Sunday, June 8, 2008

ပစ္စည်းပျောက်ကြော်ငြာ

ကံကြမ္မာတစ်ချက်အနှောက်
‘ရိုမန့် တစ်’ လှေ အမှောက်မှာ
ငါ့ပါးပေါ်က နှုတ်ခမ်းရာလေး တစ်ပွင့်ကျပျောက်သွားတယ်
ဘယ်သူ ကောက်ရထားပါသလဲ။

ကောင်းကင်ကို

Thursday, June 5, 2008

အချစ်ဆိုတဲ့ အကုသိုလ်

မသန့် တသန် ခြေထောက်နှစ်ချောင်းနဲ့ 
တစ်ကွင်းလုံးအနှံ့ ဆွဲပြေးလိမ်ခေါက် ၊
တစ်ဘက် ဂိုးရှေ့ ကို ရောက်မှ
ဂိုးပေါက်က ရုတ်တရက်ပျောက်သွားတယ်။

သူနိုင်ကိုယ်နိုင် အလှချင်းပြိုင်နေကြတဲ့
သက်ရှိရနံ့ ခိုင်တွေကြားမှာ
မျက်နှာငယ်စွာ ပွင့်နေရရှာတဲ့
အညတရ ပန်းလေးတစ်ပွင့်ကို မြတ်နိုးလွန်းလို့ 
ဥယျာဉ်တော်ဆီအရောက့်
မိုင်ပေါင်းများစွာလျှောက်ခဲ့လည်း …..
ဥယျာဉ်ရှေ့ ရောက်ကာမှ
ဥယျာဉ်ဂိတ်တံခါးက
အခုတင်ပိတ်သွားသတဲ့။

သြော်…
အချစ်ရဲ့ တန်ခိုးတော်နဲ့ 
သူတကာတွေ မိုးပေါ်ပျံနေချိန်မှာ
ငါ့ကျမှ အချစ်ဆိုတဲ့တွင်းနက်ကြီးထဲ ပြုတ်ကျသွားခဲ့ရတာ
ဘာအကုသိုလ်များလုပ်ခဲ့မိလို့ လဲ။

တောက်!
စင်္ကြဝဠာကြီးကို ဆွဲမှောက်
ချစ်ခြင်းမုန်းခြင်း ဆိုတဲ့ အရာတွေ
လောကကြီးထဲကလုံးဝပျောက်သွားအောင်
လက်စဖျောက်ပစ်လိုက်ချင်တယ်။

ကောင်းကင်ကို

Monday, June 2, 2008

ရက်စက်တဲ့ နှုတ်ခမ်းနဲ့ နမ်းမှ

သူက
ဆူးတွေနဲ့ ရံထားတဲ့ နှင်းဆီ
မီးတောက်ထဲမှာ ပွင်နေတဲ့ပန်း
မာနတောင်ထွတ်မှာ စံမြန်းနေတဲ့ နတ်သမီး
သူ့ ရဲ ဆူးတွေက ဖြူတစ်ကောင်ရဲ့ ဆူးတွေထက် ပိုပြီးတော့ ချွန်မြတယ်။
စကားတစ်ခါ ကျွံလိုက်တိုင်း သူက မြွေဟောက် တစ်ကောင်လို ပါးပြင်းထတယ်။

ငါကလည်း
ခက်ခက်ကိုမှ လိုချင်တဲ့ကောင်၊
ရက်စက်တဲ့ နှုတ်ခမ်းနဲ့  နမ်းမှ ငါ့ပါးက အရသာရှိမှာ။
စစ်သူကြီး ဟန်နီဘော်လို အကြမ်းတမ်းဆုံး လမ်းကိုပဲ ရွေးချင်တယ်။
ဇာတ်တော်ထဲက စူဠသုဘဒ္ဒါလို မိန်းမမျိုးနဲ့ တွေ့ ချင်တယ်။
နှလုံးသား ကွဲအက်လို့  ရွှဲနစ်လာတဲ့သွေးတွေနဲ့ 
မာနကြီးတဲ့မိန်းမတစ်ယောက်ရဲ့ 
လက်နက်ချလိုက်မယ့် အလံဖြူပေါ်မှာ
အချစ်ဆိုတဲ့ စကားလုံးကို ထင်းထင်းကြီးရေးချင်တယ်။

ကောင်းကင်ကို

Sunday, June 1, 2008

Sleeping Child (Lyrics and Chords)

သီချင်းရယူရန် ဒီမှာနှီပ်ပါ။



SLEEPING CHILD (MICHAEL LEARNS TO ROCK)

Intro:/D,G/Em,A7/(3 TIMES)

D G A D G Em A7 sus4 A7
This milkey way upon the heaven is twinkling just for you
D G F#7 Bm Em A7 sus4 A7
And Mr. Moon he came by to say goodnight to you
D G A D G Em A7 sus4 A7
I'll sing for you I"ll sing for mother we praying for the world
D G F#7 Bm Em A7 sus 4 A7
And for the people every where gonna show them all we care
D G Em A7
Oh my sleeping child the world"s so wild
D G Em A7 D
But you've build your own paradise , That"s one reason
G Em A7 D
Why I"LL cover you sleeping child


Instro:/D,G/Em,A7/

D G A D
If all the people around the world
G Em A7 sus4 A7 D G F#7 Bm
They have a mind like yours, we have no fighting and no war
G Em A7 SUS4 A7
There would be lasting peace on earth
D G A D
If all the kings and all the leaders
G Em A7 sus A7
Could see you here this way
D G F#7 Bm
They would hold the earth in their arms
G Em A7 sus4 A7
They would learn to watch you play

( Repeat+)F# F#7Bm A7

G D A7 /G/D/A7/
I'm gonna cover my sleeping child
G D A7
Keep you away from the world so wild
G
Keep you away from the world
A7 sus4 A7 A7
Away from the world so wild

သီချင်းရယူရန် ဒီမှာနှီပ်ပါ။

Tuesday, May 20, 2008

Hello Darling (Lyrics, chords and song)



Hello Darling

C G7 C C7
Hello darling nice to see you It's been a long time
F C
Your just as lovely as you used to be
G7
How's your new love, are you happy
C C7 D
G7
Hope your doing fine just to know it means so much to me
C G7
What's that darling how am I doing?
C C7 F
I'm doing all right exept I can't sleep
C
and I cry all night till dawn.

C7 F C
What I'm trying to say is that I love you and I miss you
F G7 C
and I'm so sorry that I did you wrong.

G7 C C7
Look up darling let me kiss you just for old times sake
F C
Let me hold you in my arms one more time
G7
thank you darling may god bless you
C C7 D
and each step you take brings you closer
G7
to the things you seek to find.
C G7
Good bye darling I got to go now.
C C7
I got to try to find a way
F C
to lose these memories of a love so warm and true.
C7 F
and if you should ever find it in you heart
C F
to forgive me comback darling
G7 C F C G7 C
I'll be waiting for you.

သီချင်းရယူရန် (click here) (by Tracy Huang- Female vocalist)

Sunday, May 18, 2008

My Love (West Life)

သီချင်းရယူရန် (click here)



My Love (Lyrics)

[SHANE]
An empty street,
An empty house,
A whole inside my heart.
I'm all alone.
The rooms are getting smaller.
I wonder how,
I wonder why,
I wonder where they are.
The days we had,
The songs we sang together.
Oh, yeah.

[ALL]
And oh, my love.
I'm holding on forever.

[SHANE]
Reaching for a love that seems so far.

[ALL]
So, I say a little prayer.
And hope my dreams will take me there.
Where the skies are blue.
To see you once again,
My love.
Over seas and coast to coast.
Find the place I love the most.
Where the fields are green.
To see you once again,
[SHANE]
My love.

[BRYAN]
I try to read,
I go to work,
I'm laughin' with my friends.
But I can't stop,
To keep myself from thinking.
Oh, no.
I wonder how,
I wonder why,
I wonder where they are.
The days we had,
The songs we sang together.
Oh, yeah.

[ALL]
And oh, my love.
I'm holding on forever.

[SHANE]
Reaching for a love that seems so far.

[ALL]
So, I say a little prayer.
And hope my dreams will take me there.
Where the skies are blue.
To see you once again,
My love.
Over seas and coast to coast.
Find the place I love the most.
Where the fields are green.
To see you once again...

[MARK]
To hold you in my arms.
To promise you my love.
To tell you from the heart,
You're what I'm thinking of.
I'm reaching for the love that seems so far.

[ALL]
Soooo, I say a little prayer.
[SHANE ECHO]
(Yeeaahhh...)
And hope my dreams will take me there.
Where the skies are blue.
To see you once again,
My love.
[MARK ECHO]
(Looove)
Over seas and coast to coast.
[SHANE ECHO]
(Over seas)
Find the place I love the most.
[MARK ECHO]
(Love the most)
Where the fields are green.
To see you once again,
My love.
[SHANE]
I say a little prayer
[BRYAN ECHO]
(My sweet prayer)
Dreams will take me there
[ALL]
Where the skies are blue
[SHANE ECHO]
(Oh yeah)
To see you once again
[SHANE ECHO]
(Oh, my love)
Over seas and coast to coast
To find the place I love the most.
Where the fields are green.
To see you once again,
My love

Wednesday, May 7, 2008

ခါးစည်းခံလိုက်ပါမိမြန်မာ (ရေး -နတ်သမီးရေစင်)

မိမိကိုယ်ကိုမုန်းမိလောင်အောင် ဖြစ်စေတဲ့ ဆုတောင်းတစ်ခု လွန်းခဲ့တဲ့နှစ်ရက်လောက် ကျမဆုတောင်းခဲ့ဘူးတယ်။ april လ သုံးဆယ်ရက်နေ့က သတင်းကိုဖွင့်ကြည့်တော့ အလွန်တရာပြင်းထန်တဲ့ မုန်တိုင်းတစ်ခု မြန်မာပြည်ဘက်ကိုဦးတည်နေတာကို သိရပါတယ်။ မုန်တိုင်းရာ ကျမ၏မွေးရပ်မြေကိုဦးတည်နေတာကြောင်း ကျမတော်တော်တုန်ုလှုပ်မိသွားတယ် ကိုယ့်မိဘ ကိုယ့်ဆွေမျီုးတွေရှီတယ်လေ မရှီသည်ထားအုံးတော့ ကိုယ်မွေးတဲ့ကိုယ့် ဌာနီဖြစ်နေတာကို ဒါကြောင့်ဘုရားတမိတယ် နှစ်စဉ်နှစ်တိုင်း မရေမတွက်နိုင်လောက်အောင် မုန်တိုင်:ဒါဏ်ကို ကိုယ်တိုင်ကြုံခဲ့ရဖူးတော့ မခံစားစေချင်တဲ့ကျမ၏စေတနာကြောင့် ကျမကိုယ်မွေးရပ်မြေကိုမုန်တိုင်းမ၀င်ပါစေနဲ့လိုဆုတောင်းတယ်။ နောက်တစ်ရက်နေ့ သတင်းမှာတော့ မုန်တိုင်းဟာ မြောက်ဘက်ကိုဆက်မသွားဘဲ အရှေ့ဘက်ကိုဦးတည်တယ်လိုဖတ်ရတဲ့အချိန်မှာမှ ကျမအသက်ချနိုင်တော့တယ်။ " ငါဆိုတဲ့အတ္တ ငါနဲ့ဆိုင်တဲ့ အရာတိုင်းမှာ ငါအတွက်ဖြစ်နေတတ်ပါလား ငါ " သတင်းအရ ကျမမွေးရပ်မြေလွတ်သွားပြီး ဒါပေမယ့် ကျမထင်သလိုမဖြစ်လာဘဲ ကျမ၏နလုံးသားအလယ်ကို တိုက်ခတ်သွားပါတယ်။
အားလုံးသိတဲ့အတိုင်းပါဘဲ ဘယ်လိုမျှ မျော်လင့်မထားလောက်တဲ့ ကြီးကျယ်ဆိုးဝါးတဲ့ သဘာဝဘေးအန္တာရယ် ကပ်ဆိုးကြီး မြန်မာပြည်၏ ဗဟိုချက်မကို ၀င်မွှေသွားပါတယ် ။ တသက်နဲတစ်ကိုယ်ကြုံခဲ့လောက်တဲ့ဆိုးဝါးမှုပါပဲ။ တစ်ကိုယ်ကောင်းဆန်ဆန်ဆုတောင်ဖူးတဲ့ မိမိကိုယ်ကို ဘယ်လိုအပြစ်ပေးရမယ်မှန်းမသိလောက်အောင် မြင်ရကြားရသမျှ ကျမအသည်းကို နာကြင်စေပါတယ်။ တစပြင်လို တလင်းပြင်လိုလို သောကများလှချီလား ရန်ကုန်မြို့ရယ် ၊ မြန်မာပြည်ရယ် မြန်မာကို ကမ္ဘာကသိအောင်လုပ်မယ်ဆို့တဲ့ ကြွေးကြော်သံတွေကြောင်းများလား ခုတော့ ကမ္ဘာကသိပါတယ်။ သိပ်ကိုဒုခများတဲ့တိုင်းပြည်အဖြစ်နဲ့လေ တစ်လောကလုံးက သတိထားမိလောက်အောင်ကို တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ကပြနေတာလား မိမြန်မာရယ် ။
သိခဲ့ဘူး မှတ်ခဲ့ဖူးတာလေးတစ်ခုကိုပြန်ကြားမိပါတယ် "ကတိသစ္စာများမြဲအခါ နွယ်မြက်ပင်တောင်ဆေးဖက်ဝင်သတဲ့ ၊ ဘုန်းကံကြီးမားတဲ့မင်းကောင်းမင်းမြတ်တို့ စိုးစံတဲ့အခါမှာတော့ တိုင်းပြည်သာယာစည်ပင်သလို ဆင်ဖြူပေါ်တယ် ရာသီဥတုကောင်းမွန်တယ်၊ အများပြည်သူငြိမ်းချမ်းစွာ နေထိုင်ရသတဲ့၊ မင်းယုတ် မင်းဆိုး နန်းတက်ပြီဆိုရင်တော့ မကောင်းတဲ့အကုသိုလ်အလုပ်တွေကို လုပ်လွန်းအားကြီးလို တိုင်းပြည်က ကပ်ဆိုက်တယ် ဘေးဆိုးဆိုက်တယ် ရေကြီးတယ် မီးလောင်တယ် လူဆိုးသူခိုးတွေပွားများတယ်လို ရှေ့ဆိုရိုးတွေ ပြောခဲ့ကြတယ်" ရွှေတိဂုံဘုရားပျက်စီးလောက်အောင်ကို မြန်မာနိုင်ငံက ဘေးကံသင့်နေပြီထင်ပါတယ် ။ ဗုဒ္ဓဘာသာထွန်းကားရာ ကိုးကွယ်ရာအရပ်မှာ နတ်ကောင်းနတ်မြတ်တို့စောင့်ရှောက်တယ်လို့ ကြားဖူးပါတယ် ဘုရာ၏မေတ္တာ၊ တရား၏မေတ္တာ၊ သံဃာ၏မေတ္တာကြောင့် မြန်မာနိုင်ငံကြီးဘာမှမဖြစ်ဘူး စိတ်မပူပါနဲ လက်ဝါးနဲကာထားမယ်လို့ ဆရာတော်တပါး ဟောခဲ့ချိန်တုံးက နလုံးသားထဲက ယုံကြည်ခဲ့ပါတယ် ။ ငါတို့နိုင်ငံဟာ ဘယ်တုံးကမှ ဘာမှဆိုးဝါးတာမဖြစ်ခဲ့ပါဘူးလေ မေတ္တာဓါတ်ကြီးစိုးပါတယ်လို့ ထင်ခဲ့တယ်။ ခုတော့ ဘုရားစူးပြီထင်တယ် သံဃာကိုရိုက်လို သံဃာကိုသတ်လို့ သံဃာသွေးစွန်းလို့ ၊ တိုင်းသူပြည်သားတွေအပေါ်မတရားစီးနှင်း အုပ်ချုပ်မှုတွေအတွက် ကမ္ဘာကြီးက အပြစ်ပေးချိန်ရောက်ပြီထင်တယ်။ ကမ္ဘာသိလိမ်လည်ဖို့ကြိုးစားတဲ့ မတရားသဖြင့် မဲဆန္ဒရွေှ့းကောက်ပွဲအတွက် နိုင်ထက်စီးနှင်း တဖက်သတ်ဆုံးဖြတ်ဖို့ကြိုးစားမှုတွေအတွက် ဒါဏ်ခတ်လိုက်ပြီထင်တယ်။ ကိုယ်နိုင်ငံကို တန်ဖိုးမထား၊ ကိုယ်ပြည်သူကိုအလေးမပြု ကိုယ်ကျိုးအတွက် ကိုယ်အာဏာတစ်ခုအတွက် သန်းပေါင်းများစွာသော မြန်မာပြည်သူတွေ ဆင်းရဲတွင်းထဲ ထွက်ပေါက်ပိတ်လောင်ပိတ်ခံနေရတယ်။ မ၀ရေစား ထမင်းကြမ်းကို အချိန်မှန်မစားနိုင်အောင်လုပ်ထားတယ်။ ဒုတ်တွေ ဓါးတွေ သေနတ်တွေပြကာ အာဏာစက်ကွင်းကို ခိုင်အောင်လုပ်တယ်။ သေလုဆဲဆဲလူတစ်ယောင်၏အတ္တလောဘအတွက် မြန်မာပြည်လည်စင်းခံပေးနေရတယ်။ ၀ဋ်ကြီးလိုက်တာမိမြန်မာ ဘယ်သူမပြုမိမိမှုတဲ့ "သမိုင်းမှာ အဖေကိုသတ် ဦးလေးကိုသတ်ပြီး နန်းလုခဲ့ကြတယ်လေ" ဒီကံတွေကဘယ်ကိုရောက်မယ်ထင်သလဲ့ ကိုယ်ဘဲခံရမှာပေါ့ အဲဒီအချိန်ကတည်းက မြန်မာပြည်မအေးချမ်းတော့ပါဘူး။ နှစ်ရာချီပြီးသူများလက်အောက်ကိုရောက်ခဲ့တယ် ၊ ကိုယ်မင်းအရီုးတောင် သူများတိုင်းပြည်မှာ မြုပ်နှံသဂြိုဟ်ရတဲ့ မျက်နှာမွဲလူမျိုးဆိုပြီးရှက်တတ်မယ်ဆိုရင်တောင် ရှက်စရာအဖြစ်လေ၊ ဘုန်းကံကြီးသူတွေမပေါ်ထွန်းဘူး မွေးခဲ့ရင်လည်း ထောင်နန်းစံ၊ လုပ်ကြံခံ ဖြင့် မြန်မာပြည်ကြီး ရေစုံမျှောနေတာကြာလှပေါ့ . ဦးဆောင်သူမရှိ ခေါင်းဆောင်းမရှိ မိမဲ့ဘမဲ့မြန်မာပြည်ရယ် နင်ဘ၀က ခုတော့ မျက်ရည်တွေ သောကတွေ ခါးသက်မှုတွေအတွက် ကျမလည်းဆုမတောင်းပေးတတ်တော့ဘူး ၊ ကောင်းခြင်းတစ်ခုကိုမှ ကျမကလည်းမစွမ်းဆောင်နိုင်လေတော့ ခါးစည်းလို့သာခံလိုက်ပါမိမြန်မာ …

