Saturday, July 2, 2011

@#$% (by မင်းတစေ)

သရဲသဘက်မတွေက
အမဲဖျက်ခြွေချခဲ့လို့
ကွဲအက်သေစပြုနေတဲ့
အသဲပျက်ကြွေဘ၀တစ်ခုထဲကို
တွဲလက်တွေချပေးရဲခဲ့သူ…….

မြေခွေးကောင်မတွေကြောင့်
သေဘေးအမှောင်ခနေတဲ့
တစ္ဆေသွေးကြောင်ညတွေထဲ
ဖြေဆေးဆောင်ရောက်ရှိလာခဲ့သူ…...

မိစ္ဆာအရိုင်းအစိုင်းမတွေကြောင့်
သိက္ခာအပြိုင်းပြိုင်းကျနေတဲ့
ပြိတ္တာအထိုင်းအမှိုင်း ငါ့ကိုမှ
လိပ်ပြာအသိုင်းအ၀ိုင်းဘ၀တွေထဲ
ရွေးချယ်ခေါ်ဆောင်ခဲ့သူ……

ဒီလိုနဲ့………………………….
ငရဲခန်း ပူလောင်လောင်တွေထဲ
အမြဲတမ်း ငူငေါင်နေတတ်တဲ့
အသဲကြမ်း အူကြောင်ကြောင်တစ်ခုကိုတောင်
မင်းက…ပုလဲပန်း အဖြူရောင်တွေပွင့်စေခဲ့ပါတယ်….ချစ်သူ

ဘ၀အရာကုဋေ မကလေအောင်
အလှကဗျာတွေ ထည့်လှောင်ထားသူရေ
အစရှာဖွေ မရဲအောင်တောင်
မွစာ ကြေကွဲ လောင်နေတဲ့
ငါ့ညတာရှည် မဲမှောင်တွေထဲမှာတော့
မင်းက လကမ္ဘာမြေဘွဲ့ဆောင်သူလေးပါပဲ။
(မင်းတစေ)

သူငယ်ချင်း မင်းတစေရဲ့ ကဗျာလေးပါ။ သူက သူ့ blog မှာ စာဆက်မရေးတာ ကြာပါပြီ။ သူ့ကဗျာလေးတွေကို အမှတ်တရ ပြန်တင်ဖို့ သူနဲ့ အွန်လိုင်းမှာ တွေ့တုန်းက ကျနော်ခွင့်တောင်းထားဖူးပါတယ်။ သူ့ ကဗျာတချို့နဲ့ ဝတ္ထုတို တော်တော်များများကို ကျနော် word file တခုနဲ့ စုထားဖြစ်ပါတယ်။

4 comments:

  1. ကိုမင်းတစေကို
    ဆက်သွယ်လို့မရတာကြာပြီဗျာ
    ကဗျာတွေ့တော့ သတိရသွားမိပြီ

    ReplyDelete
  2. မိုက်တယ်ဗျာ..
    ကဗျာက.တကယ်စားတယ်..
    ..အားကျပေမယ့်..
    မရေးတတ်တာကတကယ့်ဒုက္ခအစစ်..

    ခင်တဲ့
    ချစ်ခြင်းအလကာင်္

    ReplyDelete
  3. ထင်းထင်းလင်းလင်း ကွင်းကွင်း နဲ့
    ကဗျာမဆန်လွန်းတဲ့ အသုံးနှုန်းတွေနဲ့

    ကဗျာသိပ်ဆန်တာပဲ ဟယ်


    ကြိုက်တယ်

    ReplyDelete
  4. ကောင်းလိုက်တဲ့ ကဗျာ ခပ်ကြမ်းကြမ်းနဲ့ ကို ကဗျာဆန်လိုက်တဲ့ ကဗျာ....

    ReplyDelete