Tuesday, October 6, 2009

အရွေ့ 

ဘာသာတရားတွေဟာ
နားခိုသူတွေကို အရိပ်ပေးနိုင်ဖို့ 
အမှန်တရားဆိုတဲ့ နေမင်းကို
ခေါင်းပေါ်တည့်တည့်ကနေ
ခပ်လှမ်းလှမ်းကို ရွှေ့ ထားလိုက်ကြတယ်။
ကောင်းကင်ကို

15 comments:

ခရေညို said...

အရွေ့ " ကိုဖတ်ပြီး ရွေ့ သွားပြီ ကိုကောင်းကင်ရေ

စိမ်း... said...

မျက်ကန်းအယူဝါဒများ...

win latt said...

အကိုရေ...
နည်းနည်းလေးပြန်စဉ်းစားဦးနော်...
ကိုယ်ပိုင်အယူအဆ သဘောတရားနဲ့
ထေရဝါဒ
တော်ကြာ ...အမှန်တရားဆိုတဲ့နေမင်းပါ.. ငရဲကြီးနေပါဦးမယ်...။

Anonymous said...

ခံစားနားလည်ပုံချင်း မတူညီတာထက်
ဘာသာတရားမှာ ယုံကြည်သက်ဝင်ပုံချင်း
တနည်း...
ဗုဒ္ဓ၏ အတုမရှိဂုဏ်ရည်ချင်းနှိုင်းယှဉ်တာဟာ
အပြစ်တစ်စုံတစ်ရာမဖြစ်စေဖို့သာ လိုတာပါ...။
ခင်မင်လျှက်
သုခီအတ္တာနံ ပ၇ိဟရတ္တု...။

Anonymous said...

ခံစားနားလည်ပုံချင်း မတူညီတာထက်
ဘာသာတရားမှာ ယုံကြည်သက်ဝင်ပုံချင်း
တနည်း...
ဗုဒ္ဓ၏ အတုမရှိဂုဏ်ရည်ချင်းနှိုင်းယှဉ်တာဟာ
အပြစ်တစ်စုံတစ်ရာမဖြစ်စေဖို့သာ လိုတာပါ...။
ခင်မင်လျှက်
သုခီအတ္တာနံ ပ၇ိဟရန္တု...။

Beauty Studio USA Branded Store said...

အကိုကဗျာလေးတွေက ကောင်းလွန်းတော့ ရင်ထဲတစ်ခုခုတော့ ကျန်ခဲ့တယ်။အရင်က လာဖတ်ပေမယ့် လင့်ရော၊ မာန့်တာပါမလုပ်ခဲ့မိဘူး။အခုလင့်လဲယူထားလိုက်တယ်နော် အကိုရေ။ခွင့်ပြုပါ။ကျွန်တော်ရေးထားတဲ့ နေဝန်းထွက်ရာမြေသို့ (၂)ကိုလဲ လာအားပေးပါဦးခင်ဗျာ။
http://chanlinnay.blogspot.com/

အိုင်လွယ်ပန် said...

အမှန်တရား နဲ့ သက်ဝင်ယုံကြည်ခြင်းဆိုတာ
ကိုယ့်ရဲ့ တည်နေတဲ့ စိတ်ထဲမှာ
သေချာတာ
ဘုရားသခင်ဆိုတာမရှိရင် လူတွေ မကောင်းမှုတွေ ပိုလုပ်ဖြစ်တော့မှာ :)
မရောက်ဖြစ်တာကြာပြီ အစ်ကို ..
ကောင်းသောနေ့ပါဗျာ :)

မောင်နွေသစ် said...

အကိုရေ...ကဗျာလေးလာခံစားသွားပါတယ်..။

ကျော်ညိုသွေး said...

ဟုတ်တယ်အကို ယုံကြည်မှု့တိုင်းမှာ အစွန်းရောက်သဘောတရားတွေပါနေတယ်။
အလယ်အလတ်လမ်းစဉ်က မှ တစ်ကယ်ဖြစ်သင့်တာ။

ဆောင်းယွန်းလ said...

တွေးစရာကောင်းကောင်းပေးထားတဲ့ ကဗျာလေးပါဘဲညီလေးရေ...
တဂ်ပို့စ်အတွက် အေးအေးဆေးဆေးပေါ့ညီလေးရာ..
ပြီးရင်သာ သံချောင်းခေါက်လိုက်

စိုင်းလောဝ်ပိန်း said...

အကိုရေ... အရွေ့လေးဖတ်ပြီး အတွေးပွားသွားတယ်။
စဉ်းစားလေ ဟုတ်လေပဲဗျာ

လင်းနေကို said...

မှန်တယ် အကို...

HRmyanmar said...

ဟုတ်တယ်အကိုရေ အတော်တော် ခပ်လှမ်းလှမ်းကို ရွှေ့ ထားကြတယ်

Angel Shaper said...

အင်းးးးးး လာရွေ့ သွားပါတယ်ဗျာ။။။

Unknown said...

i think Buddhism is not a religion but way of life.The absolute truth is the phenomena of being unstable,trouble n being unable 2 govern.