နတ်သမီးရေစင်

Wednesday, April 30, 2008

ကဗျာရွတ်သံ

ကိုနှင်းခါးမိုးရဲ့  “ဲပြန်ပေးဆွဲ ခံထားရတဲ့ ဒုက္ခသည် စခန်းကြီးတစ်ခု” နဲ့  ကျွန်တော်ရဲ့ ကဗျာ ဖြစ်တဲ့ “ငါနေတဲ့ နေရာ” ဆိုတဲ့ ကဗျာနှစ်ပုဒ်ကို ကိုကျော်အောင်လွင်က ဗွီအိုအေ အနုပညာ မိုးကောင်ကင် အစီအစဉ်မှာ ရွတ်ဆိုပေးထားပါတယ်။



ပြန်ပေးဆွဲခံထားရတဲ့ ဒုက္ခသည်စခန်းကြီးတစ်ခု (ရေး - နှင်းခါးမိုး)

အဲဒီ့မှာ... ကလေးတွေအတွက် စာသင်ခုံတွေ အလုံအလောက်မရှိပေမယ့်
အလုပ်လက်မဲ့တွေအတွက် ဘိလိယက်ခုံတွေ အလုံအလောက်ရှိတယ်။

အဲဒီ့မှာ... ကမ္ဘာကြီးနဲ့ ဝင်ဆန့် နိုင်ဖို့  အင်တာနက်ကဖေးတွေ မရှိပေမယ့်
ကိုယ့်နွားခြေရာခွက်ထဲမှာ တကိုယ်တော်ရွက်လွှင့်ဖို့ စည်ဘီယာဆိုင်တွေ ရှိတယ်။

အဲ့ဒီမှာ... အိပ်မက်တွေအတွက် မနက်ဖန်မရှိပေမယ့်
ဒီနေ့အတွက် နှစ်လုံးထီရှိတယ်။

အဲ့ဒီမှာ... ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့ ရောင်းကောင်းရောင်းဝယ် ဈေးကွက်မရှိပေမယ့်
ဒီကွေ့ ဒီတက်နဲ့ လှော်ဖို့ အပေါင်ဆိုင်တွေ ရှိတယ်။

အဲ့ဒီမှာ
ခေတ်မီ တိုက်လေယာဉ်ကြီးတွေရှိတယ်...ကြံ့ဖွံ့ရှိတယ်...ဖယောင်းတိုင်ရှိတယ်။
ကြားကားရှိတယ်... ဂြိုလ်တုလောင်းကစားရှိတယ်။
ဘောလုံးနဲ့ ဘင်လာဒင်ကို ဘုရားစင်မှာ တင်ထားတဲ့ ဂျာနယ်တွေရှိတယ်။
ဖွင့်ထားတဲ့ ကြယ်ငါးပွင့် ဟော်တယ်ကြီးတွေရှိတယ်။

ပြီးတော့...သေနတ်နဲ့ ပိုက်ဆံပေါင်းထားတဲ့ တရားဥပဒေရှိတယ်။
ရေဒီယိုနဲ့ ကောလာဟာလပေါင်းထားတဲ့ မျှော်တလင့်လင့် နိုင်ငံရေးရှိတယ်။
စာပေစိစစ်ရေးနဲ့ ထောင် ပေါင်းထားတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ရှိတယ်။

ပြီးတော့... ဗိုလ်ချုပ်ကြီးတွေက... အပီခိုးသွားတယ်...
လူအုပ်ကြီးတွေက...ဆီတိုးစားတယ်...
အမှားတွေ ပျောက်မလားလို့ တံတားတွေ ဆောက်ထားတာရှိတယ်။
မြို့ပြင်လယ်ကွင်းပြင်ကြီးထဲ ထုတ်ထားတဲ့ တက္ကသိုလ်ကောလိပ်ကြီးတွေနဲ့
ဆရာတွေ လက်ပတ်ဝတ် ကင်းစောင့်နေတဲ့ အေးချမ်းစွာ ပညာသင်ကြားရေးရှိတယ်။

ပြီးတော့ ...အိမ်ထဲကအိမ်ပြင်မထွက်ရဲတဲ့ လူတစ်ယောက်နဲ့
အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့ လူတစ်ယောက်ရှိတယ်။

ပြီးတော့ ... တရုတ်တန်းဖြစ်သွားတဲ့ နန်းတော်တစ်ခုရှိတယ်။ ။


ငါနေတဲ့နေရာ (ရေး -ကောင်းကင်ကို)

ငါနေတာ လင်းတလှည့် မှိန်တလှည့် ကြယ်မြို. လေး တမြို့ မှာ
ငါနေတာ မီးလင်းနေရင် ဘယ်လိုမှမအိပ်တတ်တဲ့ ဇီဇာကြောင်တဲ့ မြို့ လေးမှာ
ငါနေတာ “ဧည့်သည်လာရင် မကြည်ဖြူတဲ့အိမ်ရှင်မ” နဲ့ တူတဲ့ မြို့ လေးမှာ
(ဧည့် စာရင်း တိုင်ရတယ်လေ)
ငါနေတာ တစ်နာရီလောက် ငရဲခံဖို့ အရေး ၁၀၀ ကျပ်ပေးရတဲ့ မြို့ လေးမှာ
ငါနေတာ သန့် ရှင်းစေချင်လို့ မိုးစက်တွေနဲ့ ရေချိုးပေးကာမှ တကိုယ်လုံးက အနာတွေစိုရွှဲပြီး ပိုညစ်ပတ်သွားတဲ့  မြို့ လေးမှာ
ငါနေတာ ပထွေးကမဆင်လို့  တနေ့ တခြား စုတ်ခြာလာတဲ့  “သူဆင်းရဲမ”မြို့ လေးမှာ
ငါနေတာ ပထွေးကိုရွံလို့ ပတ်ဝန်းကျင်က ဝိုင်းကြဉ်ထားတဲ့  “အထီးကျန်မ” မြို့ လေးမှာ
ငါနေတာ နာတာရှည်နိုင်ငံရေးဝေဒနာတနေ့ တခြား ဆိုးရွားလာတဲ “့လူမမာမ” မြို့ လေးမှာ။
ငါနေတာ မနှစ်ကမှ လင်ဆိုးကြီးနဲ့ ကွာရှင်းခွင့် ရလိုက်တဲ့  “တခုလပ်မ” မြို့ လေးမှာ (ပျဉ်းမနားပြောင်းသွားပြီလေ)
ငါနေတာ နေပူနေတာတောင် “ခမောက်”ဆောင်းကြည့် ခွင့် မရတဲ့ မြို့ လေးမှာ

download poem mp3 file (click here)

Thursday, April 24, 2008

Saturday, April 19, 2008

ပန်းသီးပေးတဲ့ ကောင်မလေး (by Herman Rosenblat)

"ကျွန်တော့်ကံကြမ္မာက ကျွန်တော့်ကို အသေစီရင်ဖို့ ပြဌာန်းခဲ့ပြီးသား။ မေလ ၁၀ရက်နေ့ (၁၉၄၅) နံနက် ၁၀ နာရီမှာ ဓာတ်ငွေ့ လွှတ်ထားတဲ့ အခန်းထဲမှာ အသတ်ခံရမယ့် စာရင်းထဲမှာ ကျွန်တော်ပါတယ်။ ခြောက်ခြားဖို့ ကောင်းအောင်တိတ်ဆိတ်နေတဲ့ မနက်စောစောအာရုဏ်ဦးမှာ ကျွန်တော်သေဖို့ ပြင်ဆင်ခဲ့ရတယ်။ ဟိုအရင်က သေမင်းက ကျွန်တော့်ကိုခေါ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ကျွန်တော် တစ်နည်းနည်း
နဲ့ လွတ်မြောက်ခဲ့တာ ချည်းပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ မရတော့ဘူး ...
"
***** ***** *****
၁၉၄၂ ခုနှစ်၊ August လ…
ပိုလန်နိုင်ငံ ပီယော့တိုကို မြို့ 
ကောင်းကင်တစ်ခုလုံး မဲမှောင်နေလို့ …
ပီယော့တိုကိုမြို့  က ဂျူးတွေအားလုံး ယောကျာ်းမိန်းမ မရွေး၊ ကလေးပါမကျန် ကွင်းပြင်ကြီး တစ်ခုထဲကို မောင်းအသွင်းခံနေရတယ်။ ကျွန်တော်တို့ အပြောင်းရွှေ့ ခံကြရတော့မယ်လို့ လည်း သတင်းတွေကြားနေရတယ်။ ကျွန်တော့် အဖေကတော့ ပြွတ်သိပ်ပြီး နေနေရတဲ့ ကျွန်တော်တို့ ဂျူးတွေကြားမှာ ကူးစက်ပျံနှ့ံလာတဲ့ အပြင်းစား အဖျားရောဂါ
နဲ့ ဆုံးသွားတာ မကြာသေးပါဘူး။

ကျွန်တော်တို့ မိသားစု တကွဲတပြားစီ ဖြစ်သွားမှာကို ကျွန်တော်အရမ်းစိုးရိမ်တယ်ဗျာ။ ကျွန်တော့် အစ်ကိုကြီး အစ်ဇစ်ဒို ကတော့ ကျွန်တော့်အသက်ကို မေးလာရင် ၁၆ နှစ်လို့ ပြောဖို့ တိုးတိုးတိတ်တိတ် မှာပါတယ်။ ကျွန်တော့် အရပ်က ကျွန်တော့်အသက် ၁၁ နှစ်နဲ့ စာရင် တော်တော်လေးရှည်တာမို့ ကျွန်တော့်ကိုယ် ကျွန်တော် ၁၆ နှစ်လို့ ပြောရင့် သူတို့ ယုံကြလိမ့်မယ်ထင်တာပဲ။ ဒါဆိုရင် ကျွန်တော့်ကို အလုပ်လုပ်နိုင်တဲ့ အရွယ်လို့ သူတို့ သတ်မှတ်ကြလိမ့်မယ်။

“ဒေါက်..ဒေါက်..ဒေါက်” ဟော..ခြေသံတွေ….
ဘွတ်ဖိနပ်နဲ့ လမ်းခင်းကျောက် ထိမိလို့ ထွက်လာတဲ့ခြေသံတွေ….
နာဇီလက်အောက်ခံ SS (Schutztaffel) က စစ်သားတစ်ယောက် ကျွန်တော့်အနားကို ချဉ်းကပ်လာပါတယ်။ သူကျွန်တော့်ကို ခြေဆုံးခေါင်းဆုံး စေ့စေ့စပ်စပ်ကြည့်ပြီး ကျွန်တော့် အသက်ကို မေးပါတယ်။
ကျွန်တော်သူ့ ကို ထိတ်ထိတ်လန့် လန့် နဲ့ ပဲ ပြန်ဖြေလိုက်ပါတယ်။ “၁၆ နှစ်”
သူက ကျွန်တော့်ကို ကျွန်တော့် အစ်ကိုသုံးယောက်အပါအဝင် တခြားကျန်းမာသန်စွမ်းတဲ့ လူငယ်ကောင်လေးတွေ ရပ်နေကြတဲ့ ဗယ်ဘက်ကို သွားဖို ညွှန်ပြလိုက်ပါတယ်။

ကျွန်တော့်အမေကတော့ တခြားမိန်းမတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မကျန်းမာတဲ့သူတွေ ရပ်နေရတဲ့ ညာဘက်ခြမ်းကို သွားရပါတယ်။ ဒါနဲ့ ဘာကြောင့်လဲဆိုတာ ကျွန်တော်သိချင်လို့ ကျွန်တော့်အစ်ကို အစ်ဇီဒိုကို တိုးတိုးလေးမေးလိုက်ပါတယ်။ အစ်ကိုက ပြန်မဖြေပါဘူး။ ကျွန်တော် အမေ့ ဆီကိုပြေးသွားပြီးတော့
အမေနဲ့ အတူနေချင်တဲ့အကြောင်းပြောလိုက်တယ်။ အမေက ခပ်ပြတ်ပြတ်ပဲ ငြင်းပါတယ်။ “ဟာ…ငါ့ကို ဘာမှအဓိပ္ပါယ် မရှိတာတွေ လာပြောမနေနဲ့ ။ နင့်အစ်ကိုတွေ ရှိတဲ့နေရာကိုသွားစမ်း”။ အမေ ကျွန်တော့်ကို တစ်ခါမှ အဲဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်းမဆူဘူးသေးပါဘူး။ ဒါပေမယ့် ကျွန်တော့်ကို စိုးရိမ်စိတ်နဲ့  အမေ အကာအကွယ်ပေးလိုက်တာပဲ ဆိုတာကို ကျွန်တော်နားလည်ခဲ့ပါတယ်။ အမေက ကျွန်တော့်ကိုအရမ်းချစ်တော့ ဒေါသထွက်ဟန်ဆောင်ပြီး ပြောခဲ့တာပါ။ အဲဒီ့ အချိန်ဟာ ကျွန်တော် အမေ့ကို နောက်ဆုံးတွေ့ လိုက်ရတဲ့ အချိန်ပေါ့။

ကျွန်တော်တို့ ကို ကျွဲတွေနွားတွေ တင်တဲ့ကားနဲ့ ခေါ်သွားပြီးတော့ ဂျာမနီကို ပို့ လိုက်ပါတယ်။ ကျွန်တော်တို့ လူတွေအရမ်း ပြွတ်သိပ်နေတဲ့ ဘူးခန့် ဝဲ(လ်)(ဒ်) (Buchenwald) ငရဲခန်း ကိုရောက်သွားပါတယ်။ ကျွန်တော်တို့ ကို Uniform ထုတ်ပေးပြီး ကိုယ်ပိုင်နံပါတ် တစ်ခုစီလည်းပေးပါတယ်။ ကျွန်တော့် အစ်ကိုတွေကို ကျွန်တော် ပြောလိုက်ပါတယ်။ “ငါ့ကို ဟာမန် လို့ မခေါ်နဲ့ တော့။ 94983 လို့ ပဲခေါ်ကြတော့”။ ကျွန်တော် အကျဉ်းစခန်းထဲက မီးသင်္ဂြိုလ်ရုံမှာ လူသေအလောင်းတွေကို လက်လှည့်လှေကား ပေါ်တင်ပေးရတဲ့ အလုပ်ကိုလုပ်ရပါတယ်။ ကျွန်တော်လည်း လူသေအလောင်းတွေနဲ့ ဘာထူးသေးလို့ လဲ။ ကျွန်တော့်ကိုယ် ကျွန်တော် သေဆုံးသွားသလို ခံစားရတယ်။ သြော်…ကျွန်တော့်ဘဝကလည်း အသက်မရှိတဲ့ နံပါတ်တစ်ခုသာ။

ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော့်ကို ဘူခန့် ဝဲ(လ်)(ဒ်) အကျဉ်းစခန်း ရဲ့  ဘာလင်မြို့ နားက အကျဉ်းစခန်းခွဲတစ်ခု (Schlieben) ကို ပို့ လိုက်ပါတယ်။ တစ်မနက်မှာတော့ အမေ့  ရဲ့ အသံကို ကျွန်တော် ကြားယောင်မိတယ်ဗျာ။ “သား အတွက် မေမေ နတ်မိမယ် တစ်ပါး လွှတ်လိုက်တယ်” တဲ့။ ပျော့ပျောင်းညင်သာစွာ ကျွန်တော့်ကို ပြောလိုက်တဲ့အမေ့ ရဲ့ အသံကို ကျွန်တော်သေသေချာချာကို ကြားလိုက်ရတယ်ဗျာ။

နောက်တော့ကျွန်တော် နိုးလာပါတယ်။ သြော်…ငါ အိပ်မက် မက်နေတာပါလား။ နတ်မိမယ်လေး လွှတ်လိုက်မယ်တဲ့။ အရမ်းလှတဲ့ အိပ်မက်လေးပဲ။ ဒါပေမယ့် ဒီလိုနေရာမျိုးမှာ နတ်မိမယ် တော့ ဘယ်လိုမှမရှိနိုင်ဘူး။ ဝန်နဲ့ အားနဲ့ မမျှတဲ့အလုပ်၊ ဆာလောင်မွတ်သိပ်မှုနဲ့  အကြောက်တရားတွေပဲ ဒီနေရာမှာ ရှိတယ်။

