Showing posts with label Aung San Suu Kyi. Show all posts
Showing posts with label Aung San Suu Kyi. Show all posts

Wednesday, September 20, 2017

စိတ်အကြောင်း စမ်းသပ်ချက် (experiment) နဲ့ ဒေါ်စု

Psychology Experiment လို့ပဲ ကြီးကြီးကျယ်ကျယ် ခေါင်းစဉ် တပ်လိုက်ပါရစေ။ ဟဲဟဲ။ ပုဂ္ဂိုလ်ရေး လေးစားမှှု၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှှုဟာ ဘယ်အတိုင်းအတာ အထိ တာသွားသလဲ။ ခေါင်းဆောင်တစ်ယောက် ပြောခဲ့တဲ့ quotation ကို ပြောသူ နာမည်ဖျောက်လိုက်ရင် ဘယ်လို ဖြစ်သွားမလဲ။ စကားတစ်ခွန်းရဲ့ အမှန်တရားဟာ ပြောသူအပေါ် မူတည်နေလားဆိုတာ သိဖို့ စိတ်စမ်းသပ်ချက် တစ်ခု လုပ်ခဲ့တယ်ပဲ ဆိုပါစို့။ ဟီး။


ကျွန်တော့်မှာ တက္ကသိုလ်ကတည်းက ပြောမနာ ဆိုမနာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့နာမည်က Ko Aung တဲ့။ သဘောကောင်းလှတဲ့လူဆိုတော့ သူ့ကိုပဲ အစမ်းသပ်ခံ ကြွက်ဖြူုလေး အဖြစ် အသုံးချရတာပေါ့။ ခိခိ။ 


သူက ဒေါ်စုကို အင်မတန် လေးစားချစ်ခင်တဲ့သူ။ ဖြစ်သင့်ပါတယ်။ ထားပါတော့။ ဒေါ်စု ပြောခဲ့တဲ့ quotation တစ်ခု ရှိတယ်။ “Sometimes I think that a parody of democracy could be more dangerous than a blatant dictatorship, because that gives people an opportunity to avoid doing anything about it.” တဲ့။ အကြမ်းဖျဉ်း စာချောအောင် ဘာသာပြန်ရရင်တော့...  “ဒီမိုကရေစီကို သရော်တဲ့ ပုံစံ (ဒီမိုကရေစီ အတု) ဟာ ဗြောင်ကျကျ အာဏာရှင် စနစ်ထက်တောင် ပို အန္တရာယ် ကြီးသေးတယ်လို့ ကျွန်မထင်တယ်။ ဘာလို့လည်းဆိုတော့ (အဲဒီအဖြစ်ကနေကနေ လွန်မြောက်ဖို့အတွက်) လူတွေ တစ်ခုခုလုပ်မယ့် အရေးကို ဝေးကွာစေလို့ပဲ” ဆိုတဲ့ သဘောပေါ့။


အဲဒါ စိတ်စမ်းသပ်ချက် လုပ်ချင်တော့ ပြောသူနာမည်ကို ဖျောက်လိုက်ပြီး ဒီစကားရပ်ကို မင်းဘယ်လိုမြင်လဲ။ အဲဒါ အရင်က ပြည်ပမှာနေခဲ့တဲ့လူတစ်ယောက် ပြောခဲ့တာဆိုတဲ့ သဘောမျိုးနဲ့ သူ့ကို မေးလိုက်တဲ့။ သူ့ အဖြေက အဲဒီစကားကို nonsense တဲ့။ ကျွန်တော် ထိုင်းမှာ နေရတော့ မဲစာရင်း မပါတော့ မဲမပေးနိုင်ခဲ့တာကိုလည်း သိတော့ သူက ဆက်ပြောတာပေါ့။ မဲမပေးခဲ့တဲ့သူဟာ အစိုးရကို အခုမှ ဝင် မဝေဖန်သင့်ဘူး ဘာညာပေါ့။ တခြား quotaiion တစ်ခုကိုပဲ ချစ်ရတဲ့ သူငယ်ချင်းကြီးက ကိုးကားပြောသွားတာ။ သူက quotation တွေ ကြိုက်တဲ့သူမို့ သူ့ကို တမင် စမ်းသပ်လိုက်ကတာလည်း ပါတယ်။ ဟီး။ တကယ်တော့ မဲမပေးခဲ့တဲ့သူက မဝေဖန်ရဘူးဆိုတာကလည်း သဘာဝ မကျပါဘူး။ မဲပေးခဲ့ခဲ့ မပေးခဲ့ခဲ့ လူတိုင်းဟာ ဥပဒေတွေကို လိုက်နာနေရပြီး၊ impact တွေကလည်း မဲမပေးခဲ့သူအပါအဝင် လူတိုင်းအပေါ် သက်ရောက်တယ်လေ။ အဲဒိလောဂျစ်ကြီးက သဘာဝ မကျပါဘူး။


