Saturday, September 24, 2011

အမြိုက်

လောက နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့
ဓမ္မရေစီးကြောင်းထဲက
ဘဝနေနည်းကောင်းတွေတောင် မလိုတော့ဘူး။

ချစ်သူ့မျက်နှာ ချောကဗျာအလှက
ကျနော့်အတွက် အိုအေစစ် ကောဌာသပေါ့
သူ့သဏ္ဍန်ကို အထပ်ထပ်ရှု
အေးမြတဲ့ မီးတောက်လေးကိုပဲ အဖော်ပြုမယ်။
(ကောင်းကင်ကို)

5 comments:

မိုးယံ said...

အဲဒါပဲကောင်းတာပါပဲ။

ပြည်ကောင်းအောင် said...

အေးမြတဲ့ မီးတောက်တဲ့လား..း))

Anonymous said...

မီးလှုံခြင်းနဲ့ အချမ်းဖြေကြတာ
လူသားတွေရဲ့ အလုပ်များလာ သိပါဘူးဗျာ...


bbq

စံပယ်ချို said...

အမလေး အေးမြတဲ့မီးတောက်ရှိသေးလား...
အင်းဒါလဲ ကောင်းတာပါပဲလေ....
ကိုယ့်စိတ်ထဲမှာအေးနေတော့လဲ
မီးတောက်တောင်အေးသွားရတာပဲနော်...
အော် အချစ်အချစ်....
ခင်တဲ့ jasmine

မဒမ်ကိုး said...

ဒါလဲတမျိုးကောင်းတာပါပဲ
အေးတဲ့မီးတောက်လေးနဲ့ အမြဲ အဖော်ပြုနေနိုင်ပါစေ

ခင်တဲ့

မဒိုးကန်