Sunday, September 16, 2012

စက်တင်ဘာ


ငါသာ တန်ခိုးရှင်ဖြစ်ရင်
(သေနတ်သံတွေ မပါစေရပဲ)
စက်တင်ဘာကို ပြန်အသက်သွင်း
ငြိမ်းချမ်းရေးတစင်း ဖန်ဆင်းမယ်။

အဲဒီ့လမင်းဟာ
ကမ္ဘာကြီးရဲ့ ကရုဏာကန်းတဲ့ ဒေသတွေမှာ
ခရီးလှည့်ပြီး သာရမယ်။
(ကောင်းကင်ကို)

ဟိုးအရင်တုန်းက ရေးခဲ့တဲ့ "ကြယ်တွေလွှတ်မယ့် သက်တန့်ရောင်စဉ်" ဆိုတဲ့ ကဗျာရှည်ထဲက ပြန်ထုတ်ထားတာပါ။ တပုဒ်လုံးကိုတော့ ကျနော်သိပ်မကြိုက်တော့လို့ပါ။

1 comment:

  1. ခုလိုလေးပြန်ချုံ့လိုက်တာကောင်းတယ်အကိုရေ...
    အရင်ကဗျာရှည်ကိုတော့မဖတ်ဖူးပါဘူး....ဒါပေမဲ့
    အခုလို ကြိုက်တာလေးရွေးပြီး ပြန်အနှစ်ထုတ်ထားတော့
    လဲ သူ့ဆိုလိုရင်းက ပျောက်မသွားဘူးထင်တာပဲလေ..
    အားပေးလျက်ပါ..
    ခင်မင်နေတဲ့...မိုးနတ်

    ReplyDelete