Thursday, June 13, 2013

ဟောရခက်တဲ့ လက္ခဏာ

(၁)

“ငါ”ဆိုတာ မရှိဘူးလို့ ပြောသူတွေ ထဲမှာ
 “ငါတို့” အတွက် “သူတို့” ကို ရှင်းပစ်ရမယ် ဆိုသူတွေလည်း ပါတယ်။

ကိုယ်ဝန်ဖျက်ချခွင့်ကို ဆန့်ကျင်ခဲ့သူတွေထဲမှာ
သုံးယောက်မြောက် ကလေးငယ်ကို လူစာရင်း မသွင်းချင်သူတွေလည်း ပါတယ်။

လမ်းပေါ်ကခွေးလေးကို သနားတဲ့ သူတွေထဲမှာ
ကလေးတွေ သတ်ခံရတာကို ဝမ်းသာတဲ့သူတွေလည်း ပါတယ်။

ဂုဏ်တော်တွေကို code လုပ်နေတဲ့ လူအုပ်ကြီးထဲမှာ
မြို့ပျက်ကြီး တခုလည်း ပါတယ်။

(၂)

မျက်မမြင် တွေထဲမှာ
ဧဝရက်ကို အောင်နိုင်သူလည်း ပါတယ်။

နားမကြားတွေထဲမှာ
ဂီတ ဘုရားတပါးလည်း ပါတယ်။

တိရစ္ဆာန်တွေထဲမှာတောင်
ကမ္ဘာကျော်တွေ ပါတယ်။

ဆေးစွဲနေသူတွေထဲမှာတောင်
ငါတို့ ဦးညွတ်သင့်သူတွေ ပါတယ်။

 ကောင်းကင်ကို (ဇွန် ၁၃၊ ၂၀၁၃)

4 comments:

မိုးနတ်ကြယ်စင် said...

မိုက်စ် ပါ ဘရို ...:)

ဝိမွန် said...

တကယ် ဟောရခက်ပါတယ်လေ

Ko Zey said...

ကြိုက်လို့ Share ပါတယ်ဗျို့ :)

နွေတေးရှင် (မင်းဧရာ) said...

သိပ်ကောင်းတဲ့ ကဗျာ လေးဗျာ
ရာသီစာပေါ့ ။