Tuesday, January 6, 2009

အမှတ်ပေးစည်းမျဉ်း

ခေါင်းဆောင်ဆိုတာ

ကိုယ့်ဘဝကို အစာလို တပ်ပြီး

ငါးတွေ ကောင်းစားဖို့ အတွက်

ငါးတွေကိုပဲ ပြန်မျှားရမယ့်သူ။


ခေါင်းဆောင်ဆိုတာ

ငါးကြင်းထု အကျိုးအတွက်

ငါးကြင်းဆီနဲ့ ပဲ

ငါးကြင်းသားကို ကြော်ပေးရမယ့်သူ။


ခေါင်းဆောင်ဆိုတာ

ပြာဖုံးနေတဲ့ မီးခဲတွေကို ကောက်စား

အိပ်မက်တွေ အကောင်ထွားအောင်

မြှောက်စားသင့်သူကို လည်းမြှောက်စားရမယ်

ကိုယ့်ကိုကျော်တက်သွားမှာ မကြောက်တဲ့သူ။


ခေါင်းဆောင်ဆိုတာ

မက်လုံးတွေကို ယူချင်အောင်အစထုတ်

အခက်ဆုံးတွေကို လူမမြင်အောင် ခဏအုပ်ပြီး

ဆေးခါးကို သကြားအုပ်တဲ့ အတတ်နဲ့ 

ပရိယာယ်တွေလည်း တတ်ရမယ်။


ခေါင်းဆောင်တစ်ယောက်ဟာ

လူတစ်ယောက်ကို မျိုးစေ့တစ်စေ့လို့ မြင်ရမယ်။

ပုရွက်ဆိတ်အုံလိုပုံစံမျိုးနဲ့ဥယျာဉ်တစ်ခုကိုဆောက်ပါ။


ခေါင်းဆောင်ဟာ

မျက်လုံးတစ်ထောင်

နားတစ်ထောင်နဲ့ 

အသံတိတ်ငိုသံတွေက အစ ကြားယောင်တတ်ရမယ်။

အံကြိတ်မျိုသံတွေက အစ နားထောင်တတ်ရမယ်။


ခေါင်းဆောင်တစ်ယောက်ရဲ့  ခေါင်းထဲကိုခွဲကြည့်

ကိုယ်ဝန်ဆောင်သစ်ပင်တွေကို

မီးဖွားပေးနေတဲ့ ဆေးရုံတစ်ရုံ တွေ့ လိမ့်မယ်။


ကောင်းကင်ကို

17 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. ခေါင်းဆောင်ဆိုတာ .. ပြောဖို့မလိုအောင်ကောင်းပြီးသားပဲ မောင်လေးရေ .. ပြီးပြည့်စုံသွားအောင် စာလုံးပေါင်းလေးပဲ နည်းနည်းစစ်လိုက်ပါ .. :)

    ReplyDelete
  3. ခံစားချက်တွေတော်တော်ပြင်းတယ်...မိုက်တယ်

    အားပေးလျက် အိတာ

    ReplyDelete
  4. ကောင်းလှချည်လား ကိုယ်ဝန်ဆောင်သစ်ပင် ဆိုတဲ့ နမိတ်ပုံကိုတော့ ခိုက်တယ်ကွာ

    ReplyDelete
  5. ကောင်းတယ်အကို Leader နဲ့ Commander ကိုခွဲပြီးရေးချင်တာ ကိုယ့်မှာအဲ့လောက်ရေးနိုင်တဲ့ အားမှရှိသေးလို့....။
    ကိုကောင်း အခုတော့ Leader အကြောင်းရေးလိုက်ပြီ Commanderဆိုးတွေအကြောင်းကတော့ အားလုံးရေးနေကြတာပါပဲ...။
    ပြီးပြည့်စုံပါတယ်အကို....။
    အဆင်ပြေပါစေ

    ReplyDelete
  6. ခေါင်းဆောင်ဟာ

    မျက်လုံးတစ်ထောင်

    နားတစ်ထောင်နဲ့ 

    အသံတိတ်ငိုသံတွေက အစ ကြားယောင်တတ်ရမယ်။

    အံကြိတ်မျိုသံတွေက အစ နားထောင်တတ်ရမယ်။
    ပီပြင်လိုက်တာညီလေးရာ.
    ကဗျာတစ်ပုဒ်လုံးကိုကြိုက်တယ်.အထူးသဖြင့်အပေါ်က
    ပါဒလေးကိုအကြိုက်ဆုံးဘဲ...
    ခင်မင်လျက်.....

