Friday, May 11, 2012

သူချစ်တဲ့သူနဲ့ နမ်းပါစေ


သူတို့ ကြွားဝါချင်တဲ့ က္ကုတ္ထိယအလှနဲ့
လူတွေ လိုအပ်နေတဲ့ နေပျော်မှုက
အသက် ၁၆နှစ် ကျော်နေပြီမို့
အားလုံး ရင့်ကျက်နေပြီ။

ဒါ မြန်မာမဆန်ဘူးလို့ သူပြောတဲ့အခါ
လူသားဆန်တယ်လို့ ငါကပြောတော့
သူ့ ဝံပုလွေ ပါးစပ်
Fuse ပြတ်သလို ဖြစ်ခဲ့ရပေါ့။

သူတို့ သွယ်လျဖြူဝင်း ပေါင်သားမှာ
ကျွန်တံဆိပ် အမှတ်အသားတွေ ပါနေလို့လား?
ခေတ်မှာပွင့်တဲ့ပန်းတွေ
ခေတ်နဲ့အညီ လန်းပါစေ။

သူ့နှုတ်ခမ်းဟာလည်း
နိုင်ငံတော်ပိုင် မဟုတ်တာမို့
သူချစ်တဲ့သူနဲ့ နမ်းပါစေ။
(ကောင်းကင်ကို)

1 comment:

မိုးယံ said...

အေးလေ သူ့ပါးစပ်နဲ့ သူနမ်းတာ... ပြတ်ကျသွားပါစေ နမ်းပါစေပေါ့...အမျိုးဘာသာတွေ ဘာတွေ ထည့်တွက်ရင်စိတ်ပျက်စရ...အဲ....ထည့်မတွက်ရင်လဲ စိတ်ပျက်စရာပဲဗျာ... ဟီဟိ