Wednesday, March 24, 2010

ကတ္တီပါ စွမ်းအင်

မင်းမရှိလို့ တော့ မဖြစ်ပါဘူးကွယ်။
လှော်တက်တွေ နွမ်းဖတ်ခွေဖျော့
ငါ့ကဗျာမှာ ပန်းဓာတ်တွေလျော့ ကုန်မယ်။

မင်း မျက်နှာရိပ်ကို အကြိမ်ကြိမ်ဖတ်
အညွှန်းမြေပုံလို့ သတ်မှတ်ထားပါတယ်။
မုန်တိုင်းငယ်လေးကို အကြောင်းပြ
မင်း…လေထီးခုန်ချသွားရင်
ငါဟာ မောင်းသူမဲ့ ယာဉ်ပျံရထား
ဘယ်ကို သွားရမှာလဲ။

ကိုယ့်ရင်ခုန်သံနဲ့ ကိုယ်ပြန်ကနေတဲ့ ဘဝ တပုဒ်ကို
ရက်စက်ခြင်းနဲ့ ကြိုးမတုပ်လိုက်ပါနဲ့ ။

ငါအားတိုင်း ဖွဲ့ ဆိုနေတဲ့
ဘဝအကြို Intro တေးနု
မူပိုင်ခွင့် နှစ်ခုနဲ့ 
အပြီးသတ်ခွင့်ပြုပါ။
ကောင်းကင်ကို

10 comments:

  1. ဝေးးးးးးးးးးးးးးတစ်
    ပထမဆုံးလာဖတ်တာ သမီးဗျ။

    ReplyDelete
  2. အား ကောင်းလိုက်တာ ကြိုက်တယ်ကဗျာလေးက ဖတ်လို့ကောင်းတယ် ဟိုင်းတီး

    ReplyDelete
  3. ဘယ်မောင်းရမလဲ မသိရင် ပင်လယ်ထဲသာမောင်းချသွားလိုက်တော့ အန္တရာယ်ကင်းတယ်.....အဟိ..

    ReplyDelete
  4.း)))))))))))))))
    ကဗျာ ကိုဖတ်ရတာရီချင်လာလို့ 
    ကိုယ့် ရင်ခုန်သံနဲ့ ကိုယ်ပြန်ကနေတဲ့ ဘဝတစ်ပုဒ် ဆိုလို့ ပါ
    ဘယ်လိုအကမျို့းပါလိမ့် ဟီးဟီး ကြည့်ချင်လိုက်တာ
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  5. “မင်း မျက်နှာရိပ်ကို အကြိမ်ကြိမ်ဖတ်၊
    အညွှန်းမြေပုံလို့ သတ်မှတ်ထားပါတယ်။
    မုန်တိုင်းငယ်လေးကို အကြောင်းပြ၊
    မင်း…လေထီးခုန်ချသွားရင်...
    ငါဟာ မောင်းသူမဲ့ ယာဉ်ပျံရထား၊... See More
    ဘယ်ကို သွားရမှာလဲ။”

    ဒီအပိုဒ်လေးအကြိုက်ဆုံးပဲဗျ..
    ဟုတ်တယ် မုန်တိုင်းငယ်ငယ်လေးကို အကြောင်းပြပြီး ခုန်ချသွားရင် ဒွတ်ခ အစ်ကိုရ..။
    ဘယ်လိုဒွတ်ခကြုံကြုံ ယုံယုံကြည်ကြည် အားကိုးစမ်းပါ...
    အားကိုးစမ်းပါ ရှင်မရယ်လို့ ...
    ကြိုပြောထားမှ....ကြိုပြောထားမှ...:P

    ReplyDelete
  6. ကိုယ့်ရင်ခုန်သံနဲ့ ကိုယ်ပြန်ကနေတဲ့ ဘဝ တပုဒ်ကို
    ရက်စက်ခြင်းနဲ့ ကြိုးမတုပ်လိုက်ပါနဲ့ ။


    အဲဒီစာသား သိပ်သိပ်ကြိုက် ...

    ReplyDelete
  7. မုန်တိုင်းငယ်လေးကို အကြောင်းပြ
    မင်း…လေထီးခုန်ချသွားရင်
    ငါဟာ မောင်းသူမဲ့ ယာဉ်ပျံရထား
    ဘယ်ကို သွားရမှာလဲ။

    ကောင်းလိုက်တဲ့အဖွဲ့...ဂွဒ်တယ်ညီလေးရေ။

    ReplyDelete
  8. ကိုကောင်း ကျွန်တော်လည်း ကဗျာမှာ ပန်းဓါတ်တွေ ပျောက်နေတယ်.............

    ReplyDelete
  9. မူပိုင်ခွင့်နှစ်ခု ကြီးများတောင်လား
    တခု လောက်နဲ့ မလုံလောက်ဖူးလား ကဗျာဆရာရေ

    ReplyDelete