Thursday, July 29, 2010

မေတ္တာဆိုတာ စူးတတ်တယ်

ကျောက်တုံးထဲကနေတောင်
သွေးတွေပန်းထွက်လာအောင်
နင်မန်းမှုတ်နိုင်မှန်းလည်း သိပါတယ်။

နင့်နှုတ်ခမ်းက ကြွေကျလာမယ့်
မကုန်မခန်းနိုင်တဲ့ ပန်းတွေဟာ
သံမဏိရင်တွေ ချိုင့်ဝင်သွားသည်အထိ
တန်ခိုးရှိမှန်းလည်း သိပါတယ်။

တချောင်းထဲသော စိတ်နဲ့
ပြေးနေတဲ့ ခြေထောက်နှစ်ချောင်းတွေ
နင့်ကြောင့် မရှုမလှ ချော်လဲတိုင်း
နင့်အတိတ်နဲ့ နင် ခြေရာတိုင်းနိုင်တုန်းမို့
နင်ကျေနပ်နေမှန်းလည်း သိပါတယ်။

အကောင့်များစွာဖွင့်ပြီး
၁၅၀၀ လွှင့်နေတဲ့ ကောင်မလေးရေ၊

သိလျက်နဲ့ မိုက်နေသူက
နင်မသိပဲ မိုက်မိမှာစိုးလို့
တခုတော့ သတိပေးမယ်။
ကျေးဇူးပြုပြီး နင်းမသွားပါနဲ့။
ငါ့နှလုံးသားက ကွဲလွယ်အက်လွယ်
နင့်ခြေဖဝါးတွေ ရှလိမ့်မယ်။
ကောင်းကင်ကို

16 comments:

  1. ဒီလိုမေတ္တာကဗျာလေးတွေစောင့်နေတာ ကိုကောင်း။ ထိတယ်။

    ReplyDelete
  2. အကိုတော် အသဲနုနု သဲချေဥမခံနဲ့ သွားချင်သွားပေ့စေ အေးဆေး ကွဲနဲ့ အသဲ...

    ReplyDelete
  3. ကိုကောင်း..
    မရောက်တာကြာနေပေမယ့် အမြဲတော့သတိယနေပါတယ်
    အခုလာလိုက်တာနဲ့ ရင်ကို ထိသွားအောင်ခံစားရတဲ့
    ကဗျာပါ...။
    ကျနော့်ရင်မှာကွဲကြေနေအောင်ခံစားရပေမယ့်
    ရင်နဲ့ လက် တစ်ထပ်တည်းမကျတော့ ကျနော့်ကဗျာက ရသမမြောက်ပါဘူး..
    ကိုကောင်းရေ ...တခါတည်းခွင့်တောင်းပါတယ်
    ကျနော့်ဆီမှာ ကိုကောင်းရဲ့ ကဗျာလေးတင်ခွင့်ပြုပါ
    ကျနော့်ဘလော့က လူအလာနည်းပေမယ့်
    ကျနော်ကိုယ်တိုင်မှတ်မှတ်ယယခံစားနေချင်လို့ ပါ..

    ReplyDelete
  4. " ငါ့နှလုံးသားက ကွဲလွယ်အက်လွယ်
    နင့်ခြေဖဝါးတွေ ရှလိမ့်မယ်။ " ဟား ဟား ဟား အထိဆုံးစကားလုံးပဲ

    ReplyDelete
  5. ရေးထားတာ ကောင်းတယ်ဗျာ ...
    အချစ်ကဗျာလေးတွေ မဖတ်ရတာ ကြာပြီ ..

    ReplyDelete
  6. စာသားတွေ အရမ်းထိတယ်ဗျာ
    လေးစားလျက်ပါ

    ReplyDelete
  7. အင်း....ကိုယ့်ကိုယ်စား
    နတ်ဘုရားတစ်ပါး ရေးဖွဲ့ပေး
    လိုက်သလားမှတ်ရ...
    ကျေးကျေးပါ..

