Friday, August 21, 2015

ဂုဏ်


ဦးချစ်မောင်နဲ့
မျက်မှန်ပါတာချင်းတူတယ်။
အိုးဝေဦးညိုမြနဲ့
စကားကို လေးလုံးကွဲအောင် မပြောတတ်တာချင်းတူတယ်။

အိုင်းစတိုင်းနဲ့
ခေါင်းမဖြီးတာချင်းတူတယ်။
ဒဂုန်တာရာနဲ့
မေ့တတ်တာချင်းတူတယ်။

ရွှေဥဒေါင်းနဲ့
မွေးနေ့ချင်းတူတယ်။
ဝိန်းရွန်နီနဲ့လည်း
မွေးနေ့ချင်းတူတယ်။
ဗိုလ်ချုပ်အောင်ဆန်းထက်တော့ နည်းနည်းသာတယ်။

သူက စက်ဘီးမစီးတတ်ဘူး။
ကျွန်တော်က နောက်ကလူတင်ပြီး စက်ဘီးမစီးတတ်ဘူး။
ကောင်းကင်ကို (သြဂုတ် ၂၁ - ၂၀၁၅)

အတ္ထုပ္ပတ္တိတွေ ဖတ်ရင်း ကြံဖန် ဂုဏ်ယူခဲ့ရတာတွေပါ။ :D

No comments: