန်တော် လိုချင်ပါတယ်ခင်ဗျာ။

နောက်တစ်ချက်နားလည်ပေးတာက သူတို့ ထဲက တစ်ချို့ ဟာ ပြည်တွင်းက လူတွေဖြစ်ချင်ဖြစ်မယ်။ အင်တာနက်ကို တစ်ခါ တစ်လေမှ သုံးတဲ့သူတွေ ဖြစ်မယ်။ အဲဒီ့တော့ အင်တာနက် ethics အကြောင်းလည်း မသိဘူး။ သုံးချိန်သိပ်မရတော့ သေချာ ဂရုတစိုက် မတင်နိုင်ဘူး။သူတို့ ဘလော့ကို သာမန် မှတ်စုစာအုပ်လို သဘောထားမိချင် ထားမိမယ်။ ကျွန်တော့် အနေနဲ့ တော့ ဟိုကဗျာ ဖျက်ဆီးပစ်လိုက်တဲ့ နှစ်ယောက်က (အပေါ်က ကွန်မန့် ပိုင်ရှင်နှစ်ယောက်မဟုတ်ပါဘူး။ ကဗျာကိုပြင်ပစ်ပြီး သူတို့ နာမည်တပ်လိုက်တဲ့ သူတွေပါ။)လွဲလို့ ဘယ်သူ့ ကိုမှ စိတ်မဆိုးတော့ပါ။ အဲဒီ့နှစ်ယောက်ထဲက ညီငယ်တစ်ယောက်ကိုလည်း ခွင့်လွှတ်ကြောင်းပြောပါရစေ။

ဒါပေမယ့် အနုပညာရှင်တွေဘက်ကတော့ သတိထားရမယ်။ တခြားလူ ကဗျာ တွေ ကလောင်နာမည် မပါပဲ တွေ့ ရင် စွပ်စွဲမှု မပါပဲ အသိပေးရမယ်။ ပြီးတော့ ကျွန်တော်တို့က စာဖတ်သူတွေ ၊ မျှဝေသူတွေ ကောင်းတဲ့အကျင့်ပါလာတဲ့ အထိ ညင်ညင်သာသာ ပညာလည်း ပေးနိုင်ရပါမယ်။

(၄) ယူပြီး ကိုယ့်နာမည် တပ်ပစ်တာဖြစ်စေ၊ ပြင်ပစ်တာ ဖြစ်စေ အဲဒါတွေကိုတော့ လုံးဝ ပြင်းပြင်းထန်ထန် ဆန့် ကျင်ပါတယ်။ ကျွန်တော့်ကဗျာတွေကို ဖျက်ဆီးပစ်တဲ့ နှစ်ယောက်မှာ Suboo က တစ်ယောက်က အဲဒီ့ ပို့ စ်တစ်ခုတည်းကို ရွေးပြီး ကွန်မန့် ပေးခွင့်ပိတ်ထားတာပါ။ ကျွန်တော့် ကွန်မန့် ပေးချင်လို့ register လုပ် sign in လုပ်ပြီး ၀င်ပေမယ့် တခြားပို့ စ်ကိုပဲ ကွန်မန့် ပေးခဲ့ရပါတယ်။ ေ

ကျွန်တော် အောက်မှာ ကျွန်တော့်ကဗျာ တွေပါတဲ့ (တစ်မနက်လုံး ရှာလို့ ရသမျှ )လင့်ခ်တွေ စာရင်းလုပ်ထားပါတယ်။ အောက်က ဟာက ကျွန်တော့်ရဲ့ ပိုင်ရှင်ပျောက်နေတဲ့ သားသမီးလေးတွေသာ မက ကျွန်တော့်ကို ခွင့်တောင်းပြီးတော့ရော ခွင့်မတောင်းပဲနဲ့ ရော ကျွန်တော့်ကဗျာတွေကို ကလောင်နာမည်နဲ့ တကွ တင်ပေးတဲ့ လင့်ခ်တွေပါ ပါပါတယ်။ ကျွန်တော် ကလောင် အရင်ကနဲ့ စာရင် ပိုခိုင်မာလာတာ သူတို့  တင်ပေးတဲ့ ကျေးဇူးပါ။ ကျွန်တော် ယဉ်ကျေးမှု အရ ကျေးဇူးစကား ဆိုတာ မဟုတ်ပါဘူး။ တကယ်ကျေးဇူးတင်လို့ ပါ။

ကျွန်တော် ဒီစာရင်းလုပ်တာကတော့ အပြစ်တင်ဖို့ မဟုတ်ပါ။ ကိုယ့်ဘာသာကိုယ် ဂုဏ်ယူချင်တာ လည်းပါပါတယ်။(နာမည်တပ်သည်ဖြစ်စေ မတပ်သည်ဖြစ်စေ ပရိသတ်ရဲ့ အားပေးမှုကို ဂုဏ်ယူပါတယ်။) ပြီးတော့ ပိုင်ရှင်မဲ့ ကဗျာတွေ ဖြစ်နေတဲ့ ကျွန်တော့် ကဗျာတွေ တော်တော်များများကြီးကို တွေ့ နေရလို့ ပါ။ ဟစ်ဟော့ ပုံစံ ရေးထားတဲ့ ကဗျာဆို တစ်ယောက်က ဟစ်ဟော့ သီချင်း ထင်တယ်လို့ ရေးထားပါတယ်။ ကလောင် နာမည်တော့သိလို့ တပ်ထားပေးပါတယ်။ ကျွန်တော့်ကို ဟစ်ဟော့ ရေးတဲ့လူ ထင်သွားလို့ နေမှာပါ။ "မွေးရပ်မြေဆိုတဲ့ အကြောင်း" ကဗျာပါ။ ဘလော့တွေ ပေါ်မှာ အဲဒီ့ ကဗျာရဲ့ ခေါင်းစဉ်ကလည်း အမျိုးမျိုးဖြစ်နေပါတယ်။ တစ်ယောက်က “ရွှေ” လို့ နာမည်ပေးထားပါတယ်။(ခုနကလို မလိုတမာစိတ်နဲ့ ပြင်တာ မဟုတ်ပါ။ ခေါင်းစဉ်မပါဘူးထင်လို့  စေတနာနဲ့ ထည့်ပေးတာနေမှာပါ။) (ကိုမိုးသီးဘလော့မှာတော့ အဲဒီ့ကဗျာကိုပဲ ကိုမြတ်စိုးက ပြည်တွင်းကလူက အီးမေးလ်း ပို့ တဲ့အတိုင်း ဝမ်းနည်းစရာ့ အတော့် ဘဝလို့ နာမည်ပေးခဲ့ပါတယ်။) ဒီပို့ စ်ရေးရခြင်းရဲ့ နောက်တစ်ချက်က နာမည်တပ်မထား၊ ဘယ်ကရမှန်းလဲ မဖော်ပြထားပေမယ့် သူတို့ နှစ်သက်တဲ့ စာတွေ၊ ကဗျာတွေကို့ ဒိုင်ယာရီသဘောနဲ့ ရိုးရိုးသားသား စုထားကြတာတွေလည်း ရှိတာကို အနုပညာရှင်တွေ အနေနဲ့ နားလည်သတိထားမိစေဖို့ ပါ။

