ညှိပြီးသား အလဲအထပ်နဲ့
သိပြီးသား ဖဲတချပ်ကို
ဆွဲရတော့မယ် April Fool ရယ်။
နှစ်အသစ်မှာ
ခေတ်အသစ်ကို စဖို့
သင်္ကြန်တေးတွေက
အသံပေးနေကြပေမဲ့လည်း
တန်ခူးအိပ်မက်သစ် နိုင်ငံရေးမှာ
မွှေးပိတောက်တွဲလဲနဲ့
အပြေး ဘယ်လောက်နွှဲနွှဲ
ချွေးဘယ်လောက် ရွှဲရွှဲ
အကွေး အကောက်အလွဲလွဲနဲ့
သူတို့ရဲ့ ရွေးကောက်ပွဲဟာ
စာမေးပွဲ တခုမဟုတ်လို့
၄၀ ကျော်ခဲ့မယ် ဆိုရင်တောင်
အောင်မှတ်ရမှာ မဟုတ်ဘူး။
(ကောင်းကင်ကို)
အားပေးပါတယ်....
ReplyDeleteအိမ်မက်ဟောင်းကို မွမ်းမံထားစေဦးတော့၊ လန်းစေတဲ့ ပိတောက်၊ ပန်းစေတဲ့အပြေးတထောက်၊ ချွေးရနံ့တပေါက်၊ မလွဲစေတဲ့ အကွေးအကောက်၊ ဒီရွေူးကောက်ပွဲ စာမေးပွဲဆိုလည်း၊ ၅၀သာရခဲ့၊ သရေပွဲဘဲ။ မဖြေဘဲထားလည်း ဘာလုပ်နိုင်လို့လဲ။
ReplyDeleteGiven marks 48 is also not to pass the exam:)
ReplyDeleteBetter than not to participate
လေးစားပါတယ် အကို
ReplyDeleteအရေးအသားတွေက အမြဲတမ်း ဆန်းသစ်တယ်။
ReplyDeleteတွေးစရာတွေပေးတယ်။
အမြဲတမ်း အားပေးနေတယ်။
ကိုကောင်းကင်ရေ နှလုံးသားနဲ့ဖတ်ရတဲ့ ကဗျာတွေရေးရေး နေတဲ့အတွက် ကျေးဇူးဗျာ။
ReplyDeleteကောင်းလိုက်တာ ကိုကောင်းရာ.......ွ့တ်တယ် .......
ReplyDelete