Tuesday, October 30, 2007

ညနဲ့ ဆေးခါးတစက်

ဒုက္ခ နက္ခတ်တွေ ချည်းထွန်းတဲ့
ရန်ကုန်မြို့ ရဲ့ ညခင်းမှာ
တခြမ်းပဲ့ လမင်းဟာ
တိမ်တွေကြားမှာ တိုးရင်းဝှေ့ ရင်းနဲ့ 
က္ကုနြေ္ဒ မရစွာ အိုးနင်းခွက်နင်းထွက်လာတယ်။

ဒဏ်ရာတွေကို စိတ်ထဲမှာ သီကြည့်ရင်းနဲ့ 
စားပွဲပေါ်ကိုကြည့်လိုက်တော့
ဖယောင်းတိုင်လေး …တွေနေတယ်။
ဘော(လ်)ပင်ကလေး….သေနေတယ်။
စိတ်ဓာတ်တွေက ညနဲ့ အပြိုင်မှောင်လို့ ၊
အိပ်မက်တွေက ဘဝမီးလျှံမှာ လောင်လို့ ။

ညမှာ
မျှော်လင့်ချက်လဝန်းလေး
ခပ်ရေးရေးရှိရင်ဖြေသာပါသေးတယ်။
ခုဟာက
မှောင်နေရတဲ့အထဲ
ဘာအလင်းရောင်မှ ပေးနိုင်စွမ်းမရှိတဲ့
ဒုက္ခနေဆယ်စင်းပဲ ခပ်ပြင်းပြင်းပူနေတဲ့အဖြစ်။

ဘဝဟာ
တော်စတွိုင်းပြောသလိုမျိုး
ဓားသွားထက်က ပျားရည်တစက်ဆိုရင် ဖြေသာပါသေးတယ်။
ခုပာာက
လှံစွပ်ဖျားက

ဘာ အာဏိသင်မှမရှိတဲ့
ဆေးခါးတစက်ကိုခုံမင်နေရတဲ့ အဖြစ်။

ညရယ်။ မင်းနှစ်သက်တဲ့ အမှောင်ဝတ်စုံကိုချွတ်ပါတော့။
ဘဝရယ်။ နိုးလျက်နဲ့ မက်နေရတဲ့ အိပ်မက်ဆိုးတွေကနေ လွှတ်ပါတော့။

ကောင်းကင်ကို

Friday, October 26, 2007

အမှောင်ခောတ်၏ ပုံရိပ်များ

ကြက်တူရွေးမြစ်ထဲမှာ ဒေါင်းငှက်တို့ နစ်မြုပ်နေသည်။
နှစ်မြှုပ်သူတွေက
……..... တွေ။

အယောင်ဆောင် အုပ်ဆောင်းအောက်မှာ စိတ်ဓာတ်တို့  ပုပ်သိုးနေသည်။
ပုပ်သိုးစေသူက
……....တွေ။

တစ္ဆေအိမ်ထဲမှာ အိမ်သားတို့  ကြောက်လန့် နေသည်။
ခြောက်လှန့် သူတွေက
……....တွေ။

လင်းလိုက်မှောင်လိုက် မီးရောင်အောက်မှာ
ဆောင်ပုဒ်တို့  ဆွံ့ အနေသည်။
သင်္ကြန် အမြောက်ပစ်နေသူက
….......တွေ။

ဟိုးအမှောင်ဆုံး ညတွေဆီ
back gear ဆုတ် မောင်းနှင်ခံနေရတဲ့
ပြောင်းပြန်ယာဉ်ကြီးထဲမှာ
Dog တို့  God ဖြစ်နေသည်။
God ဖြစ်နေသူက
……....တွေ။

ကောင်းကင်ကို (၂၀၀၀ တုန်းက ရေးခဲ့တဲ့ ကဗျာပါ။)

Thursday, October 25, 2007

Video

Refugees


လမ်းပျောက်သူ

မျှော်လင့် ချက်ကောင်းကင်မှာ
ရက်စက်တဲ့ ပင့် ကူတွေ အိမ်ဖွဲ့ 
ငါတို့ “မနက်ဖန်”လေး သိမ်ငယ်ရတော့ မယ်။

