Friday, February 26, 2010

စီ

အက္ခရာ ၂၆လုံးထဲက C ဆိုတဲ့တလုံး
အမုန်းနဲ့ ဖြုတ်ပစ်လိုက်ချင်တယ်။

C ကို cupid ဖြစ်မယ်ထင်ခဲ့တာ
C က curse တဲ့။

C…အိပ်မက်ဆိုးတွေ တန်းစီနေတယ်။
C…ဘယ်အချိန်မှန်းမသိ ထပေါက်ကွဲနိုင်တဲ့ ဗုံးတလုံး
C…စိတ်နဲ့ ကိုယ်နဲ့ ကြားမှာ ခပ်စိမ်းစိမ်းဖြစ်ရပြီတဲ့။
C…အပျော်မျက်နှာတွေကို ထိုးနှက်လိုက်တဲ့ လက်သီးတလုံး

ရောဂါကူးစက်မှုဟာ
ဖယောင်းတိုင်မီး ကူးသလိုမျိုးမဟုတ်ပဲ
လက်ဆင့်ကမ်း ရွှေ့ ပြောင်းယူလို့ ရကြေးဆိုရင်
ငါ့အသည်းက
ပိုးမွှားတွေကို မွေးမြူပေးဖို့ အသင့်။

ချစ်သူရေ
ဘာမှမကျိန်းသေတဲ့လောကကြီးထဲမှာ
မှန်းထားတဲ့အိပ်မက်ရက်တွေ မရောက်မီ
ငါကြွေပြီး မင်းနေကောင်းသွားခဲ့ရင်
သံယောဇဉ် တနွယ်ထပ်ပျိုး
ပိုလုံခြုံမယ့် ထီးကိုမိုးလိုက်ပါ။

မင်းကြွေသွားရင်တော့
ငါ့ကလောင်မှာ နှလုံးသွေးတွေဆိုး
မင်းရဲ့ အရိုးနဲ့ ငါလက်မှတ်ထိုးမယ်။
ကောင်းကင်ကို

Happy Birthday, my dear

Wednesday, February 24, 2010

ဧည့်သည်

ပျော်ရွှင်ကြည်နူးနေပြီဆို
အချိန်တွေက အပြေးသန်တယ်။

ဒီလိုနဲ့ 
ရွှေရောင်နေ့ရက်တို့  ခဏတာ နောက်
တစ္ဆေတကောင်ပြေးတက် တံခါးလာခေါက်တယ်။

နှစ်ထပ်မှာ arrivals
လေးထပ်မှာ depatures တဲ့။
ဒီလေဆိပ်မှာ
နတ်ပြည်နဲ့ ငရဲက
နှစ်ထပ်ပဲခြားတယ်။

ဝေးရတော့မယ်….
မှေးစက်ချင်တဲ့ ပုခုံးလေးတွေ၊
ဆေးဘက်ဝင်တဲ့ အပြုံးလေးတွေနဲ့ ဝေးရတော့မယ်။

ငါလွှတ်ပေးလိုက်ရမယ့် လက်ကလေးတွေထဲမှာ
ကမ္ဘာတခုလုံးပါသွားတော့မှာပါလား။

အချိုဆုံးကို စားပြီးစ အခါမှာ
အားလုံးဟာ ခါးသွားသတဲ့။

လွမ်းဆွတ်ခြင်းဓားစက် လက်ချက်နဲ့ 
ရုပ်နဲ့ နာမ် အိုးစားကွဲသွားရတဲ့အခါ....

စိတ်က သူနဲ့လိုက်သွားပြီး
ခန္ဓာကိုယ်က လေဆိပ်ကနေ ပြန်လာရတဲ့အခါ
နေသားကျခဲ့ဖူးတဲ့ ကန္တာရတခုဟာ
နဂိုထက်ပိုခြောက်ခန်းသွားတော့တယ်။
ကောင်းကင်ကို

Thursday, February 18, 2010

ဂျပန်နှင့် စင်ကာပူမှ ကဗျာစာအုပ်ကို အားပေးလိုသူများ

ဂျပန်နဲ့ စင်ကာပူမှာ ကျနော့် ကဗျာစာအုပ်တွေ ရောက်နေပါပြီ။ ဂျပန်မှ ကဗျာစာအုပ်ကို အားပေးလိုသူများ kantkawoo11@gmail.com သို့ ဆက်သွယ်ကာ မှာယူအားပေးနိုင်ပါသည်။ စင်ကာပူမှ စာအုပ်မှာယူလိုသူများကတော့ ကျနော့် အီးမေးလ် kaungkinko@gmail.com သို့ ဆက်သွယ်မှာယူနိုင်ပါသည်။ ထိုင်းနိုင်ငံမှ မှာယူလိုသူများလည်းကျနော့် အီးမေးလ်ကို ဆက်သွယ် မှာယူနိုင်ပါသည်။

အလဟဿ

အထူးဖြောင့်နေခဲ့တဲ့လမ်းမှာ
ကိုယ့် အခူးစောင့်နေခဲ့တဲ့ ပန်းကို
အိပ်မက်တခုပြီးမှ
တရေးနိုးအနမ်းနဲ့ 
သွေးတိုးအစမ်း….

ဝင်လာတဲ့အဖြစ်ဆန်းနဲ့ 
ရင်မှာမှည့်အချစ်ပန်းတို့ ကြုံခိုက်
ဝဲလာတဲ့ အခွင့်အလမ်းကို နှလုံးသားနဲ့ ခုန်အတိုက်မှာ
မြားနတ်မောင် ဒိုင်လူကြီးက
အပြစ်လွန်တဲ့သဘောနဲ့ 
အချစ်ကျွံဘောအဖြစ် သတ်မှတ်လိုက်တယ်။
ကောင်းကင်ကို

Wednesday, February 10, 2010

ကဗျာစာအုပ်ထွက်တော့မည်


ကျနော့်ရဲ့ ကဗျာစာအုပ် "မကျွတ်သေးတဲ့ တစ္ဆေ" ကို ဖေဖော်ဝါရီ ၁၃ရက်နေ့ မှာ (ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၅နှစ်ပြည့် မွေးနေ့ အမှတ်တရ အဖြစ်) ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။ ကဗျာစုစုပေါင်း ၅၅ ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့ အခြေစိုက် အလင်းရောင်စာကြည့်တိုက် မှ ထုတ်ဝေပေးတာဖြစ်ပါတယ်။ ကဗျာစာအုပ်ကို အပိုင်းဆယ်ပိုင်း ခွဲထားပါတယ်။

အပိုင်းတစ်…အိပ်မက်ထဲက ခေါင်းဆောင် (ဗိုလ်ချုပ်အောင်ဆန်းအကြောင်း အမှတ်တရ ကဗျာပါ)
အပိုင်းနှစ်…နိုင်ငံရေးကဗျာစု
အပိုင်းသုံး…အမေ့အိမ်ကို လွမ်းဆွတ်မှု ကဗျာစု
အပိုင်းလေး…ရန်ကုန်
အပိုင်းငါး…ရင်ခုန်သံ ငါးဆယ့်လေး (ဒေါ်အောင်ဆန်းစုကြည်အကြောင်း ကဗျာ)
အပိုင်းခြောက်…ဖောက်ထွက်တွေးကြည့်မှု ကဗျာစု
အပိုင်းခုနစ်….ကျောင်းသားဘဝနဲ့ တက္ကသိုလ်
အပိုင်းရှစ်…ပုဂ္ဂလိက ပေါက်ကွဲမှု
အပိုင်းကိုး…အချစ်ကဗျာစု၊ ဘဝကဗျာစု
အပိုင်းတဆယ်…ကဗျာအမြည်း၊စာအမြည်း

မျက်နှာဖုံးဒီဇိုင်းကို ဘလော့ဂါ ကိုအောင်သာငယ်က မေတ္တာဖြင့် ရေးဆွဲပေးထားတာ ဖြစ်ပါတယ်။ ကျောဖုံးနဲ့ အတွင်း ပန်းချီသရုပ်ဖော်ကိုတော့ ကိုအောင်လတ်က ဆွဲပေးထားတာပါ။ စာအုပ်မှာ စာမျက်နှာ စုစုပေါင်း ၁၅၄ မျက်နှာ ပါဝင်ပါတယ်။ အောက်က PDF ဖိုင်ကတော့ အပိုင်းခွဲထားတဲ့ စာမျက်နှာတွေကို ရွေးချယ်ဖော်ပြထားတာ ဖြစ်ပါတယ်။

