Friday, December 25, 2015

1984

ခရစ္စမတ်တွေ ဘယ်နှစ်ခါပြောင်းပြောင်း
သင်္ကြန်တွေ ဘယ်နှစ်ခါကျကျ
မြန်မာနိုင်ငံဟာ ၁၉၈၄ မှာ ကျောက်ချနေဆဲ။ 

၂ နဲ့ ၂ ပေါင်းရင် ၄ ရတဲ့အကြောင်း
ကာယကံရှင် “၄” ကတောင်
ဘဝနဲ့ရင်းပြီးပြောဖို့ အားမရှိတော့ဘူး။ 

Big Brother က နှိပ်စက်တာလောက်ကို ပြောမနေနဲ့
အများစုမဟုတ်ရင်
ပြည်သူကပါ ပြည်သူကို ဆွမ်းကြီးဝိုင်းလောင်းနေကြတဲ့ခေတ်။ 

အခြေခံဥပဒေရဲ့ မျက်နှာဖုံးမှာ
အာဏာရှင်စနစ်ဟာ
ဒိုရီယန်ဂရေးရဲ့ ရုပ်ပုံလို
မပြောင်းမလဲ နုပျိုနေဆဲ။ 

ချစ်ကြည်ရေးပွဲနိုင်လို့
ကျွန်တော်တို့ လေချွန်နေတုန်းမှာ
ရွှေစွန်ညိုဟာ
မိထွေးလိုလို့ ဝဲနေတုန်း။

 ကောင်းကင်ကို (ဒီဇင်ဘာ ၂၅)

 Ref: George Orwell ရဲ့ 1984
The New Yorker ရဲ့ So Are We Living in 1984? ဆောင်းပါး
Oscar Wilde ရဲ့ The Picture of Dorian Gray

No comments: