Tuesday, October 2, 2018

Confirmation Bias

 Confirmation Bias

(Facebook က ပို့စ်ကို မူရင်း date အတိုင်း blog မှာ ပြန်စုတာပါ)

Confirmation bias ဆိုတာ တကယ်သိမ်မွေ့တဲ့ သဘောဗျ။ လူတိုင်းမှာ အနည်းနဲ့အများ confirmation bias ရှိနေနိုင်တယ်။ ကျွန်တော့်ဆီမှာလည်း ရှိမှာပဲ။ 

သတင်းတွေနဲ့ ဥပမာ ပေးကြည့်မယ်။ တစ်နေရာမှာ မွတ်စလင် တစ်ယောက်က မုဒိမ်းကျင့်တယ်လို့ တစ်ယောက်ယောက်က သတင်း (သို့မဟုတ်) ကောလဟလ ဖြန့်လိုက်တယ် ဆိုပါတော့။ မွတ်စလင်မုန်းနေသူ တစ်ယောက်ဟာ အဲဒီ သတင်း (သို့မဟုတ်) ကောလဟလ မှန်တယ်၊မှားတယ် မသိနိုင်သေးခင်မှာပဲ အဲဒီဟာကို လုံးဝ ယုံကြည်ပစ်လိုက်ပြီ။ share တွေ လုပ်ပြီးပြီ။ သူ့စိတ်ထဲက ယုံကြည်နေတာနဲ့ တိုက်ဆိုင်ပြီဆိုရင် (အချက်အလက် မစုံသေးဘဲ) ပစ်ယုံလိုက်ကြတာ။ ဒီလိုပဲ နိုင်ငံတကာ သတင်းဌာနတွေကို မုန်းတီးနေမယ်၊ ကုလသမဂ္ဂတို့၊ ကြားနေ လူ့အခွင့်အရေးအဖွဲ့တွေကို မုန်းတီးနေမယ်ဆိုရင်လည်း၊   အဲဒီအဖွဲ့တွေဟာ လာဘ်စားပြီး မြန်မာနိုင်ငံအပေါ် မဟုတ်တာတွေချည်း ပြောနေတယ်လို့  တစ်ယောက်ယောက်က ကောလဟလ လွှင့်လိုက်ချိန်မှာ (အချက်အလက် မစုံလင်သေးလည်း) တန်းပြီး ယုံကြည်လိုက်ကြမှာပဲ။ 


မွတ်စလင်တွေဘက်ကို ယိမ်းနေတဲ့သူဆိုလည်း အဲလိုပဲဗျ။ ဥပမာ … အာဆာက အကြမ်းဖက်မှှု လုပ်တယ်လို့ သတင်းထွက်လာရင် ကိုယ်လက်ခံထားနဲ့ အချက်နဲ့ မကိုက်တော့ မယုံတော့တာမျိုး၊ စစ်တပ်က သက်သက်ပုံဖျက်တယ်လို့ (အချက်အလက် မစုံခင်) ယုံကြည်လိုက်တာမျိုးတွေဟာလည်း confirmation bias ပါပဲ။ 


ဆရာဝန်တွေမှာလည်း confirmation biase တွေ ရှိတတ်တယ်လို့ ဖတ်ဖူးတယ်။ အဲဒါဆိုရင်တော့ လူနာဟာ သေဖို့သာ ပြင်ပေတော့။ symptoms လေးတွေ နည်းနည်းဆင်နေတာနဲ့ သူတို့ စိတ်စွဲနေတဲ့ ရောဂါထင်ပြီး ဆေးတွေ လျှောက်ပေးလိုက်မိရော။ (ဥပမာ အချက်အလက်မစုံသေးခင်၊ biopsy result တွေ မရသေးခင်မှာပေါ့)။ Confirmation bias ဟာ Cognitive bias ထဲက အမျိုးအစားတစ်မျိုးပါ။


စိတ်ကျန်းမာရေး ချို့တဲ့သူ တစ်ယောက် မူမမှန် ဖြစ်နေတာကို ပယောဂ ဆရာဆီ သွားပြလို့ကတော့ ကြိမ်လုံးနဲ့ အဆော်ခံရမှာပဲ။ ဘာလာလာ မကောင်းဆိုးဝါး ဝင်ပူးနေတယ်ပဲ ပြောမှာ။ စိတ်ကျန်းမာရေး ချို့တဲ့ရင် Ko Ko Zaw တို့လို စိတ်ရောဂါ အထူးကု ဆရာဝန်တွေဆီ သွားပါ။ ဒါတောင်၊ စိတ်ရောဂါ ဆရာဝန်တွေဟာ လူတွေကို ဘယ်သူ့ဖြစ်ဖြစ် စိတ်ကျန်းမာရေး ချို့တဲ့နေတယ်လို့ ထင်တတ်ကြတယ် ဆိုတဲ့ ဟာသက ရှိသေး။ သူတို့လည်း သူတို့ အစွဲနဲ့ သူတို့ဆိုတော့ အလကားနေရင်း အရူး အထင်ခံနေရမယ်။ 😃 (စတာပါ။ အဲဒီဟာသက မမှန်ပါဘူူး။ သိပ္ပံသမားတွေမှာ စည်းစနစ် ရှိပါတယ်။ တခါတလေ သတိလက်လွတ် သွားတဲ့ အခါမျိုးမှာသာ confirmation bias ဖြစ်ပြီး ဆရာဝန်တွေဟာ လူနာတွေကို ဆေးတလွဲ ပေးမိကြတာ)