ကလောင်နာမည်နဲ့ တကွ တင်ပေးထားတဲ့ ကျေးဇူးတင်ရမယ့် တစ်ဆင့်ဖြန့့် ဝေပေးသူတွေရဲ့ လင့်ခ်တွေရော နှစ်သက်သူ အားလုံးရဲ့ လင့်ခ်တွေကိုပါ ကျွန်တော့်ကိုယ် ကျွန်တော် ဂုဏ်ယူတဲ့ အနေနဲ့ ထည့်ထားပါတယ်။ စိတ်ညစ်စရာထဲက ပျော်စရာပေါ့ဗျာ။ ပြီးတော့ ကျွန်တော့်အတွက် အမှတ်တရဖြစ်စရာလေးတွေ တစ်စု တစ်စည်းထဲလည်း ဖြစ်သွားတာပေါ့။

အမာခံပရိသတ် စာရင်း

http://pwagyi7.blogspot.com/2009/01/blog-post_8256.html (ကျွန်တော့် ကလောင်နာမည် မပါပါ။ ခေါင်းစဉ်ကို ရောက်ရှိလာသော ဖတ်ရသည့် ကဗျာတစ်ပုဒ်လို့ ပေးထားပါတယ်။ ဒီကဗျာနဲ့ ပတ်သတ်ရင် အီးမေးလ်မှာ တူတာက တကယ့် ခေါင်းစဉ်ဖြစ်တဲ့ မွေးရပ်မြေရဲ့ အကြောင်းက ကဗျာစာသားထဲကို ရောက်သွားပါတယ။်)

http://photayokeking.myanmarbloggers.org/2008/05/blog-post_4179.html

(ကျွန်တော့် ကလောင်နာမည် တပ်မထားရသေးပါဘူး။ ကျွန်တော့် ကဗျာချည်းပဲ နှစ်ပုဒ်ပါ။ “ငါတို့ ထဲက တစ်ချို့ သို့ ” နဲ “့ငါဖန်ဆင်းမယ့် နိုင်ငံ”ံဖြစ်ပါတယ်။ ကျွန်တော်နဲ့ အချင်းချင်း ခင်မင်တဲ့ မိတ်ဆွေပါပဲ။ ကျွန်တော့် ကဗျာတွေမှန်း မသိလို့ ပါ။)

http://aung-pan.blogspot.com/2008/09/blog-post.html (ကျွန်တော့် ကလောင်နာမည် တပ်မထားရသေးပါဘူး။အီးမေးလ်ကနေ ရတာလို့ လည်း ပြောမထားပါဘူး။)

(ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့ သူငယ်ချင်းပါ။ ဒါပေမယ့် ကျွန်တော် ရေးမှန်း သူမသိပါဘူး။ သူသိတဲ့ကဗျာဆို ကျွန်တော့် နာမည် တပ်ပါတယ်။ ကလေး ဆိုတဲ့ ကဗျာပါ။ http://aung-pan.blogspot.com/) (အခု တပ်လိုက်ပြီဗျ။ ခုရေးတာ ဖေဖော်ဝါရီ ၂၀)


http://sawkyiguy.blogspot.com/2009/01/blog-post_08.html (ကျွန်တော့် ကလောင်နာမည် မပါပါဘူး။ အီးမေးလ်ကနေ ရတယ်လို့ လည်း ရေးမထားပါဘူး)

http://mgnagelay.blogspot.com/2008/08/blog-post.html (မောင်ငယ်လေး)

ရွှေ (ခေါင်းစဉ်မှားနေတဲ့ကဗျာပါ။ ခေါင်းစဉ်မှန်က မွေးရပ်မြေရဲ့ အကြောင်းပါ။ အီးမေးလ်ကနေ ရကြောင်း ရေးထားပါတယ်။ )

(http://burmanewsandarticles.blogspot.com/2008/11/select.html)

(ကျွန်တော့်နာမည် မပါပေမယ့် ပြည်တွင်းက အီးမေးလ်က နေ တစ်ဆင့် တင်လိုက်တာပါ။ ဖြန့် ဝေပေးတဲ့ စေတနာကို လေးစားပါတယ်။ ကျွန်တော် ပို့ စ်က ဟိုးအောက်ရောက်နေပြီမို့ ကျွန်တော့်ကဗျာဖြစ်ကြောင်း ကွန်မန့် မပေးဖြစ်ခဲ့တာပါ။ ကိုမိုးသီး ဘလော့မှာတော့ တစ်ယောက်က ပြောလို့ ချက်ခြင်း ကျွန်တော့်နာမည်ကို လင့်ခ်နဲ့ တကွ တင်ပေးပါတယ်။)

http://komoethee.blogspot.com/2008/11/blog-post.html (ကိုမိုးသီး)

(မွေးရပ်မြေရဲ့ အကြောင်းပါ။ နာမည်ကော လင့်ခ်ပါ လုပ်ပေးထားပါတယ်။ )

ချစ်သူ့ ပါလေး နှစ်ဘက်ပေါ်မှာ

http://www.khitkhamkong.co.cc/2008/12/blog-post_25.html (ကျွန်တော့် နာမည်တပ်မထားပါ။ အီးမေးလ်က ရတယ်လို့ ဖော်ပြမထားပေမယ့် အီးမေးလ်ကနေ ရတယ်လို့ ပဲ ယူဆမိပါတယ်။)

အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်

http://youthnetworks.ning.com/profile/khitkhamkong (ကျွန်တော့် နာမည်တပ်မထားပါ။ အီးမေးလ်က ရတယ်လို့ ဖော်ပြမထားပေမယ့် အီးမေးလ်ကနေ ရတယ်လို့ ပဲ ယူဆမိပါတယ်။)

အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်

http://ayecherry.weebly.com/1/post/2008/09/25.html (ခုနက ကွန်မန့် ပိုင်ရှင်ရဲ့ ဘလော့ပါ။ သူမသိလို့ တင်တာပါနော်။ ကျွန်တော် သူတို့ နဲ့ မိတ်ဆွေဖြစ်ချင်ပါတယ်။ )

ရင်ထဲက အမေ http://photayokeking.myanmarbloggers.org/2008/05/blog-post_9943.html (ကျွန်တော့် နာမည်တပ်မထားပါ။ အီးမေးလ်က ရတယ်လို့ ဖော်ပြမထားပေမယ့် အီးမေးလ်ကနေ ရတယ်လို့ ပဲ ယူဆမိပါတယ်။)

