Thursday, April 22, 2010

စိတ်ခွန်အားစောင့်သူ

အမေ့ရဲ့ စကားလေးတခွန်း
သားအတွက် အားဆေးတဇွန်းပေါ့
အခုအခါ ပြန်မရနိုင်တဲ့ ဆေး။

အမေ သေသွားတဲ့အခါ
အမေ့ရဲ့နောင်ဘဝက…သားတဲ့။
ဒဿနကြွယ်လွန်းတဲ့ စကားအဆန်း
သားလက်ခုပ်ထဲကပန်းလေးတွေ
နွမ်းမသွား စေရပါဘူး အမေ။

အမေရေ…
ကြယ်တွေဆီ သွားဖို့ လမ်းပန်းခက်ခဲ
လူ့ဘဝ ကြိုးဝိုင်းထဲမှာ
မလွှဲသာ မရှောင်သာ
အင်အားမမျှတဲ့ပွဲတွေလည်း ပါတယ်။
အဲဒီ့အခါတိုင်း
အမေ့ မျှော်လင့်ချက်တွေနဲ့ ခြေရာတိုင်း
သား..အားတက်ပြီး တဒိုင်းဒိုင်းနဲ့ အလဲထိုး အနိုင်ယူပစ်လိုက်တယ်အမေ။

တခါတခါ
ကျောက်ဆောင်မှန်း ကြိုမသိရတဲ့ အရာတွေကို
အားကုန် ထိုးလိုက်မိလို့ 
လက်သီးတွေနာ၊ ခွန်အားပြုန်းတီး
သား အရှုံးကြီး ရှုံးသွားရင်တော့
ခေါင်းအုံးကို အမေ့ရင်ခွင် အမှတ်နဲ့ 
မျက်နှာအပ်ပြီး ငိုလိုက်တယ်။
ကောင်းကင်ကို

15 comments:

  1. ကောင်းတယ်အစ်ကို ကဗျာလေးက ...

    ReplyDelete
  2. အမေ့ရင်ခွင်က ဘယ်အချိန်ဖြစ်ဖြစ် ကျွန်တော်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ခဲ့တာ။ စိတ်ထဲမှာ မကောင်းဘူး ဒီကဗျားလေးဖတ်ရတော့။

    ReplyDelete
  3. အဆုံးသတ်က နှလုံးသားကိုဖဲ့ခြွေသွားတယ်။
    !_!

    ReplyDelete
  4. ကဗျာလေးကောင်းလိုက်တာနော်။
    ♪ ♪ ♪
    တွယ်တာစရာ ကျွန်မမှာလည်း။
    ကြယ်တွေကြီးစိုးပေမယ့် မလင်းမလက် မီးပျက်တဲ့ နိုင်ငံမှာ အမေရှိတယ်။
    ၂နှစ်မပြည့်သေးပေမယ့် ဓါတ်လှေခါးခလုတ်ဖွင့်တတ်ပိတ်တတ်တဲ့ သားတစ်ယောက်ရှိတယ်။

    အဝေးကအမေကို အမြဲလွမ်းလို့
    အနီးကသားကို အရမ်းဖက်

    (ခေါင်းအုန်းကို အမေ့ရင်ခွင်အမှတ်နဲ့
    မျက်နှာအပ်ပြီးငိုလိုက်တယ်) ဆိုသလို အခါတွေမှာ၊
    အနားက တစ်ယောက်တည်းသော သား၊ ကြောက်အားပိုပြီး ကျွန်မရင်ခွင်ကို ခေါင်းတိုးလို့ မငိုစေရအောင်
    (ငါ အမေ ပဲ ဆိုပြီး )အားတင်းထားပါတယ်။
    ♪ ♪ ♪
    ကောင်းကင်ကိုရေးတဲ့ ကဗျာကို ဖတ်မိတဲ့ ကောင်းကင်ကိုရဲ့ အမေလည်း ဘယ်လိုများခံစားနေမှာပါလိမ့်နော်။ အမေ တစ်ယောက် နေရာကနေ သားအတွက် မေတ္တာတရားတွေ အများကြီး ရှိနေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်မအတွက် ကတော့ သားသမီးနေရာကကော ။ အမေနေရာကပါ ဖတ်ရှုခံစားသွားပါတယ်။