ရက်စက်လိုက်တာ လေရိုင်းရယ်…
ပွင့် ဖို့ အားယူနေတဲ့ ပန်းငုံလေးတွေကိုမှ
ရွေးပြီးခြွေရက်တယ်နော်။

တစက်စက် ကျလာတဲ့ နေ့ တွေတောင်
ပင်လယ်ကြီးထဲ ပြည့် တော့ မယ်….
ငါဘယ်ကို ရွက်လွှင့် ရမှာလဲ။

ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်
ခိုစရာ မြေပြင်ရှိသေးတယ်။
ဝေဒနာနဲ့  နှစ်ရက်တွေမှာငါ
ငိုစရာ ရင်ခွင်မရှိဘူး။

အားလုံးက ပြောကြတယ်။
ဦးထုပ်နက်နဲ့ လူတဲ့၊
ကိုယ့်ကိုယ်ကိုလဲ မေးကြည့်တယ်။
ငါ့အတွေးထဲ မြွေတကောင်ဝင် အဆိပ်ထုတ်နေသလား။

ကျောင်းနားတဝိုက်ဆီက
တိတ်ဆိတ်နေတဲ့ အသံတွေကြောင့်
ငါ့ရဲ့ အိမ်မက် ငှက်တွေ
ထိတ်လန့် ပျံသန်းကုန်ကြပြီ။

မင်္ဂလာမှန်သမျှ ဆိတ်သုဉ်းနေတဲ့
ဟောဒီ့ ဘုန်းစိုးသင်္ချိုင်းမြေမှာ
မျှော်လင့်ချက် လရောင်ရေးရေးလေးကို လိုချင်တမ်းတမိသူနဲ့ 
လမင်းကို ဖုံးကွယ်ပစ်တဲ့တိမ်တွေ
ဘယ်သူ့ မှာ အပြစ်ရှိသလဲ။

မိတ်ဆွေ….
သင့်မှာ သွားစရာလမ်းကလဲ မရှိ၊
ပြီးတော့ သင်ဟာ ဆင်တကောင်လဲ မဟုတ်ဘူးဆိုရင်
သင်ဘာတွေလုပ်မလဲ။

ကောင်းကင်ကို

*************************************

၉၇ လောက်တုန်းက ကျွန်တော်ရေးခဲ့တဲ့ ကဗျာပါ။ ကျောင်းတွေကို နှစ်ရှည်လများပိတ်ထားပြီး ပညာရေးကို လုံးလုံး ဖျက်ဆီးလိုက်ခါစ ကာလပေါ့။ ကျွန်တော်တို့ အားလုံးလမ်းပျောက်နေတဲ့ကာလပေါ့။

ဘဝတူ သူငယ်ချင်းတွေကလွဲလို့  နားလည်ခံစားပေးနိုင်မယ့်သူ မရှိခဲ့ဘူး။ ငိုစရာ ရင်ခွင်မရှိခဲ့ဘူး။

အခုလည်း ကျွန်တော်တို့ အားလုံး လမ်းပျောက်နေဆဲပါ။ ငိုစရာ ရင်ခွင်မဲ့နေဆဲပါ။ အုပ်ချုပ် မင်းလုပ်တဲ့သူက မတရား အနိုင်ကျင့်တာ ခဲ့ရတဲ့ အခါ ဘယ်ရင်ခွင်မှာ သွားပြီးငို မလဲ။ လွမ်းဆွတ်လို့  အိမ်ပြန်တဲ့သူတွေကို လေဆိပ်ကနေ ဆီးပြီးဖမ်းနေတယ်တဲ့။ ကိုယ့်တိုင်းပြည်မှကိုယ် ပြန်လို မရတဲ့အခါ ဘယ်ရင်ခွင်သွားပြီးငိုမလဲ။

ကျွန်တော်တို့ နိုင်ငံမှာ တရားမျှတမှု အထွန်းကားသရွေး ကျွန်တော်တို့  လမ်းပျောက်နေဦးမှာပါ။

