Tuesday, April 17, 2012

ငါတို့နိုင်ငံမှာ

ညီအရင်းတွေထက်တောင် အသက်ငယ်တဲ့ အကိုအရင်းတွေ ရှိတယ်။ (U21, U22 ဘောလုံးသမားတွေ)
ကမ္ဘာကျော်တွေနဲ့လုပ်စားနိုင်တဲ့ လောင်းကစားဒိုင်တွေလည်း ရှိတယ်။

အင်္ဂလိပ်ဆေးတွေနဲ့ သွေးနှောထားတဲ့ ကပြား တိုင်းရင်းဆေးတွေရှိတယ်။
ခွေးသေကောင်ကိုတောင် ဆတ်သားခြောက်ဖြစ်အောင် လုပ်နိုင်သူတွေလည်းရှိတယ်။

လမ်းကြားမှာ အမှိုက်ပစ်ချတတ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားတွေရှိတယ်။
လွတ်လပ်မှုတွေကို “လု”ယူချင်တဲ့ “လု”အခွင့်အရေးသမားတွေလည်း ရှိတယ်။

နိုင်ငံရေး အရေခွံအလဲမှာ ရုတ်ခြည်း နီရဲသွားတဲ့ “ပုတ်သင်သရုပ်ဆောင်” တချို့လည်းရှိတယ်။
ညစ်ပတ်ပေမဲ့ အနီကတ်အပြမခံရ…ဆုတွေတောင် ရသွားတဲ့ သမ္မတလည်းရှိတယ်။
(ကောင်းကင်ကို)

4 comments:

  1. khin nyein chan ooApril 17, 2012 at 4:36 PM

    ကြိုက်လို့ကူးသွားပြီနော်

    ReplyDelete
  2. နည်းသေးတယ် အကိုရေ ..
    ယူနီဖောင်းဝတ်ပြီး တောင်းစားနေတဲ့
    သူတောင်းစားတွေ ရှီတယ်..
    ..နောက်ပြီး..
    နောက်ပြီး.
    . နောက်ပြီး..
    အကို မပြောတက်လို့ တက်သလောက်ပဲ ပြောခဲ့
    တာ..ဟီးး

    (ဒုတိယ)

    ReplyDelete
  3. ၀ိမွန်April 18, 2012 at 7:54 AM

    စေတနာ ၀ါသနာ အနစ်နာဆိုပြီး အသပြာကို ငမ်းငမ်းတက်တောင်းနေတဲ့ ဆရာ ဆရာမတွေ ရှိတယ်
    အတ္တကြီးပြီး ဆတ်ဆတ်ထိမခံတဲ့ ဘာသာရေး ကိုင်းရှိုင်းသူတွေ ရှိတယ်
    ပြောရရင် အများကြီး အများကြီးပါ ကောင်းကင်ကို
    အမှန်အတိုင်း ချရေးရဲတာကို လေးစားတယ်

    ReplyDelete
  4. ကောင်းကင်အောက်မှာလူဖြစ်ပြီး လူမဟုတ်တဲ့လူတွေလဲရှိတယ်

    ReplyDelete