တမင်မတွေ့ဟန်ဆောင်
ဆင်ဝှေ့ရန်ရှောင်ခဲ့ပြီး
မရွေ့..အလယ်ခေါင်ရပ်
ဝေ့လည်ကြောင်ပတ်
နဲ့
အခက်တွေ့ကာမှ
အကွက်ရွှေ့တာလှသတဲ့
ကြံဖန်ချီးကျူးကြတယ်။
အဲဒီ
ပြဿနာဟာ
ငုံထားသင့်တဲ့
ကဗျာမျိုးလည်း မဟုတ်ဘူး။
မြုံထားသင့်တဲ့
အနာမျိုးလည်း မဟုတ်ဘူး။
ဆိုပါစို့
ပန်းတစ်မျိုး
ကို ပညတ်တပ်တဲ့အခါ
ဘယ်လိုတွေ
မခေါ်ရဘူးလို့ နာမည် ၁၀၀
ချပြမယ့်အစား
နှင်းဆီလို့ပဲဖြစ်ဖြစ်
ဆူးပန်းလို့ပဲ
ဖြစ်ဖြစ်
မှန်မှန်မှားမှား
စပ်စပ်...ခါးခါး
ပြတ်ပြတ်သားသား
ဆတ်ဆတ်...
နား
နဲ့ ကြားချင်တယ်။
ကောင်းကင်ကို
No comments:
Post a Comment