Thursday, October 27, 2011

ထွက်ခွာ နံနက်ခင်း (by ခရေငယ်)














မင်းသားက မင်းသမီးနဖူးကိုအနမ်းမှာ
ဇာတ်ပေါင်းခန်းနဲ့ ဆုံးလိုက်ချင်ပေမဲ့ . .

အခုတော့ . .
ဗလာဖြစ်လုရင်ထဲက စကားလုံးအပိုင်းတွေ
အလွမ်းရောင် ပိတ်ကားပေါ်မှာ
တစစီ ဆက်နေခွင့်သာရှိတယ် . . ။

အိမ်နားက ပိတောက်ပင်လည်း နဂိုထက် အရွက်ပိုကြွေ
ပြတင်းတံခါးနား လာနေကျငှက်တွေလည်း စကားနည်း
မှန်ထဲက အရိပ်မှာလည်း တက်ကြွခြင်း“ ကွယ်” လို့ . . ။

“ ငိုထားသလား” အမေးတွေကို
မကြားယောင်ဆောင် . .
အနွေးဓါတ်မပြယ်သေးတဲ့ လက်တဘက်ကို
ယောင်နနအကြည့်နဲ့ ငေး . . ။

လွမ်းဖို့ကလွဲလို့ ဘာမှမသိဘဲ
ရင်ထဲ ၀ုန်းဒိုင်းကြဲရွတ်နေမိတာက
တစ်ကြောင်းတည်း . .

“ ဘယ်တော့ ထပ်လာကြိုရဦးမှာလဲ ”

ခရေငယ်

4 comments:

  1. နောက်တစ်ပတ်သောကြာလာကြိုလေး)
    ကဗျာလေးကိုခံစားသွားပါ၏ ..။။။။

    ခင်တဲ့
    မဒိုးကန်

    ReplyDelete
  2. လွမ်းဖို့ကလွှဲလို့ဘာမှမသိတဲ့
    သူကိုအမြဲကြိုနေမှာပါ
    ယုံရဲ့လား
    ခင်မင်တဲ့ jasmine

    ReplyDelete
  3. ကဗျာလေးကိုဖတ်ပြီးရင်ထဲ နင့်ကနဲဖြစ်သွားတယ်။ ဘယ်ချစ်သူတွေကိုမှ မလွမ်းစေချင်ပါဘူးရှင်။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  4. Hey this is kinda of off topic but I was wondering if blogs use WYSIWYG editors or if you
    have to manually code with HTML. I'm starting a blog soon but have no coding experience so I wanted to get advice from someone with experience. Any help would be greatly appreciated!

    My homepage :: video

    ReplyDelete