    ReplyDelete
  7. အို!!!... ကောင်းလိုက်တာလို့ပဲ ပြောပါရစေ....

    ReplyDelete
  8. ကိုကောင်း...
    ကဗျာဖော်ညွှန်းမှုကောင်းလွန်းလှတယ်လို့ ဘဲ ပြောတတ်တော့တယ်.
    နိမိတ်ပုံတွေ သိပ်လှတယ်ဗျာ...
    လေးစားပါတယ်။

    ReplyDelete
  9. "ခေါင်းဆောင်ဟာ
    မျက်လုံးတစ်ထောင်
    နားတစ်ထောင်နဲ့ 
    အသံတိတ်ငိုသံတွေက အစ ကြားယောင်တတ်ရမယ်။"
    ဒီစာသားလေးကိုအကြိုက်ဆုံးပဲ...အကိုရာ

    ReplyDelete
  10. ခေါင်းဆောင် တစ်ယောက် အကြောင်း ဖွဲ့နွဲ့ထားတာ.. တစ်ကယ် ခမ်းနားတယ်။
    အစ်ကို ကဗျာတွေ အရမ်းကောင်းတယ် အစ်ကို..
    စကား မစပ် အစ်ကိုကို့ ဗုတ်ပေးခဲ့သေးတယ်. အဟဲ

    ReplyDelete
  11. အရမ်းကောင်းတယ် ဒါပဲပြောခဲ့တော့မယ်..

    ReplyDelete
  12. အမှတ်ပေး စည်းမျဉ်းတွေကို နာယူသွားတယ် အစ်ကိုရေ.. အများကြီး ရသွားတယ်ဗျာ..

    ReplyDelete
  13. ကိုကောင်းကင်ရေ ...

    ဘာမှမပြောချင်တော့ဘူးနော် ..
    ကဗျာလေးကို အခါခါဖတ်ပြီး ..
    ဘယ်လို စာလုံးပေါင်းပြရမှန်းမသိတဲ့
    (အနှစ်သာရအပြည့်ရှိလွန်းတဲ့
    ကဗျာလေးအတွက်)
    ပီတိတွေ ရင်မှာပိုက်ပြီး
    တိတ်တိတ်လေးပဲ ပြန်သွားတယ်။

    ReplyDelete
  14. အကို့ကဗျာတွေကတော့ ကောင်းတယ်လို့ ပြောစရာကို မလိုတော့ပါဘူး.. ကဗျာထဲက အမှတ်ပေးစည်းမျဉ်းနဲ့ ကိုက်ညီမယ့် ခေါင်းဆောင်မျိုးကတော့ တစ်ခေတ်မှာ တစ်ယောက်ပဲ ရှိနိုင်မယ်ထင်ပါရဲ့.. ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ ဦးဆောင်မှုအောက်မှာ နောက်လိုက်ဖြစ်ခွင့်ရတာလဲ ကံကောင်းခြင်းတစ်မျိုးပဲနော်။

    ReplyDelete
  15. link ယူသွားတယ်ဗျို့ ....

    ReplyDelete
  16. ကဗျာမှော်အောင်ထားတဲ့ ဆရာရေ...

    ရှက်တတ်သူတွေ ရှက်နိုင်ကြပါစေ...
    .....................လို့.....................
    ရင်ကလာတဲ့ ဆုတောင်းချွေခဲ့မိတယ်...

    (((((((((( ခေါင်းဆောင်ဆိုတာ )))))))))))
    (((((((((((((.......................))))))))))))))

    ReplyDelete
  17. ကျွန်တော်အလွတ်ကျက်ထားရမယ့် ကဗျာတပုဒ်ပါ။တကယ်ကိုကောင်းပါတယ်။

    ReplyDelete