အတုကိုချစ်နေရတဲ့
အခုလိုခေတ်ထဲမှာ
ငါလည်း
သားကောင်မို့
မညှာဘဲ
တအားမလှောင်ပါနဲ့။
မေတ္တာအလှကို
ယုံတယ်ဆိုသူတွေ ....
မယုံသလို
ရန်ထောင်နေကြတဲ့ခေတ်မှာ
ခေတ်ကာလကို
မယုံဘူးဆိုသူတွေ ....
ယုံသလို
ဟန်ဆောင်နေရပါတယ်။
ဒီလိုနဲ့
စောက်ချိုးမပြင်တဲ့
ပွဲကို
ကောက်ရိုးတစ်မျှင်လို
နွှဲရဦးမယ်။
အခြေအနေတွေအရ
တွေဝေနေလို့
မရလို့
“စောက်သုံးတပြား”မှ
မကျတဲ့ယာဉ်ကို
“နောက်ဆုံးရထား”
ထင်မိ။
ကောင်းကင်ကို
(စက်တင်ဘာ
၁၇ -
၂၀၁၅)
“စောက်သုံးတပြား”မှ
မကျတဲ့ယာဉ် =
ရွေးကောက်ပွဲ
No comments:
Post a Comment