ခြောက်ကပ်ပြီး ပတ်ကြားအက်နေတဲ့
ငါ့နှလုံးသာ ဥယျာဉ်မှာ
ကန္တာရတွေ အဆုပ်လိုက် ပွင့် နေတယ်။
ညပေါင်း တသောင်းကျော်စောင့်တာတောင်
ငါမျှော်နေတဲ့ လမင်းက
အခုထိ မသာဘူး။
ငါဟာ
အချစ်ရဲ့ ပွင့်ချပ်တွေနဲ့ 
ငါ့လှေငယ်မှာ ရွက်တပ်ချင်လို့ 
စောင့်နေတဲ့သူပါ။
ခြေလှမ်းတလှမ်းလှမ်းလိုက်တိုင်း
အထီးကျန်မှုဟာ
ငါ့နောက်က တကောက်ကောက်လိုက်လာတယ်။
သြော်…
ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်
ခိုစရာမြေပြင်ရှိသေးတယ်၊
ဝေဒနာနဲ့ နှစ်ရက်တွေမှာငါ
ငိုစရာရင်ခွင် မရှိဘူး။
ကံကြမ္မာက အတင်းပစ်ချလိုက်တဲ့တိုက်ပွဲမှာကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်
ခိုစရာမြေပြင်ရှိသေးတယ်၊
ဝေဒနာနဲ့ နှစ်ရက်တွေမှာငါ
ငိုစရာရင်ခွင် မရှိဘူး။
လောကဓံရဲ့  လက်သီးချက်တွေနဲ့ 
ဘဝက ခဏခဏ ကွဲတယ်။
ဒဏ်ရာဒဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့သွေးတွေကို
အကြင်နာလက်တွေနဲ့ 
ဘယ်သူလာ ဆေးထည့်ပေးပါ့မလဲ။
သြော်…ငါ့ပါးနှစ်ဘက်ကမ်းခြေမှာ
အားတက်စေမဲ့ “အနမ်းလှေ” ဟာ
ဘယ်အချိန်လာရောက် ဆိုက်ကပ်လေမလဲ။
ကောင်းကင်ကို
မှတ်ချက်။ ပဉ္စမမြောက်အပိုဒ် “ကြွေရှာတဲ့ သစ်ရွက်တွေ….” ကို ကျွန်တော့်ရဲ့ တခြားကဗျာထဲကနေ ဆီလျော်လို့ ပြန်ယူသုံးထားပါတယ်။