Tuesday, October 23, 2007

ဖြစ်ရပုံက(ဟာသအတိုအထွာ)

၁၉၉၈ ခုနှစ်တုန်းက ကျွန်တော့်သူငယ်ချင်းတစ်ယောက် ကရာတေးသင်တန်းသွားအပ်တော့ ကရာတေးဆရာက မေးပါတယ်။
“မင်း ဘာလုပ်တုန်း။”
“ကျောင်းစောင့်”

ကရာတေးဆရာလည်း သိပ်လက်ကြောမတင်းပုံရတဲ့ ငနဲက ပေါက်ပေါက်ရှာရှာ ကျောင်းမှာ ညစောင့်လုပ်တယ်ဆိုတော့အံ့သြသွားတာပေါ့။

“ဘယ်ကျောင်းမှာလဲ။”
“မဟုတ်ဘူး။ ကျောင်းတွေ အကြာကြီးပိတ်ထားတာ ပြန်တက်ဖို့ စောင့်နေလို့ ကျောင်းစောင့်လို့ ပြောတာ။”

ကောင်းကင်ကို

Thursday, October 18, 2007

မင်းကိုနိုင်ရဲ့  ၄၅ နှစ်မြောက်မွေးနေ့ 

ဒီနေ့  ( အောက်တိုဘာလ ၁၈ရက် )နေ့ က ကိုမင်းကိုနိုင်ရဲ့ ၄၅ နှစ်မြောက် မွေးနေ့ ပါ။ ၄၄နှစ်မြောက်မွေးနေ့ တုန်းကလိုပဲ သူဟာ အကျဉ်းထောင်ထဲ ရောက်နေရရှာတယ်။ ကိုမင်းကိုနိုင်ထောင်ကနေ အမြန်ဆုံးလွတ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ အမြန်ဆုံးရဖို့  ကိုမင်းကိုနိုင်ရဲ့  မွေးနေ့ မှာ ဆုတောင်းလိုက်ပါတယ်။

ကိုမင်းကိုနိုင်ကို ၁၉၆၂ ခုနှစ်မှာ မွေးခဲ့တာပါ။ ဦးနေဝင်း အာဏာသိမ်းခဲ့တဲ့ နှစ်ပေါ့။ ကိုမင်းကိုနိုင်ဟာ သူ့ ရဲ့ ဖွားဘက်တော်ဖြစ်တဲ့ (၁၉၆၂ မှာမွေးလို့ ) အာဏာရှင်စနစ်ကို သူ့ ဘဝတခုလုံး ပေး ပြီးတိုက်ခဲ့တာပါ။ ကိုမင်းကိုနိုင် ဟာ ကဗျာတွေ အများကြီးရေးခဲ့သလို ပန်းချီလဲ ဆွဲခဲ့ပါတယ်။ ကိုမင်းကိုနိုင်ရဲ့  ပန်းချီပုံလေး တခုကို ဖော်ပြပေးလိုက်ပါတယ်။ email ထဲကနေ ဟိုး အရင်တုန်းက ရတာပါ။ Source က DVB က ဖြစ်မယ်ထင်ပါတယ်။

ပန်းချီကားရဲ့  ခေါင်းစဉ်က အမေပါ။ ပန်းချီကားထဲက ပြက္ခဒိန်လေးကို သေသေချာချာ ကြည့် လိုက်မယ်ဆိုရင် ရက်တွေကို ကြက်ခြေခတ်ထားတာ တွေ့ ရပါလိမ့် မယ်။ ကရုဏာ ရသကို ပေးစွမ်းတဲ့ ပန်းချီကားလေးတခုပါ။

ပုံကြီးကြီးမြင်ရရန်အတွက် ပုံပေါ်တွင် click နှိပ်ပါ။




Friday, October 12, 2007

သရော်စာ (စစ်သံဃာ့ တက္ကသိုလ်)

နေရာ။ ။ မြန်မာနိုင်ငံ

အချိန်ကာလ။ ။ ငြိမ်းချမ်းစွာ ဆန္ဒပြကြသောသံဃာတော်များကို စစ်အစိုးရမှ အကြမ်းဖက်ဖြိုခွဲပြီးသကာလ။