ရင်ထဲက အမေ http://boboburma.blogspot.com/2008/05/blog-post_5333.html (ကျွန်တော့် နာမည်တပ်မထားပါ။ အီးမေးလ်က ရတယ်လို့ ဖော်ပြမထားပေမယ့် အီးမေးလ်ကနေ ရတယ်လို့ ပဲ ယူဆမိပါတယ်။)

ကျွန်

(ဒို့ အာဇာနည်ဘလော့)

http://arzarni.blogspot.com/2008/12/blog-post_7695.html (ကော်ပီရိုက်နဲ့ ပတ်သတ်ရင် ကျွန်တော် အလေးစားဆုံး ဘလော့ပါ။ တစ်ဆင့်ရတာကိုတောင်မှ မူရင်းကလောင်ရှင်ကို တဆင့်ရတဲ့ ဘလော့ကော ဖော်ပြပေးတဲ့ ဘလော့ပါ။ ခုဟာက ကျွန်တော်ရေးမှန်း မသိလို့ ပါ။ကျွန်တော့် နာမည်တော့ မတပ်ရသေးပါခင်ဗျ။ အီးမေးလ်ကရတာလို ရေးထားပါတယ်။ ကျွန်တော်က ဒိတ်ဟောင်းနေပြီမို့ ဘယ်သူမှလည်း ဖတ်မိတော့မှာ မဟုတ်လို ခုထိ ကွန်မန့် မပေးရသေးပါဘူး။

ဘဝ (ရှမ်းမကလေး)

http://shanmakalay.blogspot.com/2008/07/blog-post_926.html (ကျွန်တော့်နာမည် တပ်ထားပါတယ်။)

ခေတ်သစ် သတင်းစာပညာ (နာမည် တပ်မထား) http://sites.google.com/site/kyeinzar/%E1%81%82%E1%81%80%E1%81%81%E1%81%80-%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%A1%E1%80%B1%E1%80%95%E1%81%9A%E1%80%9E%E1%80%B1%E1%80%98%E1%80%AC%E1%80%91%E1%80%AC%E1%80%B8 (တခြားပို့ စ် တစ်ခုနဲ့ ပါရောနေ) (ကျွန်တော့် နာမည်တပ်မထားပါ။ အီးမေးလ်က ရတယ်လို့ ဖော်မပြထားပေမယ့် အီးမေးလ်ကနေ ရတယ်လို့ ပဲ ယူဆမိပါတယ်။) (ကဗျာတော့ မဟုတ်ပါဘူး။ သရော်စာအတိုပါ။)

ခေတ်သစ် သတင်းစာပညာ

စစ်သင်္ဃန်းခြုံ တက္ကသိုလ်

http://moepyay88.blogspot.com/2008_01_11_archive.html

http://maungdai.blogspot.com/2007/10/blog-post_164.html

(ခွင့်တောင်းပြီး တင်တာပါ။ကဗျာမဟုတ်ပါဘူး။ သရော်စာပါ။)



မျက်နှာ နှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့ပါ။

http://www.realburmese.com/2008/10/gun.html (မေဘားမား ဘလော့ပါ။ ပိတောက်မြေက ယူတာလို့ ဆိုပါတယ်။ အဲဒီ့တုန်းက ပိတောက်မြေရဲ့ တခြားကွန်မန့် တစ်ခု မှာ မျိုးဆွေ ဆိုတဲ့သူက ကျွန်တော့် ကဗျာကို ကွန်မန့် အဖြစ်ရေးလိုက်ပါတယ်။ အဲဒါကို ပိတောက်မြေက တင်ချင်လို့ အဲဒီ့ ကွန်မန့် မှာပဲ ကိုမျိုးဆွေကို ခွင့်တောင်းပါတယ်။ အဲဒါနဲ့ ကျွန်တော်က ကျွန်တော့် ကဗျာဖြစ်ကြောင်း လမ်းချင်း မတူလို့ မသုံးစေချင်တဲ့ အကြောင်း ရေးလိုက်ပါတယ်။ ကွန်မန့် မှာပဲ။ နောက်နေ့ မနက် ကျတော့ ပိတောက်မြေက ကျွန်တော် ခွင့်မပြုတဲ့ ကြားက တင်ပြီး တခြားလူတွေက ၀ိုင်းပြောကြလို့ ဖြုတ်ပြီး ကျွန်တော့်ကို တောင်းပန်ထားပါတယ်။ကျွန်တော် ကွန်မန့် ထဲမှာ ကျွန်တော့် ကဗျာ ဖြစ်ကြောင်း ပြောပြီးမှ မဖတ်မိလို့ ဆိုပြီး တင်တာပါ။ ကျွန်တော်က အဲဒီ့ ကွန်မန့် ကို ထောက်ပြတဲ့ အချိန်မှာ စောစောက ကျွန်တော် မသုံးစေချင်ကြောင်း ရေးထားတဲ့ကွန်မန့် ကိုလည်း ဖျက်ပစ်ပါသေးတယ်။ ဒေါ် မေဘားမားက သူ့ အင်္ဂလိပ် ဘလော့မှာ အဲဒီ့ ကဗျာ ကိုဘာသာပြန်ပြီး တင်ထားပါသေးတယ်။ ကျွန်တော်တော့ ကျွန်တော် ပြောချင်တဲ့ အဓိပါယ်ထက် သူလိုချင်ရာကို အသားပေးပြီး ဘာသာပြန်သွားတယ်လို့ ထင်ပါတယ်။ ဥပမာ “နိုင်ငံရေးဆိုတာ သံဃာကိုတောင် သတ်ရဲတဲ့ သေနတ်၊ နိုင်ငံရေးဆိုတာ ပင်လယ်လို ဖြဲထားတဲ့ပါးစပ်’ ဆိုတဲ့ နေရာမှာ ကျွန်တော်က သေနတ်ကို ဗီလိန်နေရာ ထားပြီးရေးပေမယ့် သူက “politics can even kill the monks” လို့ ပြန်သွားပါတယ်။ သူဘာသာ ပြန်လိုက်တာ ဘုန်းကြီးတွေ နိုင်ငံရေး မလုပ်သင့်တဲ့ ပုံစံ သဘောမျိုး သက်ရောက်သွားပါတယ်။

ရင်ထဲက အမေ (ကျွန်တော့် နာမည် တပ်ထားတယ်)http://ygnpeople.blogspot.com/2008/06/for-our-beloved-mohter.html

ဈာပန

http://en.zorpia.com/nadihtutkhaung (ကျွန်တော့် နာမည် တပ်ထားတယ်)