အဲဒါနဲ့ nonsense လို့ သူေြပြာပြီးတော့မှ အဲဒီစကားက ဒေါ်စု ပြောခဲ့တာဆိုတော့ ကျွန်တော့်ကို ဆဲပါလေရော။ မင်းက quotaion တွေကို ဖြတ်ညှပ်ကပ်တဲ့။ မဆိုင်ဘူးလေ။ သူလည်း quotation တွေဆို တင်နေကျ။ သူ့စိတ်ကို စမ်းသပ်ချင်လို့သာ ပြောသူနာမည်ကို တမင် အာရုံလွှဲလိုက်တာ။ အဲဒီမှာ ပြောသူရဲ့ အရှိန်အဝါ မပါတော့ အဲဒိစကားကို nonsense လို့ ပြောပါလေရော။ ကျွန်တော့်ကိုလည်း မီဒီယာသောက်ကျင့်ဆိုပြီး စွပ်စွဲတာပေါ့။ exile ညှော်နံ့မိနေပြီလို့လည်း စွပ်စွဲသေးတယ်။ ဘာဆိုင်လို့လဲ။ သိချင်လို့ စမ်းသပ်ကြည့်တာလေးကို။ ဟီး။ ကျွန်တော်ကလည်း အားကျမခံ ပြန်ပြောတာပေါ့။ မင်းက ငါ့ရဲ့ အစမ်းသပ်ခံ ကြွက်ဖြူလေးလို့။ ဟီး။ မင်းမို့ ဒေါ်စုစကားကို nonsense လို့ ပြောရက်တယ်ကွာ ဆိုပြီးလည်း ပြန်ရိလိုက်သေးတယ်။ ဟီး

စကားတစ်ခွန်းရဲ့ အမှန်အမှားဆိုတာ ပြောသူရဲ့ နာမည်အပေါ်မှာပါ မူတည်နေတာ သိလိုက်ရတယ်။ စကားအပေါ် တန်ဖိုးထားမှှု မထားမှှုဆိုတာ ပြောသူအပေါ်မှာ မူတည်နေရော။ ဒါကြောင့် တခါတလေ ဒေါ်နယ်ထရမ့်တို့၊ ကလင်တန်တို့ ပြောလိုက်တဲ့ စကားတွေဟာ ပုံမလာပေမဲ့၊ တခါတခါဆို ပြောတဲ့ အဓိပ္ပါယ်ချင်း အတူတူ သူတို့လိုလူတွေ ပြောမှ လူတွေက အရေးလုပ်ကြတာလေ။ 


ထားပါ။ အခုဟာ ရေးလိုက်လို့ ဒေါ်စုကိုပဲ အသားလွတ်လိုက်တိုက်ခိုက်တယ်လို့တော့ မထင်ပါနဲ့။ ဟိုးအရင် Gtalk ခေတ်၊ blog ခေတ်ကတည်းက ဒေါ်စုကို ချစ်လို့ ကဗျာတွေ သုံးလေးပုဒ် ရေးခဲ့ဖူးတယ်။ အလိုလို နေရင်းကို ချစ်စရာကောင်းတဲ့ အမေတစ်ယောက်လို၊ အန်တီကြီး တစ်ယောက်လို ခံစားခဲ့တာ။ အခုလည်း သိပ်မကြိုက်တော့ပေမဲ့ အတိုင်းအတာ တစ်ခုထိ ချစ်နေတုန်းပါပဲ။ မကြိုက်တော့တာကတော့ ၂၀၁၂ ကတည်းက။ ထားပါ။ မကြိုက်တဲ့အကြောင်း မပြောချင်တော့ဘူး။

အတိုင်းအတာ တစ်ခုအထိ အန်တီတစ်ယောက်လို ချစ်နေတုန်းပဲ။ ဒါကြောင့် အခု နိုင်ငံခြာမှာ ဆန္ဒပြကြရင် ဒေါ်စုပုံကို မီးရှို့တာ ဘာညာလုပ်ကြရင် စိတ်မကောင်းဖြစ်မိပြိး ဒေါသထွက်လာတာ အမှန်ပဲ။ ထားပါ။ ဒါက ကိုယ့်စိတ်ခံစားချက်။