ရက်အနည်းငယ် အကြာမှာတော့ ကျွန်တော် အကျဉ်းစခန်း ထဲမှာ တစ်ယောက်တည်း လျှောက်သွားရင်းနဲ့ အကျဉ်းသားတန်းလျားတွေရဲ့ နောက်၊ အစောင့်တွေအလွယ်တကူမမြင်နိုင်တဲ့ သံဆူးကြိုးတွေကာထားတဲ့ ခြံဝင်းအနီး ကို ရောက်သွားပါတယ်။ ခြံစည်းရိုးရဲ့ အခြားတစ်ဘက်မှာ ဆံပင်ကောက်ကောက်နဲ့ ကောင်မလေးတစ်ယောက်ရှိနေတာကို ကျွန်တော်သတိထားမိပါတယ်။ သူက သူ့ ရဲ့ ကိုယ်တစ်ဝက်ကို သစ်ပင်တပင်နဲ့ ကွယ်ထားပါတယ်။ ကျွန်တော် တစ်ချက် မျက်စေ့ ကစားပြီး ပတ်ဝန်းကျင်မှာ ကျွန်တော့်ကို မြင်နိုင်တဲ့သူရှိမရှိ အကဲခတ်လိုက်ပါတယ်။ ကျွန်တော့်ကို တခြားမြင်နိုင်တဲ့သူ မရှိနိုင်တာသေချာတာနဲ့  သူ့ ကို ကျွန်တော် ဂျာမန်လို တိုးတိုးလေး စားစရာတစ်ခု ရှိမရှိ မေးလိုက်ပါတယ်။ သူက ကျွန်တော်ပြောတာကို နားမလည်ပါဘူး။ ကျွန်တော် ခြံစည်းရိုးနားကို နည်းနည်း ထပ်တိုးသွားပြီးတော့ ပိုလန်လို ထပ်မေးလိုက်ပါတယ်။ သူ ရှေ့ ကို တစ်လှမ်းတိုးလာပါတယ်။ ကျွန်တော်ဟာ ပိန်ချုံးနေပြီး ခြေထောက်မှာလည်း အဝတ်စုတ်တွေနဲ့ ပတ်ထားပါတယ်။ ဒါပေမယ့် ကောင်မလေးကြည့်ရတာ ရွံ့ တွန့် တွန့် ဖြစ်နေပုံ မရပါဘူး။
သူ့ ရဲ့ မျက်လုံးတွေထဲမှာ ကျွန်တော် အသက်ဓာတ်တစ်မျိုးကို တွေ့ ရပါတယ်။ သူက သူ့ ရဲ့  သိုးမွေး အင်္ကျီထဲကနေ ပန်းသီးတစ်လုံးကို ဆွဲထုတ်လိုက်ပြီး ခြံစည်းရိုးပေါ်ကို ကျော်ပစ်ပေးပါတယ်။ ကျွန်တော် အဲဒီ့ပန်းသီးကို ဖမ်းလိုက်ပြီး အဝေးကို ချက်ခြင်း ပြေးထွက်ခဲ့ပါတယ်။ သူမရဲ့ အသံဖျော့ဖျော့ လေးကို လည်းကျွန်တော်ကြားလိုက်ရပါတယ်။ မနက်ဖန်လည်း လာခဲ့မယ်တဲ့။

ဒါပေမယ့် ကျွန်တော်ကတော့ သူပြန်လာလိမ့်မယ်လို့ မထင်ပါဘူး။ အရမ်းအန္တရာယ်များတယ်လေ။ ဒါပေမယ့် နောက်တစ်ရက် အဲလိုအချိန်မှာ အဲဒီ့နေရာကို ကျွန်တော်မသွားပဲ မနေနိုင်ဘူးဗျာ။ ကျွန်တော် မျှော်လင့်ချက်တဝက်၊ စိုးရိမ်စိတ် တဝက်
နဲ့ သွားခဲ့ပါတယ်။ သူရှိနေပါတယ်။ မနေ့ က ကောင်မလေး။ သူ သစ်ပင်နောက်ကွယ်ကနေ ထွက်လာပြီးတော့ မနေ့ ကလိုပဲ တစ်စုံတစ်ခုကို ခြံစည်းရိုးပေါ်ကျော်ပြီး ပစ်လိုက်ပါတယ်။ ဒီတစ်ခါတော့ ပေါင်မုန်.။ ပေါင်မုန့် တစ်တုံးကိုထုပ်ပြီး ကျောက်တုံးတစ်တုံးနဲ့ တွဲချည်ပြီး ပစ်လိုက်တာ။ ကျွန်တော် သူ့ ကို အရမ်းပဲကျေးဇူးတင်မိပါတယ်။ ကျွန်တော် ပေါင်မုန့် ကို ဆာလောင်မွတ်သိပ်စွာ စားရင်းကနေ ပေါင်မုန့် က ကျွန်တော့် အစ်ကိုတွေနဲ့ ဝေစားလို့ ရလောက်အောင် ကြီးရင် ကောင်းမယ်
လို့ တွေးမိပါတယ်။ ကျွန်တော် ကောင်မလေးကို ကြည့်လိုက်တော့ မရှိတော့ပါဘူး။

ကျွန်တော်နေ့ တိုင်းနေ့ တိုင်း အချိန်ကျတာနဲ့ ခြံစည်းရိုးနားက အဲဒီ့နေရာကို အမြဲသွားပါတယ်။ကောင်မလေးကလည်း ကျွန်တော့်အတွက် စားစရာတစ်ခုခုယူလာပြီး အဲဒီ့နေရာကို မပျက်မကွက် လာရှာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စကားမပြောရဲ ကြပါဘူး။ ကြာကြာလည်း မနေရဲ ကြပါဘူး။ အဖမ်းခံရရင် ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် အသက်အန္တရာယ်ရှိပါတယ်။ ကျွန်တော် ကောင်မလေးရဲ့ အကြောင်းကို ဘာမှမသိပါဘူး။ သူဟာ ကြင်နာတတ်တဲ့ကောင်မလေးတစ်ယောက်။ ပြီးတော့ ပိုလန်စကားကို နားလည်ပုံရတယ်။ ကျွန်တော်ဒီလောက်ပဲ သိပါတယ်။ သူ့ နာမည်ဘယ်သူလဲ? ကျွန်တော့်အတွက် သူ ဘာကြောင့် ဒီလောက်စွန့် စားသလဲ? အခုလို မျှော်လင့်ချက်တွေ ကင်းမဲ့နေတဲ့ အချိန်မှာ သူက ခြံစည်းရိုး ဟိုဘက်ခြမ်းကနေပြီးတော့ မျှော်လင့်ချက်နဲ့ စားစရာပေါင်မုန့် တွေ ပန်းသီးတွေကို ပေးပါတယ်။

ခုနစ်လလောက်ကြာတော့ ကျွန်တော်တို့ ညီအစ်ကိုတွေနဲ့ တခြားလူတွေကို ကျောက်မီးသွေးတင်တဲ့ကားပေါ် စုပြုံတင်ပြီး ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှာ ရှိတဲ့ တီရီဆန်စတပ် camp ကို ပို့ လိုက်ပါတယ်။ မသွားခင် တစ်ရက်မှာ ကောင်မလေးကို နောက်နေ့ တွေမလာတော့ဖို့ နဲ့ ကျွန်တော်တို့ သွားရတော့မယ့် အကြောင်းကို ပြောလိုက်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ပန်းသီးတွေပေးတဲ့ အမည်မသိ ကောင်မလေးကို ကျွန်တော် နှုတ်လည်းမဆက်၊ နောက်လည်း ပြန်လှည့်မကြည့်ပဲနဲ့ ကျွန်တော့်နေရာဆီကို ဦးတည်ပြီး လှည့်ထွက်လာခဲ့ပါတယ်။

ကျွန်တော်တို တီရီဆန်စတပ် camp မှာ ၃လ နေခဲ့ရပါတယ်။ စစ်ကြီးရဲ့ အရှိန်ဟာ လျော့ကျလာပြီး မဟာမိတ်တပ်တွေလည်း ရောက်လာခါလည်းနီးပါပြီ။ ဒါပေမယ့် ကျွန်တော့်ကံကြမ္မာက ကျွန်တော့်ကို အသေစီရင်ဖို့ ပြဌာန်းခဲ့ပြီးသား။ မေလ ၁၀ရက်နေ့ (၁၉၄၅) နံနက် ၁၀ နာရီမှာ ဓာတ်ငွေ့ လွှတ်ထားတဲ့ အခန်းထဲမှာ အသတ်ခံရမယ့် စာရင်းထဲမှာ ကျွန်တော်ပါတယ်။ ခြောက်ခြားဖို့ ကောင်းအောင်တိတ်ဆိတ်နေတဲ့ မနက်စောစောအာရုဏ်ဦးမှာ ကျွန်တော်သေဖို့ ပြင်ဆင်ခဲ့ရတယ်။ ဟိုအရင်က သေမင်းက ကျွန်တော့်ကိုခေါ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ကျွန်တော် တစ်နည်းနည်းနဲ့ လွတ်မြောက်ခဲ့တာ ချည်းပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ မရတော့ဘူး။ ကျွန်တော် အဖေနဲ့ အမေ့အကြောင်းတွေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် သူတို့ နဲ့ ပြန်ဆုံစည်းရတော့မယ်။ မနက် ၈နာရီမှာ ကျွန်တော် ဆူဆူညံညံ အသံတွေကြားလိုက်ရပြီး လူတွေဟိုပြေးဒီပြေးနဲ့ အကျဉ်းစခန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေတာ တွေ့ လိုက်ရတယ်။ ကျွန်တော့် အစ်ကိုတွေနောက်ကို ကျွန်တော်ပြေးလိုက်သွားတယ်။ ရုရှားတပ်တွေက ကျွန်တော်တို့ ကိုလွှတ်ပေးလိုက်ပြီတဲ့။

ဂိတ်တံခါးက ပွင့်နေပြီ။ လူတွေလည်း ပြေးလွှားနေကြတယ်။ ကျွန်တော်လည်း သူတို့ နဲ့ အတူတူ လိုက်ပြေးတာပေါ့။

အံ့သြစရာ တော့ကောင်းတယ်ဗျာ။ ကျွန်တော်တို့ ညီအစ်ကိုတတွေ အားလုံး ငရဲခန်းကြီးထဲမှာ တစ်ယောက်မှ မသေပဲ အသက်ရှင်ကျန်ရစ်ခဲ့ကြတယ်။ ဘာကြောင့်လဲတော့ မသိဘူး။ ကျွန်တော်သိတာကတော့ ကျွန်တော်သေကံမရောက် သက်မပျောက်ပဲ ကျန်ရစ်ခဲ့ရတဲ့ အဓိက အကြောင်းရင်းဟာ ပန်းသီးပေးတဲ့ ကောင်မလေးကြောင့်။ အနိဌာရုံတွေ ကြီးစိုးနေတဲ့နေရာမှာ ကျွန်တော့်နတ်သမီးလေးက ကျွန်တော့်ကိုကယ်ခဲ့တယ်။ မျှော်လင့်ချက်လုံးဝမရှိတဲ့ နေရာမှာ မျှော်လင့်ချက်တွေ ပေးခဲ့တယ်။ အိပ်မက်ထဲမှာ ကျွန်တော့်အမေ ကျွန်တော့်ကို ကတိပေးခဲ့သလိုပဲ ကျွန်တော့်ဆီကို နတ်မိမယ်လေးတစ်ပါး လာရောက်ပြီး ကျွန်တော့်အတွက် နေ့ စဉ် မျှော်လင့်ချက် လေးတွေ ပေးခဲ့တယ်။

နောက်ဆုံးမှာတော့ ကျွန်တော် ဂျူးအဖွဲ့ အစည်းတွေရဲ့ အထောက်အပံ့နဲ့  အင်္ဂလန်ကို သွားခဲ့တယ်။ ကျွန်တော့်လိုပဲ အစုလိုက်အပြုံလိုက် အသတ်ခံ ရမှုကနေ အသက်မသေပဲ လွတ်မြောက်လာခဲ့တဲ့ သူငယ်ချင်းတွေနဲ့ အဆောင်တစ်ခုမှာ အတူတူနေပြီး အီလက်ထရောနစ် ပညာကို သင်ယူခဲ့ပါတယ်။ နောက်တော့ ကျွန်တော့်အစ်ကို Sam ရောက်နှင့်နေပြီ ဖြစ်တဲ့ အမေရိကန်ကို ကျွန်တော်လိုက်သွားတယ်။ ကိုရီးယား စစ်ပွဲကာလမှာ အမေရိကန် စစ်တပ်မှာ ကျွန်တော် ဝင်အမှုထမ်းခဲ့ပြီး New York ကို ပြန်လာခဲ့ပါတယ်။ 1975 သြဂုတ် လမှာတော့ ကျွန်တော် အီလက်ထရွန်းနစ် စက်ပစ္စည်းပြင်ဆိုင်ကို ဖွင့်ခဲ့ပါတယ်။ ကျွန်တော် အခြေကျစ ပြုလာပါပြီ။

တစ်ရက်မှာတော့ ကျွန်တော် အင်္ဂလန်တုန်းက သိခဲ့တဲ့ သူငယ်ချင်း Sid ကဖုန်းဆက်ပါတယ်။

“ငါကောင်မလေးတစ်ယောက်နဲ့ date လုပ်ထားတယ်။ သူ့ မှာလည်းသူငယ်ချင်းတစ်ယောက်ရှိတယ်။ ငါတို့  double date လုပ်ရအောင်”

Blind date…အပြင်မှာ လူချင်းမတွေ့ ဖူးသေးပဲ ချိန်းတွေ့ ကြမှာ။ ကျွန်တော်ဒါမျိုးကို စိတ်မဝင်စားဘူး။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်းက အတင်းနားပူတာ နဲ့  ကျွန်တော်လက်ခံလိုက်တယ်။ ရက်အနည်းငယ် ကြာတော့ ကျွန်တော်တို့ ကောင်မလေးတွေနဲ့ တွေ့ ဖို့  Bronx ကိုသွားကြတယ်။ Blind date ဆိုပေမယ့် မဆိုးဘူးဗျာ။ ကျွန်တော်နဲ့ တွဲရတဲ့ ကောင်မလေး ရိုမာ က Bronx ဆေးရုံက Nurse. သူက ကြင်နာတတ်ပြီး စမတ်လည်း ကျတယ်။ လှလည်း လှတယ်ဗျာ။ သူ့ ဆံနွယ် အညိုရောင်လေးကိုကောက်ထားတယ်။ သူ့ မျက်လုံးတွေကလည်း အသက်ဝင်တောက်ပလို့ ။

ကျွန်တော်တို့ လေးယောက် Coney ကျွန်း ကို မောင်းသွားကြတယ်။ ရိုမာက ဖော်ရွေပျူငှာပြီး ပြောလို့ ဆိုလို့ ကောင်းတယ်ဗျာ။ ခင်မင်ရင်းနှီး သွားပြီးတော့ လူစိမ်းဆိုပြီး သတိထားနေရတာတွေ ပျောက်သွားတယ်နဲ့ တူပါတယ်။ ကျွန်တော်တို့ နှစ်ယောက် သူငယ်ချင်း စုံတွဲကို ဦးစားပေးတဲ့ အနေနဲ့  အတ္တလန္တိတ် ပင်လယ်လေကို ရှူရင်း ကမ်းခြေ ပျဉ်ခင်းလမ်းတစ်လျှောက် လမ်းလျှောက်ထွက်ကြပါတယ်။ ပြီးတော့ ကမ်းစပ်မှာ ညစာစားကြပါတယ်။ ဒီလောက် ပျော်စရာ ကောင်းတဲ့ည ကျွန်တော့် ဘဝမှာ မရှိသေးဘူးဗျာ။

ကျွန်တော်တို့ Sid ရဲ့ ကားဆီကို ပြန်ကြပါတယ်။ ကျွန်တော်နဲ ရိုမာ က နောက်ခုံမှာ အတူတူ ထိုင်ကြပါတယ်။ စစ်အတွင်းမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သူတွေ မို့  ကျွန်တော်တို့ မှာ ပြောစရာတွေ အများကြီး ရှိနေပါတယ်။ သူက အဲဒီ့ အကြောင်းကို စလိုက်ပါတယ်။

“စစ်ဖြစ်နေတုန်းက ရှင်ဘယ်မှာလဲ” သူက တိုးတိုးလေးမေးပါတယ်။
“အကျဉ်းစခန်းမှာ” ကျွန်တော် နာကြည်းစွာ ဖြေလိုက်ပါတယ်။ အတိတ်က ဒဏ်ရာဒဏ်ချက် တွေက အခုထိ စိတ်ထဲမှာ ရှိနေတုန်းပဲ။ ကျွန်တော် ဘယ်လောက်ပဲ မေ့ဖို့ ကြိုးစားကြိုးစား မေ့လို့ ကို မရဘူးဗျာ။
သူက ခေါင်းလေး အသာညိမ့်လိုက်ပါတယ်။
“ကျွန်မတို့ မိသားစုကတော့ ဂျာမနီက ခြံတစ်ခုထဲ မှာ ပုန်းနေရတယ်။ ဘာလင်နဲ့ သိပ်မဝေးဘူး။”
သူက ဆက်ပြောပါတယ်။ “ကျွန်မတို့ ခြံနားမှာ အကျဉ်းစခန်း တစ်ခုရှိတယ်။ အဲဒီ့ အကျဉ်းစခန်းမှာကောင်လေး တစ်ယောက်ရှိတယ်။ ကျွန်မ သူ့ ကို နေ့ တိုင်း ပန်းသီးတို့ ပေါင်မုန့် တို့ သွားသွားပေးတယ်။”

