Friday, January 2, 2009

အမာခံ

ထိပ်ပုတ်ခေါင်းပုတ် မေးခွန်းတွေက

ပြင်ထားတာနဲ့ တလွဲစီ

ငါတော့…ကွဲပြီ။

ဒီလိုနဲ့ 

ဘဝဆိုတဲ့ စာမေးပွဲမှာ

မျှော်လင့်ချက် ပင်စည်တွေလဲ

လုပ်သမျှ မင်နီတွေရဲလည်း

နောက်ဆုံးတော့

ချစ်သူပေးတဲ့ တစ်မှတ်တည်းနဲ့ ငါကအောင်တယ်။


ယောကျာ်းတစ်ယောက်ရဲ့တာဝန်ထမ်းဖို့ အချိန်အခါကျပြီမို့ 

အကြိမ်တစ်ရာမက ရွပ်ရွပ်ချွံချွံ ကြိုးစားခဲ့လည်း

အချစ်ဆန္ဒခံယူပွဲမှာ

ကန့် ကွက်မဲတွေက မဲပုံးနဲ့ မဆန့် 

ခဲမှန်ဖူးသူမို့ အသည်းနှလုံးထဲကလန့် လည်း

နောက်ဆုံးတော့

နှလုံးသား မကန်း တဲ့ နယ်မြေမှာ

ချစ်သူပေးတဲ့ တစ်မဲတည်းနဲ့ ငါလည်းနိုင်တယ်။


ကောင်းကင်ကို

21 comments:

  1. ချစ်သူပေးတဲ့တမဲတည်းနဲ့နိုင်တဲ့ညီလေးရေ..
    ကဗျာလေးကောင်းတယ်
    ကြိုက်တယ်...
    မင်နီတွေလည်းမရဲပါစေနဲ့...
    ကြင်သူတွေနဲ့လည်းမလွဲပါစေနဲ့....

    ReplyDelete
  2. ကောင်းလိုက်တာ ဆိုတာထက်လေးနက်ပြီး ဘာမှပိုမပြောတတ်ပါ..။

    လေးစားခင်မင်လျက်

    ReplyDelete
  3. နှစ်သစ်အစကို ကဗျာကောင်းလေးနဲ့ကြိုဆိုလိုက်တာပဲ အကိုရ... ချစ်သူပေးတဲ့တစ်မဲတည်းနဲ့ ပျော်ရွှင်နိုင်ပါစေဗျာ

    ReplyDelete
  4. တစ်မှတ်တည်း တစ်မဲတည်းနဲ့ အောင်နိုင်ခဲ့တဲ့ ဆရာကောင်း.. နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေဗျာ..

    ခင်မင်လျက်...

    ReplyDelete
  5. ခင်ဗျားကဗျာမှော်တစ်ခုရသွားပြီ
    နှစ်သစ်မှာအမှတ်တရကဗျာလေးလို့ဆိုခြင်တယ်
    ကွန်တော်တစ်မှတ်ထပ်ပေးလိုက်တယ်
    ဂုဏ်ထူးထွက်သွားပြီ ကောင်းကင်ကို
    ဟားဟား

    ReplyDelete
  6. "ငါလည်း နိုင်တယ်" တဲ့လားဗျ..
    အတိုတွေ သိပ်ထိနေတယ်..း)

    edu

    ReplyDelete
  7. မေ လည်းချစ်သူပေးတဲ့တစ်မှတ်ဘဲရှိတော့တယ်

    ReplyDelete
  8. ကဗျာတွေကတော့ အနုစားတွေပါးလား ကိုကောင်း ။
    အောင်သွားပြီလား ။ ကောင်းဗျာ ။ :)

    ReplyDelete
  9. (မိုက်လား.. မိုက်လား.. မိုက်လား...)
    မိုက်တယ်.. မိုက်တယ်.. မိုက်တယ်...

