တချို့ ချီးကျူးသံတွေကို
လက်ထိပ်တွေအဖြစ် မြင်လာတယ်။
တချို့လက်ခုပ်သံတွေကို
နောက်ဒါမျိုးပဲလုပ်ပါဆိုတဲ့ အမိန့်တွေအဖြစ်
ငါဘာလို့ ကြားခဲ့တာလဲ။
ငါ့အနာ ငါခွဲဖို့
ငါ့ဘာသာငါ ဓားမြှောင်တလက်ဆွဲတာ
ခြိမ်းခြောက်တာ မဟုတ်ရပါဘူး
မမြင်ချင်ယောင်ဆောင်လိုက်ပါ။
လောကမှာ
အလွတ်လပ်ဆုံး အလုပ်ကို လုပ်ရတာ
မလွတ်လပ်ဆုံးပဲ။
ကောင်းကင်ကို
Yes! I am the first one who comment this.
ReplyDeleteLove this; as amazing as ever.
ဟုတ်တယ်. ချီးကျူးသံတွေဟာ လက်ထိပ်တွေနဲ့တူတယ်.
ReplyDeleteတွေးလေ ပိုမှန်လေပဲ. ဒီကဗျာလေးက တိုတိုတုတ်တုတ်လေးနဲ့ လိုရင်းထိတယ်. ကြိုက်တယ်. ဘရားသား.
Y.
ကဗျာအသစ်
ReplyDeleteမိုက်စ် as always..
မိမိ ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းအား မြှင့်တင်ဖို့ က
ReplyDeleteအခက်ဆုံးပါပဲ ။ မသိချင်ယောင် ဆောင်ရတာက လွယ်ပါ့ ။ လွတ်လပ်ပါ့ ။
ငြိမ်းစိုးဦး
ဟုတ်ကဲ့။ ကိုယ့်ကိုယ့်ကို ထိန်းချုပ်ရတာက အခက်ဆုံးပါ။
ReplyDeleteဒါပေမယ့် တခါတခါ လူအများက လက်မခံနိုင်တတ်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မျိုးလည်း ရှိတတ်တယ်။ အဲဒီ့အချိန်မှာကျ မသိချင်ယောင် အများကိုဆန့်ကျင်ပြီးလုပ်ဖို့ထက် လူအများစု လက်ခံမယ့် ဒါမှမဟုတ် လက်ခုပ်သံတွေနောက် လိုက်သွားဖို့က ပိုလွယ်တတ်တဲ့ သဘောကို ရေးတာပါ။
"လောကမှာ အလွတ်လပ်ဆုံး အလုပ်ကို လုပ်ရတာ
ReplyDeleteမလွတ်လပ်ဆုံးပဲ" ဒီအပိုဒ်လေးကတော့ ကဗျာလေးရဲ့ အနှစ်သာရပဲလို့မြင်မိတယ်။
"လောကမှာ အလွတ်လပ်ဆုံး အလုပ်ကို လုပ်ရတာ
ReplyDeleteမလွတ်လပ်ဆုံးပဲ" ဒီအပိုဒ်လေးက ကဗျာရဲ့ အနှစ်သာလို့ မြင်မိပါတယ်။
Amazing !!!!!.. I like this poem..
ReplyDeleteBro kkko .. can I share this poem n post to Facebook. ?
Reagrds,
lanpya.star
ရတယ်ညီး-) ကျေးဇူး
ReplyDeleteမျက်စိတွေမှိတ် နားတွေပိတ်ဆို့ ကိုယ့်နှလုံးသားထဲကိုသာကြည့်ပြီး ဆက်ဖန်တီးပါဦးကောင်းကင်ကို
ReplyDeleteကွဲလက်စ ဖန်ခွက်တစ်ခွက်ဟာ
ReplyDeleteတွဲလက်စ ဘ၀တခုလို ကဗျာမဆန်ဘူး
တနေ့နေ့ နားထဲက အသံတွေဟာလည်း မဟန်ဘူး၊
"အသံကြောင် ကြောင်နေတဲ့ ငကြောင်"
တချို့က အသံကြောင့် လေ
တချို့က အသံကြောင့် ဝေ၊
အသံ ကို အသံလို့ နားလည် လက္ခံနိုင်တဲ့ တနေ့
အသံဟာ သဒ္ဒရုပ်နဲ့ နားအကြည်ဓာတ် ထိခတ်မှု့သက်သက်လို့ သိမြင်လာတဲ့ တနေ့
လက်ခုပ်ကြောင့်လည်း မဝေဘူး
နံပါတ်ဒုတ်ကြောင့်လည်း မသေဘူး။ ။
ကိုကောင်းကင်ရေ..ဘာရယ်မဟုတ်ဘူး၊ ကဗျာရယ် ကွန်မင့်တွေရယ် ဖတ်ပြီး တွေးမိတာလေး ရေးလိုက်ပါတယ်၊ "အသံကြောင်... ငကြောင်" ".." ပြထားတာက သူငယ်ချင်း ဆူးရင့် ရဲ့စာသားလေးမှို့ပါ..ဒီမှာ သူလင့်လေးပါ.. http://www.sueyint.com/ လူတွေ အသံကြောင့် ၀မ်းသာ အသံကြောင့်စိတ်ညစ် အသံကြောင့် အလိမ်ခံရ..အဲဒါတွေ လျောက်တွေးမိလို့ရေးလိုက်တာပါ.. မရောက်တာကြာလို့ အကုန်ဖတ်သွားပါတယ်.