PageFrom_Final (Ma Kyut Thay Delt Ghost)

မျက်နှာဖုံးကတော့ ကာလာနဲ့ ဖြစ်ပြီး အတွင်းစာမျက်နှာတွေက အဖြူအမည်းနဲ့ ပါ။ စာအုပ်မှာချင်သူတွေ ဆက်သွယ်ရန် ဖုန်းနံပါတ်နဲ့ အီးမေးလ်ကတော့ ကောင်းကင်ကို (0890347167) kaungkinko@gmail.com နဲ့ ကိုစံဂျူး 0894917309 (zawaung24@gmail.com) သို့ ဆက်သွယ်နိုင်ပါတယ်။

Wednesday, February 3, 2010

ヒューマン イコール ヒューマン (လူညီမျှခြင်းလူ) ကျနော်မဖတ်တတ်တဲ့ ကျနော့်ရဲ့ ကဗျာ

ヒューマン イコール ヒューマン (Translated by Ko Nyi Min Htin and Ma Khin Lay Nge)

ビルマの経営者が

ビルマの少年労働者を怒鳴ってるとき

日本のじいちゃんがビルマの子供たちのために寄付を。。。


「顔の」区別が難しい人同士が

市内で内戦を広げてるとき

ドイツの医者がアフリカの患者たちに治療を。。。


本当は、

愛さえあれば

民族が違っても、人種が違っても

俺らは皆、家族。


ある親が我が子を置き去りにしたとき

アンジェリーナジョリが各国の子供を養子として引き取る

僧院が孤児の世話を。。。


本当は、

憐憫(れんびん)の情は魔法だ

親戚じゃなくても

俺らは皆、家族。


愛国者の仮面を被って、ナチスの演説をするな

異なる人種が作る映画は、恋愛が少なく

戦争が多いのはなぜ?


歴史から学んだ事って。。

宝よりゴミを選んで集める

ヒューマンに、片目だけある理由はなぜ?


集団互いが影響を与えようとすれば

地球に残るのは痛みだけ

お互い憎むと。。ハンムラビが世界の神々より

影響力を持つ。


人類は武力を備える事で、自らの勢力を弱めてる

戦争の始まりは誰かの憎しみが原因だ。


分割したい人たちのため血液型「民族」は一千以上、

輸血を必要としている患者のため血液型は四つだけ。

ほら、

母達を見てごらん

愛に目がある。

憎しみというのは

全盲で、苦しいし

霧に包まれてるような。。。

(Translated by Ko Nyi Min Htin and Ma Khin Lay Nge)
(Composed by Kaung Kin Ko)

လူညီမျှခြင်းလူ

မြန်မာအလုပ်ရှင်က
မြန်မာစားပွဲထိုးလေးတွေကို ဆူနေချိန်မှာ
ဂျပန် အဖိုးအိုက
မြန်မာ ကလေးငယ်တွေအတွက် လှူနေတယ်။

ခွဲခြားဖို့ ခက်သူ အချင်းချင်း
‘မြို့ တွင်းစစ်’ ခင်းနေချိန်မှာ
ဂျာမန် ဆရာဝန်က
အာဖရိကန် လူနာတွေကို ကူနေတယ်။

သြော်
မေတ္တာသာကူ
လူမျိုးတူဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။

မိဘတယောက်က ကိုယ့်ရင်သွေးအရင်းကို စွန့် ပစ်လိုက်ချိန်မှာ
ဂျိုလီက နိုင်ငံစုံက ကလေးငယ်တွေကိုမွေးစားတယ်။
ဒုက္ခရောက်နေတဲ့ ကလေးငယ်တယောက်ကို
ဘုန်းကြီးကျောင်း တကျောင်းက ကျွေးထားတယ်။

သြော်
ကရုဏာဆိုတာ…မှော်၊
အမျိုးတော်ဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။

မျိုးချစ်စိတ် အရေခြုံပြီး နာဇီစကားတွေ လာမပြောနဲ့ ။
လူမျိုးကွဲတွေကြားမှာ ဘာကြောင့် အချစ်ကားတွေနည်းပြီး စစ်ကားတွေများနေရတာလဲ။
သမိုင်းသင်ခန်းစာ တချို့က ရတနာတွေထက် အမှိုက်တွေကို ရွေးပြီးစုတယ်။
လူတွေမှာ ဘာအကြောင်းကြောင့် မျက်လုံးတဘက်တည်း ရှိနေရတာလဲ။

တစုကို တစုက လွှမ်းမိုးချင်ရင် ကမ္ဘာမှာ အနာတွေချည်းပဲ ကျန်လိမ့်မယ်။
မုန်းတီးလာကြတဲ့အခါ ဟမ္မူရာဘီက ဘုရားတွေထက်တောင် ပိုသြဇာညောင်းမယ်။
လူသားထုကြီးဟာ လက်နက်တပ်ဆင်ခြင်းအားဖြင့် ကိုယ့်အင်အား ကိုယ်လျှော့နေကြတယ်။
စစ်ပွဲတွေဆိုတာ အမုန်းလက်နက်နဲ့ တယောက်ယောက်ရဲ့  စိတ်ထဲမှာပဲ စတင်တယ်။

ခွဲခြားချင်သူ လူတွေ အတွက်တော့ သွေးအမျိုးပေါင်း ထောင်ချီရှိမယ်။
သွေးလိုနေသူ လူနာအတွက်တော့ သွေးအမျိုးအစား လေးမျိုးတည်းရှိတယ်။
သြော်
မိခင်တွေကိုကြည့်
အချစ်မှာ မျက်စိရှိတယ်။
အမုန်းဆိုတာကတော့
ကြောင်တောင်ကန်းမျက်လုံး
ပူပေမယ့် မြူတွေဖုံးနေတယ်။
ကောင်းကင်ကို

ဘာသာပြန်ပေးတဲ့ ကိုညီမင်းထင်၊ မခင်လေးငယ်နဲ့ ဒီကဗျာကို ရေးဖြစ်အောင် တိုက်တွန်းအားပေးခဲ့တဲ့ အမည်မဖော်လိုသူ အမ တဦးအား ကျေးဇူးအရမ်းတင်မိပါတယ်။

Saturday, January 30, 2010

ရန်ကုန်နွေ

မီးပျက်အမှောင်မှာ
ဇီးကွက်တကောင်...
သြော်... ဒါလာဘ်ကောင်တဲ့။

ကပ်ထားတဲ့စာရွက်ပေါ်ကလို
နေအထွက်မှာ ရွှေခွက်နဲ့ ...ငွေအပြည့်မခပ်နိုင်ရင်နေပါ
နွေရက်မှာ ရေခွက်နဲ့ ...ရေအပြည့်ခပ်နိုင်ရင်တော်ပြီ။
ကောင်းကင်ကို

Friday, January 29, 2010

လူညီမျှခြင်းလူ (English Version)

မခွန်မြလှိုင် ဘာသာပြန်ပေးထားတဲ့ English Version လေးပါ။ မြန်မာလိုနဲ့တွဲပြီး တင်လိုက်ပါတယ်။ မအားလပ်တဲ့ကြားက ဘာသာပြန်ပေးခဲ့တဲ့ မခွန်မြလှိုင်ကို ကျေးဇူးတင်မိပါတယ်။

လူညီမျှခြင်းလူ

မြန်မာအလုပ်ရှင်က
မြန်မာစားပွဲထိုးလေးတွေကို ဆူနေချိန်မှာ
ဂျပန် အဖိုးအိုက
မြန်မာ ကလေးငယ်တွေအတွက် လှူနေတယ်။

ခွဲခြားဖို့ ခက်သူ အချင်းချင်း
‘မြို့ တွင်းစစ်’ ခင်းနေချိန်မှာ
ဂျာမန် ဆရာဝန်က
အာဖရိကန် လူနာတွေကို ကူနေတယ်။