    အပေါ်ကစိုင်းစိုင်းသီချင်းနော်။းD တကယ်ပြောတာ၊ မိုက်တယ်။

    ReplyDelete
  10. တောက်ခ် .. (ကောင်းလွန်းလို့ ဘာမှမပြောနိုင်တဲ့ အသံပေါ့ကွယ်)

    ReplyDelete
  11. ဘရာဗိုဗျာ...
    ကဗျာတွေက အမြဲတမ်းကောင်းလွန်းနေတော့
    ၁မှတ်ထဲနဲ့ မကျေုနပ်လို့
    တစ်ခါတည်းနဲ့ အမှတ် ၁၂၀ ပေးလိုက်တယ်...း)

    ReplyDelete
  12. ဘာပဲဖြစ်ဖြစ် နောက်ဆုံး အောင်ဖို့ နိုင်ဖို့အဓိက ပဲမို့
    ဒါတွေပေးတဲ့ ချစ်သူကိုပဲ ကျေးဇူးတင်လိုက်ပါဗျာ

    ReplyDelete
  13. တစ်မဲထဲနဲ့နိုင်တယ်....
    ကောင်းတယ် ကိုကောင်းကင်ရာ ....

    ReplyDelete
  14. ကောင်းလိုက်တာဗျာ... ကဗျာလေး...ရင်ထဲ အထိ ရောက်တယ်...

    ReplyDelete
  15. အတူတူပဲ ကိုကောင်းကင်ရေ ...
    ကျွန်မလဲ ချစ်သူပေးတဲ့ တစ်မဲတည်းနဲ့
    အချစ်ဆန္ဒခံယူပွဲမှာ
    ပြိုင်ဘက်မရှိ ပန်းဝင်ခဲ့သူပါ ..

    ( အရင်လို ကြိုက်ဆဲပဲ ..ကိုကောင်းကင်ရေ ..
    ကိုကောင်းကင်ရဲ့ ကဗျာတွေကို ..)

    ReplyDelete
  16. ကဗျာကို လာခံစားသွားတယ်...

    ReplyDelete
  17. ကောင်းကင်ကို---
    နေမကောင်းတာကြာပြီ---
    အခုမှ လာလည်နိုင်တယ်---
    နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ---

    ReplyDelete
  18. ကိုယ်လဲဝင်ပြီးမန့်ဦးမှပဲဟလို့ဝင်လိုက်တာ အဟီး..ဒီအထဲမှာလည်းအားလုံးကတစ်မဲစီပဲကိုး
    ကဲကဲ...ဒီတော့ဒီလိုပဲလုပ်တော့မယ်....။
    တစ်မဲလိုတဲ့သူတွေပြောကြပါဗျို့... :P

    ကိုကောင်းကင်ရေ
    ကောင်းပါတယ်ဆိုတာထက်ပိုပြီးတော့
    ကျွန်တော်ပြောမတတ်တော့ဘူးဗျာ။

    အဆင်ပြေပါစေ

    ReplyDelete
  19. ကိုယ်လဲဝင်ပြီးမန့်ဦးမှပဲဟလို့ဝင်လိုက်တာ အဟီး..ဒီအထဲမှာလည်းအားလုံးကတစ်မဲစီပဲကိုး
    ကဲကဲ...ဒီတော့ဒီလိုပဲလုပ်တော့မယ်....။
    တစ်မဲလိုတဲ့သူတွေပြောကြပါဗျို့... :P

    ကိုကောင်းကင်ရေ
    ကောင်းပါတယ်ဆိုတာထက်ပိုပြီးတော့
    ကျွန်တော်ပြောမတတ်တော့ဘူးဗျာ။

    အဆင်ပြေပါစေ

    ReplyDelete
  20. ဒီလိုမျိုး အမာခံတစ်ယောက်ရှိနေမှတော့ ကျန်တာ ဘာမှမလိုတော့ဘူး အကိုရေ… အားကျပါဘိ :P

    ReplyDelete
  21. လန်းတယ်ဗျာ..ချစ်သူပေးတဲ့ တစ်မှတ်တည်းနဲ့အောင်တာလား တော်သေးတာပေါ့ အောင်လို့..ကျနော်တော့ကျတယ်ဗျာ.. ခုထိဖြေနေရတုန်း

    ReplyDelete