    ReplyDelete
  5. အရမ်းကောင်းတဲ့ကဗျာလေးပါ။
    ခေါင်းအုံးကို အမေ့ရင်ခွင် အမှတ်နဲ့ 
    မျက်နှာအပ်ပြီး ငိုလိုက်တယ်။
    အဲဒီစကားလေးတိုက်ဆိုင်လိုက်တာ..
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  6. စိတ်ခွန်အားစောင့်သူ
    အမေ့ရဲ့ စကားလေးတခွန်း
    သားအတွက် အားဆေးတဇွန်းပေါ့


    အမေ သေသွားတဲ့အခါ
    အမေ့ရဲ့နောင်ဘဝက…သားတဲ့။
    ဒဿနကြွယ်လွန်းတဲ့ စကားအဆန်း




    ဟုတ်တယ် ကောင်းကင်

    အမေဆိုတာ ဘ၀ အသင်္ချေ

    တော်ခဲ့ ဘူးတယ်

    မိန်းမ ဟူသရွှေ့ 
    ဘ၀ အသင်္ချေ အမေတော် ဘူးတယ်
    မယုံမရှိနဲ့ မြတ်စွာဘုရား
    တရားဟောလို့ ထားခဲ့ ဘူးတယ်
    ကောင်းကင်ရယ်
    မိန်းမ ဟူသ ၍ ဘ၀ ပေါင်းများစွာ
    အမေ တော် လို့ 

    စိတ်နဲ့ တောင်မှ မ ညှင်း စဲ နဲ့ 

    သံသရာ အဆက်ဆက်
    အမေ့နို့ ရည် သောက်သုံးခဲ့ ပြီး
    သားမောင် အသက် ဆက် ဖူး တယ်

    မြတ်စွာဘုရား ဒေသနာ
    တရား ဟောကြားထား ခဲ့တယ်
    အမှန် တရားလက်ခံထားတဲ့ သူတိုင်းသိပါတယ်

    ReplyDelete
  7. နောက်ပိုင်းအကို့ကဗျာတွေ တော်တော့်ကို နွမ်းဖတ်လာတယ်နော်...စိတ်ဖိစီးမှု့တွေများတယ်ထင်တယ်။

    ReplyDelete
  8. ဆရာကောင်းေ၇


    အားတင်းထား


    မကံ့ကော်

    ReplyDelete
  9. ကဗျာလေးကို လာဖတ်သွားပါတယ်။
    နောက်ဆုံး အပိုဒ်လေးက စိတ်ထဲမကောင်းဘူးဖြစ်သွားတယ်။
    ပျော်ရွှင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

    ReplyDelete
  10. တို့လည်း ခဏခဏ ကျောက်ဆောင်ကို သွားထိုးမိလို့ အနာတရတွေ ကြိမ်ဖန်များစွာ ရရှိခဲ့ဘူးပါတယ်... ဒီကဗျာလေးကိုလည်း ကြိုက်တယ်..

    ReplyDelete
  11. ကြယ်တွေဆီသွားဖို့ လမ်းပမ်းခက်ခဲ...
    ကြယ်တွေဆီသွားဖို့ လမ်းပမ်းခက်ခဲ...
    ကြယ်တွေဆီသွားဖို့ လမ်းပမ်းခက်ခဲ...
    ဒီနေရာလေးမှာတင် ကျနော်သောင်တင်နေတယ်။

    လာဖတ်သွားတယ်..အကိုရေ။

    သရ

    ReplyDelete
  12. ကဗျာတွေအားကြီးကိုတစ်နေရာထဲစုပြီးဖတ်ရတော့အားရတယ်
    အဟီးအကုန်လုံးတော့တစ်ခါတစ်မဖတ်ဘူးလင့်ယူသွားတယ်
    နည်းနည်းစီလာဖတ်မယ်

    ReplyDelete
  13. is that for Mother day?
    Very nice one.

    ReplyDelete
  14. အမေ့အကြောင်း ပြောဖို့ကတော့ ...

    များလွန်းတယ် ဗျာ ....

    ဖွဲ့တတ်စရာ မရှိလောက်အေင်

    မြင့်မြတ်လွန်းပါတယ် ...

    ReplyDelete
  15. အမေအကြောင်း ရေးတဲ့ကဗျာလေးကို ဖတ်ရတာ အမေနေရာကနေပြီး အပြည့်အ၀ ခံစားရပါတယ်။ အမေ့ကျေးဇူးကို သိတတ်တဲ့ သားသမီးများ အရာရာ အောင်မြင်ပါစေ။

    ReplyDelete