ပြိုင်တူတော့ တွန်းပါတယ်။
တယောက်က လီဗာနင်းရင်
တယောက်က ဘရိတ်နင်းတယ်။
ဖက်တော့ဖက်ထားပါတယ်။
ကော်နာစောင့်နေတဲ့ ဘောလုံးသမား နှစ်ယောက်
တယောက်ကို တယောက် ဖက်ထားသလိုမျိုး။
ဒဂုန်တာရာက ပြောတယ်။
“နိုင်ငံရေးလုပ်တယ်ဆိုတာ
ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ”တဲ့...
ခုတော့ မိတ်ဆွေတွေပဲ ရန်သူ ဖြစ်ဖြစ်သွားတယ်။
မေးခွန်းတတောင့်နဲ့ ပစ်လိုက်တိုင်း
ငှက်နှစ်ကောင် သူတို့ ရတယ်။
ဖဲတချပ် ဆွဲထုတ်လိုက်တိုင်း
ပန်းနှစ်ပွင့် ကြွေကြွေကျတယ်။
ကဲ…
သွေးထားတဲ့ ဓားတွေသံချေးမတက်ဖို့
ကိုယ့်လက်ကိုယ်ပြန် ခုတ်ကြစို့။
ကောင်းကင်ကို
အရမ်းအရမ်းကြီးကို ကြိုက်တယ် . .အကို . .အရမ်းကြီးကိုလည်း .. ထိတယ် လေးစားတယ်ဗျာ
ReplyDeleteဆ၇ာကောင်းေ၇
ReplyDeleteထိ လိုက်တဲ့ စကားလုံးတွေ
အမမိုညေ
ကဗျာလာဖတ်သွားပါတယ်။
ReplyDeleteအကိုရေ
ဟင်္သာကိုးသောင်းက ညီကြပြီး
...........မညီကြလေတော့
တော်လှန်ရေးကြီးကလည်း အဓွန့် ရှည်လှပေါ့
ပြည်သူခမျာလည်း မျော့မျော့လေးအသက်ရှင်နေကြရ။
အချို့ လဲမလိုအပ်ပဲ တခြားဘုံဘ၀ကို ရောက်ကုန်ကြ။
.လက်ညိုးတောင်မထောင်ရဲဘူးခွေးကိုက်မှာဆိုးလို့ လက်မဖွက်လမ်းလျှောက်ထွက်နေရတာလေ....ကိုယ်လက်ကိုယ်ခုတ်ရအောင်လည်းလက်သီးဆုတ်ကခုထိဖြေမရသေးဘူးကောင်းကင်ရေ
ReplyDeleteအမ ယဉ်မင်းခိုင်
အေးဗျာ ကျနော်တောင် ဓါးမသွေးတာ ကြာပီဗျာ။
ReplyDeleteVery very like that poem......
ReplyDeleteGreat...
ဖက်တော့ဖက်ထားပါတယ်။
ReplyDeleteကော်နာစောင့်နေတဲ့ ဘောလုံးသမား နှစ်ယောက်
တယောက်ကို တယောက် ဖက်ထားသလိုမျိုး။
...
ခုတော့ မိတ်ဆွေတွေပဲ ရန်သူ ဖြစ်ဖြစ်သွားတယ်။
...
ကောင်းလိုက်တဲ့ ပမာပြုချက်။
လင့်ထားလိုက်ပါပြီ။ ကျေးဇူးတင်ပါသည်။ ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေ။
ဖက်တော့ဖက်ထားပါတယ်။
ReplyDeleteကော်နာစောင့်နေတဲ့ ဘောလုံးသမား နှစ်ယောက်
တယောက်ကို တယောက် ဖက်ထားသလိုမျိုး။
...
ခုတော့ မိတ်ဆွေတွေပဲ ရန်သူ ဖြစ်ဖြစ်သွားတယ်။
...
ကောင်းလိုက်တဲ့ ပမာပြုချက်။
လင့်ထားလိုက်ပါပြီ။ ကျေးဇူးတင်ပါသည်။ ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေ။
ဆြာကဗျာ
ReplyDeleteနိမိတ်ပုံတွေ ကထိလိုက်တာ.။ ပြောလိုက်မှာဘယ် အက်စစ် အပြင်းစားကို ရွေးသောက်ရမလဲ စဉ်းစားသွားတယ်...
လေးစားစွာဖြင့်
ကျော်နိုင်
ko kaung,
ReplyDeleteit really touch my heart. I agree with you. It's totally right. They don't need to find chances by themselves. We just give chances to them.
((((ဒဂုန်တာရာက ပြောတယ်။
ReplyDelete“နိုင်ငံရေးလုပ်တယ်ဆိုတာ
ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ”တဲ့...
ခုတော့ မိတ်ဆွေတွေပဲ ရန်သူ ဖြစ်ဖြစ်သွားတယ်။))))
ကဗျာသိပ်နားမလည်ပေမဲ့ ဒါကို ကိုးကားထားတာ ကြိုက်တယ်။
မလုပ်ပါနဲ့ ကဗျာမရေးနိုင်ပဲနေဦးမယ် :D
ReplyDeleteစိတ်လျှော့ပါ။ စိတ်လျှော့ပါ။
ReplyDeleteဓားသံချေးမတက်ရေး အတွက်၊
ကိုယ့်လက်ကိုယ် အလကားခုတ်။
မလုပ်နဲ့ မလုပ်ပါနဲ့။ ။
ဟင်္သာတွေလည်း မညီလည်း၊
ဇတ်တူသားတော့ မစားလိုပြီ။
ထိုဥပမာဥပမေယျ၊ မတူကြပါနဲ့။
အပစ်အခတ်၊ သွေးညှီနံ့ကင်း၊
ရန်တွေရှင်းဘို့ အားလုံးကြည်အေး
ညီညွှတ်ရေးသို့ အလင်းပေးခဲ့ ပါ၊ ကို ကောင်းကင် ။ ။
လေးစားတယ်ဗျာ....တကယ်ပါ။
ReplyDeleteThis poem is really great and I do respect you even though I ain't that good at reading poems. Examples are really touching and showing how our country men are behaving each other for the country. Thank You.
ReplyDeleteThis poem is really great and I do respect you even though I ain't that good at reading poems. Examples are really touching and showing how our country men are behaving each other for the country. Thank You.
ReplyDelete