ဟာ…ကြည့်စမ်း။တိုက်ဆိုင်လိုက်တာ။ ကျွန်တော့်အဖြစ်နဲ့ တူလိုက်တာ။ သူ ကျွန်တော့်လို တခြားကောင်လေး တစ်ယောက်ကို ကူညီခဲ့တာပဲ။ “အဲဒီ့ ကောင်လေးရဲ့ ပုံစံက ဘယ်လိုလဲ”ကျွန်တော်မေးလိုက်ပါတယ်။
အရပ်ရှည်ရှည် ပိန်ပိန်နဲ့ ။ လူက အရိုးပေါ်အရေတင်။ သူ့ ကြည့်ရတာ အမြဲ ဆာလောင်နေပုံရတယ်။ ကျွန်မ ခြောက်လလုံးလုံး သူ့ ဆီနေ့ တိုင်းသွားပြီး ပန်းသီးတို့ ပေါင်မုန့် တို့ ပေးခဲ့တယ်။”

ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားသွားပါတယ်။ ကြားရတာတွေ ကို ယုံတောင်မယုံချင်ဘူးဗျာ။ “တစ်ရက်မှာ အဲဒီ့ ကောင်လေးက သူ Schlieben ကနေ သွားရတော့မှာမို့ နောက်နေ့ တွေ မလာတော့ဖို့ မပြောဘူးလား” “အင်း၊ ပြောတယ်” ရိုမာက ကျွန်တော့်ကို အံ့သြစွာ ကြည့်ရင်း ဖြေလိုက်ပါတယ်။

“အဲဒါ ကိုယ်ပဲပေါ့” ကျွန်တော် အရမ်း စိတ်လှုပ်ရှားသွားပြီး ပျော်လည်း ပျော်နေပါတယ်။ အဖြစ်အပျက်က တိုက်ဆိုင်လွန်းတာမို့ ကျွန်တော် ယုံတောင် မယုံနိုင်ဘူးဗျာ။ ကျွန်တော့် နတ်မိမယ်လေး ရိုမာ ကို ကျွန်တော် လက်လွှတ်မခံနိုင်တော့ပါဘူး။ ကျွန်တော် ကားထဲမှာပဲ ရိုမာကို ချစ်ရေးဆိုလိုက်ပါတယ်။ နောက်ထပ် အချိန်တွေ မစောင့်နိုင်တော့ဘူးဗျာ။

“ရှင် ရူးနေပြီ” ရိုမာက ပြောပါတယ်။ ဒါပေမယ့် နောက်အပတ်မှာ သူ့ ရဲ့ မိဘတွေနဲ့ အတူတူ ညစာ လာစားဖို့ ကျွန်တော့်ကို ဖိတ်ပါတယ်။ ကျွန်တော် ရိုမာ အကြောင်းကို သိစရာတွေ အများကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် အရေးအကြီးဆုံး အချက်တွေကို တော့ သိထားပါတယ်။ အကြပ်အတည်းထဲမှာ သစ္စာရှိမှုတွေ၊ အနွံအတာခံတတ်မှုတွေ၊ကြင်နာတတ်မှုတွေ။ အရမ်းကို ဆိုးဝါးတဲ့ အခြေအနေမှာတောင် သူဟာ လပေါင်းများစွာ မပျက်မကွက် ခြံစည်းရိုးနားကို နေ့ တိုင်းလာပြီး မျှော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ အခု ကျွန်တော် သူ့ ကို ပြန်တွေ့ နေရပါပြီ။ ကျွန်တော် သူ့ ကို လက်လွှတ်ဆုံးရှုံး မခံနိုင်ပါဘူး။ ညစာ အတူတူစားကြတဲ့ နေ့ မှာ သူ ကျွန်တော့် အချစ်ကို လက်ခံခဲ့ပါတယ်။ ကျွန်တော် ကလည်း စကားတည်ပါတယ်။ လက်ထပ်သက်တမ်း နှစ် ၅၀ ပြည့်ပြီး သားသမီးနှစ်ယောက်နဲ့ မြေးသုံးယောက် ရတဲ့ အထိ ကျွန်တော် သူ့ ကို ကျွန်တော့် ရင်ခွင်နဲ့ ဝေးရာ ကို တစ်ရက်တောင်မှ ထွက်ခွာသွားခွင့်မပြုခဲ့ဘူးလေ။ ။

Herman Rosenblat ရဲ့  "The Girl with the Apple" ကို ခံစားပြန်ဆိုပါသည်။

ကောင်းကင်ကို

Monday, April 14, 2008

ငါ့ရင်ဘတ်တို့  နီနေရသော အကြောင်းရင်း

ဥယျာဉ်မှူးတစ်ယောက်လုံးကို မျက်လုံးထဲက အတင်းဖျောက်
ပကာသနအတွေးတွေ ခေါင်းထဲရောက်သွားတဲ့ ပန်းလေးတစ်ပွင့်
သူ့ ကိုယ်သူ မိုးပေါ်ကို တမင်ကြွေကျအပစ်မှာ
နှမြောတသစွာနဲ့ လိုက်ကောက်ဖို့ 
ငါ့လက်တွေကို အမြင့်ဆုံးမြှောက်လိုက်တယ်။
မထိဘူး …
မမီဘူး …

မသန့် ရှင်းတဲ့ ရွှေအုတ် ငွေအုတ်တွေနဲ့ 
အတ္တလှေကား တစ်ခုဆောက်
တိမ်တွေပေါ်မှာ ပြုံးပြုံးကြီးလျှောက်ဖို့ ဆိုတာကလည်း
အနုပညာသမားတစ်ယောက်ရဲ့ စိတ်က
မသတီဘူး …
မကြည်ဘူး …

သြော်…
ငါပတ်ထားတဲ့ နာရီလေးထဲက
စက္ကန့် လက်တံလေးကတောင် မချင့်မရဲ နဲ့ ခုန်ထွက်
သူ့ အသံလေး တချက်ချက် နဲ့ 
ငါ့ကို ခေါင်းမမာဖို့ နားချရှာတယ်။

ဒီလိုနဲ့ …
ရောင်စုံ ပန်းပွင့်တို့ နဲ့ 
ရနံ့ မကြိုက်တဲ့ လိပ်ပြာမိုက်တို့ ရဲ့ 
တိတ်တိတ်ကလေး တိုက်ခိုက်ကြတဲ့ ပဋိပက္ခစစ်ပွဲမှာ
နှလုံးသားတစ်ခု အက်ကွဲ
ငါ့ရင်ဘတ် တစ်ခုလုံးသွေးတွေ ရွှဲသွားတော့တယ်။

ကောင်းကင်ကို

Thursday, March 27, 2008

သင်္ကြန်မတိုင်ခင် ကျတဲ့မျက်ရည်

နှစ်အသစ်မှာ
ခေတ်အသစ်ကိုစဖို့ 
သင်္ကြန်တေးတွေက
အသံပေးနေကြတယ်။

နှစ်သစ်ဆိုတာ
ဒုက္ခဟောင်း ဝတ်ရုံကို
တစ်ခါပြန်ခြုံထားဦးမယ့် သက္ကရာဇ်အသစ်တစ်ခုလား။
စောင့်ရှောက်သူမဲ့တဲ့ ဥယျာဉ်ထဲမှာတော့
မျှော်လင့်ချက် သစ်ပင်တွေက
အရိုးအပြိုင်းပြိုင်းနဲ့ တစ်တောလုံး ခြောက်လို့ ။

သင်္ကြန်မိုးရွာရုံနဲ့  တစ်နိုင်ငံလုံးသစ်သွားနိုင်သလား။
သင်္ကြန်ရေစိုရုံနဲ့ စိတ်သစ်လူသစ်တွေ ဖြစ်လာနိုင်မလား။
ငါ့အတွက်ကတော့ သင်္ကြန်တစ်ခါကျတိုင်း
အသက်တစ်နှစ်ရှုံးတယ်။
တစ်နှစ်ပြီးတစ်နှစ်ရွှေ့ ရင်း
ကြံဖန်မေ့ဖျောက်ထားရတဲ့ ဘဝအိပ်မက်တွေကလည်း
ငါ့ကို ခဏခဏ တစ္ဆေလာခြောက်
အနာဂတ်ကိုတွေးတိုင်း ငါဟာကြောက်ကြောက်လာတယ်။

ရောက်လာတော့မယ့် နှစ်သစ်ထဲမှာလည်း
ရေကြည်ရာ မြက်နုရာကို ငါသွား နိုင်ပါ့မလား။
ဘာပဲဖြစ်ဖြစ်၊
ဒေသသစ်မှာ ရေကြည်ကြည် ရေနောက်နောက်
မိုးခါးရေကိုတောင် အလကားသောက်လို့ မရတဲ့ ဒီရပ်ဝန်းကတော့
ငါ ရွှေ့ ပြောင်း ချင်တယ်။

လှောင်အိမ်တံခါးကို ငွေနဲ့ ဆွဲဖွင့်
ထွက်ခွာသွားနှင့်ကြတဲ့ သူငယ်ချင်းတချို့ ကတော့
ကိုယ့်ရေကိုယ့်မြေဟာ နေလို့ အကောင်းဆုံးပဲတဲ့။
လွမ်းသလိုလို၊ နှစ်သိမ့်သလိုလိုနဲ့ 
အထက်စီးက ပြောကြတယ်။
ဘာပဲဖြစ်ဖြစ်သူငယ်ချင်းတို့ ၊
စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ ငါတို့ ဘဝထက်
ကိုယ်သွားတိုင်း စိတ်မပါနိုင်တဲ့ မင်းတို့ ဘဝက
အများကြီးသာပါတယ်။

ကိုယ့်ဘဝကိုယ် ပြန်သုံးသပ်ကြည့်တော့လည်း
ဘဝတစ်ခုလုံးက
ဒုက္ခ ပုံစံခွက်ထဲမှာ မသေမသပ်နဲ့ ခေါက်ရိုးကျိုးလို့ ။
နံနက်လင်းတာနဲ့ 
ဆုတောင်းအဟောင်းတွေကို ဘုရားနားပူလောက်အောင်ခြွေ
ပြီးတော့ လမ်းအသစ်ဆိုရင်လုံးဝမလျှောက်တတ်တော့တဲ့ ခြေထောက်အဟောင်းတစ်စုံနဲ့ 
အညစ်အကြေးတွေကို သောက်ထားလို့ အကျည်းတန်အသည်းခြောက်နေတဲ့ လမ်းသွယ်တွေကိုဖြတ်
အလုပ်သွားဖို့  ဘတ်စ်ကားမှတ်တိုင်ဆီကို ထွက်ခဲ့တယ်။
စပါယ်ယာရဲ့ အသံဟောင်းကို နားထောင်ရင်း
လူနံ့ မွှန်နေတဲ့ ဘတ်စ်ကားပေါ် အတိုးမှာ
လူ့ တန်ဖိုးက ထိုးကျ
ဟိုး….သုညအထိ။
အဲဒီ့ သုညတစ်လုံးပေါ့
အလုပ်ကနေ
နွမ်းလျနေတဲ့စိတ်၊ သေနေတဲ့မျက်လုံးတွေနဲ့ အိမ်ကိုပြန်
ရေကို ခြွေခြွေတာတာချိုး
ခြွေခြွေတာတာစားသောက်ပြီး
နားအဟောင်းတွေက တောင်းဆိုလို့ 
ပြည်ပ ရေဒီယိုအသံလွှင့်ဌာန တစ်ခုကိုဖွင့်ပြီးနားထောင်လိုက်တယ်။
သြော်…သတင်းတွေကလည်း အသစ်ပေမယ့် အဟောင်း
တစ်နေ့ နဲ့ တစ်နေ့ date သာပြောင်းသွားတယ်
ငါတို့ ထပ်တလဲလဲ ခံစားနေရတဲ့ ဆင်တူရိုးမှား ဆင်းရဲဒုက္ခ အဟောင်းတွေ….
ဒီလိုနဲ့ …
မဖြစ်စလောက် တက်ကြွမှုလေးပါပျောက်
ငါ့ အတွေးတွေကလည်း ဟိုရောက် ဒီရောက်နဲ့ ။

အို…ဘာပဲဖြစ်ဖြစ်
မကြာခင်မှာ ရောက်လာတော့မယ့် စာမေးပွဲအတွက်
စိတ်ညစ်စရာတွေကို အားတင်းဖြေဖျောက်
ကဗျာမဆန်တဲ့ ဖယောင်းတိုင် အလင်းရောင်အောက်မှာ
ကွန်ပျူတာ ပရိုဂရမ်းမင်း စာအုပ်တစ်အုပ်ကို အားတင်းဖတ်နေတဲ့သူကတော့
သုညမျိုးဆက်သစ် ငါပဲပေါ့။
သြော် …ခြင်တွေခြင်တွေ
ဒင်းတို့ က ကိုက်နိုင်ပေမယ့်
ငါက မရိုက်နိုင်တော့ဘူး
အိပ်လိုက်တာပဲ ကောင်းပါတယ်။
ဒီလိုနဲ့ အိပ်ရာဝင်ရင်း နာရီကိုနှိုးစက်ပေး
သန်းခေါင်ကျော်အချိန်မှာ ရေထတင်ရေးအတွက်။

အဲဒါဟာ ထူးခြားမှု မရှိတဲ့
ငါ့ဘဝ ပုံသေတစ်နေ့ တာတွေပေါ့။
စနေ၊ တနင်္ဂနွေ ညတွေ ဆိုရင်တော့
ငါ့ရဲ့ မျှော်လင့်ချက်တွေကို
ရွန်နီရဲ့ ခြေထောက်ထဲထည့်
ရော်နယ်ဒို ရဲ့ ခြေထောက်ထဲထည့်နဲ့ ...
ရွန်နီရေ…..မင်းဟာငါ့ရဲ့ မျှော်လင့်ချက်ပဲဖြစ်တယ်။

သြော်…ဘဝ၊ဘဝ
ဝမ်းတစ်ထွာ ဝရုံလေးတောင်မှ
တစ်နေကုန်ပြေးလွှားနေရပါလား။
လူ့ ဘဝရဲ့ အခြေခံအကျဆုံးဖြစ်တဲ့
စားဝတ်နေရေးဆိုတဲ့
တိမ်တိမ်လေးနဲ့ နက်တဲ့ မြစ်ကျဉ်းထဲမှာ
မရှူမလှရေတိမ်နစ်နေရတော့လည်း
ကြွေးဟောင်းဆပ်နိုင်ဖို့ ဆိုတာလည်း ဝေးလှ
တစ်ခါ တစ်ခါ အမေ့အကြောင်းတွေးရင် မျက်ရည်ကျတယ်။
ချစ်သူနဲ့ နှလုံးသားချင်း ဝတ်မှုန်ကူး
သံယောဇဉ်ကမ္ဘာလေးတစ်ခု တည်ဖို့ အရေးဆိုရင်တော့
ပိုပြီးတော့တောင် ဝေးလှသေးတယ်။

တောက်! ဘယ်ဘဝက ဝဋ်ကြွေးတွေလဲ။
ခေတ်၊ အစာအိမ်နဲ့  ဆန္ဒတို့ ရဲ့ သုံးပွင့်ဆိုင်စစ်ပွဲထဲမှာ
ငါတော့
လှံသွားထက်ထက်တွေ ရင်မှာ စူးနေပြီ။
ခံစား ချက်တွေ ဝင်ကာ ရူးနေပြီ။

သြော်….ဒါဟာ လူလတ်တန်းစား ဘဝတဲ့လား။
သုညမှာ အလတ်စားတွေ အကြီးစားတွေ ရှိသေးသလား။
သုညဟာ ကြီးကြီး ငယ်ငယ်၊ ပိန်ပိန်ဖောင်းဖောင်း သုညက သုညပါပဲ။
သုညက ကျောသားရင်သား မခွဲခြားပဲ
ဆင်းရဲခြင်းဒုက္ခကို ပေးတယ်။

မြူတွေဆိုင်းသလို မှုန်ဝါးနေတဲ့ အနာဂတ်ရေ...
ငါ..လျှော့လျှော့ပေါ့ပေါ့နဲ့ အရိုးရှင်းဆုံးမက်ထားခဲ့တဲ့
ရွက်ကြမ်းရေကျို အိပ်မက်လေးတွေဆီကို ရောက်ဖို့ အရေးတောင်
ဘယ်လို လမ်းက လျှောက်ရမှာလဲ။
အဖြေမမြင်လောက်အောင် သိပ်ခက်တယ်။
သေချင်လောက်အောင် စိတ်ပျက်တယ်။

လေထဲမှာ တိုက်အိမ်ဆောက်လိုက်
ရေထဲမှာ အရုပ်ရေးလိုက်နဲ့ 
ငါ့ ဘဝက ဒီအတိုင်းကြွေလွင့် ရတော့မှာလား။
ရင်ထဲမှာ အကျဉ်းကျနေတဲ့ အသံတွေကို ဥပေက္ခာပြုပြီး
ငါတစ်သက်လုံး ဟန်ဆောင်နေလိုက် ရတော့မှာလား။
ငါ့ရင်ထဲက ဟိုရောက် ဒီရောက် အတွေးတွေကို
ဒီတစ်ည လောက်ဖျောက်ချင်တယ်။
စည်တစ်ဂျား လောက် သောက်ချင်တယ်။

သြော်…
နှစ်အသစ်မှာ
ခေတ်အသစ်ကိုစဖို့ 
သင်္ကြန်တေးတွေကတော့
အသံပေးနေကြပြီ။

ကောင်းကင်ကို

Wednesday, March 26, 2008

မိန်းမသားတွေ ဘာကြောင့်မျက်ရည်လွယ်(ဘာသာပြန်)

