Wednesday, January 14, 2009

ကဗျာကျောင်းသား

ခေါင်းက ရင်ဘတ်နဲ့  သွားဆက်နေတဲ့ လူထူးလူဆန်း၊

အတွေးထဲမှာ မိုက်ကရိုချစ်(ပ်)တစ်ခု ဝင်နေတဲ့ ကုန်းပေါ်ကငါး၊

ကိုယ့်အတွင်းငလျင်ကို ကိုယ်စောင့်ကြည့်ဖို့ စိတ်ထဲမှာ ကင်းတဲတစ်ခုဆောက်

နာမ်အချင်းချင်းဆက်သွယ်ဖို့  လမ်းဖောက်ပေးရတဲ့သူ။

13 comments:

  1. .. ခေါင်းက ရင်ဘတ်နဲ့သွားဆက်နေတဲ့ လူထူးလူဆန်း...
    အား.. အရမ်းမိုက်တယ်.. အစ်ကိုရာ....

    ReplyDelete
  2. ရင်ဘတ်နဲ့ ခေါင်းဆက်နေတဲ့ လူထူးလူဆန်းရဲ့ ကဗျာတွေဖတ်ချင်သေးတယ်း)

    ReplyDelete
  3. အကိုကြီးရေ
    ကျနော်လည်း ကဗျာကျောင်းသားဖြစ်ချင်သေးဗျ :)

    နာမ်အချင်းချင်းဆက်သွယ်ဖို့
    ဒီထက်မက လမ်းတွေဆက်ဖောက်နိုင်ပါစေခင်ဗျာ

    ReplyDelete
  4. ဒါကြောင့်နေမှာကဗျာတွေကိုကပါ
    ထူးဆန်းတာ................

    ReplyDelete
  5. ဆိုပုံအရတော့ ရာစု သစ်ထဲက ကဗျာကျောင်းသားဖြစ်နိုင်တယ်ဗျာ ၊၊

    ReplyDelete
  6. ကျောင်းသားမှ မဟုတ်တော့တာ
    ကျောင်းဆရာ ဖြစ်နေပြီပဲ
    ခေါင်းစဉ်ပြန်ပြောင်းကွာ ညီ
    “ကဗျာဆရာ” လို့...း)

    ReplyDelete
  7. မိုက်တယ်.မိုက်တယ်.မိုက်တယ်လို့ဘဲပြောတော့မယ်
    ညီလေးရေ..
    ခင်မင်လျက်

    ReplyDelete
  8. နိုင်ငံဂုဏ်ရည် ပထမဆံပေးလိုက်ဗျာ အစ်ကို။

    ReplyDelete
  9. ကဗျာဂုရုပါ… ကျောင်းသားဆိုလဲ PHD ကဗျာကျောင်းသားပဲ ဖြစ်လိမ့်မယ်…

    ReplyDelete
  10. မှန်၏။ကောင်း၏။
    ကင်း သေချာစောင့် ။ :P

    ReplyDelete
  11. ကဗျာလေးကောင်းတယ်အစ်ကိုရာ
    ခေါင်းစဉ်အသုံးအနှုံးလေးလှတယ်

    ReplyDelete
  12. နာမ်အချင်းချင်း ဆက်သွယ်ဖို့... တဲ့လား
    ဘယ်လိုရင်ဘတ်နဲ့များ ဒီစာလုံးတွေကို
    မွေးထုတ်လိုက်တာလဲရှင်...

    လေးစားစွာခင်မိတဲ့...
    ကိုရင်၊ ခင်လေး၊ ကလေးလေး

    ReplyDelete
  13. ခေါင်းစဉ်ကို ကဗျာကျောင်းသားအစား ကဗျာသု ခမိန်လို့ ပေးချင်တယ်

    ReplyDelete