Tuesday, August 3, 2010

ချစ်တယ်

ချစ်တယ်
နင့်ကိုချစ်မိမှ
ငါနဲ့ငါ တော်တော် ဈေးကွာသွားတယ်။

ချစ်တယ်
ကမ္ဘာ့အတော်ဆုံး မျက်လှည့်ဆရာဟာ ငါပဲ။
ငါပြနေတဲ့ မျက်လှည့်ကို
ငါကိုယ်တိုင်တောင် အံ့သြရတယ်။

ချစ်တယ်
ဒီစကားလေးမပြောခင်မှာ
ငါတယောက်တည်း နှစ်ကိုယ်ခွဲ
သူများဦးသွားမှာ ကြောက်တဲ့ကောင်ရယ်
စိတ်ဆိုးသွားမှာ ကြောက်တဲ့ကောင်ရယ်
တကောင်နဲ့ တကောင်
ရန်စောင်လိုက်ကြသေးတယ်။

ချစ်တယ်
အချစ်မှာ
မိုးကြိုးက လျှပ်စီးထက် အရင်လာတယ်။
ငါ့ပန်းပွင့်စကား မိုးကြိုးသွားကို ကြားအပြီးမှာ
သူ့မျက်နှာမှာ ရှက်သွေးတွေစို
အနီရောင် လျှပ်စီးချိုချိုကို ငါငေးလိုက်ရတယ်။

ညီမလေးရယ်
ချစ်တယ်ဆိုတဲ့ စကားကြောင့်
နင့်မျက်နှာ ဘယ်မှာထားရမှန်းမသိရင်
ငါ…မျက်လုံးတွေကိုမှိတ်
အာရုံထဲမှာ ကင်းဗတ်စ တခု ချိတ်လိုက်ပါ့မယ်
နင့်မျက်နှာလေး လာထားဖို့။
ကောင်းကင်ကို

19 comments:

  1. ကိုကင်း တယ်နုနေပါ့ ထင်၇ဘူးနော် ရုပ်မှာ...

    ReplyDelete
  2. ချစ်တယ်
    အချစ်မှာ
    မိုးကြိုးက လျှပ်စီးထက် အရင်လာတယ်။
    ငါ့ပန်းပွင့်စကား မိုးကြိုးသွားကို ကြားအပြီးမှာ
    သူ့မျက်နှာမှာ ရှက်သွေးတွေစို
    အနီရောင် လျှပ်စီးချိုချိုကို ငါငေးလိုက်ရတယ်။

ဲတော်၏...ကောင်းတယ်မောင်လေးးးးးးကောင်းကင်ရေ

    ReplyDelete
  3. "ငါနဲ့ငါ တော်တော် ဈေးကွာသွားတယ်"

    အရမ်းကောင်းပြီး အချစ် ကိုသက်ဝင်နေတာ ထင်ရှားစေတဲ့ စာသားတွေဘဲ ... ဒီထက်ပိုပိုကောင်းတဲ့ ကဗျာတွေကို အမြဲထာဝရ အားပေးမယ်နော် ...

    ReplyDelete
  4. ကဗျာလေးကဖတ်လို့ကောင်းတယ်..

    ReplyDelete
  5. ဟုတ်တယ် အဲဒီစကားလေးပဲ .. ကျနော်တို့ ဘဝတွေကို ချောက်ထဲတွန်းချလိုက် .. ကောင်းကင်ပေါ် ပစ်တင်လိုက် လုပ်နေတာ ...

    ReplyDelete
  6. သူများဦးသွားမှာ ကြောက်တဲ့ ကောင်းကင်ကိုရယ်၊
    စိတ်ဆိုးသွားမှာ ကြောက်တဲ့ ကောင်းကင်ကိုရယ်၊
    တစ်ယောက်နဲ့ တစ်ယောက်ရန်ဖြစ်၊ (အော်ဟစ်ကြ သူတို့ရဲ့ ရန်စကားက)
    ချစ်တယ် ချစ်တယ် ချစ်တယ် ။ ။ တဲ့။

    ReplyDelete
  7. အာရုံထဲမှာ ကင်းဗတ်စ တခု ချိတ်လိုက်ပါ့မယ်
    နင့်မျက်နှာလေး လာထားဖို့။

    အရမ်းမိုက်တယ်...
    အဲဒီ(၂)ကြောင်းထဲနဲ့တင် တန်သွားပြီ...
    အားပေးလျှက်...

    ReplyDelete
  8. ကြိုက်တယ်ဗျာ ဒီကဗျာလေးကို

    ReplyDelete
  9. ချစ်တယ်ဆိုတဲ့ စကားကြောင့်
    နင့်မျက်နှာ ဘယ်မှာထားရမှန်းမသိရင်
    ငါ…မျက်လုံးတွေကိုမှိတ်
    အာရုံထဲမှာ ကင်းဗတ်စ တခု ချိတ်လိုက်ပါ့မယ်
    နင့်မျက်နှာလေး လာထားဖို့။


    ထိတယ်ဗျာ .. ထိတယ် .. အစ်ကို အချစ်ကဗျာရေးရင် ထိကိုထိတယ် ... :P

    ReplyDelete
  10. ကဗျာလေးက နုရွနေတာပဲ။ အရမ်းနှစ်သက်မိပါတယ်။

    ReplyDelete
  11. တက္ကသိုလ်ဒီမိုJanuary 1, 2011 at 3:11 PM

    ကိုကောင်းကင်ရေ
    အကိုဖလော်တွေကို ကျွန်တော်အံသြတကြီးကို ကြိုက်နှစ်သက်နေတာ....အားပေးတယ်ဗျို. !!!

    ReplyDelete
  12. ကဗျာလေးကဖတ်လို့အရမ်းကောင်းတယ်..

    ReplyDelete
  13. ကဗျာလေးကဖတ်လို့အရမ်းကောင်းတယ်..

    ReplyDelete
  14. အရမ်းကြိုက်တယ်ဗျာ
    နောက်ဆုံးအပိုဒ်ကိုအကြိုက်ဆုံးပဲ

    ReplyDelete
  15. အတွေခေါ်ယူဆတာလေးတွေကိုကြိုက်တယ်
    ဆက်ရေးပါဦး
    အားပေးလျှက်ပါ။

    ReplyDelete
  16. ကဗျာဆရာရေ...ကဗျာတွေကိုကြိုက်လွန်းလို့  တချို့ ကဗျာလေးတွေကို ကျွန်တော့်ရဲ့ fb wallပေါ် မှာ ကောင်းကင်ကို ဆိုတဲ့ နာမည်လေးနဲ့ အတူ သိမ်းထားမိပါတယ်။တိုက်ဆိုင်မှု့ ရှိလာလို့ ကောင်မလေး တယောက်ကို ပေးမိမယ်ဆိုရင်လည်းကဗျာဆရာ အမည်လေးကို အရိုတသေနဲ့ ထည့်ရေးအုံးမှာပါ။ ခွင့်ပြုမယ်လို့ ထင်ပါတယ်.....

    ReplyDelete
  17. ဟုတ်ကဲ့ ရပါတယ် ခင်ဗျ။း-)

    ReplyDelete
  18. ကြိုက်လို့ ရှယ်သွားတယ်...

    ReplyDelete
  19. I'm wondering which blogging and site-building platform you are using? I'm new to blogging and have been
    thinking about using the Quizilla platform. Do you think this is
    a good platform to start with? I would be extremely grateful if I could ask you some questions through email so I can
    learn a bit more prior to getting started. When
    you have some free time, please contact me at: ronny.

    etheridge@gmx.de. Kudos

    my web blog arion

    ReplyDelete