“မေမေ ဘာလို့ ငိုနေတာလဲ”
ချာတိတ်ကလေးက သူ့ အမေကို မေးလိုက်ပါတယ်။
“မေမေက မိန်းမ ဖြစ်နေလို့ ပေါ့ သားရဲ့ ” ချာတိတ်ကလေးရဲ့ အမေက ပြန်ဖြေလိုက်ပါတယ်။
“ဘာလို့ လဲ။ သားနားမလည်ဘူးမေမေ ”
“ထားလိုက်ပါ သားရယ်။ သားဘယ်တော့မှ နားလည်လာမှာ မဟုတ်ပါဘူး”
ချာတိတ်ကလေးက အစာမကြေပါဘူး။ ဒါနဲ့ နောက်ပိုင်းမှာ သူ့ အဖေကို ထပ်မေးပါတယ်။ “ဖေဖေ…မေမေက အကြောင်းမရှိပဲ ဘာလို့ ခဏ ခဏ ငိုနေတာလဲဟင်”
“မိန်းမတွေက ဒီလိုပါပဲကွာ။ ဘာအကြောင်းမှ မရှိလည်း ငိုနေကြတာပဲ”
ချာတိတ်လေးက သူ့ အဖေရဲ့ အဖြေကိုလည်း မကျေနပ်ပါဘူး။ သူဟာ အရွယ်ရောက်ပြီး လူကြီးဖြစ်လာတဲ့အချိန် အထိ မိန်းမသားတွေ ဘာကြောင့် မျက်ရည်လွယ်ရတာလဲ ဆိုတာကို အံ့သြနေဆဲပါ။
နောက်ဆုံးတေ့ သူဟာ မနေနိုင်တော့ပဲ အဲဒီ့မေးခွန်းကို ဘုရားသခင်ဆီတိုက်ရိုက် မေးလိုက်ပါတော့တယ်။
ဘုရားသခင်က ဖြေပါတယ်။ “ငါ မိန်းမသားတွေကို ဖန်ဆင်းလိုက်တုန်းက မိန်းမသားတွေဟာ လောကကြီး အတွက် အထူးစပါယ်ရှယ် ဖြစ်ရမယ်လို့ ဆုံးဖြတ်ပြီး ဖန်ဆင်းလိုက်တာ”
“သူတို့ ရဲ့ မိခင်စိတ်နဲ့ ကြီးမားတဲ့ ဝန်ထုပ် ဝန်ပိုးတွေကို ထမ်းဖို့ ဝန်မလေးအောင်၊ သူတို့ ရဲ့ နူးညံ့သိမ်မွေ့ တဲ့ လက်တွေ
နဲ့ ဝမ်းနည်းကြေကွဲသူတွေကို နှစ်သိမ့်ပေးဖို့ အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် ဖန်ဆင်းပေးထားတာ”
“ပြီးတော့ ကိုးလလွယ်ဆယ်လဖွား ရင်သွေးမွေးဖွားပေးရတဲ့ ဒုက္ခ၊ သူ့ ရဲ့ အားထုတ်မှုတွေကို ခင်ပွန်းသည် နဲ့ ရင်သွေးတွေ
ရဲ့ ထိုက်သလောက် အသိအမှတ်ပြုခြင်းမခံရပဲ မျိုသိပ်ထားရတဲ့ ဒုက္ခတွေကို ခံနိုင်ရည်ရှိအောင်ဖန်ဆင်းပေးထားတယ်”
“မိတ်ဆွေ တစ်ယောက်ယောက် ဒါမှ မဟုတ် မိသားစုဝင်တစ်ဦးဦး နာမကျန်းဖြစ်တဲ့အခါ၊ စိတ်ဓာတ်ပျက်ပြားနေတဲ့ အခါမှာလည်း မညဉ်းမညူ ပြုစုစောင့်ရှောက်နိုင်မယ့် အင်အားတွေ မိန်းမသားတွေဆီမှာ ထည့်သွင်းဖန်ဆင်းပေးထားတယ်”
“ပြီးတော့ ဘယ်အခြေအနေ မျိုးမှာဖြစ်ဖြစ်၊ ရင်သွေးတွေက ဘယ်လောက်ဆိုးဆိုး ကိုယ့်ရင်သွေးတွေကို အသက်နဲ့ တောင်လဲပြီး ချစ်နိုင်မယ့် မေတ္တာတရားတွေကို မိန်းမသားတွေဆီမှာ ထည့်သွင်းဖန်ဆင်းပေးထားတယ်။ မိန်းမသားတွေမှာ ဆယ်ကျော်သက်ရင်သွေးတွေရဲ့  စိုးရိမ်မှုတွေ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ့် စွမ်းအားတွေလည်း ရှိတယ် ”
“ပြီးတော့ မိန်းမသားတွေကို လူကောင်းတစ်ယောက် ယောကျာင်္းကောင်းတစ်ယောက် ဟုတ်မဟုတ် ဝေဖန်ပိုင်းခြားတတ်တဲ့ ဥာဏ်လည်းထည့်သွင်းပေးထားတယ်။ ပြီးတော့ ကိုယ့်ခင်ပွန်းတွေ အခက်အခဲတွေကြုံလာတဲ့ အခါ၊ အေးအတူပူအမျှ လက်တွဲဖြေရှင်ပြီး ဘဝရဲ့ စမ်းသပ်မှုတွေကို ကျော်လွှားပစ်မယ့် စိတ်ဓာတ်မျိုးလည်း ပေးထားတယ် ”

“အဲဒီ့လောက် ခက်ခဲတဲ့ အလုပ်တွေကိုလုပ်နိုင်ဖို့ အတွက် မိန်းမသားတွေကို မျက်ရည်တွေလိုသလောက် အသုံးပြုခွင့်၊ ငိုကြွေးခွင့်ကို ပေးထားတယ်။ ငိုကြွေးခြင်းဆိုတာ မိန်းမသားတွေရဲ့ တစ်ခုတည်းသော အားနည်းချက်ပေါ့”
“ဒါကြောင့်မို့ လို့  မိန်းမသားတွေ ငိုကြွေးတဲ့အခါတိုင်း သူတို့ ကို အရမ်းချစ်တဲ့အကြောင်း၊ သူတို့ ရဲ့  အားထုတ်မှုတွေကို အသိအမှတ်ပြု လေးစားတန်ဖိုးထားတဲ့အကြောင်း ပြောပြလိုက်ပါ။ သူဆက်ပြီး ငိုနေချင် ငိုနေလိမ့်ဦးမယ်။ ဒါပေမယ့် သူ့ စိတ်သက်သာရာရ သွားပြီး ကျေနပ်နှစ်သိမ့်သွားမှာကတော့ အမှန်ပါပဲ။

Anonymous

Why Women Cry Easily (Anonymous) ကို ဆီလျော်အောင် ခံစားပြန်ဆိုပါသည်။

ရခိုင်ရိုးရာ ဆီမီးခွက် အက

Tuesday, March 25, 2008

၁၉၈၉ ခုနှစ်က တရုတ်နိုင်ငံ Tiananmen Square တွင် ဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နင်းမှု မှတ်တမ်း



June 4th, the deadly day of China's Tiananmen Square Massacre. The dead college students, the merciless soldiers, the "Tank Man" who to this day remains unknown.

Sunday, March 16, 2008

ငါဖန်ဆင်းမယ့် နိုင်ငံ

ငါဖန်ဆင်းမယ့် နိုင်ငံ ကို
ရင်ခွင်ပိုက် အုပ်ချုပ်မယ့်သူဟာ
လက်ဝဲသစ်နဲ့  လက်ယာသစ်တို့ ရဲ့ ရင်သွေးဖြစ်တယ်။
သူက အဖေတူတယ်။
လူမျိုးစွဲ ဘာသာစွဲမရှိပဲ ရင်သွေးတွေ ဘက်က ရပ်တည်ပေးတယ်။
ပုရွက်ဆိတ်တို့ ရဲ့ ဝါဒနဲ့  ငါတို့ ကို နိဗ္ဗာန်တစ်ခုတည်စေတယ်။
သူက အမေတူတယ်။
လှောင်အိမ်တံခါးကို ဆွဲဖွင့်
ကောင်းကင် အနှံ့ ပျံသန်းခွင့်ကို ပေးတယ်။

ငါ ဖန်ဆင်းမယ့်နိုင်ငံရဲ့ 
နိုင်ငံသူနိုင်ငံသားတွေဟာ
ချီကွေဗားရားနဲ့ ဒိုင်ယာနာတို့ ရဲ့ ရင်သွေးတွေ ဖြစ်တယ်။
ချီကွေဗားရားရဲ့  အဖြတ်ခံခဲ့ရတဲ့ လက်တစ်ဘက်က
ငါတို့ နဲ့ လက်ဆွဲ နှုတ်ဆက်တယ်။
ဒါကြောင့် ငါတို့ သွေးတွေဟာ
အနိုင်ကျင့်ခံရတိုင်း ချက်ခြင်းဆူပွက်တယ်။
ဒိုင်ယာနာရဲ အကြင်နာလက်တစ်ဘက်က
ငါတို့ နှလုံးသားကို နူးညံစေတယ်။
လေထဲက ဖယောင်းတိုင်လေးရဲ့ အကြင်နာမီးတောက်ကြောင့်
ငါတို့ နှလုံးသားဟာ နှင်းဆီရောင်နဲ့ လင်းတယ်။
အမှောင်ကမ္ဘာမှာ ကြိတ်ပြီးရွာနေရတဲ့ မျက်ရည်မိုးတွေကို တိတ်စေတယ်။

ငါချစ်တဲ့နိုင်ငံရဲ့  မြို့ လယ်ခေါင်မှာ
ရေပန်း တစ်ခုမရှိဘူး။
တောက်လောင်နေတဲ့ မီးပုံကြီးတစ်ခုပဲရှိတယ်။
အဲဒီ့ မီးပုံကြီးထဲက
ဓားကိုင်ထားတဲ့ နှင်းဆီတစ်ပွင့်ခုန်ထွက်
သူ့ နာမည်က ဂျုံးအော့ဖ်အတ်တဲ့။
၁၇ နှစ် အရွယ်လေးနဲ့  ကျူးကျော်သူတွေကို မောင်းထုတ်နိုင်ခဲ့တဲ့ ပြင်သစ်သူအပျိုစင်ပေါ့။
မလိုသူတွေက သူ့ ကို မတရား စွပ်စွဲ၊ အရှင်လတ်လတ်မီးပုံထဲထည့်ပစ်ခဲ့တာတောင်မှ
သူ့ ဝိညာဉ်က မသေခဲ့ဘူး။
အဲဒီ့ မီးပုံကြီးထဲကပဲ
သစ္စာတွေငုံထားတဲ့ ဖီးနစ်(စ်)ငှက်တစ်ကောင် ခုန်ထွက်ပြီးတေးဆို
သူ့ နာမည်က ဂျော်ဒါးနိုး ဘရူနိုတဲ့။
အမှောင်ခေတ်ကြီးထဲမှာမှ မှားပြီးလင်းခဲ့မိတဲ့ ကြယ်တစ်ပွင့်ပေါ့။
ကမ္ဘာက နေကို ပတ်နေတာလို့  ပြောခဲ့ရုံနဲ့ 
အရှင်လတ်လတ်မီးရှို့ အသတ်ခံခဲ့ရတဲ့ သူရဲကောင်း။
အမှောင် ကြီးစိုးလာတဲ့ အခါတိုင်း
သူတို့ နှစ်ယောက် ဝိညာဉ်တွေက
ဟိုးကောင်းကင်ဖျားဆီကိုပျံ
ကြယ်နှစ်စင်း သဏ္ဍန်နဲ့ 
ငါချစ်တဲ့ နိုင်ငံကို စောင့်ရှောက်တယ်။

ဟော…ဟိုမှာ
စပါတာကပ်
မြင်းပေါ်က ခုန်ဆင်း
ဖိနှိပ်သူတွေရဲ့ ရင်ဝကို ခပ်ပြင်းပြင်းထိုးဖို့ 
ငါတို့ ကို လှံတစ်စင်း အပ်နှင်းတယ်။
ဟော…ဟိုမှာ
ငထင်ငယ်
ရာဇဝင်ထဲက ခုန်ထွက်
ငါတို့ ကို ဓားတလက် လာဆက်တယ်။

ငါချစ်တဲ့ နိုင်ငံမှာ
လက်ညှိုးပေါင်း တစ်ထောင် ဖြတ်မယ့်သူတွေ မရှိဘူး။
ငှက်အမျိုးပေါင်း တစ်ထောင် သတ်မယ့်သူတွေ မရှိဘူး။
ငါချစ်တဲ့ ကမ္ဘာကြီး တည်ငြိမ်နေလိုက်ပုံက
ဈာန်ရထားတဲ့ ရသေ့တပါး
စင်္ကြဝဠာကြီးထဲမှာ နေကိုပတ်ပြီး
ဈာန်ကြွနေသလိုလို။

ငါချစ်တဲ့နိုင်ငံမှာ
ဆန့် ကျင်ဘက် ဝါဒီတို့ 
အချင်းချင်း စစ်မခင်းကြဘူး။
နေမင်းနဲ့ မိုးစက်ပွင့်တွေလို
ဆန့် ကျင်ဘက် တို့  ညီညွတ်စွာ ယှဉ်တွဲပြီး
လှပတဲ့ သက်တန် တစ်စင်းကို ဖန်ဆင်းတယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
လူသားဆိုတဲ့ ဘုံလူမျိုး တစ်မျိုးတည်းသာ သတ်မှတ်ထားတယ်။
အဲဒီ့လူမျိုးဖြစ်ဖို့ အသားအရောင် ကို မကြည့်ဘူး၊
နှလုံးသား အရောင်ကိုသာ ကြည့်တယ်။
လူတစ်ယောက်ရဲ့  ရုပ်တရားထက် နာမ်တရားကို ပိုပြီး အလေးထားတယ်။

ငါချစ်တဲ့ နိုင်ငံမှာ လူမျိုးတစုကို ကွက်ကွက်ကလေး ချစ်တဲ့စိတ်ထက် တိုင်းပြည်ချစ်စိတ်ကို ပိုပြီး တန်ဖိုးထားတယ်။
ငါရဲ့ နိုင်ငံမှာ သက်ရှိလူသားတွေ မပြောနဲ့ ။
သက်မဲ့မြစ် တွေကအစ တိုင်းပြည်ကို ချစ်ကြတယ်။
သွေးမနှောတဲ့ ဧရာဝတီက စပါး တွေ သီးပေးသလို
သွေးနှောတဲ့ သံလွင်ကလည်း
မမောမပန်း ဟိုးတောင်ပေါ်က ခုန်ဆင်း
သူ့ ရဲ့ ချစ်ခြင်းက ငါတို့ အတွက် အလင်းကို ဖြစ်စေတယ်။

ငါချစ်တဲ့ နိုင်ငံက လူတိုင်းရဲ့ ရင်ထဲမှာ
ပြည်ထောင်စုတစ်ခုစီ ရှိတယ်။
ရင်ထဲမှာ ပြည်ထောင်စုတစ်ခုစီရှိနေလို့ 
အပြင်မှာ ပြည်ထောင်စုတစ်ခုကို တည်ဖို့  မခက်ဘူး။

ငါချစ်တဲ့ ကမ္ဘာမှာ
ယဉ်ကျေးမှုတို့ ဝတ်မှုန်ကူးပြီး ပန်းပွင့်ရောင်စုံတို့ ဖူးတယ်။
ငါချစ်တဲ့ နိုင်ငံထဲမှာ တည်တဲ့
ရွှေတိဂုံနဲ ခါကာဘိုရာဇီကို
တစ်ကမ္ဘာလုံးက ယဉ်ကျေးမှုမြင့်မားသူတိုင်း ပိုင်ဆိုင်သလို
သူတို့ ဆီမှာ တည်တဲ့
အန်ကောဝပ်နဲ့  ပီဆာမျှော်စင်ကို လည်း
ငါတို့ အားလုံး ပိုင်ဆိုင်တယ်။
ယဉ်ကျေးမှုတို့ ရဲ့  နှလုံးသည်းပွတ် မှန်သမျှဟာ
နယ်နိမိတ်တွေကို ကျော်လွန်ဖြတ်သန်းပြီး
စကြာင်္ဝဠာ တစ်တိုက်လုံးအထိ မွှေးတယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
ဥယျာဉ်တစ်ခုရှိတယ်။
အဲဒီ့ ဥယျာဉ်ထဲက သစ်ပင်တွေမှာ
ဘာသာတရားတို့ ရဲ့ အဆီအနှစ်တွေက
သစ်သီးအဖြစ်သီးနေတယ်။
အဲဒီ့သစ်သီးတွေကို ကြိုက်သလောက်ဆွတ်ယူကြ။
အဲဒီ့ ဥယျာဉ်ရဲ့ သစ်သီးတိုင်းဟာ ချိုမြိန်ပြီးဆေးဘက်ဝင်တယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
ပင်လယ်တစ်ခုရှိတယ်။
နာမည် အမျိုးမျိုးနဲ့ စီးဆင်းလာတဲ့ ဘာသာတရားဆိုတဲ့မြစ်တွေဟာ
ကိုယ်ချင်းစာတရားဆိုတဲ့ ပင်လယ်မှာ ပေါင်းဆုံတယ်။
အဲဒီ့ ပင်လယ်ရဲ့ ရေစက်ရေပေါက်တိုင်းဟာ ချိုမြိန်ပြီး ဆေးဖက်ဝင်တယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
ဘုရားတွေ ပရိနိဗ္ဗာန် စံပေမယ့်
တရားတွေ ပရိနိဗ္ဗာန် မစံသေးဘူး။
လူတိုင်းရဲ့ ရင်ထဲမှာ
ဘုရားတစ်ဆူစီရှိနေတယ်။

ကောင်းကင်ကို

download this poem (pdf file)