သြော်
မေတ္တာသာကူ
လူမျိုးတူဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။

မိဘတယောက်က ကိုယ့်ရင်သွေးအရင်းကို စွန့် ပစ်လိုက်ချိန်မှာ
ဂျိုလီက နိုင်ငံစုံက ကလေးငယ်တွေကိုမွေးစားတယ်။
ဒုက္ခရောက်နေတဲ့ ကလေးငယ်တယောက်ကို
ဘုန်းကြီးကျောင်း တကျောင်းက ကျွေးထားတယ်။

သြော်
ကရုဏာဆိုတာ…မှော်၊
အမျိုးတော်ဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။

မျိုးချစ်စိတ် အရေခြုံပြီး နာဇီစကားတွေ လာမပြောနဲ့ ။
လူမျိုးကွဲတွေကြားမှာ ဘာကြောင့် အချစ်ကားတွေနည်းပြီး စစ်ကားတွေများနေရတာလဲ။
သမိုင်းသင်ခန်းစာ တချို့က ရတနာတွေထက် အမှိုက်တွေကို ရွေးပြီးစုတယ်။
လူတွေမှာ ဘာအကြောင်းကြောင့် မျက်လုံးတဘက်တည်း ရှိနေရတာလဲ။

တစုကို တစုက လွှမ်းမိုးချင်ရင် ကမ္ဘာမှာ အနာတွေချည်းပဲ ကျန်လိမ့်မယ်။
မုန်းတီးလာကြတဲ့အခါ ဟမ္မူရာဘီက ဘုရားတွေထက်တောင် ပိုသြဇာညောင်းမယ်။
လူသားထုကြီးဟာ လက်နက်တပ်ဆင်ခြင်းအားဖြင့် ကိုယ့်အင်အား ကိုယ်လျှော့နေကြတယ်။
စစ်ပွဲတွေဆိုတာ အမုန်းလက်နက်နဲ့ တယောက်ယောက်ရဲ့  စိတ်ထဲမှာပဲ စတင်တယ်။

ခွဲခြားချင်သူ လူတွေ အတွက်တော့ သွေးအမျိုးပေါင်း ထောင်ချီရှိမယ်။
သွေးလိုနေသူ လူနာအတွက်တော့ သွေးအမျိုးအစား လေးမျိုးတည်းရှိတယ်။
သြော်
မိခင်တွေကိုကြည့်
အချစ်မှာ မျက်စိရှိတယ်။
အမုန်းဆိုတာကတော့
ကြောင်တောင်ကန်းမျက်လုံး
ပူပေမယ့် မြူတွေဖုံးနေတယ်။
ကောင်းကင်ကို

Human = Human (Translated by Khun Mya Hlaing)

while myanmar boss is scolding
to the burmese child-labors
japanese oldie is donating
to the burmese youngsters

during genocidal civil war
between similar ethnics
German doctor is helping
african patiences

Aww
with passionate love
we don't need to be the same race officially
we all are family

while parents threw out their own offspring
Jolie is adopting children of different nations
Monastery is feeding refugees with full of passion

Aww
passion is magic
no need to be relatives
we all are family

Don't talk me nazism
pretending to be nationalism
instead of drama, why war movies are plenty
among the different ethnics
historical lessons are collecting rubbish
rather than jewels
with which reason, human beings have only eye

If one group desires to influence others
the whole world will have scars
If hatreds filled to all,
Hammurabi will influence rather than gods

humanity is reducing their own power
by installing weapons of war
that start with hatred in the mind of one and another

there can be thousand kinds of blood for racism
there only be four kinds of blood for the needing patients
Aww
Loot at the mothers
there are eyes on love
But
being hot, with mist covered
blind eye is hatred.
(Translated by Khun Mya Hlaing)

Tuesday, January 26, 2010

ကွက်လပ်ထဲမှာ

ဒီကဗျာကို ဒီမှာ တင်ခဲ့ဖူးပါတယ်။ ဒီတကြိမ်မှာ ပိုပြီးခံစားနားလည်လွယ်အောင်လို့ ဒီဇိုင်းလေး လုပ်ပြီး တင်လိုက်ပါတယ်။ အောက်ခံ လက်ပုံကို google ကနေ ယူပါတယ်။
ကွက်လပ်ထဲမှာ

လူသန်းပေါင်းများစွာကို
လေးငါးစုတည်းခွဲပြီး
တန်ဖိုးဖြတ်မယ့်ကွက်လပ်
ကျွန်တော့် မျက်လုံးတွေရှေ့ မှာ မတ်တပ်ရပ်နေတယ်။

တကယ်တမ်းကျတော့
ကျွန်တော် ယူထားတဲ့နာမည်နဲ့ 
ခင်ဗျားယူထားတဲ့နာမည်
တူချင်လည်း တူလိမ့်မယ်။
ဒါပေမယ့်
လူတိုင်းလူတိုင်းဟာ
ဘယ်သူနဲ့ မှ မတူတဲ့ ညီမျှခြင်းတစ်ကြောင်း
အဖြစ်အပျက်တွေသာ တစ်စက်ပြီးတစ်စက် လောင်းထည့်ကြည့်လိုက်
ကွဲပြားတဲ့ အဇ္ဈတ္တတွေ ရာနဲ့ ချီပြီး ထွက်လာမယ်။

ဒီမယ်ဒီမယ်
သိုးအုပ်တိုင်းမှာတော့ သိုးမည်းတွေ ရှိကြမှာပဲ။
မျက်မှန်စိမ်းတပ်ပြီးရှာမယ်ဆိုရင်
စကြာင်္ဝဠာတစ်ခုလုံး သိမ်းကျုံးရိုက်နိုင်တဲ့ ဝါးလုံးရှည်ကိုတောင်
အလွယ်တကူရမှာပဲ။

ကျွန်တော့် ခေါင်းထဲမှာလည်း မီးလုံးတစ်လုံးရှိတယ်။
သူ့ ခေါင်းထဲမှာလည်း မီးလုံးတစ်လုံးရှိမယ်။
ကိုယ့်ခေါင်းထဲက မီးလုံးကို ကိုယ်အလင်းဆုံးထင်ကြတာပဲ။
ကိုယ့်မီးလုံးနဲ့ ကိုယ်လင်း၊
သူများမီးလုံးကိုတော့ လာမခွင်းကြေး။

ကိုယ်စီ ခြုံထားတဲ့ အရွက်တွေအောက်က
စိတ်ရင်းဆိုတဲ့ သစ်သီး
မမြင်ဖူးသေးပဲနဲ့ မဖြီးပါနဲ့ ။

ကျွန်တော်တို့ အားလုံး
ကိုယ့်ပေတံကို ကိုယ်စီကိုင်ရင်းက
ငြိမ်းချမ်းရေး သီချင်းကိုတိုင်
အပြစ်မဲ့သူချင်းဆိုရင်တော့ ရွေဘော်ထိုး နိုင်ရမယ်။

ကျွန်တော်ကတော့
ကာလာမသုတ်ကိုပဲ ခေါင်းထဲထည့်ထားတဲ့ကောင်၊
ဘယ်သူ့ ကိုမှတော့ မလှောင်ခဲ့ဘူး။

ကမ္ဘာဆိုတဲ့ ရွာထဲမှာ
ကိုယ့်တဲ ကိုယ်ထိုးရင်း
ကိုယ့်ဖဲကိုယ်ချိုး
ကိုယ့်အသည်း ကိုယ်ပျိုးမယ်။

အိုးတိုင်းက ဗီတာမင်တွေကို
ကျွန်တော်နှစ်သက်သလောက်စီ ကျင်မယ်။
ကြိုက်ရင်တော့ စမ်းသောက်ကြေး
မကြိုက်ရင်တော့ ယမ်းမဖောက်ကြေး။

ကျွန်တော်လား?
အကောင်းမြင်စိတ်ကို ပိုက်တစ်ချောင်းလုပ်
အဆီအနှစ်တွေကို နှလုံးသားနဲ့ လိုက်စုပ်မယ်။
တိမ်တစ်တိုက်လို့ သမုတ်ချင် သမုတ်တော့
ကိုယ့်ဘာသာကိုယ်တော့ ပျံနေတဲ့ငှက် လုပ်မယ်။