ကဗျာချစ်သူ

http://mizzimapoem.blogspot.com/2007/10/blog-post.html (ကျွန်တော့် နာမည် ကိုတပ်ထားပါတယ်။ home page မှာပါ အဲဒီ့ ကဗျာကို လင့်ခ်လုပ်ထားပေးပါတယ်။ )



ခွပ်ဒေါင်းတို့ ရဲ့ ရင်ခုန်သံ
(ဆုံစည်းရာကို ပို့ ထားတာပါ။)

http://soneseayar.blogspot.com/2007/12/blog-post_21.html



ခေတ်
(ဆုံစည်းရာ ဘလော့)

http://soneseayar.blogspot.com/2007/12/blog-post_6910.html

(ကျွန်တော်ပို့ ထားတာပါ။)



(ကျွန်) (ဆုံစည်းရာ ဘလော့)

http://soneseayar.blogspot.com/2008/01/blog-post_3458.html

(ကျွန်တော့်နာမည်ကို တပ်ပေးထားပါတယ်။)


http://vimutti.blogspot.com/2008/01/blog-post_6267.html

ကျွန်ကဗျာပါပဲ။ ကျွန်တော့် နာမည် တပ်ထားပေးတယ်



ငါတို့ ဘဝနဲ့ မွှေးရမယ့် မီးတောက်

http://vimutti.blogspot.com/2008/01/blog-post_23.html

(ကျွန်တော့်နာမည် တပ်ထားပေးတယ်။)



ကျွန်

http://shweaoutal.blogspot.com/2008/01/blog-post_8136.html

ကျွန်တော့် ဆီက ခွင့်တောင်းပြီးမှ တင်တာပါ။



God ခဏ ဖြစ်သွားခိုက် (http://moepyay88.blogspot.com/2008/02/god.html) (ကျွန်တော့်နာမည် တပ်ထားပေးတယ်။



ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်

http://mizzimapoem.blogspot.com/2007/10/blog-post_8654.html


သင်္ကြန် မတိုင်ခင် ကျတဲ့မျက်ရည်
(ကျွန်တော့်နာမည် တပ်ထားပေးတယ်။)

http://pyethubhunebhune.blogspot.com/2008/04/blog-post_5162.html


ငါနေတဲ့ နေရာ

http://moepyay88.blogspot.com/2008/05/blog-post.html

http://mizzimapoem.blogspot.com/2007/10/blog-post_18.html

(ကျွန်တော့်နာမည် တပ်ထားပေးတယ်။)



ရက်စက်တဲ့ နှုတ်ခမ်းနဲ့ နမ်းမှ

http://pinkygold.multiply.com/journal/item/213

(ကျွန်တော့်နာမည် တပ်ထားပေးတယ်။)



အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်

http://tawthumalay.blogspot.com/2008/08/blog-post_6283.html (ကျွန်တော့်နာမည်ကိုဖော်ပြပေးထားတယ်)



ငါနေတဲ့ နေရာ

http://tawthumalay.blogspot.com/2008/05/blog-post_22.html (ကျွန်တော့်နာမည်ကို ဖော်ပြပေးထားတယ်)



ချစ်သူ့ ပါးလေးနှစ်ဘက်ပေါ်မှာ

http://tawthumalay.blogspot.com/2008/08/blog-post_7411.html

(ကျွန်တော့် နာမည်ကို ဖော်ပြပေးထားတယ်)



ကြိုး
(လမ်းပြကြယ်)

http://lampyakyal.blogspot.com/2009/01/blog-post_7984.html (ကျွန်တော့်နာမည်ကိုဖော်ပြပေးထားတယ်)



မိဘမကောင်း သားသမီးခေါင်း

http://arzarni.blogspot.com/2009/01/blog-post_6565.html (ကျွန်တော့်နာမည်ကိုဖော်ပြပေးထားတယ်။)


http://kopeter.blogspot.com/2009/01/blog-post_19.html (ကျွန်တော့်ဆီက ခွင့်တောင်းပြီးမှ တင်တာပါ။)



http://pyethubhunebhune.blogspot.com/2008/06/blog-post_3038.html (ပြည်သူ့ ဘုန်းဘုန်း) (ဘုန်းဘုန်းက အမြဲတမ်း အနုပညာကို တန်ဖိုးထားပြီး ကလောင်ရှင်နာမည်တွေ ကို အမြဲတမ်းဖော်ပြလေ့ရှိပါတယ်။)



http://myochitmyanmar.blogspot.com/2008/06/blog-post_2174.html (ကိုမျိုးချစ် ဘလော့....နာမည်ကို ထင်ထင်ရှားရှားကို ရေးထားပါတယ်။)



(မွေးရပ်မြေရဲ့ အကြောင်း)

ဇောင်းလေး (ကျွန်တော့် ကလောင်နာမည် တပ်ထားပါတယ်။)

http://www.zaunglay.co.cc/2008/11/blog-post_20.html



God ခဏဖြစ်သွားခိုက် (မဇ္ဈိမ)

http://www.mizzimaburmese.com/component/content/article/19/898-god-.html (ကျွန်တော်ပို့ ထားတာပါ။)



ကလေး (မဇ္ဈိမ)

http://www.mizzimaburmese.com/yatha-bank/poem/2033-2008-11-24-12-03-13.html (ကျွန်တော့် နာမည်ဖော်ပြထားပါတယ်။)


အမှတ်ပေးစည်းမျဉ်း
(ပြည်သူ့ ဘုန်းဘုန်း)

http://pyethubhunebhune.blogspot.com/2009/01/blog-post_12.html

(ဘုန်းဘုန်းက ကျွန်တော့် ကလောင်နာမည် အမြဲတမ်းကဗျာတိုင်းမှာ တပ်ပေးထားပါတယ်။)


Blog of Nyein Chan Yar

http://dathana.blogspot.com/2008/09/good-news.html (ကျွန်တော့် ကလောင် နာမည် ပါပါတယ်။ဒါပေမယ့် ကျွန်တော့်ကို ကဗျာဆရာမှန်း မသိပါ။ ဟစ်ဟော့သီချင်းထင်နေပါတယ်။ ကဗျာက ဟစ်ဟော့ပုံစံပေါက်နေလို့ ပါ)


ကျွန်

http://shweaoutal.blogspot.com/2008/01/blog-post_8136.html (ကျွန်တော့်ဆီက ခွင့်တောင်းပြီး ယူတာပါ ခင်ဗျ။ ကျေးဇူးပါဗျာ။)


ကိုစံနေမင်း

http://sannaymin.blogspot.com/

သူနှစ်သက်တဲ့ ကဗျာနဲ့ ဝတ္ထုတို(မော်ဒန်ဝတ္ထုဆန်ဆန်)တွေကို ခွင့်တောင်းပြီး အမြတ်တနိုး လင့်ခ်လုပ်ထားတာပါ။



