Sunday, March 4, 2012

ရုပ်ရှင်

တယောက်တည်းရဲ့ အစွမ်းနဲ့
ပုံပြင်ထဲကလိုမျိုး…
ခုနစ်ဆောင်တိုက်ခန်းတွင်း
မီးမထွန်းဘဲ လင်းတော့မလိုလို။

ကိုယ့် ဟဒယ နဲ့ ကိုယ်မို့
ညီမတို့ ကြည့်ချင်ကြည့်ပေါ့
အကိုတော့
အစကတည်းက ပရိသတ်ကို စော်ကားနေတဲ့ ဇာတ်ကား
မင်းသမီးစွဲ တခုတည်းနဲ့ အားပေးမယ့်အထဲမှာ
ကိုယ့်အတွေးနဲ့ကိုယ် မပါဘူး။

မျက်စိရှေ့က အသံတွေကို ပိတ်
တိတ်တိတ်လေးပဲ လိပ်ပြာအိပ်တော့မယ်
ကောင်းသောဇာတ်လမ်းတော့ ဖြစ်ပါစေ။
(ကောင်းကင်ကို)

5 comments:

  1. ဒီလိုလာရေးထားတဲ့ Anonymous ရဲ့ ကွန်မန့်ကိုရော သူ့ကို ကဗျာအကြောင်းကျနော် အကျယ်ရှင်းပြထားတဲ့ ကွန်မန့်တွေ၊ သူရဲ့ အင်္ဂလိပ်စာ အမှားတွေကို လိုက်ထောက်ပြထားတဲ့ ကွန်မန့်တွေကိုပါ ကဗျာရဲ့ လျှို့ဝှက်မှု တန်ဖိုး မဆုံးရှုံးချင်တဲ့အတွက် ပြန်ဖျက်လိုက်ပါတယ်။ Anonymous ရေးထားတာက ((you said you write 'poetry'?
    film is one art form,hollywood flicks
    also does have their place.
    Next time write poetry with your heart,not with your bird brain.
    p.s dont even started on politics yet. )) ပါ။ အဲလို တဘက်သတ် ((Next time write poetry with your heart,not with your bird brain.
    p.s dont even started on politics )) ဆရာမလုပ်ခင်မှာ ကဗျာက The Lady လို့ ခေါင်းစဉ်တပ်ခဲ့ပေမဲ့ အဲဒီ့ရုပ်ရှင်အကြောင်း ရေးထားတာ သေချာလို့လား ၊ မသေချာဘဲနဲ့ ကိုယ့် interpretation နဲ့ ဝေဖန်မယ်ဆိုရင် အသုံးအနှုန်းကို ယဉ်ယဉ်ကျေးကျေး သုံးစေချင်ပါတယ် Anonymous။ ကဗျာအောက်မှာ ကဗျာအကြောင်းကို လူတိုင်းနားလည်အောင် ရှင်းမပြချင်တော့ သလို ခင်ဗျားရဲ့ အင်္ဂလိပ်စာ အမှားတွေကိုလည်း လိုက်ထောက်ပြ မနေချင်ပါဘူး။ အဲဒါကလည်း ကဗျာကို Mystrious ဖြစ်စေချင်လို့ပါ။

    ReplyDelete
  2. The Lady လို့ ခေါင်းစဉ်တပ်ရုံ ရုပ်ရှင်လို့ ခေါင်းစဉ်တပ်ရုံနဲ့ အဲဒီ့ရုပ်ရှင်လောက်ပဲ ပြေးမြင်တာလည်း ကိစ္စမရှိသေးပါဘူး။ ဒါပေမဲ့ ကိုယ်အဲဒါပဲမြင်ပြီး ကိုယ့်အမြင်လေးနဲ့ သူများကို ဟိုလိုမလုပ်နဲ့ ဒီလိုမလုပ်နဲ့ ဆိုတာကတော့....

    ReplyDelete
  3. ၀ိမွန်March 5, 2012 at 8:49 PM

    အမြဲအားပေးနေပါတယ် ကောင်းကင်ကို ။
    ကိုယ့်ယုံကြည်ချက်ကို ယဉ်ယဉ်ကျေးကျေး ထုတ်ဖော်ရေးသားရဲတာကို လေးစားတယ်။
    ဒီလိုလူမျိုးတွေက လူ့ ပတ်ဝန်းကျင်ကို အလင်းရောင်ပေးနိုင်တယ်။

    ReplyDelete
  4. မျက်စိရှေ့က အသံတွေကို ပိတ်
    တိတ်တိတ်လေးပဲ လိပ်ပြာအိပ်တော့မယ်
    ကောင်းသောဇာတ်လမ်းတော့ ဖြစ်ပါစေ။

    ReplyDelete
  5. Hello there! This is my first visit to your blog!

    We are a group of volunteers and starting a new project in a community
    in the same niche. Your blog provided us useful information
    to work on. You have done a marvellous job!

    My web page: www.gesby.com

    ReplyDelete