အခုမှ အမေစု ဆိုပြီး အရမ်းချစ်ပြနေတဲ့ အထဲက တချို့ဆို အဲဒီတုန်းက ဒေါ်စုပုံတွေ၊ ဒေါ်စုအကြောင်းတွေ ရေးလို့ ဆိုပြီး block ခဲ့တဲ့သူတွေပါတယ်။ အဲဒီတုန်းက ကျွန်တော် နဘေတွေနဲ့ ရေးခဲ့တဲ့ ကဗျာတစ်ပိုဒ်က

အမေ့ခြံနံပါတ် ငါးဆယ့်လေးဟာ

မျှော်လင့်ခြင်းရဲ့ ပြယုဂ် အားတက်ဆေးပေါ့ 

အမေ့အမြင်ပုံစံကို အငှားဆောင်ပြီး သားတို့အများအတွက်တွေးမယ် 

အမေ့ရင်ခုန်သံကို ကြားယောင်ပြီး သားတို့အားဆက်မွေးမယ်။


ကိုယ်ရေးခဲ့တာနဲ့ အခု အဆဲမခံရအောင် ကာဗာလုပ်တာတော့ မဟုတ်ပါဘူး။ ခံစားချက် ပြောင်းသွားတာကို ပြောပြတာ။


၂၀၁၂ က စပြီး ခံစားချက် ပြောင်းသွားတယ်။ ဒါပေမဲ့ အကောင်းဆုံးလုပ်နိုင်ပါစေဆိုတဲ့ ဆန္ဒတော့ ရှိနေတုန်းပဲ။ ဆိုးဆိုးဝါးဝါး ခံစားလိုက်ရတာကတော့ လက်ပံတောင်းတောင် ကိစ္စကနေ စတယ်။ လူတွေရဲ့ အုပ်စုစိတ်ဓာတ်ကိုလည်း စိတ်ပျက်မိတယ်။ အဲဒီလူတွေကို မထောက်ခံရင်တောင် မဆဲသင့်ဘူး မဟုတ်လား။ အသိမ်းခံရတဲ့ မြေတွေဟာ ကိုယ့်မြေတွေဆိုရင်၊ ပြီးတော့ အဲဒီပရောဂျက်ရဲ့ အဓိက အကျိုးခံစားုရမယ့် နိုင်ငံဟာ တရုတ်နိုင်ငံ ဖြစ်နေကြောင်း သိရင်.. မြေအသိမ်းခံခဲ့ရသူ အဖွားကြီးတွေဘက်က မရပ်တည်ပေးနိုင်ရင်တောင်မှ ကိုယ်ချင်းစာတရားကိုငဲ့သင့်တယ်။ မဆဲသင့်ဘူးလို့ ထင်တယ်။ မြေ၊ယာပဲ တစ်သက်လုံး လုပ်ကိုင်စားခဲ့တဲ့သူတွေဟာ လျော်ကြေး ဘယ်လောက်ရရ အဲဒါပဲ ဆက်လုပ်ချင်မှာပဲ။ အခု ကျွန်တော် ပြောတဲ့ သူငယ်ချင်းမှာလည်း တစ်နေ့ အေးအေးချမ်းချမ်း ယာပြန်လုပ်မယ်ဆိုတဲ့ အိပ်မက်ရှိကြောင်း သူပြောတယ်။ အဲ… အသိမ်းခံရတဲ့ မြေဟာ ကိုယ့်မြေ ဖြစ်နေပြီဆိုရင် ? ပျက်စီးသွားတဲ့ ဘဝ စိတ်ကူးယဉ်မှှုလေးတွေကို ဘာနဲ့ ပြန်လျော်ပေးကြမှာလဲ။

အချုပ်ပြောရရင် မဲမပေးခဲ့ဘူးဆိုတာလည်း ဒေါ်စုပြောခဲ့တဲ့ quotation အတိုင်းပဲ။ ဒီမိုကရေစီ အတုမှာ ဘာမှ မလုပ်ကြတော့ဘဲ မျောသွားတာဟာ ပိုဆိုးတယ်လို့ ထင်လို့။

(Facebook က ပို့စ်ကို မူရင်းရေးခဲ့တဲ့ backdate နဲ့ blog ကို ပြန်ရွှေ့တာပါ။)

