Friday, October 15, 2010

ဆန္ဒ

မျက်မမြင်တယောက်က
နောက်မျက်မမြင်တယောက်ကို
‘မင်းရှေ့မှာ ချောက်’ လို့ ခြောက်တယ်၊
ဟိုကလည်း မကြောက်
သူကြားဖူးတဲ့ ချောက် မဟုတ်လို့။

မလိမ်ညာဖို့ ဆုံးမနေတဲ့ အရာတွေ ကိုယ်၌မှာ
ဘာလို့မုသားတွေ ပါနေရတာလဲ။

မြေပြင်မှာသာ ပါးစပ်ရှိရင်
ခုခေတ်လူတွေကို ပြောချင်လိမ့်မယ်။
“မွေးစားနီတိ” နည်းနည်းပါးပါးနဲ့
ရှေးခေတ် ကိုယ်ရည်သွေး ကြော်ညာတွေကို
မင်းတို့ဘာလို့ ယုံကြတာလဲ။

ဘုရားသခင် မပါတဲ့
ကျနော့် အိပ်မက်ထဲက Judgement Day မှာ
ပဒေသရာဇ်ခေတ်က ပညာရှိ အရိုးစုတွေ ပြန်ထ
အိုင်တီခေတ်ရဲ့ အံကြိတ်ငြင်းနေတဲ့ လူတွေကို ရယ်ကြတယ်။
မင်းတို့ တကယ့် ‘ငအ’ တွေတဲ့။

ကျနော်လား
ဖြစ်နိုင်ရင်တော့
ဘုရားသခင် လက်ထဲက လက်နက်ကို ပြန်လုချင်တယ်။

ကောင်းကင်ကို
(၂၀၁၁ သြဂုတ် ၂၆ မှာ ခေါင်းစဉ်နဲ့ စာသားနည်းနည်း ပြန်ပြောင်းလိုက်ပါတယ်)

10 comments:

Anonymous said...

သေနပ်လုပြီး ဆူးနဲ့စိုက်လုပ်ကြံမို့လား။ :)

ဖြိုးအောင် said...

မလိမ်ညာဖို့ ဆုံးမနေတဲ့ အရာတွေ ကိုယ်၌မှာ
ဘာလို့မုသားတွေ ပါနေရတာလဲ။

အဲ့ဒီစာသားလေးက တကယ်ပဲ ရင်ကိုတိုက်ရိုက်လာထိတယ်ဗျာ။

Unknown said...

ဒီလိုနဲ့ ပဒေသရာဇ်ခေတ်က အာဂအရိုးစုတွေ ပြန်ထ
အိုင်တီခေတ်ရဲ့ အံကြိတ်ငြင်းနေတဲ့ လူတွေကို ရယ်ကြတယ်။
မင်းတို့ တကယ့် ‘ငအ’ တွေတဲ့။
very good!

Unknown said...

ဒီလိုနဲ့ ပဒေသရာဇ်ခေတ်က အာဂအရိုးစုတွေ ပြန်ထ
အိုင်တီခေတ်ရဲ့ အံကြိတ်ငြင်းနေတဲ့ လူတွေကို ရယ်ကြတယ်။
မင်းတို့ တကယ့် ‘ငအ’ တွေတဲ့။
good!

အုပ်ကြီး said...

ဟေ့ ကိုယ့်လူ ..
မင်းရှေ့ မှာချောက် ...
(ကျွန်တော်လည်း မျက်မမြင်တစ်ယောက်ပါ)..

Anonymous said...

အဲဒီလိုပဲသေနတ်မက၊ရရာအာနာတွေကိုခေတ္တခဏ
လောက်လိုခြင်လိုက်တာ၊မြန်မာပြည်မှာဖြစ်ပျက်နေတဲ့
ကိစ္စအ၀၀ကိုဖြေရှင်းပေးပြီးရင်ပြန်ပေးပါ့မယ်လို့ 

Anonymous said...

လူတွေကကိုယ့်ကိုကိုယ်အထင်ကြီးတတ်တဲ့ရောဂါတွေရှိ
နေကြပါတယ်။ကျွန်တော်လဲဒီပုတ်ထဲကဒီပဲ၊ဟိုပဲလို့ ပဲထင်တာပဲ။ကဗျာတွေအရမ်းကောင်းတယ်၊ဆက်လက်
ပြီးတော့....အအအအအ...အအအာာာာာားးးး....ပေး.
လေထိုးပေးးးး.အဲ..........ပေးနေမယ်နော်.ကကက....
နော်...နော်....

Anonymous said...

ကျွန်တော်လဲဒီပုတ်ထဲကဒီပဲ....ဟိုပဲလို့ ထင်တာပဲ......
ကဗျာတွေအရမ်းကောင်းတယ်....ဆက်လက်အားပေး
လေ ထိုးပေးနေမယ်၊ဒီထက်ပိန်သွားမှာစိုးရိမ်လို့ 

Anonymous said...

uuuuuကကျွန်တော်လဲဒီပုတ်ထဲက ..

Black said...

ဘယ်လိုကောင်းမှန်းမသိတဲ့ကဗျာတွေက
ဘယ်လိုခံစားရမှန်းမသိအောင် နှလုံးသားမှာရှပ်တိုက်သွားလိုက်တာ
ကောင်းကင်ကိုရေ
ဟောဒီဘယ်လိုမှန်းမသိတဲ့အရာတစ်ခု တရွတ်ဆွဲပီးပါလာတာကို
လိုက်သာကြည့်ပေတော့ ။ ။
www.mosesblack.blogspot.com