Saturday, April 21, 2012

မယောင်ရာ..


တိမ်တွေကိုသေချာကြည့်လှည့်
သခင်ယေရှုရဲ့ မျက်နှာတော်။
ခရမ်းချဉ်သီးတခြမ်းပေါ်မှာ
အလ္လာဆိုတဲ့ စာလုံး။
ရေသန့်ဗူးပေါ်မှာက
တရုတ်က ကြွလာတဲ့ စွယ်တော်။
သိပ္ပံနဲ့ ဘောင်ခတ်ခံနေရသော လက်တွေ့ဝါဒီများ
Supernatural ဆိုသော စကားဟာ
အလကား မဟုတ်။

ငလျင်လှုပ်တော့.. Church တွေ ပြိုတယ်။
ဗလီတွေ ဖြိုတော့.. ဗလီတွေ ပြိုတယ်။
ဘုရားမီးပူဇော်ပြီး ပေါ့ဆတော့.. ဘုရားမီးလည်း လောင်တယ်။
အစိမ်းရောင်တွေ ပစ်တော့.. ရွှေဝါရောင်တွေ သေတယ်။
ဒုက္ခသားကောင်တွေ လိုအပ်တဲ့အခါကျ
ဘာ တန်ခိုးတော်မှ မရှိ။ 
(ကောင်းကင်ကို)

11 comments:

  1. မိုးယံApril 21, 2012 at 8:45 PM

    ရှင်နော် ရှင်ရယ်..သိပ်တတ်နိုင်တယ်...ဒီရင်ကို လှုပ်ခတ်အောင် ပြောပစ်ခဲ့တာ..အမှန်ပဲ....ခိခိ။

    ReplyDelete
  2. ဒုက္ခသားကောင်တွေ လိုအပ်တဲ့အခါကျ ဘာ တန်ခိုးတော်မှ မရှိ။
    ဒါလဲ ဟုတ်တာပဲနော်

    ReplyDelete
  3. လက်တွေ့ကို ထင်ဟပ်စေတယ်။

    စာတကြောင်းက ပစ်တော့ .... နဲ့ သေတယ် ဆိုတဲ့ နေရာမှာ....

    ကဗျာလက်ထည့်လိုက်ရင် ပိုကောင်းမလာလို့ တွေးမိပါတယ်။ အားပေလျှက်

    ကန

    ReplyDelete
  4. Initially I thought you are free thinker. If someone show supernatural power , you will follow him blindly .

    ReplyDelete
  5. Initially I thought you are free thinker. If someone show supernatural power , you will follow him blindly .

    ReplyDelete
  6. ကောင်းကင်ကိုApril 22, 2012 at 11:06 PM

    Dear Anonymous, Your comment is funny. :D You didn't get what I mean.

    ReplyDelete
  7. တန်ခိုးပြပြီး ကိုးကွယ်ခိုင်းရင် ငပေါလို့ မြင်တယ်
    တန်ခိုးနဲ့ အကြပ်ကိုင်ပြီး ကိုးကွယ်ခိုင်းရင် ဓားပြလို့ သတ်မှတ်မယ်

    ReplyDelete
  8. ကောင်းကင်ရေ အလွမ်းစာလေးဖတ်ပြီး တွေးမိတယ်။ (အစိမ်းရောင်တွေ ပစ်တော့.. ရွှေဝါရောင်တွေ သေတယ်။)ဆိုတာက *** သရက်သီးပစ်တော့ လိမ္မော်သီး ထိတာလားဟင်။
    လာလည်သွားပါကြောင်း ခေါင်းလောင်းတီးခဲ့တယ်

    ခင်မင်တဲ့
    အလွမ်း

    ReplyDelete
  9. အစိမ်းရောင်တွေ ပစ်တော့.. ရွှေဝါရောင်တွေ သေတယ် ။ ... သကြားမင်းက မျက်မှန်ရော ၀ရဇိန်ပါ ရှာနေတုန်းပါ ..

    ReplyDelete
  10. mail ထဲမှာပေါ်ပြီး ကွန်မန့် box မှာ မပေါ်လို့


    Anonymous has left a new comment on your post "မယောင်ရာ..":

    ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ကောင်းကင်ကိုရဲ့ ကဗျာကို မကြိုက်ဘူးဆိုပြီး ရှယ်လိုက်တယ်... ကျွန်တော်ကတော့ ကြိုက်လို့ တန်ပြန်ရှယ်ချင်တယ်ဗျာ...

    ကောင်းကင်ကို
    (ဟုတ်ကဲ့...ကြိုက်လို့ဖြစ်ဖြစ် မကြိုက်လို့ဘဲဖြစ်ဖြစ် ရှယ်နိုင်ပါတယ်ဗျာ။ ကျေးဇူး)

    ReplyDelete
  11. Write more, thats all I have to say. Literally, it seems as though
    you relied on the video to make your point. You obviously know what youre
    talking about, why waste your intelligence on just posting videos to your
    weblog when you could be giving us something informative
    to read?

    Have a look at my blog ... arion

    ReplyDelete