ကမ္ဘာကျယ်သလောက် မျက်လုံးတွေလိုက်ကျယ်ချင်တဲ့ကောင်မှာ
ငြိမ်းချမ်းရေး ငှက်တစ်ကောင်လည်း ရှိတယ်။
အဲဒီ့ ငှက်အလိုကျ
အချွန်အတက်တွေကိုလည်း မြိုချထားတယ်။

ကဲ ကဲ…
အတွေးတွေကို စီးကရက်လိုခဲ
မျက်လုံးတွေကို စာရွက်ပေါ်ဆီ ဝဲပြီးတော့
စောင့်နေတဲ့ ကွက်လပ်ထဲမှာ
နာမည်တွေ တွဲပြီး ထည့်ပစ်လိုက်တယ်။
ကောင်းကင်ကို

Wednesday, January 20, 2010

အိပ်မက်ထဲက ခေါင်းဆောင်

ဂန္ဒီ… ၇၆နှစ်၊ ဟို…၅၅နှစ် တို့ နဲ့ ရင်ပေါင်တန်းလို့ 
တို့ နိုင်ငံရဲ့… ဟီးရိုးလက်တောက် ဗိုလ်ချုပ်အောင်ဆန်း
နယ်ချဲ့ စနစ်ကို… မီးခိုးကြွက်လျှောက် ပြိုလှုပ်အောင်စွမ်းခဲ့တယ်။

သူ့ အဖြူရောင် သန့် သန့် အချစ်တွေကို
အမည်းရောင်အောက်ခံခေတ်မှာ
ထင်ဟပ် ကြည့်ခွင့်ရတော့
သမိုင်းတခုဟာ ရင်သပ်ရှုမော။

ကွာတယ်…မိုးနဲ့ မြေလို ကွာတယ်
ကွာတယ်…သူခိုးနဲ့ အဖေလို ကွာတယ်
တံတွေးခွက်ထဲမှာ မျှောရင်း
သွေးကွက်ထဲမှာ တောနင်းလို့ 
သိုက်တူးနေကြတဲ့ သူတွေကြားမှာ…
ဝတ္ထုဇာတ်ကောင်ဆန်ဆန်
ငါးမူးတန်းကနေ ရုပ်ရှင်ကြည့်ခဲ့တဲ့ သူ့ကိုလွမ်းတယ်။

မထူးဆန်းပေမယ့် ထူးဆန်းတယ်။
သူ့ ကြောင့်လွတ်လပ်သွားခဲ့ဖူးတဲ့ နိုင်ငံမှာ
သူ့ ပုံကားချပ်တွေလိုက်ဝေတာဟာ
စွန့် စားပြီးလုပ်ရတဲ့ အလုပ်တဲ့။

မထူးဆန်းပေမယ့် ထူးဆန်းတယ်။
အာဇာနည်နေ့ မှာ
အာဇာနည်တယောက်ပုံပါတဲ့ အင်္ကျီတွေ
အာဇာနည်ကုန်းပေါ် ဝင်ခွင့်မရခဲ့ဘူး။

သြော်…
လွတ်လပ်ခြင်းနဲ့ ဒီမိုကရေစီ
အဖ သွေးနဲ့ စိုက်ခဲ့တဲ့ပန်း
သားတို့ နမ်းခွင့်မရလိုက်ဘူး။
ကောင်းကင်ကို

Friday, January 15, 2010

မှော်စက္ကူ

လူမျိုးတိုင်း ကိုးကွယ်နေကြတဲ့ ဘုံဘုရား
သူရဲကောင်းမျက်နှာနဲ့  အစေခံ
ဘုရားပွဲကအစ စစ်မြေပြင်အဆုံး နေရာအနှံ့ မှာ ရှိတဲ့ သားကောင်
နှုတ်ခမ်းတွေကို စောင်းလိုသာယာသွားစေနိုင်တဲ့ မျက်လှည့်ဆရာ
ချစ်သူ့ မျက်နှာကို လင်းစေနိုင်တဲ့မီးခလုတ်
လူတွေကို သူ့ အိတ်ထဲထည့်ထည့်သွားတတ်တဲ့ကောင်။
ကောင်းကင်ကို

Friday, January 8, 2010

ဆူး

ကျိတ်ငေးနေရတာ ရိုးအီလာလို့ ...

စိတ်ကလေးကို ကြိုးဖြည်
အရိပ်ကလေးကို ပိုးမည် အလုပ်
ပါးစပ်တွေက ရှုပ်လိုက်တာ။
ကောင်းကင်ကို

Monday, January 4, 2010

လူညီမျှခြင်းလူ

မြန်မာအလုပ်ရှင်က
မြန်မာစားပွဲထိုးလေးတွေကို ဆူနေချိန်မှာ
ဂျပန် အဖိုးအိုက
မြန်မာ ကလေးငယ်တွေအတွက် လှူနေတယ်။

ခွဲခြားဖို့ ခက်သူ အချင်းချင်း
'ပြည်တွင်းစစ်’ ခင်းနေချိန်မှာ
ဂျာမန် ဆရာဝန်က
အာဖရိကန် လူနာတွေကို ကူနေတယ်။

သြော်
မေတ္တာသာကူ
လူမျိုးတူဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။

မိဘတယောက်က ကိုယ့်ရင်သွေးအရင်းကို စွန့် ပစ်လိုက်ချိန်မှာ
ဂျိုလီက နိုင်ငံစုံက ကလေးငယ်တွေကိုမွေးစားတယ်။
ဒုက္ခရောက်နေတဲ့ ကလေးငယ်တယောက်ကို
ဘုန်းကြီးကျောင်း တကျောင်းက ကျွေးထားတယ်။

သြော်
ကရုဏာဆိုတာ…မှော်၊
အမျိုးတော်ဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။

မျိုးချစ်စိတ် အရေခြုံပြီး နာဇီစကားတွေ လာမပြောနဲ့ ။
လူမျိုးကွဲတွေကြားမှာ ဘာကြောင့် အချစ်ကားတွေနည်းပြီး စစ်ကားတွေများနေရတာလဲ။
သမိုင်းသင်ခန်းစာ တချို့က ရတနာတွေထက် အမှိုက်တွေကို ရွေးပြီးစုတယ်။
လူတွေမှာ ဘာအကြောင်းကြောင့် မျက်လုံးတဘက်တည်း ရှိနေရတာလဲ။

တစုကို တစုက လွှမ်းမိုးချင်ရင် ကမ္ဘာမှာ အနာတွေချည်းပဲ ကျန်လိမ့်မယ်။
မုန်းတီးလာကြတဲ့အခါ ဟမ္မူရာဘီက ဘုရားတွေထက်တောင် ပိုသြဇာညောင်းမယ်။
လူသားထုကြီးဟာ လက်နက်တပ်ဆင်ခြင်းအားဖြင့် ကိုယ့်အင်အား ကိုယ်လျှော့နေကြတယ်။
စစ်ပွဲတွေဆိုတာ အမုန်းလက်နက်နဲ့ တယောက်ယောက်ရဲ့  စိတ်ထဲမှာပဲ စတင်တယ်။

ခွဲခြားချင်သူ လူတွေ အတွက်တော့ သွေးအမျိုးပေါင်း ထောင်ချီရှိမယ်။
သွေးလိုနေသူ လူနာအတွက်တော့ သွေးအမျိုးအစား လေးမျိုးတည်းရှိတယ်။
သြော်
မိခင်တွေကိုကြည့်
အချစ်မှာ မျက်စိရှိတယ်။
အမုန်းဆိုတာကတော့
ကြောင်တောင်ကန်းမျက်လုံး
ပူပြီးတော့ မြူတွေဖုံးနေတယ်။
ကောင်းကင်ကို