အမေ့အသံ (လမ်းပြကြယ်)

http://lampyakyal.blogspot.com/2009/01/blog-post_2418.html

(ကျွန်တော့် ကလောင်နာမည် ပါပါတယ်)



မြင်ကွင်း (လမ်းပြကြယ်)

http://lampyakyal.blogspot.com/2009/01/blog-post_8770.html

(ကျွန်တော့် ကလောင်နာမည် ပါပါတယ်)



မြင်ကွင်း (ပြည်သူ့ ဘုန်းဘုန်း)

http://pyethubhunebhune.blogspot.com/2008/12/blog-post_8862.html

(ကျွန်တော့် ကလောင်နာမည် ပါပါတယ်)


http://3kachin.blogspot.com/2008/11/blog-post_9915.html (ခရီးသည်)

(ကျွန်တော့် ကလောင် နာမည် ပါပါတယ်။)



http://revolution-8888.revolution-8888.co.cc/2008/11/blog-post_6848.html (ခရီးသည်) (ကျွန်တော့် ကလောင် နာမည် ပါပါတယ်။)


အငိုဒုက္ခ တိုင်းပြည်
(မဆုမွန်) http://masumon.blogspot.com/2008/11/blog-post_14.html (ကျွန်တော့်သူငယ်ချင်းက ခွင့်တောင်းပြီးတော့ကို ကျွန်တော့် ကလောင်ကို ကြေငြာပေးတာပါ။)


ဇောင်းလေး
(အငိုဒုက္ခတိုင်းပြည်) http://www.zaunglay.co.cc/2008/11/blog-post.html (ကျွန်တော့် ကလောင် နာမည် ပါပါတယ်။)


အငိုဒုက္ခတိုင်းပြည်
(အငိုဒုက္ခ တိုင်းပြည်)

http://bdc-burma.blogspot.com/2008/11/blog-post_19.html

(ကျွန်တော့် ကလောင် နာမည် ပါပါတယ်။ ကျေးဇူးတင် စကားတောင် ဆိုလိုက်ပါသေးတယ်။)


အမြစ်
(ဘီဒီစီ)

http://bdc-burma.blogspot.com/2009/01/blog-post_8371.html

(ကျွန်တော့် ကလောင် နာမည် ပါပါတယ်။)


ကလေး
(ဘီဒီစီ)

http://bdc-burma.blogspot.com/2009/01/blog-post_8371.html

(ကျွန်တော့် ကလောင် နာမည် ပါပါတယ်။)


http://co2zenith.blogspot.com/2008_11_13_archive.html

(ကျွန်တော့် ကလောင်နာမည် ပါပါတယ်)



သမုဒ္ဒရာအောက်မှာ (မျိုးချစ်မြန်မာ)

http://myochitmyanmar.org/2008-07-25-07-31-58/2008-07-25-07-51-05/734-2008-09-29-04-49-41

(ကျွန်တော့် ကလောင်နာမည် ပါပါတယ်။ ကိုမျိုးချစ်လို လူသိပိုများတဲ့ ဘလော့ပေါ်မှာ တင်ပေးလို့ လည်း ကျေးဇူးပါဗျာ။)



http://myanmar-ccg.org/forum/viewtopic.php?f=20&t=309 (ကျွန်တော့်နာမည် တပ်ထားပေးပါတယ်။)



http://pyoekhinnyouth.blogspot.com/2008_09_01_archive.html

(ကျွန်တော် တောင် မသိပဲနဲ့ ကျွန်တော့်ကို နာမည် တပ်ပြီးသွားကြောင်း လာ အကြောင်းကြားသွားတဲ့ ဘလော့လေးပါ။)



ဘုရားသခင်.blogspot.com

http://lampyakyal.blogspot.com/2009/01/blogspotcom.html ((ကျွန်တော့်နာမည် တပ်ထားပေးပါတယ်။)



မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့

http://moehlaingnya.blogspot.com/2008/10/blog-post_22.html (ကဗျာဆရာ အချင်းချင်း အကောင်းဆုံး ကျွန်တော့်ကို အသိအမှတ် ပြုလိုက်တာပါ။)



မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့

http://kopeter.blogspot.com/2008/10/blog-post_06.html (ကျွန်တော့်ကို ခွင့်တောင်းပြီးမှ အမြဲ တင်တာပါ။



အတု၊ ငါ ၊ ပစ္စည်းပျောက်ကြော်ငြာ၊

(ကျွန်တော့် ကဗျာသုံးပုဒ်ပါ။ ကျွန်တော့် နာမည်တွေရေးထားတယ်ဗျ ။)http://www.crystalrays.org/forum/viewtopic.php?f=170&t=2089&start=40



http://yekyawaung.blogspot.com/2008/08/so-true-poem.html (မွေးရပ်မြေရဲ့ အကြောင်း)

ကိုရဲက ကျွန်တော့် သူငယ်ချင်းပါ။ ကျွန်တော့်နာမည် တပ်ထားပါတယ်။



ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ (http://heartskylover.blogspot.com/2008_05_11_archive.html)

(ကဗျာကုန်တိုက်ငယ်ပါ ခွင့်ပြုချက်တောင်းပြီး တင်ထားတာပါ။)



အချစ်ဆိုတဲ့ အကုသိုလ် (ကျွန်တော့် နာမည်တပ်ပေးထားတယ်)

http://www.mysuboo.com/index.php?option=com_blog&name=http://www.mysuboo.com/mg&task=view&pid=4517&Itemid=



ရက်စက်တဲ့ နှုတ်ခမ်းနဲ့ နမ်းမှ

http://www.mysuboo.com/index.php?option=com_blog&name=http://www.mysuboo.com/mg&task=view&pid=4523 (ကျွန်တော့်နာမည် တပ်ထားပေးပါတယ်။)



