Thursday, April 21, 2011

မပြောင်းလဲသော အပြောင်းအလဲများ

ကစားနေကျ ကစားကွက်ကလည်း
မှားနေကျ အမှားတဝက်နဲ့မို့
အလုပ်မဖြစ်။

အကြံသစ်တွေကလည်း
ခံစစ်လို့တောင် မခေါ်ထိုက်တာမို့
အလုပ်မဖြစ်။

ပုံပြင်ထဲမှာတော့
ထင်းစည်းဆိုရင် ချိုးဖို့ မလွယ်ဘူးတဲ့။
တစ်…နှစ်…သုံး…လေး
ရေကြည့်ဖို့တော့ အချိန်တော်တော်ပေးရလိမ့်မယ်။
ဒါပေမယ့် ထင်ချောင်းတွေလား ထင်စည်းတခုလား
ကိုယ့်မေးခွန်း ကိုယ်မဖြေတတ်တော့ လောက်အောင်ကို
ဘာမှ အလုပ်မဖြစ်။

ဒီလိုနဲ့ ဘဝတွေက
ရှုံးခြင်းမှာ အသားကျ
သြော်…ကုန်းဆင်းမှာတောင် မနားရတော့။
ကောင်းကင်ကို

5 comments:

မိုးယံ said...

ပုံပြင်ထဲမှာတော့ ထင်းစည်းဆိုရင် ချိုးဖို့ မလွယ်ဘူးတဲ့

(တစ်ကယ့် အပြင်မှာ ကျတော့... )

Unknown said...

တော်တော်လေးကို ကောင်းပါတယ်

yinminkhine said...

ဒီလိုနဲ့ ဘဝတွေက
ရှုံးခြင်းမှာ အသားကျ
သြော်…ကုန်းဆင်းမှာတောင် မနားရတော့။
ရှုံးပြီးရင်း ရှုံးနေကြ

မိုးဇက် said...

ိုရိုက်ချက်ကပြင်းတယ် ကိုကောင်းကင်ကို ။ သိပ်ကောင်းတယ်ဗျာ ။ အားပေးလျှက်ပါ ။

ဟန်ကြည် said...

ကောင်းလိုက်တဲ့နဘေ...ရင်ထဲကို ဒိုင်းခနဲရောက်တယ်ဗျာ...တစိမ့်ချင်းလေး ပြန်ထုတ်ပြီး ခံစားယူရတယ်...