Friday, January 1, 2010

မရှိခိုက်

တညတာ ပျော်စရာကမ္ဘာရောက်အောင်
ငါ့မှာ ဒေါ်လာတရာလောက်တောင် မရှိ။

မသိမသာ ရင်ခုန်ဖို့ 
ကြည့်စရာ ရင်တစုံလည်းမရှိ။

အကြားအာရုံနဲ အားလေးတွေယူဖို့ 
စကားကဗျာစုံနဲ့ အားပေးနေသူလည်းမရှိ။

ဂျော်နီဝါးကားတံဆိပ်အရက်နဲ့ 
တော်ကီများပွါး နှိပ်စက်မယ့် သူငယ်ချင်းလည်းမရှိ။

ဆာလောင်မှုကိုဖြည့်ဆည်းနေခိုက်ဟာ
လူ့ ဘဝရဲ့ အထွတ်အထိပ် အရသာတဲ့။

အာရုံသာရှိပြီး
အသပြာပုံ မရှိခြင်းနဲ့ 

အကုန်ရတာသိပြီး
သုညသာရှိခြင်းကတော့

အခံရ အခက်ဆုံး ကာလပဲ။

ကောင်းကင်ကို

Sunday, December 27, 2009

New Year Countdown

တဆယ်..ကိုး
တကယ်ဆိုးတဲ့

ရှစ်..ခွန်
စစ်နွံထဲက

ခြောက်..ငါး
အကြောက်တရားတွေကို

လေး..သုံး
အဝေးဆုံးသို့ 

နှစ်..တစ်
နှစ်သစ်မှာ လွှင့်ပစ်ကြပါစို့ ။
ကောင်းကင်ကို

Thursday, December 24, 2009

မေမေ စန်တာကလော့စ်

ငယ်ဘဝရဲ့ ပျားရည်တစက်
တခုသော ခရစ္စမတ်မနက်မှာ
ကျနော် စောစောအနိုး
ခြေရင်းမှာ လက်ဆောင် မတွေ့ လို့  အိပ်မက်လေးအကျိုး
ဈေးကပြန်လာတဲ့ မေမေက
တိုးတိုးလေးချော့ပြီး ပြန်အိပ်ခိုင်းတယ်။
စန်တာကလော့စ် နောက်ကျနေတာ ဖြစ်မှာပါတဲ့
ဒီလိုနဲ့ ကျနော် မျက်လုံးလေးပြန်မှိတ်
စိတ်ကတော့
မေမေ အရုပ်တရုပ်ကို တိတ်တိတ်လေး လာထားသွားတာ သိလိုက်တယ်။

သြော်
ကလေးဘဝတုန်းက ကလေးလိုပျော်နိုင်အောင် မေမေက ဖန်တီးပေးခဲ့တယ်။
လူကြီးဘဝကျ လူကြီးလိုပျော်အောင် ကြိတ်မှိတ်ဖန်တီးယူနေရတယ်။

မေမေရေ
သက္ကရာဇ်တခုက သဘောင်္တစီးဆိုရင်
သားတို့ က တနှစ်မှတခါ ကမ်းကပ်ခွင့်ရတတ်တဲ့ သဘောင်္သားလေးတွေပါ။

အခုတော့
စန်တာကလော့စ် တကယ်မရှိမှန်းလည်း သိပြီ။
ခရစ္စမတ်ကာလဆိုတာ နှစ်သစ်မှာ တနှစ်ပတ်လုံး အလုပ်လုပ်ဖို့ 
ခဏအားဖြည့်ခွင့်ပြုထားတဲ့ အချိန်ဇယားလေးတခုမှန်းလည်းသိပြီ။

မေမေရေ…တခါတခါ
သိခြင်းက အရိပ်ကို မပေးစွမ်းဘူး
အမှန်တရားက မေတ္တာလိုမအေးချမ်းဘူး

မေမေရေ
ခရစ္စမတ်မှာပျော်ဖို့ …တွက်ချက်နေရတဲ့သား
စားပွဲပေါ်မျက်နှာအပ်လို့ မျက်လုံးလေးကို အမှိတ်
မောပန်းနေတဲ့စိတ်ထဲ
ခွန်အားတွေ တိတ်တိတ်ကလေး လာထည့်ပေးပါ။
ကောင်းကင်ကို

Wednesday, December 23, 2009

စိုးရိမ် 'စိတ်' မှတ်

ခုဆို ငါ့စိတ်ကမ္ဘာမှာ ရွက်ကြွေရာသီတခုပဲရှိတယ်။

နှလုံးသားနဲ့ မှားခဲ့တဲ့ ကဗျာတွေကလည်း အဆာမပြေခဲ့။
ခေါင်းနဲ့ စားခဲ့တဲ့ အစာတွေကလည်း အစာမကြေခဲ့။

ကိုယ့်လမ်းကိုယ်လျှောက်နေတဲ့သူကို ခေါင်းမော့ထားသူတွေက တရကြမ်း ဝင်တိုက်တယ်။
ထွက်ပြေးလာတဲ့သူကို ဝိုင်းကြီးပတ်ပတ်ဒူဝေဝေသမားတွေက လှောင်ကြတယ်။

ငါးမျှားချိတ်တွေကလည်း ပတ်ဝန်းကျင်မှာနေရာတကာ

သြော်…လောကမှာ ကိုယ့်ခြေထောက်ကိုယ် မယုံနိုင်တော့တာလောက် ကြေကွဲစရာကောင်းတာ ဘာမှမရှိဘူး။
ကောင်းကင်ကို

Tuesday, December 15, 2009

လက်ဆောင် (အိုဟင်နရီ ရဲ့ ဝတ္ထု) (ဘာသာပြန်...မောင်ထွန်းသူ

ခရစ္စမတ်လက်ဆောင်နဲ့ ပတ်သတ်တဲ့ အိုဟင်နရီရဲ့ အချစ်ဝတ္ထုတိုလေးပါ။
လက်ဆောင်

Monday, December 7, 2009

နို့ ရည်ခန်းနေတဲ့ မိခင်

အဖေနဲ့ အမေကတော့
လူမခိုးနိုင်မယ့် အမွေ
ပေးဖို့ ကြိုးစားခဲ့ကြတာပဲ။

ဒါပေမယ့်
ပေးသူနဲ့ ယူသူကြားမှာ
ခြေဆုံးခေါင်းဆုံးချော်နေတဲ့ စနစ်…
မကူးနိုင်သေးတဲ့မြစ်ကြီးတခု ခြားနေတယ်။

အရာရာတိုင်း မှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေသတဲ့။
ငါနေခဲ့ရတဲ့ကျောင်းတွေမှာ အလင်းနဲ့ အမှောင် ဘယ်လောက်အချိုးရှိလဲ။
ကျောင်းမှာ သင်ခဲ့ရတာတွေကတော့
မြန်မာစာနဲ့ အတူ အလွတ်ကျက်ခဲ့ရတဲ့ စာစီစာကုံးတွေ
အင်္ဂလိပ်စာနဲ့ အတူ အသံထွက်အမှားများနဲ့ ဝေါဟာရတွေ
သချာင်္နဲ့ အတူ မေးခွန်းခန့် မှန်းတွက်ချက်မှုတွေ
ဇီဝဗေဒနဲ့ အတူ သဘောပေါက်မှုမပါတဲ့ တပွဲတိုး ဘိုင်အိုသီချင်းတွေ
သမိုင်းနဲ့ အတူ ပေါ်လစီရောထည့်ထားတဲ့ မှိုင်းတွေ
ဂါရဝ တရားနဲ့ အတူ ရေငုံနှုတ်ပိတ် ပြန်မထောက်ပြရဲတဲ့စိတ်တွေ….