လမင်းလေးသို့ 

http://www.padonma.com/forums/index.php?automodule=blog&blogid=17&showentry=147 (ကျွန်တော် စက်တင်ဘာလကုန်တုန်းက blog လုပ်ခါစက တင်ပြီး နိုင်ငံရေးနဲ့ ပတ်သတ်တာပဲ တင်မယ်ဆိုပြီး ဖြုတ်ပစ်ခဲ့တဲ့ ကဗျာ။ နောက် ပြန်မတင်ဖြစ်တာက မကြိုက်တော့လို့ ။ ချွဲပစ်ပစ်နဲ့ ။ ကောင်မလေး အတွက် သီးသန့် ရေးပေးတဲ့ ကဗျာပါ။ တစ်ပိုဒ်ပဲကြိုက်တော့တယ်။တခြား မကြိုက်လို့ ဖြုတ်ပစ်ခဲ့တဲ့ ကဗျာလည်း ရှိတယ်။ စက်တင်ဘာ ဆိုတဲ့ကဗျာ။) (ဒါလည်း နာမည် တပ်မထား၊ဘယ်နေရာက ရတာလည်း မပြော တုံးတိ) (ဒါပေမယ့် သူက ကျွန်တော် ဘလော့ မလုပ်ခင်က အွန်လိုင်းသူငယ်ချင်းလို့ ထင်ပါတယ်။ ကျွန်တော် ဘလော့လုပ်တော့ ကျွန်တော့် ဘလော့လိပ်စာကို သူငယ်ချင်းတွေကို ပေးလိုက်ပါတယ်။ သူ့ နာမည်ကကိုထွဋ်ပါ။ အဲဒီ့တုန်းက တစ်ရက်ပဲ တင်တာဆိုတော့ လူတွေသိပ်မဖတ်မိတော့ သူပဲဖတ်မိပြီး ကြိုက်လို့ တင်လိုက်တာ နေမှာပါ။ သူပဲ ဖြစ်မှာပါ။ ကျွန်တော် ကွန်မန့် ရေးပြီး ကျွန်တော့် ကဗျာဖြစ်ကြောင်းပြောတော့ အင်တာနက် မသုံးတော့ဘူးနဲ့ တူပါတယ်။ ထိုင်းမှာလည်း မရှိတော့ဘူးထင်ပါတယ်။ အဲဒီ့ကာလ တုန်းက သူ ကျွန်တော့်ဘလော့ စီဗုံ့းမှာ ကိုထွဋ်နာမည်နဲ့ ပဲ လာရေးပါသေးတယ်။ အဲဒီ့ ကဗျာလိုကဗျာဖတ်ချင်ရင် သူ့ ဆီပဲသွားဖတ်ပါ။

ကျွန်တော် အထူးကျေးဇူးတင်ကြောင်းပြောချင်တာကတော့ ကျွန်တော့်ကဗျာတွေကို ဖြန့် ဝေပေးတဲ့ သူတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ထင်မြင်ချက်လေးတွေ ရေးပေးကြပါခင်ဗျား

Saturday, February 14, 2009

ကဗျာကူးသူ

ဒီနေ့ ဟိုသွား ဒီသွား ဂူဂဲလ်နဲ့ ဟိုရှာဒီရှာ လုပ်ရင်းနဲ့ Suboo မှာ ကိုယ်ရေးထားတဲ့ ကဗျာကို သွားတွေ့ တယ်။ ကဗျာအောက်မှာတော့ သူ့ နာမည် (Nyi Min Zet)ကို ထိုးထားတယ်။ ကဗျာအစမှာတော့ "အချစ်ရဲ့သဘောတရားလေးတွေ ... ပင်ပင်ပန်းပန်းရေးထားတာမို့ ရွှင်ရွှင်လန်းလန်းလေးဖတ်ကြည့်စေချင်တယ်။" တဲ့။ ကျွန်တော် အောက်တိုဘာ ကတည်းက ရေးထားတဲ့ အချစ်ဆိုတာ ဆိုတဲ့ ကဗျာပါ။ အချစ်အကြောင်းတွေ ရေးဖို့ တစ်ယောက်နဲ့ တစ်ယောက် tag ကြတဲ့ ကာလပါ။ မနေ့  ကတောင် ဗယ်လင်တိုင်း အမှတ်တရ ပြန်တင်လိုက်သေးတယ်။

ကျွန်တော့် original ကဗျာကတော့ ဒီမှာပါ။

http://kaungkinko.myanmarbloggers.org/2008/10/blog-post_15.html

အဲဒီ့လူရဲ့ လင့်ခ်က http://www.mysuboo.net/index.php?option=com_blog&name=NyiMinZ&task=view&pid=19674 ဒီမှာပါ။ သူ့ ရဲ့ အဲဒီ့ ပို့ စ်မှာ ကွန်မန့် ပေးလို့ မရအောင်လည်း ပိတ်ထားလိုက်ပါသေးတယ်။ တခြားပို့ စ်ကျတော့ ရတယ်ဗျ။ သူက ကဗျာအကြောင်းရေပေါင်း များစွာထဲက သုံးကြောင်းလောက်က ကျွန်တော်နဘေယူထားတဲ့ဟာတွေကို လည်း လျှောက်ပြင်ပြီး ဖျက်ဆီးပစ်သေးတယ်ဗျ။



အဲဒီ့လူက ကဗျာအဆုံးမှာ ဘာရေးထားသလဲဆိုတော့ “အချစ်ရဲ့ definition လေးပေါ့ဗျာ။ ခံစားနိုင်မယ်လို့တော့ ထင်ပါတယ်။ မကောင်းလည်း သည်းခံဖတ်ပေးကြပါဗျာ။....” တဲ့။ ကဗျာကို ကူးယူပြီး ဖျက်ဆီးယုံတင်မက လူကိုပါ စော်ကားလိုက်သေးတယ်ဗျာ။ (ကဗျာကို ဖော်ပြရုံနဲ့  (ကိုယ့်နာမည် မပါတောင်) ကျွန်တော်က စွပ်စွဲမယ့်သူတော့ မဟုတ်ပါဘူး။ ခုက သူ့  နာမည်တပ်လိုက်လို့ ရယ်၊ ဖျက်ဆီးပစ်လိုက်လို့ ရယ်ပါ။)

ဘာလို့ အဲလိုလုပ်ကြလည်း မသိဘူးဗျာ။ သူများရေးတဲ့ ကဗျာနဲ့ ပီတိကော ဖြစ်ကြသေးလား။ ကျွန်တော်ရေးတဲ့ ကဗျာတွေ ယူသုံးကြတာ တော်တော်များများ တွေ့ ဖူးပါတယ်။ နာမည်မပါရင်တောင် ကျွန်တော် ဘာမှပြောလေ့ မရှိဘူး။ ဒီအတိုင်း မသိချင်ယောင် ဆောင်ပြီး တစ်ခါ တစ်ခါ ထွက်သွားတယ်။ တစ်ခါ တစ်ခါ လည်း “ အဲဒါ ကျွန်တော့်ကဗျာလေးပါ၊ ဖြန့် ဝေပေးလို့ ကျေးဇူးပါနော်” ဆိုပြီး အသိပေးခဲ့တယ်။ နာမည်ပြန်တပ်ပေးဖို့ တောင် မတောင်းဆိုဘူး။ ခုလို သူ့ နာမည်တပ်ပြီး လုပ်လိုက်တာ စော်ကားလိုက်တာတော့ လွန်လွန်းတယ်ဗျာ။