ဇာတ်ကောင်။ ။ ဂျိုကုပ်ကြီးများ (အဲ…နွားလောက မီဒီယာတွေမှာတော့ ဒင်း(ဗိုလ်ချုပ်ကြီးတွေ) တို့ ကို သူတို့ နဲ့ နှိုင်းရကောင်းလားဆိုပြီး နွားတွေကနာပြီးတော့ ကျွန်တော့် ကို စာလုံးအမည်းကြီးတွေနဲ့  အကြီးအကျယ် ရှုတ်ချနေမလားပဲ။) :-D

ဂျိုကုပ်ကြီးများ သူတို့ ကုလားထိုင်လှုပ်လာလို့  တကိုယ်လုံးက ရှိသမျှ အင်္ဂါတွေတုန်အောင်ကြောက်ပြီး တိုးတိုးတိတ်တိတ် အစည်းအဝေးလုပ်ကြပါတယ်။

ဂျိုကုပ်ရူး အဲလေ ဂျိုကုပ်မှုးကြီး။ ။ငါတို့ ရဲ့  မီဒီယာ ကို ပလီပလာ နဲ့ …အဲ… မီဒီိယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတဲ့ အစီအစဉ် မအောင်မြင်ပါလား။

ဂျိုကုပ်ကြီးတဦး။ ။ မပူပါနဲ့  ဂျိုကုပ်မှုးကြီးရဲ့ ၊ အဲဒီအစီအစဉ်မအောင်မြင်လို့  ပုဂံနတ် (bagannet) ကြီးကို အနားယူခိုင်းထားပါတယ်။ ခုဆို ပုဂံနတ် (bagannet) ကြီး နတ်ပြည်မှာ အေးအေးဆေးဆေးနှပ်နေရောပေါ့ ။ခုဆို လူတွေကြားထဲမှာ စကားပုံတခုခောတ်စားနေတယ်။ “internet ရတဲ့ ခဏဒုလ္လဘ၊ မီးလာတဲ့ ခဏဒုလ္လဘတဲ့”

ဂျိုကုပ်မှူးကြီး။ ။အေးဗျာ။ ဟိုရက်တွေကဆို ကျုပ်ဖြင့် ဆက်ဒမ်ဟူစိန်ကြီး လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ သေနေတဲ့ပုံကြီးပဲ မြင်ယောင်ပြီးအိပ်လို့ မပျော်ဘူး။ ပေါင်ချိန်ကြည့် လိုက်တာ ၀.၃၆၂၁ ပေါင်တိတိ လျော့သွားတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဦးမှ။တော်ကြာလူသတ်ဖို့ အမိန့် မပေးနိုင်ပဲ နေဦးမယ်။ ဒါနဲ့ နေပါဦး။ ဘုန်းကြီးကျောင်းတွေကို ဝင်စီးတဲ့ ကိစ္စကော ကျုပ်ခိုင်းတဲ့အတိုင်းလုပ်ကြရဲ့ လား။ ဘုန်းကြီးတွေက စွမ်းတယ်ဗျာ။ သတ္တိလဲ ရှိကြတယ်။ နောက်လဲ ပြည်သူတွေကို ကျုပ်တို့ ရက်ရက်စက်စက် လုပ်ရင် ဘုန်းကြီးတွေကငြိမ်ခံနေမှာ မဟုတ်ဘူး။ ဘယ်လို လုပ်ရမလဲ။ အကြံပေးကြစမ်းပါဦး။ ကျုပ်တို့ တော့ ကိုယ်ကျိုးနည်းပြီနဲ့  တူပါတယ်။