သြော်...
ကလေးငယ် တယောက်နို့ဆာနေသလို
ပညာကို ဆာလောင် ငတ်မွတ်နေသူတွေအတွက်
ကျောင်းတွေတော့ ရှိပါရဲ့။

ဒါပေမယ့်…
မတက်လို့ လည်းမရ၊ တက်ပြီးတော့လည်း ဟန်မကျတဲ့
အဲဒီ့ကျောင်းတွေကို
အားမနာတမ်း ဥပမာပေးရရင်

မြန်မာပြည်က ကျောင်းတွေဟာ...
ပူပြင်းခြောက်သွေ့ လွန်းတဲ့ ကန္တာရထဲက
လောက်တွေမျိုးပွါးနေတဲ့
သောက်ရေအိုးများ။
ကောင်းကင်ကို

Friday, December 4, 2009

တက္ကသိုလ်

ဆုံစည်းခြင်းတွေ စခဲ့တဲ့နေရာ ၊ ခွဲခွာခြင်းတွေ စခဲ့တဲ့နေရာ

မျှော်နေခဲ့ပြီး ရောက်သွားတော့မှ မလှပခဲ့တဲ့ အိပ်မက်လေး

ရယ်သံတွေက လွှမ်းလိုက်၊ ကျည်ဆံတွေက ကြမ်းလိုက်
ဖွင့်လိုက်၊ ပိတ်လိုက်…..နိုးလိုက်၊ အိပ်လိုက်နဲ့.....

အရေးအကြီးဆုံး ဇာနည် အာဂတအုပ်ရဲ့
သွေးအစည်းဆုံး ပါတီဌာနချုပ်

သြော်
နှစ်တွေ ဘယ်လိုပဲ ဟောင်းဟောင်း
ခေတ်တွေ ဘယ်လိုပဲ မပြောင်းမပြောင်း
ဗြောက်ဖောက်သူတို့ နဲ့ တောက်ခေါက်သူတို့ ရဲ့
ကြမ်းလှတဲ့ စစ်မြေပြင်ကိုပဲ
မှန်းဆလို့  ချစ်နေချင်သေးတယ်။
ကောင်းကင်ကို

Friday, November 27, 2009

ဒိုင်ယာရီထဲမှ တလွဲများ

လိပ်စာ

“………………………………………………………..”
“……………………………………………….”
“………………………………”
“……………………………………………………………………..”
“ဟုတ်လား…ကျနော်သူနဲ့ တွေ့ ခဲ့တယ်။ တကားတည်းပဲ”
“ဟာ! ဒါဆို လုပ်စမ်းပါဦး။ သူဘယ်မှာ တည်းမယ်ဆိုတာ နင်သိလား။”
“အင်း။ သိတယ်၊သိတယ်။ တက်စီ ငှားခါနီးတုန်းက သူ (……..)မှာ တည်းမယ်လို့ ပြောတာပဲ။ ရေချိုးပြီးတာနဲ့  ကျနော် သားသားကို ခေါ်ပြီး သူ့ ဆီသွားကြည့်လိုက်မယ်။”

*******

ဦးလေးနဲ့ ကျနော် ဘုန်းဘုန်းကို ဦးချလိုက်တယ်။ (ဘုန်းဘုန်းကိုတော့ ကျနော်တို့ မသိပါ။) ပြီးတော့ ဦးလေးက ဘုန်းဘုန်းကို လျှောက်တယ်။
“တပည့်တော် ဆင်ပေါက်နဲ့ တွေ့ ချင်လို့ ပါဘုရား”
“ဆင်ပေါက်??????? လူကိုပြောတာလား ဒကာကြီး”
“ဟုတ်ပါတယ် ဘုရား။ မြို့ သစ်ကပါ။ သူ့ နာမည်ရင်းက ကိုတင်အောင်စိုးပါ။ ဒါပေမယ့် ဆင်ပေါက်လို့ ပဲ ခေါ်ကြပါတယ်။
“တင်အောင်စိုး??? ဒီကိုမလာပါဘူး။ သူက ဒီမှာ တည်းမယ်လို့ ပြောသွားလို့ လား။”
“တင်ပါ့။ သရက်တောကျောင်းမှာ တည်းမယ်လို့ ပြောပါတယ်”
“ဟာ….သရက်တော ကျောင်းတိုက်က ကျောင်းခွဲပေါင်း ခြောက်ဆယ်ကျော် ရှိတာ ဒကာကြီးရဲ့ ။ သူဘယ်ကျောင်းခွဲမှာ တည်းမယ်လို့ ပြောတုန်း”
“ဟာ…ဟုတ်လား၊ဘုရား။ တပည့်တော်က တကျောင်းတည်းပဲ ထင်နေတာ။ ဒုက္ခပါပဲ”
အနီးနား တဝိုက်မှာ ရှိတဲ့ ကိုရင်တွေနဲ့ လူတွေက ကျနော်တို့ ကို ပြုံးစေ့စေ့နဲ့ ကြည့်ကြတယ်။

ကိစ္စက အရေးကြီးလို့ ဦးလေးက လက်တော့ မလျှော့သေးပါဘူး။ သရက်တော ကျောင်းတိုက်ဝင်းကြီးထဲမှာ လျှောက်သွားရင်း တွေ့ တဲ့ ကိုရင် တချို့ ကို ကိုတင်အောင်စိုးကို သိလား ဆိုပြီးမေးနေပါသေးတယ်။ အမေးခံရတဲ့ ကိုရင်တွေလည်း ပြုံးစေ့ပြုံးစေ့။ ကျနော်ကတော့ ဘေးနားကနေ ရှက်နေပြီ။ ဆက်မမေးစေချင်တော့ဘူး။ အိမ်ပြန်ချင်နေပြီ။

နောက်ဆုံးတော့ သရက်တော ကျောင်းတိုက်ဝင်းရဲ့  ဂိတ်တခုနားက ခုံတန်းလျားမှာ ထိုင်ကြရင်း ညမှောင်သည်အထိ ကိုဆင်ပေါက် ဝင်လာလို ဝင်လာငြား ဦးလေးနဲ့ ကျနော် စောင့်ကြည့်ကြသေးတယ်။ ကျောင်းတိုက်ဝင်းကြီးရဲ့ ဂိတ်ရှေ့ မှာ ….ကျနော်တို့ ရဲ့  ကောက်ရိုးမျှင်မျှော်လင့်ချက် ဆိုတဲ့ အပ်နဲ့  ကိုဆင်ပေါက် ဆိုတဲ့ အပ်…..အပ် နှစ်စင်း မထိလိုက်ပါဘူး။ ကိုဆင်ပေါက်ကို ကျနော်တို့ မတွေ့ ခဲ့ရပါဘူး။ အဲဒီ့ညက အိမ်ကနေ လည်ပင်းတရှည်ရှည်နဲ့  မျှော်နေခဲ့တဲ့ အမေ့ရဲ့ဆန္ဒကို ကျနော်တို့ မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။
ကောင်းကင်ကို

Monday, November 23, 2009

တခါတခါ ကောင်းရင်မကြိုက်တဲ့ လောက

တယောက်တည်း ငိုနေပြီဆိုရင်
အများက နားလည်ပေးလိမ့်မယ်။
တယောက်တည်း ပြုံးနေပြီဆိုရင်တော့
ထူးဆန်းနေသလိုမျိုး ကြည့်ကြတော့မယ်။

သြော်...
လူများစွာကို တပြိုင်တည်းမုန်းသူတွေတောင်
လက်ခုပ်သံတချို့  ရကြသေးတယ်။
လူနှစ်ယောက်ကို တပြိုင်တည်းအချစ်
အဲဒီ့မှာ အပြစ် ဖြစ်တော့တာပဲ။
ကောင်းကင်ကို

Wednesday, November 18, 2009

ကိုယ့်မင်း ကိုယ့်ချင်း ဆိုပေမယ့်

သနားဖို့ ကောင်းတဲ့ ပုံပြင်တွေထဲမှာ
အမှန်နဲ့ မုသား
အချိုးဘယ်လောက်နဲ့ ပဲ ရောထားရောထား
ရက်စက်ခြင်းကတော့ ထင်ရှားခဲ့တယ်။

ပန်းပဲမောင်တင့်တယ်၊တောင်မကြီး ရှင်ညို၊ မြောက်မင်း ရှင်ဖြူ၊ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ်၊ မန္တလေးဘိုးတော်၊ ရှင်ကွ
ဘုရင်တွေ မတရားသတ်လို့ 
သေပြီးဖြစ်သွားကြတယ်ဆိုတဲ့ နတ်တွေ
ခေတ်ဆိုးတို့ ရဲ့ သက်သေတွေအဖြစ်
နတ်ကွန်းထဲမှာ နေနေကြတယ်။