မှတ်ချက်။ ကျွန်တော့်ကဗျာတွေကို ကြိုက်ရင် အချိန်မရွေး ခွင့်မတောင်းပဲနဲ့  ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ယူသုံးလို့  ရပါတယ်။တစ်နေရာရာကရပြီး ရေးသူမသိလို့  နာမည်မတပ်ရင်လည်း ကိစ္စမရှိပါ။ ဘယ်ကနေရတယ်ဆိုတာ ဖော်ပြထားရင် ဖြစ်ပါတယ်။ (ဥပမာ အီးမေးလ်ထဲကနေ၊ ဘာညာပေါ့) ကိုယ်မရေးပဲနဲ့ ကိုယ်ရေးသလို လုပ်ပြီး “မကောင်းလည်း သည်းခံဖတ်ပေးကြပါ” ဆိုပြီး စော်ကားတာတော့ အရမ်းလွန်လွန်းတယ်ဗျာ။

ကျွန်တော် ပြောဖို့ တစ်ခုကျန်သွားသေးတယ်ဗျ။ ဒီ အချစ်ဆိုတာ ကဗျာပါပဲ။ ပြီးခဲ့တဲ့ လလယ်လောက်ကတည်းက Suboo မှာပဲ တစ်ခြား တစ်နေရာမှာ တွေ့ ပါသေးတယ်။ ကျွန်တော့်နာမည် တပ်မထားပါဘူး။ ဒါပေမယ့် Label မှာ from a site လို့ ရေးထားလို့ ကျွန်တော် "
ကျွန်တော့် ကဗျာလေးကို ဖြန့် ဝေပေးလို့ ကျေးဇူးပါခင်ဗျ။ နှစ်သက်ကြောင်း သိရလို့ ဝမ်းသာမိပါတယ်။" ဆိုတဲ့ ကွန်မန့် နဲ့ original link ကိုပဲပေးခဲ့ပါတယ်။ သူ့ လင့်ခ်ကတော့ ဒီမှာပါ။ http://www.mysuboo.com/component/option,com_blog/name,mysister/task,view/pid,7814/Itemid,/fonts/index.php?option=com_blog&name=pingpong&task=view&pid=17473
From a site ဆိုတဲ့ label အရ သူကိုယ်တိုင်ရေးတာ မဟုတ်ကြောင်းဝန်ခံထားပြီးဖြစ်လို့ ပြသနာမရှာခဲ့ပါ။ ကိုယ့်ကဗျာကို နှစ်သက်တဲ့ ပရိသတ်အနေနဲ့ တောင် pingpong ဆိုတဲ့သူကို ကျေးဇူးတင်ပါသေးတယ်။ အပေါ်ကလူ (စုဗူးက Nyi Min Zet)ကတော့ သူရေးတာလုပ်ပစ်ရုံသာ မက ကဗျာကိုပါဖျက်ဆီးပစ်ပါသေးတယ်။

ကိုယ့်ကဗျာဘယ်မှာ တွေ ရှိသေးတယ်ဆိုတာ ရှာတဲ့ နည်းကတော့ ဒီလိုပါ။ အကုန်တော့ တွေ့ မယ် မထင်ဘူးဗျာ။ ခေါင်းစဉ်က စပြီး ကော်ပီလုပ်ပြီး တကြောင်းချင်း ဂူဂဲလ်မှာ မြန်မာလို ထည့်ရှာကြည့်ပါ။ တစ်ကြောင်းနဲ့ တစ်ကြောင်း result တူမှာမဟုတ်ပါဘူး။ ခုနက ရတဲ့ လင့်ခ်နှစ်ခုက ကျွန်တော် နှစ်ကြောင်းလောက်ပဲ ရှာကြည့်ပြိး တွေ့တာတွေ ဖြစ်ပါတယ်။ တစ်ပုဒ်လုံး လုပ်နိုင်ရင် စိတ်အချရဆုံး ဖြစ်မှာပါ။ ဒီနည်းက ကိုယ်သူများကဗျာကို နှစ်သက်လို့ မျှဝေခွင့် တောင်းချင်တဲ့အခါ ပိုင်ရှင်ရှာဖို့ အတွက်လည်း အသုံးတည့်ကောင်း တည့်နိုင်ပါလိမ့်မယ်။ မြန်မာ font တွေက သူခိုးအဖမ်းရ နည်းနည်း ခက်ပါတယ်။ အင်္ဂလိပ်စာဆိုရင်တော့ စာတစ်ကြောင်းလောက်ကို ကော်ပီကူး double quote ထဲ ထည့်ပြီး Google မှာသာ ရိုက်ထည့်လိုက်ပါ။ အတိအကျကြီးကို ထွက်လာပါလိမ့်မယ်။ မြန်မာစာကို double quote ထဲထည့်ပြီး ရှာမယ်ဆိုရင်တော့ တစ်ခုမှ ကျမှာ မဟုတ်တော့ပါ။ မြန်မာစာမှာ double quote ထဲထည့်ပြီးရှာလို့ မရပါ။

မူရင်းကဗျာလေး အောက်မှာ ဖော်ပြလိုက်ပါတယ်။

အချစ်ဆိုတာ

အချစ်ဆိုတာ တစ်လုံးတည်းနဲ့ ရသစုံနေတဲ့ သစ်သီး
အချစ်ဆိုတာ နှလုံးသားကို ထထခုန်စေတဲ့ ပစ္စည်း။

အချစ်ဆိုတာ လစ်ပိုတွေ အပြည့်ဖြည့်ထားတဲ့ အဏ္ဏဝါ
ချစ်သူ့စကားနဲ့ ဒုက္ခတွေကို ပစ်ပေါက်လိုက်မယ် အဖန်တရာ။

အချစ်ဆိုတာ လူပျင်းတွေကိုတောင် တင်းပေးနိုင်တဲ့ သံပတ်
အချစ်ဆိုတာ အထီးကျန်နေသူတွေရဲ့ နောက်ဆုံးခံတပ်။

အချစ်ဆိုတာ မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းနဲ့  ပျံသန်းနေတဲ့ လေတံခွန်
အချစ်ဆိုတာ ကဗျာမျိုးစေ့တွေ စီးဆင်းလာတဲ့ ရေတံခွန်။

အချစ်ဆိုတာ ရေယောင်ဆောင်ပြီး ကြည်လင်နေတဲ့ ဂျင်အရက်
လူတွေကို ယစ်မူးစေနိုင်ခဲ့တယ် အစဉ်အဆက်။

အချစ်ဆိုတာ နှုတ်ခမ်းလေးထဲက ခုန်ပေါက်ထွက်လာတဲ့ သကာ
အချစ်ဆိုတာ ထမင်းပြီးရင် အရေးအကြီးဆုံးသော အစာ။

အချစ်ဆိုတာ လျှာဖျားစက်ရုံတော်က ထုတ်လုပ်လိုက်တဲ့ သကြားချိုချို ဖြစ်ပါသလား။
အချစ်ဆိုတာ ပါးစပ်ဖျားပေါ်မှာတင် တစ်သွားတဲ့ မေတ္တာတရား။

