Friday, August 20, 2010

Hallucination

သစ်သီးတွေကို ချိုတယ်ထင်တော့
သစ်သီး အခွံတွေက ဟားတိုက်တယ်။

ဂီတသံကို သာယာတယ် ထင်တော့
နားလေးသူတွေက ဟားတိုက်တယ်။

ဘုရားကျောင်းကန်တွေ တန်ခိုးရှိတယ် ထင်တော့
ငလျင်တွေက ဟားတိုက်တယ်။

ကောင်းကင်ဘုံတဲ့၊ အထက်အရပ်၌တဲ့
လုံးနေတဲ့ကမ္ဘာက ဟားတိုက်တယ်။

အစွဲအလမ်းတွေက သစ်ပင်တွေပေါ့
မိရိုးဖလာတွေကို ပုဆိန်တွေအဖြစ် အာရုံမှားခဲ့တယ်။

သြော်...သစ်ပင်ကို ခုတ်ရမယ့် ပုဆိန်တွေ
သစ်ပင်မှာ လာစိုက်နေခဲ့။
ကောင်းကင်ကို

5 comments:

Anonymous said...

အင်း ခက်တော့ခက်တယ် ကိုကောင်းရေ


လေးစားစွာဖြင့် 


အမမိုညေ

အယ်ကဟော် said...

'' အစွဲအလမ်းတွေက သစ်ပင်တွေပေါ့
မိရိုးဖလာတွေကို ပုဆိန်တွေအဖြစ် အာရုံမှားခဲ့တယ်။

သြော်...သစ်ပင်ကို ခုတ်ရမယ့် ပုဆိန်တွေ
သစ်ပင်မှာ လာစိုက်နေခဲ့။ ''

လူတွေက ပညာတတ်ပြီးတော့ အတွေးအခေါ်တွေက ဘက်လိုက်နေကြတယ်၊ ဟိုဘက်ဒီဘက်ကို မကြည်တတ်ဘူး၊ အစ်ကို ကဗျာက အဲလိုလူတွေကို
အဟ အဟ အဟ

ကောင်းမွန်ဝင်း said...

ဖတ်လိုက်ရတယ်။

အကြားချို့ယွင်း
အမြင်မှားခြင်း
ချင်ခြင်းအရသာ
ဖြစ်ရှိမှုလစ်ဟာ
အလွဲတွေကို စွဲ
အစွဲတွေကြောင့် ကွဲ

မြုပ်ဝင်လေသည့် ပုဆိန်
နှုတ်ထွင်ချိန်မရမချင်း

ပြန်ယူနေချင်သေးတယ်
ဟော်လူဇနေးရှင်း ရဲ့ အရှိန်။ ။

mama said...

အစွဲအလမ်းတွေက သစ်ပင်တွေပေါ့
မိရိုးဖလာတွေကို ပုဆိန်တွေအဖြစ် အာရုံမှားခဲ့တယ်။

သြော်...သစ်ပင်ကို ခုတ်ရမယ့် ပုဆိန်တွေ
သစ်ပင်မှာ လာစိုက်နေခဲ့။

မိရိုးဖလာအစွဲအလမ်းတွေမစွန့်လွှတ်နိုင်ကျဘူး
ယုံကြည်မှုမှားတာတွေ ကိုးကွယ်နေကျတယ်

ဘုရားစင်ပေါ်
နတ်ရုတ်ထု
ရောက်နေသလိုပေါ့။
ပြောတာတော့ဘုရားမှ
တစ်ပါးကိုးကွယ်စရာမရှိတဲ့။
ဘုရားဘေးထားကိုးကွယ်နေကျတာပါ

နတ်ဘီလူးတွေကို
ကိုးကွယ်မှားနေတာလေ

liberty said...

စုတ်ချက်ကတော့ရဲလှသဗျာ။
တော်လှန်တဲ့ အတွေးတွေက အမှန်တရားဆီ ကမူးရှူးထိုးပြေးနေတယ်။
ကိုကောင်းကင်ရေ ဖြည်းဖြည်းလုပ်ပါဗျာ။
လမ်းမှားပေါ်ကလူတွေ ဆင်းပြေးချိန်မရတော့မှာစိုးလို့ပါ။
တွဲခေါ်ကြတာပေါ့ဗျာနော်။
သံစဉ်တွေထဲ အမှန်တရားတွေမြဲမြဲနဲ့။