တံလျှပ်တွေထဲမှာ ယုံကြည်ချက်နဲ့
ငါးမျှားခဲ့တဲ့သူ ဖြစ်ဖူးတယ်။
‘အဖြေ’တွေချည်း ‘လှေနံဓားထစ်’ရှိတဲ့ အရာတွေမှာ
‘မေးခွန်း’တွေသာ လိုက်ရှာမိခဲ့။
ပိဋကတ်သုံးပုံထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
သမ္မာကျမ်းစာထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
ဘတ်ဂဗတ်ဂီတာ ထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
ကိုရန် ကျမ်းစာထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
ငါ့ ရင် ဘယ်ဘက်အခန်းထဲမှာတော့
ဘုရားတဆူ သီတင်းသုံးနေတဲ့
စစ်ဌာန တခုလား?
စစ်ဘုရင်တပါး သိမ်းပိုက်သွားတဲ့
စေတီပျက်တဆူလား?
ထင်ထင်ရှားရှားရှိနေသလိုလို
ဝေဝေဝါးဝါးသိနေတယ်။
သူငယ်ချင်း…
ဒီည…ငါ…တရားမနာတော့ဘူး၊
ကိုယ့်ရင်ခုန်သံကိုယ် ပြန်နာရဦးမယ်။
ကောင်းကင်ကို
အေးေ၇ာ စာသားတွေက
ReplyDeleteကိုကြီးကောင်း ကျနော် ဒီကဗျာကို ဖတ်လိုက်တော့ ဖြည်းဖြည်းလေးနဲ့ လေညင်းတိုက်လာသလိုပဲ ကျနော့် ရင်ဘက်ထဲကို ရောက်လာခဲ့ပါတယ်။ ကဗျာကို ခံစားနေရင်း အခု ကြိုးညှိခြင်းဆိုတဲ့ကဗျာနဲ့အတူ မဖတ်ဖြစ်ခဲ့သေးတဲ့ ကဗျာတွေအားလုံးကို ခံစားရင်း ဖတ်သွားတယ်။ ခံစားသွားတယ်။ နှလုံးသားနဲ့ နားဆင်သွားတယ်ဗျာ။
ReplyDeleteမာန်လှိုင်းငယ်
ကိုကြီးကောင်း ကျနော် ဒီကဗျာကို ဖတ်လိုက်တော့ ဖြည်းဖြည်းလေးနဲ့ လေညင်းတိုက်လာသလိုပဲ ကျနော့် ရင်ဘက်ထဲကို ရောက်လာခဲ့ပါတယ်။ ကဗျာကို ခံစားနေရင်း အခု ကြိုးညှိခြင်းဆိုတဲ့ကဗျာနဲ့အတူ မဖတ်ဖြစ်ခဲ့သေးတဲ့ ကဗျာတွေအားလုံးကို ခံစားရင်း ဖတ်သွားတယ်။ ခံစားသွားတယ်။ နှလုံးသားနဲ့ နားဆင်သွားတယ်ဗျာ။
ReplyDeleteမာန်လှိုင်းငယ်
ကောင်းလိုက်တဲ့ ကဗျာလေးဗျာ
ReplyDelete‘အဖြေ’တွေချည်း ‘လှေနံဓားထစ်’ရှိတဲ့ အရာတွေမှာ
ReplyDelete‘မေးခွန်း’တွေသာ လိုက်ရှာမိခဲ့။
အဲဒီ စာသားလေး ကြိုက်တယ်ဗျာ
တကယ်က
ReplyDeleteနိုး ကော်မန့် (no comment) ပါ။
သိပ်သန့်တယ်
ဒီ ကဗျာက
ေ၀၀ါးတာတွေ ထင်ရှားလို့
အနှစ်သာရသစ်ကြွယ်လှတယ်။
ဖြစ်လေရဒီဘ၀မှာ
စစ်ဌာနတွေရှိနေသမျှ
သူငယ်ချင်း နဲ့ ငါ
ကဗျာဆရာ့စကား ကိုးစားသိနှလုံးမူလို့
ဘာသာနဲ့ တရားကို ကြိုးစားအားညှိယူစို့။
ကြိုးညှိခြင်းကို
ReplyDeleteဖတ်သွားပါတယ်။
ကိုကောင်း တင်တင်ချင်း ဖတ်လိုက်ပေမယ့် 
ReplyDeleteမမန့် ခဲ့ ရဘူး ကောင်းတယ်ကိုကောင်း ကောင်းလိုက်တဲ့  အတွေးလေးတွေ
ကိုကောင်းကဗျာတွေ အောက်မှာ မန့် တဲ့ မမွန်ကလည်းကောင်းတယ်
အမ မိုညေ
KoKaung,
ReplyDeleteReligion ပ်ါလာတယ်ဗျာ။...
ပိဋကတ်သုံးပုံ
ငါ့ ရင် ဘယ်ဘက်အခန်းထဲမှာတော့
ReplyDeleteဘုရားတဆူ သီတင်းသုံးနေတဲ့
စစ်ဌာန တခုလား?
စစ်ဘုရင်တပါး သိမ်းပိုက်သွားတဲ့
စေတီပျက်တဆူလား?
ထင်ထင်ရှားရှားရှိနေသလိုလို
ဝေဝေဝါးဝါးသိနေတယ်။
ကောင်းလိုက်တာတော်၏ဖတ်ရတာ
ငါ့ ရင် ဘယ်ဘက်အခန်းထဲမှာတော့
ဘုရားတဆူ သီတင်းသုံးနေတယ်။
ကောင်းလိုက်တာဗျာ
ReplyDeleteအားပေးနေပါတယ် အကိုကြီးခင်ဗျာ
ReplyDelete