မှတ်ချက်။ ။
ချီကွေဗားရားဟာ နိုင်ငံပေါင်းစုံကို လှည့်လည်ပြီး တော်လှန်ရေးလုပ်ခဲ့တဲ့ တော်လှန်ရေးသမား ဖြစ်ပါတယ်။ ဘိုလီးဗီးယားမှာ အဖမ်းခံရပြီး သေနတ်နဲ့ ပစ်သတ်ခြင်း ခံရပြီး လက်နှစ်ဖက်ကိုလည်း လက်မောင်းရင်းကနေ လွှနဲ့ တိုက်ပြီး အဖြတ်ခံခဲ့ရပါတယ်။

လေထဲက ဖယောင်းတိုင်ဆိုတာက ဒိုင်ယာနာကို ရည်ညွှန်းပါတယ်။ အယ်လ်တန်ဂျွန် ဒိုင်ယာနာ အတွက် ဆိုခဲ့တဲ့ သီချင်းပါ။

သွေးနှောတဲ့ သံလွင်ဆိုတာ သံလွင်မြစ်ဟာ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံထဲမှာပါ ဖြတ်သန်းစီးဆင်းခြင်းကို တင်စားရည်ညွှန်းပါတယ်။

Monday, March 10, 2008

အ၀ါရောင် ခေါင်းစွပ်လေး (ရေး-ခိုင်မာကျော်ဇော)

ကျနော့် နာမည်ကျော်စွာကို လူတွေက ‘ငစွာ’လို့ ခေါ်လို့ခေါ် ‘အ၀ါလေး’လို့ ခေါ်လိုခေါ်နဲ့ ကျနော် မကြိုက်ပါဘူးလို့ ဘယ်လောက်ပဲပြောပြော ဘယ်လိုမှ ပြောမရဘူး။

‘ငစွာ’လို့ခေါ်ကြတာက ကျနော်က စွာလို့တဲ့။ ‘အ၀ါလေး’ လို့ခေါ်ကြတာကတော့ ခေါင်းစွပ်အ၀ါရောင်လေးကို ကျနော်အမြဲတမ်းစွပ်ထားလို့ ‘ငစွာ’လို့ခေါ်တာ ကျနော် မကြိုက်ပါဘူး။ ကျနော်က စွာတာမှ မဟုတ်တာ။ ဒီအမှိုက်ပုံကြီးမှာ ကိုယ်လိုချင်တဲ့ပစ္စည်းရဖို့ သူ့ထက်ငါ လူတိုင်း တိုးဝှေ့နေကြတာပဲ။ ကျနော်လည်း သူများတွေလိုပဲ တိုးဝှေ့ကောက်တာပဲဟာ။ ဒီလိုမှ မတိုးရင် ကျနော်တို့ ဘယ်လို ထမင်းစားမလဲ။

အ၀ါရောင်ခေါင်းစွပ်လေးကို အမြဲတမ်းစွပ်ထားလို့ ‘အ၀ါလေး’လို့ခေါ်တာတော့ ခေါ်ပေါ့။ ဘာကြောင့်မှန်းတော့ မသိဘူး အဲဒီ ပလတ်စတစ် အ၀ါရောင် ခေါင်းစွပ် လေးကို ကျနော် သဘောကျတယ်။ အဲဒီခေါင်းစွပ်ကလေး စွပ်ထားရင် လေလည်း လုံတယ်။ မိုးလည်းလုံတယ်။ ကျနော့် ဆံပင်တွေ၊ မျက်စိတွေ၊ နားတွေထဲလည်း အမှိုက်တွေ၊ ရွှံ့တွေ မစင်တော့ဘူး။ အဲဒီခေါင်းစွပ်အ၀ါလေးက ကျနော်နဲ့လည်း လိုက်တယ်တဲ့။ အမှိုက်ကားကြီးတွေ လာချိန်နီးလို့ ဓားကောက်ကိုကိုင်၊ ပီနံအိတ်ကို သိုင်းလွယ်ပြီး အဲဒီခေါင်းစွပ်အ၀ါလေးကို စွပ်ပြီး အမှိုက်ကွင်းကြီးထဲ ကျနော်ဆင်းပြီဆို ‘ငစွာလေးလာပြီဟေ့’၊ ‘အ၀ါလေးလာပြီဟေ့’နဲ့ ကျနော့်ကို အမျိုးမျိုး ပြောင်ကြ နောက်ကြတယ်။

အဲဒီထဲမှာ ဟိုဘက်တဲက ရွှေကျင်လင်မယားက အဆိုးဆုံးပဲ။
သူတို့မှာ သားသမီးမရှိတော့ ကျနော့်ကို သူတို့ ချစ်လည်းချစ်လို့ ခေါ်တယ်ဆိုတာ ကျနော်သိပါတယ်။
ဒါပေမယ့် ကျနော့်ထက်ငယ်တဲ့ ကလေးတွေက လူကြီးတွေခေါ်သလို လိုက်လိုက်ခေါ်တာ ကျနော် မကြိုက်ပါဘူး။
‘သန်းထွန်းလေး’ဆို အဆိုးဆုံးပဲ။ မကြိုက်ဘူးလို့ ကျနော်ပြောတာ အခါတထောင်လောက်ရှိတော့မယ်။
ဒါလည်းမရဘူး။ သူက သူ့အဖေအားကိုးနဲ့ ကျနော့်ကို လိုက်လိုက်ပြီးတော့ ပြောင်နေတာ။
အဲဒီကောင်ကို ကျနော် တခါတခါ ဆွဲထိုးပစ်ချင်တယ်။

ကျနော်တို့ အမှိုက်ပုံမှာတော့ သန်းထွန်းလေးတို့ အမျိုးတွေ တော်တော်များတယ်။
အိမ် ၄၀ ကျော်မှာ သူတို့အမျိုးက တ၀က်လောက်ရှိတယ်။
ကျနော်တို့ အခုနေတဲ့ မဲဆောက်မြို့ ဘတ်စံကွင်းထဲက အမှိုက်ပုံကြီးကို
သန်းထွန်းလေးတို့ အဖေတွေ အရင်ဆုံးရောက်တာတဲ့။
သန်းထွန်လေးတို့က ပဲခူးဘက်ကလို့ ပြောတာပဲ။ သူတို့အမျိုးတွေက ပဲခူး၊ သနပ်ပင်၊ ဒိုက်ဦးစုံနေတာပဲ။
ကျနော်တို့က မုတ္တမ ကမ်းခြေစုက လာတာ။
ဒီအမှိုက်ပုံကြီးမှာ နယ်စုံက လူတွေရှိတယ်။
ကျနော်တို့ တဲနားက ရွှေကျင်လင်မယားဆိုရင် ရွှေကျင်ကလာလို့ ရွှေကျင်လင်မယားလို့ ခေါ်ကြတာလေ။
ကျနော်တို့ အမှိုက်ပုံကြီးမှာ မွန်၊ ကရင်၊ ဗမာ လူမျိုးလည်းစုံတယ်။
နယ်စုံ လူစုံဆိုတော့ ခဏခဏလည်း စကားများကြ၊ ရန်တွေဖြစ်ကြနဲ့။
အမှိုက်ကားကြီးတွေလာလို့ အမှိုက်တွေသွန်ချပြီဆို သူ့ထက်ငါ တိုးဝှေ့လုယက်ပြီဆိုရင်
စကားတွေများကြပြီ။ ရန်တွေဖြစ်ကြပြီ။
ကောက်ထားတဲ့ ပစ္စည်းတွေပျောက်လို့၊ ခိုးလို့ ရန်ဖြစ်ကြတာတွေလည်းရှိတယ်။
နောက်တော့လည်း ပြန်တည့်သွားကြ။ ပြန်ခေါ်ကြတာပဲ။

ကျနော်လည်း ၁ ခါ ၂ ခါ တော့ ရန်ဖြစ်ဖူးတယ်။
သန်းထွန်းလေးနဲ့ သန်းထွန်းလေးတို့ အမျိုးတွေနဲ့ပဲပေါ့။
သူတို့က အမျိုးတောင့်တယ်။ အရင်ရောက်တယ်ဆိုပြီး နေရာတကာ ဆရာလုပ်ချင်တယ်။
ကျနော်တို့လို ကလေးတွေဆိုရင်လည်း သူ့အဖေက အော်လိုက် ငေါက်လိုက် အမြဲလုပ်တယ်။
သူ့အဖေက ထိုင်းစကားလည်းတတ်တော့ ကျနော်တို့ အမှိုက်ပုံမှာတော့ ဆရာကြီးပေါ့။

ဒီအမှိုက်ပုံကို ချုပ်ထားတဲ့ ထိုင်းလင်မယားနဲ့လည်း သူက အဆင်ပြေတယ်။
အဆင်ပြေမှာပေါ့ ကျနော်တို့ ဘာလုပ်တယ်၊ ဘယ်မှာရောင်းတယ်ဆိုတာကို သူက သတင်းသွားသွားပေးတာကိုး။
အခုတော့ အဲဒီထိုင်းလင်မယားက ကျနော်တို့အမှိုက်ပုံမှာ သန်းထွန်းလေး အဖေကို လူကြီးတင်ထားပေးတယ်။
အမှိုက်ပုံကရတဲ့ ပစ္စည်းတွေကိုလည်း အရင်ကလို ကျနော်တို့ ရောင်းချင်တဲ့နေရာမှာ ရောင်းလို့မရတော့ဘူး။
အရင်ကလည်း ကျနော်တို့ ရောင်းချင်တဲ့နေရာမှာ ရောင်းလို့ရတာတော့ မဟုတ်ပါဘူး။
အဲဒီ ထိုင်းလင်မယားဆီမှာပဲ ရောင်းရတယ်။

သူတို့က ဒီအမှိုက်ပုံကြီးကို ချုပ်ထားတာဆိုတော့ ဈေးနှိမ်ပြီးတော့ ၀ယ်တာပေါ့။
ဒါပေမယ့်လည်း ဈေးပိုရမယ်ထင်တဲ့နေရာမှာ အဲဒီထိုင်းတွေမသိအောင် သွားသွားပြီးတော့ ခိုးရောင်းကြတယ်။
အခု သန်ထွန်းလေးတို့အဖေကို လူကြီးတင်ထားတော့ ဘယ်လိုလုပ်ပြီး ခိုးရောင်းလို့ရတော့မှာလဲ။
သူတို့က ကျနော်တို့နဲ့ပဲ အတူတူနေတာဆိုတော့ အကုန်သိတာပေါ့။
ပြီးတော့ သူတို့အမျိုးတွေကလည်း အများကြီးဆိုတော့ ဘယ်သူဘာလုပ်တယ်ဆိုတာ
သူတို့က မျက်လုံးဒေါက်ထောက် ကြည့်နေတာ။

ခေါင်းစွပ်အ၀ါလေးက ဒီအမှိုက်ပုံကြီးထဲကပဲ ကျနော်ရတာ။
ကျနော်ရတာ တနှစ်တောင်ကျော်သွားပြီ။
ခေါင်းစွပ်ကလေးရဲ့ အောက်ဘက်မှာ ကြယ်သီးပေါက်ကလေးတွေပါတော့
အဲဒီခေါင်းစွပ်ကလေးဟာ အင်္ကျီနဲ့တွဲပြီးဝတ်တာလို့ ကျနော်ထင်တယ်။
အရင်ကတော့ အဲဒီခေါင်းစွပ်ကလေးနဲ့တွဲဝတ်တဲ့ အင်္ကျီအ၀ါရောင်လေးများ
အမှိုက်ကားကြီးတွေနဲ့ ပါလာမလားလို့ ကျနော် မျှော်နေသေးတယ်။
အခုတော့ ကျနော် မမျှော်တော့ပါဘူး။

ဒီအမှိုက်ပုံကြီးကို ကျနော်ရောက်တာ ၂နှစ်ကျော် ၃ နှစ်ရှိပြီ။
အခုကျနော့်အသက် ၁၄ နှစ်ထဲဝင်ပြီဆိုတော့ ကျနော် ၁၁ နှစ်ကျော်အရွယ်လောက် စရောက်တာပေါ့။
ပျော်တော့ ဘယ်ပျော်မှာလဲ။
ဒါပေမယ့် ဒီအမှိုက်ပုံကြီးက ကျနော်တို့ကို ထမင်းကျွေးတာဆိုတော့ မပျော်လည်းနေ ပျော်လည်းနေပေါ့။
မုတ္တမမှာ နေတုန်းကဆို ကျနော်တို့ ထမင်းနပ်မှန်အောင် စားရတာမဟုတ်ဘူး။
အဖေကူလီ မထမ်းနိုင်တဲ့နေ့တွေဆိုရင် ရေသောက်ပြီးတော့ပဲ နေရတယ်။
အမေကတော့ ကျနော်ငယ်ငယ်လေးထဲက သေသွားတယ်လို့ အဖေကပြောတယ်။

အဖေဆုံးပြီးမှ ကျနော် ဒီအမှိုက်ပုံကို ရောက်လာတာ။
ကျနော့်ဦးလေးက ဒီအမှိုက်ပုံမှာ အလုပ်လုပ်တာ အဆင်ပြေတယ်လို့ပြောပြီး
ကျနော့်ကို ပြန်ခေါ်လို့ ကျနော်ရောက်လာတာ။

ကျနော်တခါမှ ကျောင်းမနေဖူးဘူး။ ကျနော့်အဖေလည်း ကျောင်းမနေဖူးဘူးတဲ့။
ဦးလေးကတော့ ကျနော်တို့ မွန်ရွာက ဘုန်းကြီးကျောင်းမှာ နေခဲ့ဖူးတယ်လို့ ပြောတာပဲ။
ကျောင်းတခါမှ မနေဘူးတော့ ကျောင်းနေချင်သလား မနေချင်ဘူးလားဆိုတာ ကျနော် မပြောတတ်ဘူး။
သန်းထွန်းလေးလည်း ကျနော့်လိုပဲ ကျောင်းမနေဖူးဘူး။

ဒီအမှိုက်ပုံကြီးထဲမှာ ကျနော်တို့အရွယ်တွေရှိတော့ရှိတယ်။ အများကြီးတော့ မဟုတ်ဘူး။
ကျနော်၊ သန်းထွန်းလေး၊ ကွာစိ၊ ငတိုးနဲ့ မိခက်တို့ပဲရှိတယ်။
ကျန်တဲ့ကလေးတွေကတော့ ကျောင်းနေပါတယ်။
ဒီအမှိုက်ပုံကြီးအနားမှာ ကျောင်းရှိတယ်။ သူတို့အဲဒီကျောင်းမှာ သွားတက်ကြတာပေါ့။
ကျနော် ကျောင်းမနေချင်ပါဘူး။ ကျနော်က အကောင်ကြီးနေပြီ ရှက်စရာကြီးဖြစ်နေမှာပေါ့။

ကျောင်းနေရင် ကျနော်တို့ ထမင်းဘယ်လို စားမလဲ။
အမှိုက်ကောက်တာက နေ့ရောညပါ ကောက်မှ တနေ့ကို ၁၅ ဘတ် ၂၀ ရတာ။
ကံမကောင်းတဲ့နေ့ဆိုရင် တနေ့ ၁၀ ဖိုးတောင် မရချင်ဘူး။

ပလတ်စတစ်၊ အချိုရည်ဘူး၊ ပုလင်း၊ ခွက်၊ နန်းကြိုး၊ အ၀တ်၊ ထီးစုတ်၊ ဖိနပ်စုတ် အစုံကောက်တယ်။
အာလူး၊ ကြက်သွန်၊ ကော်ဖီထုပ်၊ ပဲ၊ ငါးခြောက်၊ ပဲလှော်၊ မုန့်ခြောက်တွေလည်း ရတာရှိတယ်။
တခါတခါလည်း အသီးအရွက်တွေ၊ အသားတွေ၊ ငါးတွေလည်းရတယ်။
ပစ္စည်းတွေက တချို့လည်းကောင်းတယ်။ တချို့လည်း မကောင်းဘူး။
အစားအသောက်တွေရရင် ကျနော်တို့ ရေဆေးပြီးတော့စားတယ်။
အခြောက်လှန်းပြီးလည်း စားကြတယ်။
ဒီမှာ အားလုံး ဒီလိုပဲ စားကြတာပဲ။
ဒါတောင်မှ သူ့ ထက်ငါ လုယက်ကောက်ရတာ။
ဒါကြောင့်မို့လည်း ကျနော်တို့ ရန်ဖြစ်ကြတာပေါ့။

အခုဆိုရင် ရန်မဖြစ်အောင်လို့ ကိုယ့်အတန်းနဲ့ကိုယ်နေရာယူပြီး ကောက်ရတယ်။
ဒါလည်း သူနဲ့ငါ အလုအယက်ပဲ။ ဒါပေမယ့် အရင်လောက်တော့ မဆိုးတော့ဘူး။
တအားဆိုးတဲ့လူတွေကိုလည်း ဒီအမှိုက်ပုံကြီးကို ချုပ်ထားတဲ့ ထိုင်းလင်မယားက ပေးမကောက်ဘူး။
သူတို့ကို ရန်ဖြစ်လို့ မောင်းထုတ်ဖူးတာရှိတယ်။
အခုတော့ သူတို့ ဘယ်ရောက်သွားလဲ ကျနော်လည်း မသိဘူး။

ကျနော်တို့မှာ ကစားချိန်မရှိပါဘူး။
အမှိုက်ကားကြီးတွေက မနက်အစောကြီး တကြိမ်။ နေ့လည် တကြိမ်။ ညနေပိုင်းမှာ တကြိမ်လာတယ်။
တနေ့ (၃) ချိန်လာတာဆိုတော့ အဲဒါတွေကို တနေကုန် ကောက်ရောပဲ။
ကားကြီးတွေမလာခင် အမှိုက်ပုံကြီးထဲမှာပဲ အချင်းချင်း ပြောင်ကြ နောက်ကြ ကစားကြတာပဲရှိတယ်။
ကျနော်တို့ ကစားဖို့လည်း အမှိုက်ပုံကြီးပဲ ရှိတာကိုး။