အချစ်ဆိုတာ မပျောက်ချင်လို့  တမင်တကာ မွေးထားလိုက်တဲ့ အနာ
အချစ်ဆိုတာ အချိန်တွေပေးပြီး ကျင်ယူထားရတဲ့ ရတနာ။

အချစ်ဆိုတာ အရေးတကြီး အဟောခံခဲ့ရတဲ့ တရား
အချစ်ဆိုတာ လူသားတွေရဲ့ အနူးညံ့ဆုံးသော အမှား။

အချစ်ဆိုတာ အရာရာကို တော်လှန်ရဲတဲ့ သူပုန်
တစ်ချို့ ကျတော့လည်း မိဘစကားဆိုတဲ့ ပုဝါဟောင်းကြီးတွေကို ခြုံလို့ ။

အချစ်ဆိုတာ တစ်ချို့ မိန်းမသားတွေ အတွက်တော့ ထမင်းတစ်လုတ်
တစ်ခါတစ်ခါ သူတို့ ကို ခေါင်းခေါက်ရွေးနိုင်မယ့် ဒေါ်လာတစ်ဆုပ်။

အချစ်ဆိုတာ ကောင်မလေးတွေ အရမ်းကျွမ်းတဲ့ ဂဏန်းသချာင်္
ပုရိသတွေကို ချိန်တွယ်ပစ်မယ့် အံ့မခန်းပညာ။

အချစ်ဆိုတာ အရည်မမီလို့ အပယ် ခံလိုက်ရတဲ့ ဆန်ကွဲ
အချစ်ဆိုတာ ဖန်ထည်ထက်တောင် ကွဲအက်လွယ်တဲ့ အသည်း။

အချစ်ဆိုတာ ကြိတ်ပြီးတဲ့ အခါ အချိုကုန်သွားတတ်တဲ့ ကြံဖတ်
ဘာပဲဖြစ်ဖြစ် သံယောဇဉ်နဲ့ မြတ်နိုးတတ်ဖို့ တော့ လိုတယ်။

အချစ်ဆိုတာ ကမ္ဘာကိုမောင်းနှင်ထားတဲ့ လောင်စာ
အချစ်ဆိုတာ ငါတို့ ကို အကျဉ်းချထားတဲ့ ထောင်ပါ။

အချစ်ဆိုတာ ကျွံမိရင် ကြိုက်ကြိုက် မကြိုက်ကြိုက် နေရတော့မယ့် စခန်း
အချစ်ဆိုတာ ဂငယ်ကွေ့  ပြန်ကွေ့ ဖို့ ခက်ခဲတဲ့ လမ်း။

အချစ်ဆိုတာ ဘယ်တော့မှ မတိတ်မယ့်မိုး
ချောချော လှလှလေးတွေကို မြင်ရင် အသည်းနှလုံးဆိုတာ နိုးတတ်တယ်။

အချစ်ဆိုတာ နှစ်ယောက်တည်းနဲ့ စပြီးပျိုးခဲ့တဲ့ ဥယျာဉ်
သံယောဇဉ် နွယ်ပင် လေးတွေကို စုချင်တယ်။

အချစ်ဆိုတာ လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ အမိုး
အချစ်ဆိုတာ လူအလစ်ကို စောင့်နေရတဲ့ သူခိုး။

အချစ်ဆိုတာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ မှန်းဆရ ခက်တဲ့ မိုးတိမ်
အချစ်အကြောင်းကို ဖွဲ့ လိုက်တိုင်း ကိုယ့်လက်ကိုယ် စိုးရိမ်တယ်။

ကောင်းကင်ကို

Thursday, February 5, 2009

ဒေါက်ပြုတ်သွားတဲ့ ကျောက်ရုပ်


သန်းခေါင်လက်တွေနဲ့ 

အမှောင်စက်တွေကို

အဆွေတော် ညက

အရည်ဖျော်ချလို့ နေပြီ။


ငါဟာ

မျက်နှာသေနဲ့ ကျောက်ရုပ်တစ်ယောက်

ခုတော့

မျက်လုံးထဲကလောက်တွေ

ပါးပေါ်ကို တစ်ပေါက်ပြီး တစ်ပေါက်

ငါ့ကိုသစ္စာဖောက်နေကြတယ်။


ငါကမ္ဘာလို့ ထင်ထားခဲ့တဲ့ ဥခွံ

အနုလွန် ပြီးတော့ အက်ကွဲ

အပြင်ဘက်မှာ ငါမခံနိုင်တဲ့ ငရဲပဲ ရှိတယ်။


ဘယ်အချိန်ကတည်းက ဝင်ခွေနေမှန်းမသိတဲ့ မီးတောက်မြွေတစ်ကောင်

ငြိမ်းဖို့ ကြိုးစားလိုက်မှ ပါးပြင်ထောင်ပြီး

ဒီဂရီ ဆဲလ်စီးယပ်များစွာနဲ့ ငါ့စိတ်ကိုလောင်တယ်။


ပူပြီးသား ရင်ဘတ်ကို တစိမ့်စိမ့်ထပ်နွှေးရင်း

ခလုတ်ကို ညှစ်လိုက်ဖို့  ငါ့လက်ညှိုးက ကွေးကွေးလာတယ်။

ငါ့စိတ်ကိုငါပြန်သတ်ဖို့ သွေးအေးလာတယ်။


ငါ့ကိုငါ ဖွင့်ခဲ့တဲ့ သော့တစ်ချောင်းဟာ

ရုတ်တရက်ပဲ ဓားတစ်လက် အသွင်ပြောင်း

ငါ့ကိုမောင်းနေတဲ့ ကြိုးကိုဖြတ်လိုက်တယ်။


ကိုယ့်နောက် ကိုယ်လိုက်ရင်းကိုယ်နဲ့ ဝေး

ကြိုးပြတ်သွားတဲ့စွန်ကလေးဟာ

လေထဲမှာတင် ပျက်စီးသွားနိုင်တဲ့အဖြစ်

မောင်းနှင်အားအသစ်တစ်ခုခုရဲ့ လက်မှာ

ဘဝသစ်ပြန်စခွင့်မှ ရပါတော့မလား


အသံလွှင့်စက်နဲ့ ကင်မရာ

တွဲပြီးပါတဲ့ မျက်နှာတွေရှေ့မှာမှ

ဒီအရှုံးသင်္ကေတတွေက တစ်စက်ပြီး တစ်စက်

ယောက်မမြင်းစီးထွက်တယ်။


သြော်...

ရင်ထဲက ငလျင်နဲ့ 

ဒေါက်ပြုတ်သွားတဲ့ ကျောက်ရုပ်တစ်ယောက်

မျက်လုံးထဲက လောက်တွေ

ပါးပေါ်ကို တစ်ပေါက်ပြီး တစ်ပေါက်

ငါ့ကို သစ္စာဖောက်နေကြပြီ။


ကောင်းကင်ကို