တကယ်ပြောချင်တာက အခုမှ လာပြီ။ Confirmation bias ကြောင့် ကရုဏာသက်စရာ ဖြစ်ရတဲ့ သူငယ်ချင်း တစ်ယောက်အကြောင်း။ ကျွန်တော် သူ့အကြောင်း တစ်ခါ ရေးဖူးတယ်။ ယန်းပေါဆတ် နာမည်နဲ့ ခပ်ဆင်ဆင် ရမ်းပေါမြတ်လို့ ကျွန်တော် ချစ်စနိုး နာမည်ပေးထားတဲ့ သူငယ်ချင်း အကြောင်း။ သူ့ confirmation bias က ကျ ဒီလို။ ကောင်မလေးတွေက ခင်မင်လို့၊ အတန်းဖော်မို့၊ တစ်ကျောင်းတည်းကမို့ ပြုံးပြရင်၊ နှှုတ်ဆက်ရင်၊ နည်းနည်း စလိုက်နောက်လိုက် လုပ်ရင် သူ့ကို ကြိုက်တယ်ထင်သွားရော။ အချက်အလက်တွေကို သူလိုချင်သလို ဘာသာပြန်ပစ်လိုက်တာလေ။ သူ့ကို ကြွေနေပြီ ဆိုပြီး ဘာသာပြန်ပစ်လိုက်တာ။ Civil က queen ကပဲ သူ့ကို ကြိုက်နေသလိုလို၊ သန္ဓာလှှိုင်နဲ့ တူတဲ့ ကလားမ လေးကပဲ သူ့ ကြိုက်နေသလိုလိုတွေနဲ့ illusion တွေ ဖြစ်လာပြီး တလွဲတွေ တုံ့ပြန်ရော။ ဒီတော့ ကျောင်းမှာ ဖွန်ကြောင်ကြီး အဖြစ် နာမည်ကြီးသွားတာပေါ့။ ဘယ်ကောင်မလေးမှ နှှုတ်မဆက်ရဲတော့တဲ့ အဖြစ်။ ပိုဆိုးတာက ဆယ်တန်းအရွယ် တပည့်မလေးတွေကို သူ အင်္ဂလိပ်စာ သင်ပေးရတဲ့အခါမှာ အဲဒီတပည့်မလေးတွေက သူ့ကို ကြိုက်တယ်လို့ သူက illusion ဖြစ်လာပုံရတယ်။ အဲဒီမှာတော့ သူက ကျင့်ဝတ်ကို ထိန်းရှာပါတယ်။ ဆရာကောင်း ပီသတယ်။ အစွန်းအထင်း ဘာမှ မရှိ။ ကွယ်ရာမှာတော့ နှလုံးသားကို ထိန်းချုပ်ပြီး တစ်ဘက်သတ် အသည်းတွေကွဲပြီး ဝီစကီတွေ ခြောက်လလောက် သောက်ရသတဲ့။ တပည့်မလေးကို အပြင်မှာ အဝေးကနေ လှမ်းတွေ့တဲ့အခါ အသည်းကွဲစိတ်နဲ့ အသားတွေတောင် တစ်ဆတ်ဆတ် တုန်သတဲ့။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးမယ့် confirmation bias ပါလား။ 

ဒီတော့ confirmation bias က လူတိုင်း မကင်းနိုင်ဘူူး ဆိုပေမဲ့ ကိုယ့်ကိုယ်ကို ဒုက္ခပေးတဲ့ အဆင့်ထိ မဖြစ်ပါစေနဲ့လို့။ 😃

(ကောင်းကင်ကို)

Thursday, September 6, 2018

ဗုဒ္ဓနုဿတိ

Miracle ဆိုတာ ကောင်းကင်ပေါ် ဈာန်ပျံနိုင်မှ မဟုတ်။ ကိုယ်ခန္ဓာကို မုန်ညင်းစေ့လောက် သေးပြနိုင်မှ မဟုတ်။ Miracle ဆိုတာက သာမန်လူတွေ မချစ်နိုင်တာကို ချစ်နိုင်တာမျိုး၊ သာမန်လူတွေ ခွင့်မလွှတ်နိုင်တာကို ခွင့်လွှတ်နိုင်တာမျိုးကလည်း Miracle ပဲ။ ချစ်ခြင်းတွေ၊ ခွင့်လွှတ်ခြင်းတွေမှာ လောကကို တောက်ပစေနိုင်တဲ့ အတိုင်းအဆမဲ့ အလင်းရောင်ခြည်တွေ ရှိနေတယ်လေ။ ဒါကြောင့် ကျွန်တော် ကဗျာလေး တစ်ပိုဒ်ရေးဖြစ်ခဲ့တယ်။ 

Miracle ဆိုတာ 

တန်ခိုးတော်ဈာန် အစွမ်းအစနဲ့ 
မိုးပေါ်ပျံသန်းပြမှ မဟုတ်။ 

လုပ်ကြံလာသူကိုတောင်... 
ဗုဒ္ဓက အတားအဆီးမဲ့ အစွမ်းမြူ မနောအားနဲ့ 
သားသမီးနဲ့ တန်းတူ သဘောထားပြီး ချစ်နိုင်တာမျိုး။ 

 (ကောင်းကင်ကို) - ၂၀၁၈ ခုနှစ် စက်တင်ဘာ ၆ 

 Facebook ပေါ်က post ကို back date နဲ့ blog ပေါ် ပြန်တင်တာပါ။

Tuesday, April 17, 2018

နှစ်သစ်ဆုတောင်း

အမှားပို လက်နဲ့
ဘုရားကို ဝှက်ခဲ့သူတွေ
အများကို ရှက်ကာ
တရားကို မျက်နှာမူပါစေ။

 (ကောင်းကင်ကို)