ကျနော် မြို့ထဲကို တခါမှ မသွားဖူးဘူး။
ထိုင်းရဲတွေ ဖမ်းမှာစိုးလို့ သွားလည်း မသွားရဲဘူး။
ထိုင်းရဲတွေ ဖမ်းပြီး မြန်မာပြည်ကို ပြန်ပို့ရင် ဘယ်လိုလုပ်မလဲ။
မြန်မာပြည်ပြန်ပို့ခံရရင် ဒုက္ခရောက်မှာပေါ့။

ဒီအမှိုက်ပုံမှာနေရတာ အဆင်ပြေပါတယ်။
ပစ္စည်းရောင်းပြီးရင် ကိုယ်စားချင်တာလည်း ၀ယ်စားလို့ရတယ်။

မြ၀တီက ဈေးသည်တွေ ဒီမှာလာပြီး ဈေးရောင်းကြတာရှိတယ်။
ကိုယ်လိုချင်တာသူတို့နဲ့ မှာလို့ရတယ်။ စားချင်တာလည်း သူတို့နဲ့ မှာစားလို့ရတယ်။
သူတို့က နေ့တိုင်းလာရောင်းတာဆိုတော့ အဆင်ပြေတာပေါ့။
သူတို့လည်း မြို့ထဲလမ်းက မလာရဲဘူး။ ပုလိပ်ဖမ်းမှာကြောက်လို့ တောလမ်းကပဲ လာကြတယ်။

ကျနော်ကြီးလာရင် ဘာလုပ်မလဲဆိုတာ ကျနော်မပြောတတ်ဘူး။
အမှိုက်ပုံကြီးတွေ ရှိနေရင်တော့ ကျနော် ထမင်းမငတ်ဘူးလို့ ထင်တာပဲ။
ကျနော်ကြီးလာရင် ဒီထက်ပိုပြီးတော့ ပစ္စည်းတွေကောက်နိုင်မယ်။

ပိုက်ဆံများများရရင်တော့ ဖိနပ်တရံနဲ့ လက်အိတ်တခုလောက် ကျနော်ဝယ်ချင်တယ်။
အ၀ါရောင်အင်္ကျီလေးလည်း ကျနော် လိုချင်တာပဲ။

သူများတွေက ပြောကြတယ်လေ ‘အ၀ါလေး’က အ၀ါရောင်နဲ့ လိုက်တယ်တဲ့။ ။

ခိုင်မာကျော်ဇော (ဧရာဝတီ မှ ကူးယူဖော်ပြပါသည်။)

Friday, March 7, 2008

ကြိုးပြတ်သွားတဲ့ အခါ

သွားနှုန်းမမှန်တဲ့ ရထားတစ်စင်း
မုန်ယိုနေတဲ့ ဆင်ကြီးရှေ့ အရောက်
ရုတ်တရက် ခေါင်းတွဲပျောက်သွားတဲ့ အခါ…

မိုးပေါ်မှာချည်း ကြယ်တွေပြည့်နေလို့ 
ကြယ်လေးတစ်ပွင့် မြေပြင်ပေါ်ကို ခုန်ဆင်း
သူ့ အသွေးအသားတွေ အလောင်ကျွမ်းခံ အလင်းပေးချင်ပေမယ့်
လမ်းခုလတ်မှာ ရက်စက်တဲ့လေထုက တိုက်စားလိုက်လို့ 
ကြယ်ပွင့်လေး လုံးပါးပါးသွားတဲ့ အခါ…

ကိုယ်ထူကိုယ်ထ ပွင့်ခဲ့ရပေမယ့်
အဆင်းရနံ့ နဲ့ ပြည့်စုံတဲ့ ပန်းကလေး
ဘုရားအတင်ခံခွင့်ရလေမလား၊ ဧည့်ခန်းကို အလှဆင်ပေးခွင့်ရလေမလား မျှော်လင့်ရင်းနဲ့ 
ခူးခြွေပြီး အနင်းခံလိုက်ရတဲ့ အခါ…

အထပ်ထပ်ပေါင်းထားတဲ့ ရင်ထဲက ခံစားချက်တွေကို
အလွယ်တကူ မရိပ်မိအောင် မှော်သကြား နည်းနည်းလောင်း
အဲဒါ ကဗျာဆိုတဲ့ ဓားတစ်ချောင်းပေါ့။
အနာပေါ်ကို တည့်တည့် ထိုးချလိုက်တဲ့ အခါ…

မှန်သားပြင်တွေပေါ်မှာ ခေတ်ကို ရောင်ပြန်ဟပ်ဖို့ ကြိုးစားနေခိုက်
နည်းပညာနဲ့  မထိုက်တန်သူတွေလက်ချက်နဲ့ 
ကြေးမုံတစ်ချပ် ကွဲအက်သွားတဲ့အခါ...

ဘယ်လိုပဲဖောက်ဖောက် အသံမမြည်တဲ့ စကားလုံးကျည်ဆံတွေ
သတင်းစာတွေပေါ်ကိုရောက်
သတင်းစာတွေထဲကနေ လောက်ထွက်လာတဲ့ အခါ…

သူများတွေ စွန့် ပစ်ထားတဲ့ အမှိုက်ပုံပေါ်မှာ
ငါတို့ တွေ အစုလိုက်အပြုံလိုက် အသက်မွေးခိုက်
သေမင်းက စနက်တံ ဖြုတ်ချလိုက်တဲ့ အခါ…

ငါတို့ ရဲ့ ကြောက်စိတ်တွေက တညီတညွတ်တည်းလက်ခံတင်မြှောက်ထားတဲ့
သေနတ်ကိုင် ပဲ့ထိန်း တွေရဲ့ လက်ထဲမှာ
လေတံခွန် တစ်စင်း
မရှုမလှ ကြိုးပြတ်သွားတဲ့ အခါ…

ကောင်းကင်ကို

Wednesday, March 5, 2008

ဈာပန

နှုတ်ခမ်းပါးပါးလေးနဲ့ 
ပိုးထိုးထားတဲ့ သစ်သီးတလုံး
အဲဒါ ငါ့ အသည်းနှလုံးပေါ့။
ရက်စက်မှု အမှိုက်ပုံးထဲမှာ
တိတ်တိတ်ကလေးသေနေတယ်။

လှုပ်ရုံလေးပဲ တိုက်ခဲ့ပေါ့လေပြေ။
အခုတော့ ကြွေအောင်တိုက်ပြီး
ရက်ရက်စက်စက်နင်းခြေမယ့် ခြေဖဝါးတွေအောက် သယ်ဆောင်သွားရသလား။
ရတယ်….လုပ်လိုက်ပေါ့။

လက်ကျန် သံယောဇဉ်တွေကို
ပူပေါင်းလေးတွေလို မိုးပေါ်လွှတ်တင်လိုက်ပြီပေါ့
သံယောဇဉ် ဖဲကြိုးလေးကိုလည်း
ဓားလို ပါးတဲ့ နှုတ်ခမ်းလေးနဲ့  ခုပဲ ဖြတ်လိုက်ပါ။
ငါ့ဈာပန ကို အခု ကျင်းပမလို့ ။

ကောင်းကင်ကို

Saturday, March 1, 2008

မချောသောလင်္ကာ(သရော်စာ) (ရေး- နာရယန်း) (ဘာသာပြန်- မန်းတင်)

“အမှန်တရားဟာ နေနဲ့ တူတယ်၊ သူ့ ကိုစေ့စေ့ကြည့်ရင် မျက်တောင်ရင်လဲ ခတ်သွားရမယ်၊ ဒါမှ မဟုတ် မူးဝေရင်လည်း သွားနိုင်တယ်။ ”

ကျောင်းဆရာ ဆက္ခာသည် ထိုသို့ တွေးမိလေသည်။

နေဝင်မှ မိုးချုပ်သည်အထိ လူအများသည် တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံနေကြရာတွင် အဆင်ပြေမှုကို ရှေ့ ရှူကာ မုသားမပါ လင်္ကာမချောဟူသော ဆိုရိုးအတိုင်း အမှန်တရားကို မုသာဝါဒဖြင့် ဖုံးကွယ်ဖျက်ဆီးလျက် ရှိကြသည်ဟု ယူဆမိသည်။ ယနေ့ ကိုမူ သူသည် ထူးခြားသော နေ့ တစ်နေ့  အဖြစ် သတ်မှတ်ထားလိုက်သည်။
“ဘာပဲဖြစ်နေနေ တစ်နှစ်မယ် အနည်းဆုံးတစ်ရက်လောက်တော့ မှန်တာကိုသာ ပြောဆိုသင့်တယ်၊ ပြောဆိုရမယ်၊ ဒီလိုမှ မဟုတ်ရင် တစ်သက်လုံး လိမ်ညာနေတဲ့ ဘဝဟာ ဘာမှ အဓိပ္ပါယ် မရှိတော့ဘူး” ဟု ဆုံးဖြတ်ချက် ချမိလေသည်။ ဘာဖြစ်နေနေ တစ်နေ့ လုံး မုသားစကားကို မသုံး၊ အမှန်ကိုသာ ပြောဆိုရမည်ဆိုပါက ပြဿနာအမျိုးမျိုးနှင့် ရင်ဆိုင်ရမည်ကို မျှော်လင့်ထားပါသည်။ သူထိုသို့ အဓိဌာန်ဖြင့် ကျင့်ကြံရမည်ကိုလည်း မည်သူ့ မျှ ဖွင့်ဟကာ မပြောချေ။ မိမိဘာသာ လျှို့ ဝှက်ဆုံးဖြတ်ချက်ချထားခြင်းဖြစ်ပါသည်။ သူနှင့် လူ့ လောကကြီးတို့ တိတ်တဆိတ် သဘောတူညီချက် ချမှတ်ထားခြင်းဖြစ်သည်။

သူ၏ ဇနီးက သူ့ ကို နံနက်စာတည်ခင်းသော အချိန်တွင် သူ့ အဓိဌာန်ကို တည်မြဲအောင် စောင့်စည်းရမည့် အရေးနှင့် ပတ်သတ်၍ ပထမဆုံး အစမ်းသပ်ခံကာ ရင်ဆိုင်ရလေသည်။ သူသည် ဇနီးသည် အစွမ်းကုန် ချက်ပြုတ် ကြော်လှော်ထားသော စားသောက်ဖွယ်များကို ရုတ်တရက် မနှိုက်သေးပဲ ဆုတ်ဆိုင်းဆိုင်း လုပ်နေလေသည်။

“ဘာဖြစ်လို့ လဲ၊ မကြိုက်လို့ လား” ဟု ဇနီးက မေးလေသည်။
ယခင်ကဆိုလျှင် မနှစ်သက်သည့် တိုင်အောင် ဇနီးသည် စိတ်မကောင်းဖြစ်မည်ကို စိုးရိမ်သောကြောင့် “မဟုတ်ပါဘူး၊ ရင်ပြည့်နေလို့ ပါ” ဟုပြောမည်ဖြစ်သည်။ ယနေ့ အဖို့ မှာမူ အမှန်ကိုသာ ပြောမည်ဟု အဓိဌာန် ထားသည့်အတိုင်း “မကောင်းဘူး၊ ဒီဟင်းတွေကို မျိုလို့ ရမှာ မဟုတ်ဘူး” ဟု ပြောလိုက်လေသည်။ ထိုစကားကြောင့် သူ့ ဇနီးမျက်နှာပျက်သွားသည်ကို သတိပြုမိသော်လည်း “မတတ်နိုင်ဘူး၊ အမှန်တရားဆိုတာ နေလိုပဲ” ဟုမိမိဘာသာ စိတ်ထဲတွင် တွေးလိုက်လေသည်။

သူ၏ အဓိဌာန်နှင့် ပတ်သတ်၍ နောက်တစ်ကြိမ် အစမ်းသပ်ခံရသည်မှာ ကျောင်းဆရာများ စုဝေးရာ အခန်းတွင် ဖြစ်သည်။ သူ၏ လုပ်ဖော်ကိုင်ဘက် ကျောင်းဆရာတစ်ဦးသည် သူ့ အနီးသို့ လာ၍ သူတို့ နှင့် သိကျွမ်းသူတစ်ဦး အနိစ္စရောက်သည့် အကြောင်းကို ပြောဆိုပြီး “သနားစရာ မကောင်းဘူးလား” ဟုမေးလိုက်သည်။

“မသနား ပါဘူးဗျာ” ဟု ဆက္ခာက ပြန်ဖြေလေသည်။
“သူဟာ လူကောင်းတစ်ယောက်ပါဗျာ၊ သနားစရာပါ၊ ပြီးတော့” ဟုစပြန်ရာက ဆက္ခာက စကားမဆုံးမီ ခပ်တိုတိုပင် ဖြတ်၍ ပြောလိုက်သည်။
“ဘယ်ကလူကောင်းရမှာလဲ၊ ကျုပ်ကတော့ ဒီလူဟာ သဘောထားသေးနုပ်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ လူညာတစ်ယောက်လို့ ပဲ သိတယ်”
ထိုစကားကြားရသောအခါ သူ့ မိတ်ဆွေ ကျောင်းဆရာသည် မျက်နှာပျက်ကာ လှည့်ထွက်သွားလေသည်။

ညနေပိုင်း နောက်ဆုံးအချိန်တွင် ဆက္ခာသည် တတိယတန်းတွင် ပထဝီသင်ခန်းစာများကို သင်ကြားလျက်ရှိစဉ် ကျောင်းအုပ်ဆရာကြီးထံမှ စာတိုလေးတစ်ခုကို ရရှိလေသည်။
“အိမ် မပြန်မီ ကျေးဇူးပြု၍ ကျွန်ုပ်ကို လာတွေ့ စေလိုပါသည်”
ဆက္ခာသည် စာကိုဖတ်ရင်း “ဒါတော့ ဟိုစာမေးပွဲ အဖြေလွှာ ကိစ္စပဲ ဖြစ်မှာပဲ” ဟုအောက်မေ့မိလေသည်။ ကျောင်းသားငယ်များ ရေးချင်သလို ရေး၍ ဖြေချင်သလို ဖြေထားကြသော အဖြေလွှာတစ်ရာ ဖြစ်သည်။ သူသည် ထိုအလုပ်ကို စိတ်မပါလှသဖြင့် စစ်ဆေးခြင်းမပြုပဲ ချောင်ထိုးထားခဲ့သည်မှာ ရက်ပေါင်း အတော်ကြာနေလေပြီ။ အဖြေလွှာများကို စစ်ဆေးရန် စဉ်းစားမိတိုင်း သူ့ ခေါင်းပေါ်တွင် ဓားတန်းလန်းကြီး ဆွဲထားသလို ကြောက်သလိုလို ရွံ့ သလိုလို ဖြစ်နေခဲ့သည်။

ကျောင်းဆင်းခေါင်းလောင်း ထိုးပေပြီ။ ကျောင်းသားများသည် အခန်းတွင်းမှ ခပ်သုတ်သုတ်ထွက်သွားကြလေသည်။

ဆက္ခာသည် ဆရာကြီးအခန်းရှိရာသို့  လျှောက်လာခဲ့သည်။ အခန်း အပြင်ဘက်တွင် ခေတ္တရပ်လျက် သူ၏ အင်္ကျီ ကြယ်သီးများကို တပ်လိုက်သည်။ ဆရာကြီးသည် ဆရာများအား အင်္ကျီကြယ်သီးများကို တပ်၍ သေသေသပ်သပ်ဝတ်ရန် ကျောင်းဆရာများအား အစဉ်သဖြင့် ပြောဆို ညွှန်ပြတတ်သည်။

သူသည် ယဉ်ကျေးသိမ်မွေ့ သော အပြုံးကိုဆောင်၍ အခန်းတွင်းသို့  ဝင်သွားကာ ဆရာကြီးကို နှုတ်ဆက်လိုက်သည်။ ဆရာကြီးသည် သူ့ ကိုမော့ကြည့်ပြီး ဖော်ရွေသော အမူအရာဖြင့် “ဆရာ၊ ဒီနေ့ ညနေအားသလား” ဟုမေးလိုက်လေသည်။
“အိမ်က ကလေးတွေနဲ့ အပြင်ထွက်ဖို့ တော့ ပြောထားတယ်”
“နောက်နေ့ မှ သွားပါလေ၊ ဒီနေ့  အိမ်လိုက်ခဲ့စမ်းပါဦး”
“အို ဟုတ်..ဟုတ်ကဲံ ဆရာကြီး၊ လိုက်ခဲ့ပါ့မယ်” ဟု ခေါင်းတငြိမ့်ငြိမ့် နှင့်ဖြေပြီးနောက် မဝံ့မရဲနှင့် “ဘာများ ကိစ္စထူး ရှိလို့ လဲ ဆရာကြီး” ဟု မေးလိုက်လေသည်။
“အင်း၊ ဆရာက ဂီတနဲ့ ပတ်သတ်ပြီး ကျုပ်အကြောင်းကိုမသိသေးပဲကိုး” ဟု ဆရာကြီးက ပြုံးရွှင်စွာ ပြောလေသည်။
“ဟုတ်ကဲ့ ဘယ်လိုလဲ ဆရာကြီး”
“ကျုပ် အဆိုအတီးကို တိတ်တိတ်ကလေးသင်ပြီး လေ့ကျင့်နေတယ်၊ ဒီနေ့ ညနေတော့ ဆရာ့ကို နားထောင်ကြည့်စေချင်လို့ ပဲ၊ တယောထိုးမယ့်သူနဲ့  တီးမယ့်မှုတ်မယ့်သူတွေကိုလည်း ခေါ်ထားတယ်၊ အသိုင်းအဝိုင်းနဲ့ ကျကျနန ဆိုကြ တီးကြမှာကတော့ ဒါဟာ ပထမ အကြိမ်ပဲ၊ အဲဒီတော့ ဆရာ နားထောင်ပြီး ဆရာ့သဘောထားကို ပြောစေချင်ပါတယ်၊ နားထောင်လိုက်ရင် ဆရာသဘောကျ သွားမှာပါ”