ဂျိုကုပ်ကြီးတတွေ ပြောရင်းဆိုရင်းနဲ့ ရုတ်တရက်ကြောက်ဒူးတုန်သွားပြီး အစည်းအဝေးအခန်းကြီးတခုလုံးတိတ်သွားတယ်။ အဲဒီ့ အချိန်မှာ ခပ်ဂေါက်ဂေါက် အကြံဥာဏ်တွေ အမြဲတမ်းပေးလေ့ရှိတဲ့  ဂျိုကုပ်ကြီးတယောက် က ထတဲ့ပြီး “လွယ်ပါတယ်၊ဂျိုကုပ်ကြီး ၊ ခုဆိုရင် ကျုပ်တို့ တွေ ဆရာဝန်တွေ၊အင်ဂျင်နီယာတွေ သပိတ်မှောက်မှာ မပူရတော့ဘူး။ ကျုပ်တို့ မှာ စစ်ဆေးတက္ကသိုလ်၊စစ်အင်ဂျင်နီယာတက္ကသိုလ်တွေရှိပြီလေ။ ခုလဲ ကျုပ်တို့  စစ်သံဃာ့တက္ကလိုလ်ဆို ပြီ်းဖွင့်လိုက်ကြတာပေါ့ ဂျိုကုပ်ကြီးရဲ့ ။ ဝင်ခွင့် အရည်အချင်းက တခြားဘာမှမလိုဘူး။ကျုပ်တို့ ဂျိုကုပ်မျိုးနွယ်ပဲ ဖြစ်ရမယ်။မကောင်းဘူးလား၊” လို့ ပြောလိုက်တယ်။ အဲဒီ့ မှာ ခပ်ဂေါက်ဂေါက် idea ကို ခပ်ဂေါက်ဂေါက် ဂျိုကုပ်ကြီးတွေရဲ့ ထောက်ခံသံတွေ၊ ငှက်ဆိုးထိုးသလို ရယ်သံကြီးတွေနဲ့  အစည်းဝေးအခန်းကြီးတခုလုံး ဆူညံသွားပါတော့တယ်။

ကောင်းကင်ကို

Thursday, October 11, 2007

ကျွန်တော်တို ဘက်မှာ အမှန်တရားနဲ့  ကမ္ဘာ့ ပြည်သူတွေရှိတယ်။ (Second Life Game ထဲက ငြိမ်းချမ်းရေးဆုတောင်းပွဲ Video )

(Second Life အကြောင်း။ ။Second Life ဆိုတာ Internet ပေါ်က Virtual world (Game) တခုပါ။ အဲဒီထဲမှာ business လုပ်လို့ ရတယ်။ ငွေကြေးစနစ်လည်းသတ်မှတ်ထားတယ်။ အလုပ်လုပ်လို့ လည်းရတယ်။ ဒါပေမယ့် interview ဝင်ရတယ်ဗျာ။ Graphic design တွေ programming တွေ ကျွမ်းကျင်ရင်တော့  အလုပ်ကောင်းကောင်းရနိုင်တယ်။ Virtual job ကိုပြောတာ။ Virtual money ကိုပြောတာ။ ကျွန်တော်တော့  အဲဒီ game ထဲမှာ ပိုက်ဆံ တပြားမှ မရှိလို့  မဆော့ တော့ ဘူး၊ ဘယ့် နှယ့် ဗျာ။ အပြင်လောကမှာ ပိုက်ဆံမရှိလို့  စိတ်ပြေလက်ပျောက် Game ဆော့ ချင်ပါတယ်။ Game ထဲမှာ ပိုက်ဆံရှာရ ၊ အလုပ်လုပ်ရနဲ့ ။ အဲဒီလို Game မျိုး ဘယ်တော့ မှ မဆော့ ဘူး။ :-D အဲဒီထဲမှာ တယောက်နဲ့ တယောက် လက်ထပ်လို့ လဲရတယ်။ အပန်းဖြေအနားယူဖို့ ကျွန်းတွေဘာတွေလဲ ဝယ်လို့ ရတယ်။တချို့ ဆို အဲဒီ Game ထဲက Virtual island တွေကို အပြင်က တကယ့် ပိုက်ဆံနဲ့ ရောင်းပြီးစီးပွါးရှာကြသတဲ့ ။ ဝယ်တဲ့လူကလဲ ဝယ်တာပဲတဲ့ ။ Second Life မှာ account ပေါင်း ၉.၈ သန်း ရှိသတဲ့။ စိတ်ကူးယဉ်လောကလေးတခုပဲ ဆိုပါစို့ ။)