Wednesday, November 11, 2009

ကဗျာလေးထဲမှာ ဆက်အိပ်ပါရစေ

သဲသောင်ပြင်ပေါ်မှာ
ကိုယ့်နာမည် အတိုကောက်လေး။
နာမည်ရဲ့ နောက်မှာတော့
ကောင်မလေး တယောက်
လက်နှစ်ဘက်ကို မြှောက်ပြီး အသည်းပုံဆက်
သူ့ မျက်နှာကလည်း ချစ်ခြင်းမေတ္တာတွေ ဖြာထွက်လို့ ။

သြော်..
ရင်ခုန်သံကလွဲလို့ …လောကကြီးတခုလုံး အသံတိတ်
အရေပြားပေါ်ကို ကြက်သီးလေးတွေ လျှံဖိတ်
ကိုယ့်ဇာတ်ဝင်ခန်း အထွတ်အထိပ်လေးကို
လက်တွေ့ ဘဝဆိုတဲ့ လက်သည်းနဲ့ ဆိတ်မကြည့်ချင်ဘူး
တကယ်ဖြစ်နေတဲ့ အိပ်မက်ကလေးကျိုး
အချိန်မတန်ခင် နိုးမှာစိုးလို့ ။
ကောင်းကင်ကို

Friday, November 6, 2009

စန္ဒာမရှိတော့တဲ့ ကောင်းကင်

အကြောင်းမမြင်ရတဲ့ ကံကြမ္မာက ကွက်ကျားမွှေတယ်။
ကောင်းကင်အပါးမှ စန္ဒာက ထွက်သွားလေတယ်။
မောင်းဝင်လာတဲ့ ဒဏ်ရာရထား ဆက်သွားနေဆဲ။
ပြောင်းချင်လှလည်း အဖန်တရာမက ဆက်မှားနေဆဲ။

စိတ်ဓာတ်ကျခြင်းဆိုတဲ့ သတ္တဝါက အသက်တအားရှည်တယ်။
ပြဿနာ မျိုးဆက်သစ်တွေကိုလည်း ဆက်ပွါးနေတယ်။
ငါနဲ့ ငါ ထပ်တူမကျတော့တဲ့ ရက်အမှားတွေထဲ
မသိစိတ်နဲ့ ပဲ စက်ရုပ်ဆန်ဆန် ဆက်သွားနေခဲ့။

ငါ့ရင်ထဲမှာ စိတ္တဇတစ္ဆေတွေ ကျက်စားနေတယ်။
မြင်မြင်သမျှမှာ တခြားအရောင်တွေထက် အနက်များနေတယ်။
ကြောင်နေတဲ့နားကလည်း အပြစ်တင်သံတွေပဲ ဆက်ကြားနေခဲ့
အိပ်မက်ထဲအထိ နှိပ်စက်နေတာလည်း သူတို့ မျက်နှာနဲ့ ပါးကွက်သားတွေပဲ။

ရှင်သန်လိုစိတ်ဆိုတဲ့ ကိုယ်စောင့်နတ်ကတောင် ငါ့ကိုစွန့် ခွာ ထွက်သွားလေတယ်။
နှလုံးသားနဲ့ ငါရွှေ့ မိသမျှ ကောင်းရှုံးဖြစ်မယ့် အကွက်မှားတွေပဲ
ငါမထိန်းချုပ်နိုင်တဲ့ ငါတွေဟာ ငါ့ရန်သူရဲ့ ဘက်သားတွေပဲ
ရှုံးနိမ့်ခြင်းဟာ အောင်နိုင်သူအဖြစ် ငါ့အပြုအမူတွေကိုဝင်ပူးပြီး ထွက်ကြွားနေဆဲ။
ကောင်းကင်ကို

Sunday, November 1, 2009

ကမ္ဘာပျက် ကမ္မဌာန်း

လူတွေအားလုံး
ပုခုံးပေါ်က အိမ်စာ တွေကိုချ
နေ့ရွှေ့ညရွှေ့ ဆန္ဒတချို့ကို
ခဏလေးဖြစ်ဖြစ် အကောင်အထည်ဖော်ခွင့်ရဖို့ 
ကမ္ဘာပျက်ဖို့ ကိုပဲ ဆုတောင်းပေးရတော့မလိုလို…

သြော်…လူဆိုတာ
မလွန်ဆန်နိုင်တဲ့ အခြေအနေတွေအောက်မှာ
ကိုယ့်စိတ်ကိုယ် ခဏခဏ
သစ္စာဖောက်ဖောက်နေကြရတဲ့ သတ္တဝါတွေပါလား။

စိတ်ကို ထိန်းချုပ်သင့်တယ် ဆိုပေမယ့်လည်း
ချွန်းအုပ်လိုက်ရသမျှ စိတ်တိုင်းဟာ
ဆင်ရိုင်းတော့ မဟုတ်ခဲ့ပါဘူး။
တခါတခါဆို
အခြေအနေတွေကို ငဲ့ပြီး
ချိုးလိုက်ရတဲ့ အညွန့် လေးတွေထဲမှာ
အပြစ်ကင်းတဲ့ စိတ်ကူးလေးတွေနဲ့ 
ချစ်ခြင်းရဲ့  ‘အရိပ်ဦး’လေးတွေတောင် ပါသွားတတ်တယ်။

ပညာရှိတယောက်ကတော့ ဆိုတယ်။
သင်ဟာ သင်ပီသဖို့ နဲ့ 
ရလာသမျှ စက္ကန့် တိုင်းကို တန်ဖိုးထားတတ်ဖို့ 
နေနေရတဲ့ နေ့ တိုင်းကို
နောက်ဆုံးနေ့ လို့ သဘောထားဖို့ လိုသတဲ့။

အဲဒီ့ အဆိုကို
အပြည့်အဝ မထောက်ခံလို ပေမယ့်
တခါတခါ…ကိုယ့်သတိ ကိုယ်ပြန်နှိုးဖို့ 
အဲလို ကမ္မဌာန်းမျိုးတော့ လိုမယ်ထင်တယ်။

တကမ္ဘာတည်းစီး တခရီးတည်းသွားတို့ ရေ…
တန်ဖိုးဆိုတာ ဆုံးရှုံးသွားမှ သိတတ်တာမို့ 
စိတ်ကူးလေးနဲ့ ခဏလောက် ရင်ဆိုင်ကြည့်ကြရအောင်။

စိတ်တံခါးကိုသာဖွင့်ထားလိုက်…
အခက်ဆုံးအခြေအနေမှ
မျက်လုံးတွေက
ပိုပြီးမြင်တတ်တာ။

ယုံပါတယ်
ငါတို့ အရည်အသွေးတွေဟာ
အခက်အခဲတွေနဲ့ သွေးပေးမှ
ပိုတောက်ပြောင်လာလိမ့်မယ် ဆိုတာ။
ကောင်းကင်ကို

ကိုကြီးအောင်သာငယ် tag တဲ့ ပို့ စ်လေးကို ကဗျာအဖြစ် ရေးလိုက်တာပါ။

Tuesday, October 27, 2009

အရသာမဲ့သော နေ့ စွဲများ

ရင်ဘတ်ထဲက တိတ်တိတ်အော်လို့ 
ညက အိပ်လို့ မပျော်ဘူး။

နိုးလာတော့လည်း
ပျောက်ဆုံးနေဆဲ…သတိ
စိတ်နဲ့ ကိုယ်ကို ကပ်ဖို့ မရှိဘူး။

လျှောက်ချင်နေတဲ့ခြေထောက်တွေ ရှိနေတာတောင်
လျှောက်ရမယ့် လမ်းတွေကို မတွေ့ တော့ဘူး။

မြောက်ချင်နေတဲ့ လက်တွေ ရှိနေတာတောင်
အသိအမှတ်ပြု အနိုင်ယူမယ့်သူ မရှိပြန်ဘူး။

အားပေးစကားတွေကလည်း
အားပေးစကားတွေပီပီ
လက်တွေ့ မကျကြတော့
ငါ့အတွက် ကောက်ရိုးတစ ဖြစ်မလာခဲ့ဘူး။