တေးဂီတနှင့် ပတ်သတ်၍ ဆက္ခာ၏ ကျွမ်းကျင်မှုကို လူအများသိရှိကြပါသည်။ မြို့ ထဲတွင် သူသည် တေးဂီတ ဝါသနာရှင်များ၏ ရိုသေလေးစားခြင်းကို ခံရသော တေးဂီတ ဝေဖန်ရေးသမား တစ်ဦး ဖြစ်သည်။ သို့ သော်လည်း သူ၏ တေးဂီတ ဝါသနာထုံမှုများသည် ယနေ့  သူချမှတ်ထားသော အဓိဌာန်နှင့် ပတ်သတ်၍ အစမ်းသပ်ခံရမည့် အခြေအနေသို့ ရောက်လိမ့်မည်ဟု မျှော်လင့် မထားချေ။

“ဆရာ အံ့သြနေတယ် ထင်တယ်၊ ဟုတ်လား” ဟု ဆရာကြီးက မေးလိုက်ပြီးနောက် ဆက်လက်၍ “ကျုပ်ဟာ ငွေကုန်ကြေးကျ အတော်များပြီး လူသိမခံပဲ ကြိတ် ကြိုးစားနေတာ တော်တော်ကြာပြီ” ဟုပြောလေသည်။

သူတို့ နှစ်ဦးသည် ဆရာကြီးအိမ်သို့ လျှောက်လာခဲ့ကြသည်။
“ဘုရားသခင်ဟာ ကျုပ်ကို သားသမီးရတနာများရအောင် မစောင်မခဲ့ဘူး၊ ဒါပေမယ့် တေးဂီတ ပညာကလေး တတ်မြောက်အောင်တော့ စောင်မကောင်းပါရဲ့ ” ဟု ဆရာကြီးက လမ်းလျှောက်ရင်း သနားစဖွယ် ပြောကြားလေသည်။
သူသည်တစ်လမ်းလုံးပင်တေးဂီတအကြောင်း များကိုသာ ပြောဆို လာလေသည်။ တစ်နေ့ တွင် ပျင်းပျင်းရှိသည်နှင့် တေးတစ်ပုဒ်ကို စမ်းသပ် သီဆိုမိပုံ၊ ထိုအခါမှ စ၍ တေးဂီတကို ဖြစ်ဖြစ်မြောက်မြောက် စနစ်တကျ သင်ကြားလိုစိတ် ပြင်းပြလာပုံကို၊ စတင် သင်ကြားရာတွင် ဆရာက သူသီဆိုသည်ကို နားထောင်ရင်း ရယ်ပုံ၊ ထို့ နောက် စနစ်တကျ သင်ကြားလျှင် အောင်မြင်နိုင်ကြောင်း ပြောဆိုသဖြင့် မျှော်လင့်ချက် ထားခဲ့ပုံ၊ သူ့ ဘဝတွင် စိတ်မချမ်းသာစရာများနှင့် တွေ့ ကြုံရလျှင် တေးဂီတဖြင့် ဖြေဖျောက်မည်ဟု မျှော်မှန်းထားပုံ စသည်တို့ ကို စိတ်ဝင်စားဖွယ် ပြောပြလေသည်။

အိမ်သို့ ရောက်သောအခါ ဆရာကြီးသည် ဆက္ခာအပေါ်တွင် အထူးပင် စေတနာ ပိုလျက်ရှိလေသည်။ သူ့ အားကော်ဇောပေါ်တွင် ထိုင်စေ၍ ရှေ့ တွင် ရသာမျိုးစုံ စားဖွယ်သောက်ဖွယ် များကို ချထားပြီးလျှင် သူ၏ သားမက်တစ်ဦးကဲ့သို့  စားပါသောက်ပါဟု ရွှန်းရွှန်းဝေအောင် ဧည့်ခံလေသည်။

“ကဲ ကိုယ်လွတ်စိတ်လွတ် နားထောင်နော်ဆရာ၊ ဟိုမစစ်ရသေးတဲ့ စာမေးပွဲ အဖြေလွှာတွေ အကြောင်းကိုလည်း ဘာမှ စဉ်းစားမနေနဲ့ ” ဟုပင် ပြောလိုက်ပြီး ဆက်လက်၍ ဆရာ့ကို တစ်ပတ် အချိန်ပေးပါ့မယ်” ဟု ရယ်မောကာ ပြောဆိုလိုက်လေသည်။
“၁၀ ရက်ပေးပါ ဆရာကြီး” ဟုဆက္ခာက တောင်းပန်လိုက်သည်။
“ကောင်းပါပြီဆရာ၊ ပေးပါတယ်”ဟု ဆရာကြီးက ပြုံးရွှင်ရက်ရော စွာခွင့်ပြုလိုက်လေသည်။ သူသည် တစ်နေ့ လျှင် အဖြေလွှာ ၁၀ခုကို အေးအေးဆေးဆေး စစ်ဆေးသွားပါက ၁၀ ရက်ဆိုလျှင် အားလုံးပြီးစီးသွားပြီ ဖြစ်သည်။
ဆရာကြီးသည် အမွှေးတိုင်များကို ထွန်းညှိုပြီး “တေးဂီတ နဲ့ လိုက်လျောမယ့် ပတ်ဝန်းကျင် အခြေအနေ ကလေးကို ဖန်တီးပေးလိုက်တာပါ” ဟုရှင်းပြလေသည်။
တယောဆရာနှင့်တကွ တီးမှုတ်မည့် သူများသည် ကော်ဇောပေါ် တွင်ထိုင်၍ အချိန်အခါကို စောင့်လျက် ရှိကြသည်။ ဆရာကြီးသည် သူတို့ အလယ်တွင် ဝင်ထိုင်ကာ အာခေါင်ကို ရှင်းလင်းလျက် အသံစမ်းသည့် သဘောဖြင့် ခြေဆင်းကို သီဆို၍ ရပ်လိုက်ပြီး “ဘယ့်နှယ်လဲ၊ ကောင်းရဲ့ လား”ဟု မေးလိုက်သည်။ ဆက္ခာသည် ဆရာကြီး၏ အမေးကို မကြားဟန်ဆောင်နေလိုက်သည်။ ဆရာကြီးသည် ဆက်လက်၍ နာမည်ကျော် တေးဂီတ ဆရာကြီး “သာရက ရာဇာ” ရေးစပ်သော သီချင်းကြီး တစ်ပိုဒ်ကို သီဆိုလေတော့သည်။ ထိုသီချင်းဆုံးလျှင် နောက်ထပ် သီချင်းနှစ်ပိုဒ် ဆက်၍ စိတ်ပါလက်ပါ သီဆိုလေသည်။

“အင်း သူ့ အသံက ဖားတစ်ဒါဇင်လောက် ဝိုင်းအော်နေတာနဲ့ တူတယ်၊ ဟော ကျွဲအော်သံလို အော်နေပြန်ပြီ၊ ဒီတစ်ခါတော့ လေတိုက်တဲ့အခါ ပြတင်းပေါက်က တရုတ်ကတ်တွေ မြည်သလို မြည်နေတယ်”
ဆက္ခာသည် ဆရာကြီး၏ သီချင်းသံကို နားထောင်ရင်း စိတ်ထဲတွင် မှတ်ချက်ချကာ ဝေဖန်လျက် ရှိသည်။ အမွှေးတိုင်များသည် လောင်ကျွမ်း၍ တိုကုန်ပါပြီ။ နှစ်နာရီခန့်  ရှုပ်ထွေးဆူညံစွာ ထွက်ပေါ်အော်မြည်နေသော အသံမျိုးစုံတို့ ကြောင့် ဆက္ခာ၏ ဦးခေါင်းတွင်းမှ ဦးနှောက် တစ်ခုလုံးသည် သွက်သွက်ခါလျက် ရှိလေသည်။ သူသည် မူးနောက်နောက်ပင် ဖြစ်လာလေသည်။ ဆရာကြီးသည်လည်း အားရပါးရ သီဆိုရသဖြင့် အသံပင် ပြာနေလေပြီ။ သီချင်းတစ်ပိုဒ် ဆုံးသွားသောအခါ ခေတ္တမျှရပ်၍ “နောက်တစ်ပိုဒ် ဆက်ဆိုရဦးမလား” ဟုမေးလိုက်လေသည်။ “တော်ပါပြီ ဆရာကြီးရယ်၊ ဒါလောက်ဆိုတော်ပါပြီ” ဟု ဆက္ခာက လျင်မြန်စွာပြောလိုက်ရာ ဆရာကြီးသည် အံ့အားသင့်သွားလေသည်။
သူ၏ မျက်နှာတစ်ခုလုံးသည် ချွေးသီးချွေးပေါက်များဖြင့် ဖုံးလွှမ်းနေလေသည်။ ဆက္ခာသည်သူ့ ဆရာကြီးအား အထူးပင် ကရုဏာ သက်မိသော်လည်း မည်သို့ မျှ မတတ်နိုင်ချေ။ သူ့ အဓိဌာန်ကြောင့် မည်သို့ မျှလည်း နှစ်သိမ့်နိုင်မည် မဟုတ်ချေ။ တရားခံ တစ်ဦးအား စီရင်ချက် ချမှတ်နေသော တရားသူကြီးပင်လျှင် ဆက္ခာကဲ့သို့  စိတ်ဝေဒနာ ခံစားရမည် မဟုတ်ပေ။ ဆရာကြီး ကတော်သည် ဆက္ခာ၏ ဝေဖန်မှုကို သိလိုဇောဖြင့် မီးဖိုဘက်မှ တစေ့တစောင်း ကြည့်ရှုနေလေသည်။ တီးကြမှုတ်ကြ သူများသည် ဝန်ထုပ်ဝန်ပိုးကြီး ဦးခေါင်းမှ ကျသွားသကဲ့သို့  သူတို့ ၏ တူရိယာများကို ဘေးတွင်ချထားလိုက်ကြသည်။
“ကဲ၊ ဆရာ့ သဘောထားကို သိပါရစေ” ဟုဆရာကြီးက မျက်မှန်ကို ချွတ်၍ နဖူးမှ ချွေးများကို သုတ်ရင်း မေးလိုက်လေသည်။
“နက်ဖန်ခါမှ ပြောပါရစေ ဆရာကြီး” ဟု ဆက္ခာက အမှတ်မဲ့ ဟန်နှင့် ပြန်ပြောလိုက်သည်။
“မဖြစ်ပါဘူး၊ ချက်ခြင်းပြောစမ်းပါ၊ ဆရာ့ ရဲ့  ပွင့်လင်းတဲ့ သဘောထားကို သိချင်ပါတယ်၊ ကျုပ်ဆိုတာ နားထောင်ကောင်းတယ် မဟုတ်လား”
“မကောင်းဘူး ဆရာကြီး” ဟု ခက္ခာက ပြန်ဖြေလိုက်သည်။
“အိုး ဒီလိုဆိုရင် ဂီတ သင်ခန်းစာကို ကျုပ် ဆက်သင်ရဦးမလား၊ တိုးတက်မှု အခြေအနေ ဘယ်လိုရှိမယ် ထင်သလဲ”
“ဆက်သင်ဖို့ မကောင်းတော့ပါဘူး ဆရာကြီး” ဟု ဆက္ခာသည် တုန်ယင်သော အသံဖြင့် ပြောလိုက်လေသည်။ သည့်ထက် နားဝင်ပီယံ ဖြစ်အောင် မပြောနိုင်တော့သည့် အတွက် စိတ်မကောင်း ဖြစ်ရသည်။ အမှန်တရားဆိုသည်မှာ ဖွင့်ဟ ပြောဆိုနိုင်ရေးအတွက် စိတ်ဓာတ်ကြံ့ခိုင်ဖို့  လိုသလို လက်ခံကြားနာရသူများအဖို့  လည်း သတ္တိအထူးရှိရန် လိုအပ်ပါသည်။
ဆက္ခာသည် အိမ်သို့ ပြန်ခဲ့ရာ တစ်လမ်းလုံး စိတ်မကောင်း ဖြစ်လာလေသည်။ သည့်နောက်ပိုင်းတွင် သူနှင့် ဆရာကြီး၏ ဆက်ဆံရေးသည် ပြေပြေပြစ်ပြစ် ရှိတော့မည် မဟုတ်သည်ကိုလည်း စဉ်းစားမိသည်။
သူ့ အလုပ်အတွက် နှစ်ဆ တိုးရရှိရေး၊ အမြဲတမ်းခန့် ထားရေး စသည့် အရေးကိစ္စများသည် ဆရာကြီး၏ နှစ်သိမ့်ကျေနပ်မှု ပေါ်တွင် တည်လျက်ရှိသည်။ သူသည် ထိုအကြောင်းအရာများကို စဉ်းစားရင်း စိတ်မချမ်းမသာ ဖြစ်နေလေသည်။ “ဟာရီဆန္ဒြာ”
အမည်ရှိ ဘုရင် တစ်ပါးသည် မည်သို့ ပင် ဖြစ်စေ၊ မုသာဝါဒကို ရှောင်ကြဉ်လျက် အမှန်တရားကိုသာ ပြောဆိုခဲ့သဖြင့် ထီးနန်းစည်းစိမ်နှင့်တကွ ဇနီးသားသမီးများကိုပါ စွန့် လွှတ်ခဲ့ရသည် မဟုတ်ပါလော။

အိမ်သို့ ရောက်သောအခါ သူ့ ဇနီးသည် သုန်မှုန်သော မျက်နှာထားနှင့် ညနေစာကို တည်ခင်းလေသည်။ အိမ်ရှင်မသည် နံနက်က သူပြောခဲ့သည့် စကားကြောင့် စိတ်ဆိုးမပြေသေးသည်ကို သတိပြုမိသည်။
“ဒီနေ့ အဖို့ တော့ ငါ့ အတွက် ရန်သူ နှစ်ယောက်ပေါ်နေပြီ၊ ဒီအတိုင်းသာ ဆက်ပြီး ကျင့်သွားမယ်ဆိုရင် ငါ့မှာ မိတ်ဆွေ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး” ဟုတွေးတောမိလေသည်။
နောက်တစ်နေ့ တွင် ဆရာကြီးက သူ့ အား လာရောက်တွေ့ ဆုံရန် အခေါ်လွှတ်လိုက်လေသည်။ သူသည် စိတ်တထင့်ထင့်နှင့်ပင် သွားရောက်တွေ့ ဆုံရသည်။
“ဆရာ မနေ့ က ပေးခဲ့တဲ့ အကြံဥာဏ်ဟာ ကျုပ်အတွက် သိပ် အကျိုးရှိတာပဲ။ ကျုပ်ကို ဂီတလာသင်ပေးတဲ့ ဆရာကို လဲ ပေးစရာရှိတာတွေ အပြတ်ရှင်းပေးလိုက်ပြီ၊ ဒီတေးဂီတနဲ့ ပတ်သတ်လို့  ကျုပ်ကို ဘယ်သူမှ အမှန်အတိုင်း မပြောခဲ့ကြဘူး။ ဒီအသက်အရွယ်ကျမှ သီချင်းဆိုနေလို့ လဲ မကောင်းတော့ပါဘူးလေ” ဟုပြောပြီးမှ ဆက်လက်၍ “ဒါနဲ့  နေပါဦး၊ ဟိုစာမေးပွဲ အဖြေလွှာ ကိစ္စတွေရော” ဟု ဆရာကြီးက မေးလိုက်လေသည်။
“အဲဒီ့ အဖြေလွှာတွေ စစ်ဆေးဖို့  ဆရာကြီးက ကျွန်တော့်ကို ၁၀ ရက် အချိန်ပေးထားတယ်” ဟု ဆက္ခာက တည်ကြည်စွာ ပြန်ပြောလေသည်။
“အို၊ ကျုပ် စဉ်းစားပြီးပါပြီ၊ အဲဒီ့ အဖြေလွှာတွေကို နက်ဖန် ဆက်ဆက်ရမှ ဖြစ်မယ်” ဟု ဆရာကြီးက ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။
သူသည် အဖြေလွှာ တစ်ရာကို တစ်နေ့ တည်းနှင့် အပြီး စစ်ဆေး ရမည်ဖြစ်သည်။ သည်လိုဆိုလျှင် တစ်ညလုံးထိုင်၍ လုပ်မှ ပြီးနိုင်မည်ကို စဉ်းစားတွက်ချက်မိလေသည်။
“နှစ်ရက်လောက်တော့ အချိန်ပေးပါ ဆရာကြီး” ဟု အသနားခံလိုက်မိသည်။
“မဖြစ်ပါဘူး၊ နက်ဖန်ခါ မနက်ရမှ ဖြစ်မယ်၊ ပြီးတော့ သတိထားဖို့ က အဖြေလွှာတစ်ခုစီကို စေ့စေ့ စပ်စပ် စစ်ဆေးဖို့ ပဲ”
“ကောင်းပါပြီ ဆရာကြီး”
ညလုံးပေါက် ထိုင်၍ အဖြေလွှာပေါင်း တစ်ရာကို စစ်ဆေးရမည့် စည်းစိမ်သည် အမှန်တရားကို ပြောဆိုခဲ့သဖြင့် ခံစားရမည့် ရလဒ်ပေတကား ဟု ဆက္ခာသည် တွေးတောနေလေသည်။

မန်းတင်ဘာသာပြန်သည်။
(မူရင်းရေးသားသူ- နာရယန်း)