second life ထဲက ငြိမ်းချမ်းရေးဆုတောင်းပွဲ


အမှန်တရားက ကျွန်တော်တို့ ဘက်မှာ ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဘက်မှာ တကမ္ဘာလုံးရှိပါတယ် (တချို့ နိုင်ငံတွေရဲ့ အစိုးရကလွဲရင်) ။ ဆုတောင်းပွဲတွေဟာ Second Life ဆိုတဲ့ Game လောကထဲထိအောင် ပျံ့ နှံ့ သွားပါပြီ။ တကမ္ဘာလုံးရဲ့  မေတ္တာဓာတ်နဲ့ ထောက်ခံမှုကို ကျွန်တော်တို့ ရရှိထားပါတယ်။ ကျွန်တော် တမင်သက်သက် စိတ်ကူးယဉ်ပြီး ဒီအကြောင်းကို တင်တာ မဟုတ်ပါဘူး။ ကမ္ဘာက ကျွန်တော်တို့ ကို ဘယ်လောက်ထောက်ခံသလဲဆိုတာ ပြချင်လို့ ပါ။ Saffron revolution လို ကမ္ဘာက သိကြတဲ့  ရွှေဝါရောင်တော်လှန်ရေးဟာကမ္ဘာ့ ပြည်သူတွေရဲ့  နှလုံးသားကို ရရှိလိုက်ပါပြီ။

ကျွန်တော် second life ထဲက ဆုတောင်းပွဲ Video တွေကို ဖော်ပြပေးလိုက်ပါတယ်။

Human Chain in Second Life For Burma










Wednesday, October 10, 2007

သရော်စာ

အယ်ဒီတာပေါက်စတယောက်ငိုက်စိုက်ငိုက်စိုက်နဲ့  ဆရာကြီးအာလူးဆီကိုရောက်လာတယ်။(သတင်းစာထဲက ပေါက်ကရဆောင်းပါးတွေရေးတဲ့ ပေါက်စကိုပြောတာမဟုတ်ဘူးနော်၊ ဝါနုသေးတဲ့ အယ်ဒီတာမို့ လို့ အယ်ဒီတာပေါက်စလို့ ပြောတာ) :-D

ဆရာကြီးအာလူး။“ဟေ့လူ၊ခင်ဗျားကြည့်ရတာစိတ်မချမ်းသာလိုက်တာ၊တခုခုကိုစိုးရိမ် နေသလိုပဲ၊”

အယ်ဒီတာ။ ။ “အေးဗျာ၊ အယ်ဒီတာလုပ်ရတာလဲ မစားသာဘူး၊ ကိုယ်ဝါသနာ ပါတဲ့ အလုပ်ကို တနေ့ တခြားရွံရွံလာပြီ။ စိစစ်ရေးဝင်ရင်လဲ မိုက်မိုက်ရိုင်းရိုင်း အဆဲခံရသေးတယ်၊ဟိုဟာ မထည့် ရ၊ ဒီဟာမထည့် ရနဲ့ ။”

ဆရာကြီးအာလူး။ ။ “ဘာတွေများမထည့် ရလို့ လဲ၊ ပြောစမ်းပါဦး”

အယ်ဒီတာ။ ။ “ဥပမာဗျာ၊ ကုန်ဈေးနှုန်းကျရင်တော့ ထည့် လို့ ရတယ်။ တက်သွားရင်ထည့် လို့ မရဘူး။”

ဆရာကြီး။ ။ “သူတို့ ကမှန်သားပဲ။ ခင်ဗျားကိုကပိန်းတာ။ ဒီမယ်ကိုယ့် လူ၊ ထူးခြားမှုရှိမှ သတင်းလို့ ခေါ်တယ်။ လူတိုင်းသိပြီးသားကိစ္စက သတင်းမဟုတ်ဘူး။ ကုန်ဈေးနှုန်းတက်တာ က အမြဲတမ်းဖြစ်နေတာ။ သတင်းမဟုတ်ဘူး။ ကျတာက တခါတရံ မှဖြစ်လို့ သတင်း။ အဲ လိုပဲ၊ မီးပျက်တာလဲ လူတိုင်းသိပြီးသား။ အထူးအဆန်း ကိစ္စ မဟုတ်ဘူး။ မီးမှန်ရင်သာ သတင်း။ ခင်ဗျား ပိန်းလို့ အဆဲခံရတာ နည်းတောင်နည်းသေး။”