နှစ်သိမ့်စကားတွေဆိုတာ
ငါ့ကမ္ဘာ တကယ်ပျက်သွားကြောင်း
သက်သေထွက်ဆိုချက်တွေပဲ ဖြစ်တယ်။

လေလွင့်နေတဲ့ စိတ်ကိုကပ်ဖို့ 
အာရုံတခုခုကို လိုက်ရှာနေရတာလည်း
ကန္တာရထဲမှာ ရေရှာနေရသလိုပဲ
နှစ်ကြိမ် နှစ်ခါ မောတယ်။

ငါဟာ
လှုပ်ရှားနေတဲ့ သချိ င်္ုင်ကြီးထဲမှာ
အရှင်လတ်လတ် မြှုပ်ထားခံရသူတယောက်
ဘဝကို တာဝန်ကြီးတခုလို့ အဓိပ္ပါယ်ကောက်ရင်း
ငါ့စိတ်တွေ ပင်ပင်ပန်းပန်း အလုပ်ဆင်းနေရတယ်။

သြော်…
ဘဝဆိုတဲ့ ကစားကွင်းထဲမှာ
ဒဏ်ရာရကစားသမားတယောက်…
ပွဲသိမ်းဝစီမှုတ်သံကို စောင့်ရင်းက
ဖွဖွလေး ထိခိုက်မိရုံနဲ့ တောင်
စိတ်ဓာတ်တွေ နာကျင်နေတော့တယ်။
ကောင်းကင်ကို

Tuesday, October 20, 2009

ခက်တယ်

ခက်တယ်။
ဓာတ်ငွေ့ သိုက်တွေကို စကားလုံးအရ ပိုင်ဆိုင်ပြီးမှ
ဖယောင်းတိုင်ကို ချွေတာထွန်းနေရတာ ခက်တယ်။

ခက်တယ်။
မပြည့်သေးပဲ လျှံသွားရတဲ့
လူသား သယံဇာတတွေ
ဘယ်သူမှ ပြန်မလာကြစေဖို့ 
တံခါးပိတ်ထားတာကလည်း ခက်တယ်။

ခက်တယ်။
မသုံးရသေးတဲ့ ပိုက်ဆံတွေ
ငွေဖောင်းပွမှုရဲ့ အကျိုးဒဏ်နဲ့ 
အလိုအလျောက်အခိုးခံနေရတာကလည်း ခက်တယ်။

ခက်တယ်။
ငရုတ်သီးထုပ်လို့ ကောင်းတဲ့
သတင်းစာစက္ကူဟောင်းတွေပေါ်က
လက်သုံးစံပြ ဆောင်ပုဒ်တွေ
တကယ်အသုံးမခံရလို့ ချောင်ကုပ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
နွားခြေရာခွက် တထွာကို
ကြွားနေတာရှက်စရာမှန်း မသိကြတာကလည်း ခက်တယ်။

ခက်တယ်။
အလုပ်မဖြစ် မှန်းသိပါလျက်နဲ့ 
အစဉ်အလာတွေကိုထိန်း
ပညာတွေကို သိမ်းသိမ်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
ပေါက်နေတဲ့ ခွက်တွေကို
ကြောက်နေတဲ့ လက်တွေနဲ့ 
လက်ဆင့်ကမ်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
မြန်နှုန်းမြင့်ခေတ်ကြီးထဲမှာ ပြိုင်ပုံပြောင်း
အားလုံး မိုင်ကုန်မောင်းနေကြချိန်မှာ
တို့ ဆီက နိုင်ငံ့သားကောင်းတွေ
အချင်းချင်း ကျားချောင်းသလိုချောင်း
နှေးအောင်လုပ်ပြီး တောင်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
သီးသန့် နေလေ့ရှိတဲ့ ထင်းချောင်းတွေ
တခါတခါ စုစည်းမိကြရင်တောင်
အချိုးမခံရဖို့ အုပ်စုဖွဲ့နေကြတာထက်
ပုဆိုးလှန်ပြဖို့ အုပ်စုဖွဲ့နေကြတာက
ပိုများနေတော့လည်း ခက်တယ်။

ခက်တယ်။
စေတနာ လက်တဆစ်နဲ့ 
ကြေငြာချက်အသစ်တွေ
နေရာအတွက်ဖြစ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
အဝေးကနေ လှမ်းထိုးနှက်နေကြပေမယ့်
ပုံစံခွက်ကြီးတွေနဲ့ 
ပုန်ကန်လက်သီးတွေပဲ ဖြစ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
အသံတူ အကြံကွဲ တလမ်းထဲမှာ
ထစ်ခနဲဆို နှစ်ခြမ်းကွဲ
အချင်းချင်း အရမ်းဆဲနေကြတာကလည်း ခက်တယ်။

ခက်တယ်။
ဘယ်သူတွေ ဘယ်လိုစိတ်မှန်းနဲ့ 
လေကိုဖမ်းပြီး ဒန်းဆင်ဆင်
ရှေ့ ကတောင်ဟာ ဧ၀ရက်မှန်းနဲ့ 
ညဥ့်နက်သန်းခေါင်မှာ နေမထွက်မှန်း
သိနေတာကလည်း ခက်တယ်။
ကောင်းကင်ကို

Friday, October 16, 2009

ငရဲ

မျက်လုံးကိုစုံမှိတ်
အလုပ်မပေးနိုင်တဲ့နေရာကို အတင်းဖိတ်နေကြတဲ့သူတွေ၊
လူသားအရင်းအမြစ်တွေရှားသွားလို့ 
သက်မဲ့အရင်းအမြစ်တွေနဲ့ ကြံဖန်ဂုဏ်ယူနေကြတဲ့သူတွေ၊
တံလျှပ်ကို ရေအမှတ်နဲ့ ကျေနပ်နေကြတဲ့သူတွေ၊
ကျပ်တီးမြေမှာမှ ရွှေအရှာကောင်းသူတွေ က အစ…

မီးလောင်ပြင်မှာစွန့် စား၊ မီးသတ်ဖို့ ကြိုးစားနေကြသူတွေ၊
အမှောင်ထဲမှာနေလို့  ဆီမီးတွေ ဝေနေကြသူတွေ အဆုံး…
ဘယ်သူတွေ ငါ့ကို ဘယ်လိုပဲ ပညတ်ပညတ်…

မပြင်ဆင်ပဲနဲ့ ကြိုးဝိုင်းထဲ ဝင်လာခဲ့ရသူတွေ၊
မြှားမပါပဲနဲ့  စစ်ထွက်လာခဲ့ရသူတွေ၊
ကံကို မယုံရဲပေမယ့် ဆူးပုံနင်းနေရတဲ့သူတွေ၊
ကမ္ဘာရွာထဲ ပြောင်းနေဖို့ အရေး
ထောင်ဖောက်ပြေးသလို စွန့် စားနေကြရသူတွေ၊
မွန်းကြပ်သေဆုံးသွားခဲ့ရတဲ့ ကားစီးဒုက္ခသည်တွေ၊
လှေစီး ဒုက္ခသည်တွေ၊ ငွေစီးဒုက္ခသည်တွေ၊
ဒုက္ခကိုကြောက်လို့ ဒုက္ခသည်ယောင် ဆောင်နေကြသူတွေ၊
အနည်ကျခွင့်ရသွားတဲ့ ဒုက္ခသည်တယောက်ကို
ပေါက်ထားတဲ့ ထီလက်မှတ်တစောင်လို သဘောထားနေကြသူတွေ၊
လက်ထပ်ခြင်းကို ဖောင်တခုလို အသုံးချ လှောင်အိမ်ထဲက ထွက်နေကြရသူတွေ၊
ကျောင်းဆရာ ယူနီဖောင်းကို ချွတ်ပြီး ပန်းရန်ဝတ်စုံကို ဝတ်ဖို့ လာနေကြရသူတွေ
အဲလို ထွက်ပြေးလာရသူတွေ ရှိနေမှတော့

ငါ့ကို ဘယ်သူတွေ ဘယ်လိုပဲ ပညတ်ပညတ်
ချစ်တဝက် မုန်းတဝက် အရပ်ကို
ငရဲလို့ ပဲ နာမည် တပ်လိုက်တယ်။
ကောင်းကင်ကို