အန်တီစုရဲ့ ပျော့ကွက်တစ်ခု

 လွတ်လပ်မှှုတို့၊ လူသားဝါဒီတို့ ရှှုထောင့်က ကြည့်မယ်ဆိုရင် ဒေါ်စုကိုက ဟိုးအရင်ကတည်းက ထောက်ပြစရာ တစ်ခုရှိတယ်။ နိုင်ငံရေး ရှှုထောင့်ကနေ ဆိုရင်တော့ သူမှန်ပါတယ်။ အရင်ကလည်း ရေးဖူးတယ်။

သူ့ကို နိုင်ငံခြားသားနဲ့ ယူတဲ့ ကိစ္စကို စစ်အာဏာရှင်တွေက အောက်လုံးနဲ့ တိုက်ခိုက်တဲ့အခါ၊ ဘိုကတော်စုကြည်တို့၊ ကုလားဖြူမယားစုကြည်တို့ဆိုတဲ့ စကားလုံးတွေကို ရင့်ရင့်သီးသီး သုံးပြီး အရင်တုန်းက စစ်အာဏာရှင်တွေက တိုက်ခိုက်၊ မေးခွန်းထုတ်တုန်းက သူပြန်ဖြေခဲ့တာက နိုင်ငံခြားမှာနေရင် နိုင်ငံခြားသားနဲ့ ရမှာပေါ့။ မြန်မာမှာနေရင် မြန်မာနဲ့ ရမှာပေါ့ ဆိုတဲ့အဖြေမျိုးပဲ ပေးသွားတယ်။  တကယ်က လူအချင်းအတူတူပဲ၊ အိမ်ထောင်ရေးက ကျွန်မကိုယ်ရေးကိုယ်တာကိစ္စ၊ နိုင်ငံခြားသားလည်း လူပဲ ဆိုပြီး ဖြေသင့်တာမျိုး။ နိုင်ငံခြားသားနဲ့ ယူခဲ့တာက မှားခဲ့သလို၊ အဲလိုမှားအောင် စစ်အစိုးရက ပြည်ပကို ပို့ထားလို့ နိုင်ငံခြားမှာနေရလို့ နိုင်ငံခြားသားနဲ့ပဲ ရခဲ့တယ်ဆိုတဲ့ သဘောမျိုး ဖြစ်သွားရော။

နိုင်ငံခြားသားနဲ့ ယူလိုက်တဲ့သူတွေဟာ ကံဆိုးမိုးမှောင်စွာနဲ့ နိုင်ငံခြားရောက်ပီး ရွှေမြန်မာတွေကို  မရဘဲ နိုင်ငံခြားသားကို ယူလိုက်ရသလိုလို။ 


အဲဒီတုန်းက အာဏာရှင်တွေက အောက်လုံးသုံးပြီး သူ့ကို တိုက်ခိုက်တာ ဆိုးဝါးလွန်းပေမဲ့ အဲဒီတုန်းက ဒေါ်စုတုံ့ပြန်ပုံကို ဟိုးအရင်ကတည်းက ဘဝင်မကျခဲ့ဘူး။ 


နိုင်ငံရေးအရကြည့်မယ်ဆိုရင်တော့ ဒေါ်စု အဲလို ဖြေခဲ့တာ မှန်ပါတယ်။ နို့မို့ဆိုရင်တော့ အဲဒီအချက်နဲ့ပဲ နိုင်ငံရေးမှာ  တစ်ပန်းရှုံးနေတာကိုး။

(Facebook က ပို့စ်ကို Facebook က ဒိတ်အတိုင်း backdate နဲ့ ပြန်တင်တာပါ။ 

Saturday, September 29, 2007

Video (Aung Sann Su Kyi)

Aung Sann Su Kyi speech in Burmese Language



Daw Aung San Suu Kyi's campaign trip speech in Kyatpyin 2003 (in Burmese Language)

Thursday, September 27, 2007

Daw Aung San Suu Kyi Documentaries

Daw Aung San Suu Kyi Documentary [2 of 3]



Daw Aung San Suu Kyi Documentary [3 of 3]

Tuesday, September 25, 2007

Interview with Aung Sann Su Kyi (2002 May)



Excerpt from Interview with Aung Sann Su Kyi (1999)



A short clip from a documentary on Aun San Suu Kyi's Nobel Peace Prize Ceremony


Excerpt from Interview with Aung Sann Su Kyi (1995)