အယ်ဒီတာ။ ။ “ဒါဆိုရင် ဒင်းဒို့ တတွေ ဘုရားတွေကို နေ့ တိုင်း အယောင်ဆောင်သွားဖူးပြီး သူတော်ကောင်းယောင်ဆောင်နေတာကော။ အဲဒါက နေ့ တိုင်းလေ။ထူးခြားမှုမရှိပဲ ဘာလို့ TV သတင်းထဲမှာ ထည့် လဲ။”

ဆရာကြီး။ ။ “ဟ၊ထူးခြားတာပေါ့။ လူတွေဘုရားရှိခိုးရင်တော့ မဆန်းဘူး။ သတင်းမဟုတ်ဘူး။ ခွေးတွေဘုရားရှိခိုးတာ မြင်ဘူးလို့ လား။ အဲဒါသတင်းပေါ့ ။”

အယ်ဒီတာ။ ။ “မှားပါတယ်။ ဒါဆိုရင် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ သံဃာတော်တွေ၊ကျောင်းသားပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းတာကော။ အဲဒါကျ ဘာလို့ မထည့် လဲ။”

ဆရာကြီး။ ။ “ခင်ဗျားကလဲ၊ ပိန်းပြန်ပြီ။ သတင်းလောကမှာ ဆိုရိုးရှိတယ်။ လူကခွေးကို ကိုက်မှသတင်း။ ခွေးကလူကို ကိုက်တာ သတင်းမဟုတ်ဘူး၊ သူ့ သဘာဝ။ ကိုက်မှာပဲ။မြဲမြဲမှတ်ထားကိုယ့် လူ။”

အယ်ဒီတာ။ ။ “မေးမိတာ မှားပါတယ်ဗျာ။”

ကောင်းကင်ကို

Tuesday, October 2, 2007

ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်

သုည တစ်လုံးဟာ
ဘယ်တော.မှေ့ ရှဆုံးမှာ မနေသင့် ဘူး။


မင်းတို့ နေရာပျောက်မှာကြောက်တာနဲ့ 
ခန်းမတစ်ခုလုံး ဖျောက်ထားရသလား။

မိုးကြိုး လျှပ်စီးရယ်…
မင်း… ငါတို့ ကို ပစ်ခတ်ပြာချလည်း
မင်းလည်း ခဏပဲ လင်းမှာပါ။
လမင်းတော့ ဖြစ်လာမှာ မဟုတ်ဘူး။

သူငယ်ချင်းတို့ ရေ…
မိုးတိတ်မှ အပြင်ထွက်မယ်ဆိုတဲ့  စိတ်ဓာတ်တွေနဲ့ တော့ 
ဘယ်ကိုမှ ရောက်မှာ မဟုတ်ဘူး။


ယုံကြည်ချက်တွေကိုထမ်းပြီး
ကမ္ဘာသစ်ဆီသွားမယ်. လမ်းဟာ
ကြမ်းတော့ ကြမ်းလိမ့် မယ်။

ေ့ ရှမှာလည်း
တစ္ဆေတစ်ကောင်
သေနတ်ကိုင်ပြီး စောင့် နေတယ်။

တစ္ဆေမကြောက်သင့် တဲ့ အချိန်မှာတော့ 
မျက်လုံးတွေ ကန်းသင့် ရင် ကန်းထားရလိမ့် မယ်။


ပြီးတော့ 
တောက်ပနေတဲ့ မျက်လုံးအသစ်တွေနဲ့ 
အိမ်မက်တွေကိုပဲ တည့် တည့် ကြည့် ပြီး
ရဲရဲဝ့ံဝံ့လျှောက်ရအောင်။

မီးပျက်နေတဲ့ ညတွေမို့ 
ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်။

ကောင်းကင်ကို
(၂၀၀၆ ခုနှစ်)