    ReplyDelete
  8. နတ်ဘုရားတစ်ပါးပါးကများ
    ကိုယ့်စိတ်ကို သိလို့
    ကိုယ်စား ရေးဖွဲ့စေလေသလား
    မှတ်ရ...
    ကျေးကျေးပါ..

    ReplyDelete
  9. အကောင့်များစွာဖွင့်ပြီး
    ၁၅၀၀ လွှင့်နေတဲ့ ကောင်မလေးရေ...ဆိုပဲ မိုက်တယ် :)

    ReplyDelete
  10. ကောင်းလိုက်တာ ကဗျာလေးက
    အစဆုံးအကုန်လုံးကောင်းလွန်းပါတယ်။

    ReplyDelete
  11. ကျောက်တုံးတွေနဲ့ကွယ် ...
    မမန်းမမှုတ်၊ ပန်းထုတ်ခဲ့မိတယ်။

    နှုတ်ခမ်းပွင့်ထက် ကာဆီးချက်တွေကိုလည်း
    သံမဏိလက်တွေနဲ့ ဖျက်ထုတ်မိခဲ့သေးတယ် .. ထင်ရဲ့

    တစ်ချောင်းနဲ့ မနိုင်လို့
    နှစ်ချောင်းနဲ့ကိုင်တော့လည်း ထူးမလာတော့ပြီမို့
    မူးလာပြီဗျို့လို့သာ ... ဝန်ခံရင်း ...


    (တောင်ခြေက တရုတ်ဆိုင်မှာ ဘီယာသွားသောက်ခဲ့တာကို ပုံဖေါ်ကြည့်တာပါဗျာ၊ ဟီး ဟီး၊ စိတ်မဆိုးကြေး၊)

    ReplyDelete
  12. ကောင်းတယ်မောင်လေးရေ အမကူးတင်မလို့ 
    နှလုံးသားရေးဆိုတော့ ဖြစ်သေးပါဘူးလေပေါ့
    ဒါပေမဲ့ ဒီခံစားချက်လေးတွေ အမတို့ ရဲ့ အတိတ်တွေ မှာ ရှိခဲ့တာပဲ ။။ကောင်းတယ် ဟေ့ -- အမြဲပဲ


    အမ မေအိခင်

    ReplyDelete
  13. မေတ္တာဆိုတာစူးတတ်တယ်။ မှန်၏။
    ဒါပေမဲ့ ကိုယ်ကချစ်ရသူဆိုတော့ သူကို ကိုယ်မေတ္တာမစူးစေချင်တာတော့ အမှန်ပါ။
    :)

    ReplyDelete
  14. နင့်နှုတ်ခမ်းက ကြွေကျလာမယ့်
    မကုန်မခန်းနိုင်တဲ့ ပန်းတွေဟာ
    သံမဏိရင်တွေ ချိုင့်ဝင်သွားသည်အထိ
    တန်ခိုးရှိမှန်းလည်း သိပါတယ်။


    ကောင်း၏.

    ~~~အချစ်တန်ခိုးပေါ့နော်~~~
    ကောင်းကင်

    ReplyDelete
  15. ကောင်မလေးကြောင့်
    ကောင်းကင်ကိုလွမ်း
    အသည်းကျမ်းတွေကြေ
    အနမ်းပန်းတွေဝေခဲ့ရတာ
    သိလျက်နဲ့ မိုက်တာတော့ မဟုတ်ဘူးကွဲ့။
    ချစ်ဝဋ်ကြွေးဆပ်လို့ (ကောင်မလေးကျေနပ်အောင် လှစ်ကာကျူးဖွဲ့ တဲ့)
    မေတ္တာမစူးမယ့် အထူးမှတ်တမ်းဇတ်လမ်းတစ်ပုဒ်ပါ။ ။

    ReplyDelete
  16. နိုင်ငံရေးမော်ဒန်ကဗျာလေးပေါ့နော်။ ကောင်းပါတယ်လေ နိုင်ငံရေးအတွက်ပေါ့။ ဘာသာရေးကို ထိရေးတော့ သတိထားပေါ့လေ။ နော်

    ReplyDelete