Monday, January 24, 2011

ခေတ်ကဆွဲဖွင့်လိုက်တဲ့ အလှ

အခု ငါဖတ်နေတဲ့ ကဗျာက
စကတ် တိုတိုလေးနဲ့။

ငါလည်း
သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲ
ကိုင်ထားတဲ့ သစ်သားမီးခြစ်က မီးတောက်
ငါ့လက်ကိုလာမဟပ်မီအထိ
ယဉ်ယဉ်ကျေးကျေး ငေးကြည့်မိတယ်။

အဲဒီ့အချိန်မှာ
ငါ့မျက်နှာပေါ်မှာဖုံးထားတဲ့ ငါ့မျက်နှာ
ဖုံးမရဖိမရ ကွာကျသွားလို့
ဝါကျနှစ်ကြောင်းတွေ့လိမ့်မယ်။
‘အပျော်ဖတ်’ ဆိုရင် မကြိုက်ဘူး
‘အပြတ်ဖော်’ ရင်တော့ ကြိုက်တယ်။

ဒီအချိန်မှာ ယဉ်ကျေးမှု အကြောင်း လာမပြောပါနဲ့
ယဉ်ကျေးမှုဆိုတာ ရှုထောင့်တခုပါပဲ
တချို့က အရေပြားတထောက်စာ နီတိနဲ့ ပြောကြတယ်
လုပ်ချင်တာလုပ်…အမြင်မရိုင်းစေနဲ့တဲ့။
တကယ်တော့
အပေါ်ယံယဉ်ကျေးမှုဆိုတာ
အကုသိုလ်ဆန်ပြီးသား လူ့သဘာဝမှာ
ဟန်ဆောင်မှုတခု ထပ်တိုးလိုက်တာပဲ ရှိတယ်။

ရေးသူနဲ့ ဖတ်သူ
ကြည်ဖြူနေသမျှ
လောကီမှာ ဓမ္မ ပါပဲ။

ရေစီးကြောင်းကို ဓားနဲ့ ပိုင်းဖို့ပြောတဲ့
လူကြီးမင်းတို့ကို
တခုတော့ မေးချင်တယ်။
ခေတ်က ဆွဲဖွင့်လိုက်တဲ့အလှကို
မခံစားဖူးတဲ့သူ ဘယ်သူရှိလို့လဲ။
ကောင်းကင်ကို

12 comments:

  1. ကိုကောင်း
    အားသာချက်ကိုပြ အားနည်းချက်ကို ဖုံးဆိုတာက ဖက်ရှင်သဘောတရား အဲ့မှာ ခေတ်ရေစီးဆိုတဲ့
    တိုတဲ့အရာသွားပေါင်းဖက်လိုက်တော့ မိန်းကလေးသဘာဝ ဥပမာ မင်းသမီး ပေါ့ သဘောအရ ကိုယ့်မှာရှိနေတဲ့သဘောကိုပြချင်တော့ တိုလိုက်တယ်။။
    ခေတ်ရေစီးဆိုတာခုတ်ပိုင်းလို့ မရဘူး။ ကာလ ဒေသ ရွေးချယ်တတ်ရင် ပြောဖို့ မလိုဘူးထင်တာပဲ။

    ReplyDelete
  2. အဲ ... လက်စသတ်တော့ နာ့ကို စောင်းပြောနေတာပါလား..

    ReplyDelete
  3. (ကို) ကောင်းကင်ကိုဟာ ကဗျာဆရာဆိုတာ ကျွန်တော် ဘယ်တုန်းကမှ သံသယမရှိခဲ့ဖူးဘူး။

    ReplyDelete
  4. ကဗျာက ဆွဲဖွင့်လိုက်တဲ့ ခေတ်း)

    ReplyDelete
  5. ဆွဲဖွင့်လိုက်လို့ ပွင့်သွားတဲ့ အခါ ငြင်းခုံသံတွေကြားရစမြဲ...

    ReplyDelete
  6. ခေတ်ပေါ်အလှတွေနဲ့ နောက်ဆုံးပိုဒ်မှာ မိုက်ကနဲဖြစ်သွားတယ် :)

    ReplyDelete
  7. မိုက်တယ်ဗျာ နောက်ဆုံးပိုက်မှာပဲ
    ဂလုဆိုပြီး ပြုတ်ကျသွားတယ်
    မရှိတဲ့မျက်နှာဖုံးတောင် ဖတ်ပြီး
    ကွာကျချင်သလိုဖြစ်သွားတယ်

    ReplyDelete
  8. မျှဝေဖို့ ယူသွားပါသည်.
    ကျေးဇူးတင်ပါသည်...။

    ReplyDelete
  9. ကြိုက်သွားပြီး။ မိုက်တယ်။ ခိုက်တယ်။ ကဗျာတွေ။ :D

    ReplyDelete
  10. ယဉ်ကျေးမှု ကို ဘယ်သူသတ်မှတ်ထားတာလည်း၊
    ကြည့်တာသွာတာဖြစ်ပါလိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကဗျာလေးကမိတယ်၊

    ReplyDelete
  11. အရမ်းမိုက်တယ်.. အရမ်းခိုက်တယ်.. နှလုံးသားကို ဓာတ်လိုက်တယ်..။

    ReplyDelete
  12. Do you mind if I quote a small number of your articles as long as I provide credit and sources returning to your blog:
    http://www.blogger.com/comment.g?blogID=6028901933327882406&postID=2329335172277461478.
    I am going to aslo ensure to give you the appropriate anchor text
    link using your website title: Blogger: ကောင်းကင
်ကို. Please make sure to let me know if this is okay with you.
    With thanks

    my web site - youtube

    ReplyDelete