Friday, July 27, 2012

ဓါးတွေထမ်းပြီး


အလုပ်ဖြစ်ရေးဟာ
သေချာစိုက်ကြည့်လိုက်တောအလစ်ဖြုတ်ရေး

လယ်သမားတွေ ဆန္ဒပြကုန်ပြီတဲ့။
သမ္မတကြီး နောက်ကြောင်း ပြန်မလှည့်ရေးအတွက်
အဲဒီ့အခန်းဖြတ်။

တူတာတွေ တွဲလုပ်ကြတဲ့အခါ
ဟစ်တလာဟာ လူကောင်ပိုထွားလာတယ်။

ဗုဒ္ဓတရားအတိုင်း စောင်းကြိုးညှိမိသူကို
လူမျိုးစွဲ တယောက်က
စွပ်စွဲ တောက်ခေါက်တယ်
ဒီကောင်သစ္စာဖောက်တဲ့။

စောင်းကြိုးရှင်ရေ…
ဒေါသသံလည်း မပျောက်စေနဲ့
ကရုဏာသံလည်း မပေါက်စေနဲ့
အပမှီနေတဲ့ ရပ်ဝန်းမှာ
ရင့်ကျက်စွာ တွေးခေါ်ခြင်းကို
အနာကြီးရောဂါလို ရွံကြတယ်။

အတွေးအမြင်ကျယ်ဖို့ စာဖတ် ဆိုလို့
ဆုရ စာအုပ်ကို ကောက်ကိုင်လိုက်တယ်
လူမျိုးခြားတိုင်းဟာ အန္တရာယ်တဲ့။

 ဟောဟိုမှာ
သွေးဆာနေတဲ့ ယဉ်ကျေးသူ တအုပ်
ရွပ်ရွပ်ချွံချွံ မျက်နှာပုပ်နေကြတယ်။

အားတက်စရာတော့ ကောင်းပါတယ်။
ပျားရည်ဆမ်းခရီးမှာ
ဓါးတွေထမ်းပြီး

(ကောင်းကင်ကို)
ခေတ်မောင်းဂျာနယ် အတွဲ (၁) အမှတ် (၃) မှာ ကျနော်ရေးသားခဲ့တဲ့ ကဗျာပါ။ ခေတ်မောင်းဂျာနယ် တစောင်လုံးကို http://www.mediafire.com/?zvmae4p3e8ia2o6 မှာ download လုပ်နိုင်ပါတယ်။

8 comments:

  1. ကိုကောင်းကင် ... ဂရုဏာဒေါသောတွေပဲ မှတ်ယူမိပါတယ် ။ လူတွေညီဖို့ ဆိုတာ အတော် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတွေ အဖြစ် ဘာလို့ ကျွန်တော်တို့ သမိုင်းမှာ ရှိနေရတာတဲ့လဲဗျာ ...။

    ReplyDelete
  2. ကို ကင် ရေ။ သောက်ကျိုးနဲ ကောင်းလွန်းလို့ ရှယ် ခွင့်ပြူပါဗျာ

    ReplyDelete
  3. ကောင်းလိုက်တဲ့ကဗျာ၊များများဖတ်ချင်ပါတယ်။အမြဲစောင့်ဖတ်နေပါတယ်။

    ReplyDelete
  4. ကောင်းတယ်ဗျာ။ ဒါပေမယ့် ဒီကဗျာကို ကျွန်တော်တို့ကြိုက်သလို ကဗျာထဲကလူမျိုးခြားတွေကရော ကြိုက်ကြရဲ့လား။

    ReplyDelete
  5. ကိုနောJuly 30, 2012 at 7:08 PM

    ကောင်းလိုက်တာဗျာ

    ReplyDelete
  6. ကောင်းလိုက်တာ

    ReplyDelete
  7. ဒီကဗျာကို ချီးမွမ်းဖို့အတွက် စကားလုံးရှာမရသေးဘူး။

    ReplyDelete
  8. Have you ever thought about writing an e-book or guest authoring on other blogs?

    I have a blog based on the same topics you discuss and would really like to have you share
    some stories/information. I know my visitors would appreciate your
    work. If you're even remotely interested, feel free to shoot me an e-mail.

    Also visit my blog post; dance

    ReplyDelete