နံနက်တိုင်း ကျနော် ဖတ်ချင်တဲ့ သတင်းကအကြင်နာတွေ ထည့်ဖျော်ထားတဲ့ ကော်ဖီတခွက်အရန်သင့် ဖြစ်နေတဲ့ အကြောင်း။နေ့လယ်တိုင်း ကျမ ဖန်တီးချင်တဲ့ လက်ရာက
ချစ်မေတ္တာအပူပေးလို့ အမြဲနွေးမယ့်
ယုယမှုနိုင်းချင်းနဲ့ မိသားစု ထမင်းဝိုင်းလေး။
ညနေတိုင်း ကျနော် နားထောင်ချင်တဲ့ သီချင်းကစကားတွေစွတ် ဇွတ်တရွတ် ပြောနေတဲ့ကရားရေလွှတ် တတွတ်တွတ် လေး။ညတိုင်း ကျမ မက်ချင်တဲ့ အိပ်မက်က
ကလေးဆန် နွဲ့ဆိုးကို ချစ်ခြင်းနဲ့ထွေးဖက်မယ့်
အားကိုးယုံကြည်ရတဲ့ သူ့လက်တွေ . . . ။
(By ကောင်းကင်ကို + ခရေငယ်)
က+ခ
ReplyDeleteရှေ့သွားနဲ့ နောက်လိုက်
လျှာနဲ့သွားလို မကိုက်ကြေး..။
သတိတရ
(ကိုရင်နော်)
ရိုးမြေကျ ချစ်ခရီးလမ်း သာယာပျော်ရွှင်ပါစေ..
ReplyDeleteလှလိုက်တာဗျာ...အဖွဲ့လေးတွေက...
ReplyDeletewow...
ReplyDeletewhat a beautiful poem... :)))
မနက် ကော်ဖီ...
နေ့လည် ထမင်းဝိုင်း...
ညနေ သီချင်းနဲ့...
ည အိပ်မက်တွေ...
အမြဲ ပိုင်ဆိုင်နိုင်ပါစေ.... လို့.... :)))
အရမ်း လိုက်ဖက်တဲ့ ဘ၀ ပါလား
ReplyDeleteအားကျမိတယ်
အရမ်း လိုက်ဖက်တဲ့ ဘ၀ ပါလား
ReplyDeleteအားကျမိတယ်
အဖွဲ့ နဲ အနွဲ့ ကတော့ လွတ်ကောင်း
ReplyDelete